တရုတ်ကလုပ်တာပါ

BurmaOctober 4, 20111min17116

ဟိုးးးတစ်နေ့ လောက်က .. Kabaaye မဟာစည်ကို သွားရင်းနဲ့ အဲ့ဒိနားမှာ လူတစ်ယောက် Battery စွမ်းအားသုံး လျှပ်စစ်ကားလေးကိုပြင်နေတာ တွေ့လို့ အဲ့လူကို သွားမေးကြည့်မိတယ်။

လျှပ်စစ်ကားကို ဘယ်ကထုတ်တာလဲဆိုတော့ “မြန်မာပြည်က နာမည်ကြီး လျှပ်စစ်ကားတွေထုတ်နေတဲ့ (နာမည်မပြောတော့ပါဘူး)  ကထုတ်တယ် ၊  ” လို့ပြောပါတယ်။

“ကျွန်တော်တို့ Company က” လို့ပြောပါသေးတယ်။

အဲဒါနဲ့ ” Motor ကို ဘယ်က ထုတ်တာလဲ ” လို့မေးတော့

“Made In China” လို့ပြောပါတယ်။

နောက်တစ်ခုထပ်မေးလိုက်ပါတယ် “Axle (ဝန်ရိုး) ကော ဘယ်က ထုတ်တာလဲ” လို့ မေးတော့

“Made In China” လို့ ထပ်ပြောပါတယ်။

“Speed Control” တွေကော ဘယ်က ထုတ်သလဲ မေးတော့လည်း

“တရုတ်က လာတယ်” လို့ပြောပါတယ်

Frame တွေ Body တွေ ဘယ်ကလာသလဲမေးတော့

ဘာမှမဖြေတော့ပဲ…. ရယ်နေပါတော့တယ်. .. .

. . . . . .  .

မြန်မာပြည်တွင် ထုတ်လုပ်သည်. . . . .

ဟိုတစ်လောက ဂျာနယ်မှာ ဖတ်ရပါတယ်..

မြန်မာပြည်မှာ  Science And Technology ဝန်ကြီးဌာနက ဝန်ကြီးက မောင်းသူမဲ့လေယာဉ်တွေ စမ်းသပ် နေတဲ့အကြောင်းပြောသွားပါတယ်။ အမတန် အားတက်ဖွယ်သတင်းပါ။

ဝမ်းမြောက်ဖွယ်ရာပါပဲ။ ဒါပေမဲ့  တရုတ်ပြည်က Remote နဲ့ ကြိုးမဲ့ စိတ်ကြိုက် ပျံသန်း ကစားရတဲ့ Helicopter တွေမြန်မာပြည်ကိုတောင် တင်သွင်းနေပြီဖြစ်ပါတယ်။ တရုတ်

Helicopter တွေထဲမှာ Remote Control ကို Radio Transmission နဲ့ ကော Inffered နဲ့ တစ်မျိုး နှစ်မျိုးတောင် ဝင်လာတာပါ။ မြန်မာပြည်က မောင်းသူမဲ့လေယာဉ်တွေ စမ်းသပ်

ပျံသန်းနေဆဲ အချိန်မှာ တရုတ်ပြည်က ကြိုးမဲ့ အဝေးထိန်း Helicopter ကစားစရာတွေတောင် သွင်းနေပြီဆိုတော့.  . . . ???? . .

16 comments

  • windtalker

    October 4, 2011 at 1:32 pm

    ဘားမား က အခု မှ သတိထားမိလို ့ပါ
    ရေမွှေးမြစ် မြို ့မှာ
    ဆိုင်ကယ်စက်ရုံ ကျကျနန ဆောက်ပြီး
    ဆိုင်ကယ်တွေ ဟောတစ်စီး ဟောတစ်စီး
    ရောင်းနေတာဖြင့် ကြာပ

  • Diamond Key

    October 4, 2011 at 2:23 pm

    မြန်မာ့စက်မှုဇုန်တွေက ထုပ်လုပ်နေတဲ့ Super Custom တွေမှာဆို နံပါတ်ပြားတောင် Made in Myanmar မဟုတ်ပါ။

  • myanpyithar

    October 4, 2011 at 3:51 pm

    ပြောပီးပါပကောဗျာ…ဒီအစိုးရကလိမ်မှကြိုက်ပါတယ်ဆို..
    အခုတော့သဘောနဲနဲပေါက်လာလို့..ပြင်ဘို့ကြိုးစားနေပါဘီ.(ဘိုက်ဝသွားကြလို့လေ)

  • siamonone

    October 4, 2011 at 7:26 pm

    နောက်ဆို တရုတ်ထုတ် မြန်မာလူမျိုး ဆိုပီးပေါ်တော့မလားမသိ။
    တရုတ်ပြည်မှ တင်သွင်းသော မြန်မာနိုင်ငံသား .. ဟီး … !

  • cross

    October 4, 2011 at 7:38 pm

    siamonone ရေ ..
    ဒါတော့ သူတို့က မပေးဘူးဗျ
    တရုတ်နဲ့ တရုတ်ထပ်မှ မြတ်သတဲ့
    တရုတ်နဲ့ မြန်မာ ညား တာကိုတော့ စည်းရိုးကာထားတယ် ကြားမိပါတယ်။
    ဟုတ်တယ်မဟုတ်တော့ မသိဖူးဗျို့။

  • ဆူး

    October 4, 2011 at 8:23 pm

    မြန်မာပြည်မှာ လုပ်တာ.. ရဲရဲ ဝံ့ဝံ့ ကြေညာတယ်.. မဟုတ်ရင် ပိုက်ဆံ ပေးမသွားနဲ့ တကယ်ပြောတာ လိမ်တာ တခုမှ မပါဘူး။ မယုံရင် စမ်းသပ်ကြည့်ရှုနိုင်ပါတယ်။
    ကိုယ်တိုင်လုပ်တာနော်.. စက်ရုံမလိုဘူး ကောင်းကင်မှာ အေးအေးချမ်းချမ်းပျံသန်းနိုင်မယ် လိုရင် လိုသလို ဆင်းနိုင် တက်နိုင်အောင် ထိန်းချုပ်ညွန်ကြားနိုင်တယ်။

    မှတ်ချက်။ ကြိုးမဲ့တော့ မဟုတ်ဘူး ကြိုးပါတဲ့ စွန်

  • ညီလေး

    October 4, 2011 at 11:27 pm

    ကဲ ရွာသားတွေရော၊ တရားအားထုတ်ကြမလား?

  • kai

    October 5, 2011 at 3:42 am

    ကျုပ်တို့.. လော့ကျနေတဲ့ ဂျလိဂျလိအိမ်အပါအဝင်.. အမေရိကားတလွှားလည်း.. တရုတ်ပစ္စည်း တအိမ်မှ..တယောက်မှ.. မလွတ်ပါဘူး..
    ကိုင်ထားတဲ့ ဆဲလ်ဖုံးနဲ့..ကွန်ပြူတာလည်း. တရုတ်ကထုတ်နေတာတွေပါ..။

    တရုတ်လူဦးရေ.. သန်း ၁ထောင့်၃ရာကျော်က..အသည်းအသန် အလုပ်လုပ်နေမှတော့..
    ကမ္ဘာ့လူဦးရေ..သန်းရထောင်.. အိမ်တိုင်း. ဒီလိုဖြစ်လာတာ.. အဆန်းတော့မဟုတ်..။ 🙂

    • Foreign Resident

      October 5, 2011 at 3:54 am

      Yes,
      In Australia too,
      at least 75 % of everything is China Made.
      ” တရုတ်လူဦးရေ.. သန်း ၁ထောင့်၃ရာကျော်က..အသည်းအသန် အလုပ်လုပ်နေမှတော့ ”

      The only difference is quality,
      Chinese export for Burma &
      Chinese export for Australia, Europe & US
      Qualities are really different.

      Generally ” Money Matters “

    • Foreign Resident

      October 5, 2011 at 4:04 am

      ” တရုတ်လူဦးရေ.. သန်း ၁ထောင့်၃ရာကျော်က..အသည်းအသန် အလုပ်လုပ်နေမှတော့ ”
      By the way,
      Australia cannot compete China.
      Europe also asked China for help & mercy.
      USA is the only nation who can stand against China.

      BUT,
      This recent time, might be the last chance for USA to destroy Chinese unity.
      Otherwise, China will virtually occupied & dominate the whole world
      within coming 4 or 5 decades.
      ( If the situation still goes by this same trend & that much momentum )

      • kai

        October 5, 2011 at 4:28 am

        ယူအက်စ်နဲ့.တရုတ်.. ပထမနဲ့ဒုတိယ.. ဂျီဒီပီကတော့.. ၂ဆကျော်လောက်ပြတ်နေသေးတယ်..။
        ကျော်တက်ဖို့.. သိပ်တော့မလွယ်လောက်သေးဖူး…။

        Rank↓ Country↓ GDP (millions of US$)↓
        — World 62,911,253[4]
        — European Union 16,242,256
        1 United States 14,526,550
        2 China, People’s Republic of 5,878,257
        3 Japan 5,458,797

        9 India 1,631,970
        13 Australia 1,237,363
        30 Thailand 318,908
        57 Bangladesh 105,560
        76 Burma 45,428

      • siamonone

        October 7, 2011 at 9:46 pm

        ကျွန်တော် ကြားဖူးတယ် ..
        ဗြိတိသျှလူမျိုးတွေက .. လူဦးရေနည်းနည်း ပဲရှိတာတဲ့ .. ဒါပေမယ့် နေမဝင်အင်ပါယာကို တည်ထောင်သွားတယ် ..
        The One ဇာတ်ကားထဲမှာ လည်း လူဆိုးက .. သူနဲ့တူတဲ့ မင်းသားကို သတ်ပီး .. The One လုပ်ချင်တာ .. (Power ကအဆုံးအစွန်း မဲ့ ဖြစ်သွား မှာမို့လေ)
        ကျွန်တော်လည်း စဉ်းစားမိတယ် .. တရုတ်တွေ တအားများရင် .. Power တွေများ share နေရမလားလို့ ..
        နောက်ထပ်တစ်ခု .. တရုတ်မျိုးပြုန်းတော့ မယ်ထင်တယ် ..
        တကယ်လို့ များ . တရုတ်သွေးသာ တကမာ္ဘလုံးပြန့်သွားရင် .. လူတိုင်းမှာ တရုတ်သွေးရှိသွားရင် .. ဘယ်သူမှ ငါတရုတ်လို့ ပြောတော့မှာ မဟုတ်တော့ဘူး .. နောက်ဆုံး တရုတ်လူမျိုးဆိုတာ history ထဲရောက်သွားလိမ့်မယ်. . ဟီး ..

  • ညီလေး

    October 5, 2011 at 10:56 pm

    တရုတ်အားကိုးပုဆိန်းရိုး…… အကောင်းမြင်ဝါဒအားဆန် ့ကျင်ကြ……. ကိုယ့်ကိုယ်ကိုအားကိုးပါ။

  • nigimi77

    October 5, 2011 at 11:02 pm

    Made in Myanmar ဆိုတာထက် Assembled in Myanmar ဆိုရင်တော့ နည်းနည်း ပိုသင့်လျော်မယ်။

  • ရာဇဝင်လူဆိုး

    October 5, 2011 at 11:08 pm

    တရုတ်ကလည်တယ်ဗျ…နိုင်ငံကိုလိုက်ပြီး အရည်အသွေးကိုလျှော.ချတယ်။ US စတဲ. နိုင်ငံတွေ ပစ္စည်းသွင်းမယ်ဆိုရင် အရည်အသွေးက တစ်မျိုး၊ ကျုပ်တို.တိုင်ပြည်လို သူတောင်းစားခေါင်းပုံဖြတ်လို. ဆင်းရဲတဲ.နိုင်ငံကိုသွင်းမယ် ဆိုရင် အရည်အသွေးကတစ်မျိုး။ ဂျပန်လိုနိုင်ငံမျိုးက ဝယ်လာတဲ. ပစ္စည်းတွေတောင် ဖွင်.ကြည်.ရင် made in china တဲ.။ ကဲ ပေါက်ကြပေတော. ။

  • minmahar

    October 6, 2011 at 12:22 am

    ရာဇဝင်လူဆိုး ပြောထားသလို စီလုပ်တွေက လည်တာအမှန်ပါ ။
    ဆင်းရဲ ချမ်းသာမရွေး ဘယ်နိုင်ငံမှ စီလုပ် ပစ္စည်းနဲ့ မလွတ်ပါဘူး ။ လက်ခံကြတယ် ။
    ဘာကြောင့်လဲ ? ? ?
    သူ့နိုင်ငံ နဲ့ သူ လက်ခံနိုင်အောင် တွက်ချက်ပီး တင်သွင်းနိုင်လို့ပါပဲ ။
    ပုံစံတူပေမဲ့ အရည်အသွေးကွာပီး လက်ခံအောင် ထုတ်ပီး တင်ပို့တယ် ။
    စီးပွားရေး ပညာ ကောင်းတာရှိတယ်လိုပဲ ဆိုရမလား ။
    မြန်မာပြည်မှာ .. သယံဇာတကော ၊ လုပ်အားကော ၊ နေရာကော ရှိပါလျှက်
    ဘာကြောင့် ဒီလို မလုပ်နိုင်ကြတာလဲ ။ နိုင်ငဲံခြားငွေ မရှာ နိုင်ကြတာလဲ ။
    အစိုးရ နဲ့ ပြည်သူ ပေါင်းစည်းရမှာပါ ။
    အစိုးရက လမ်းဖွင့်ပေးရ ပါမယ် … ယုံကြည်လို့ အပ်နှံခဲ့တဲ့ ကုမ္ပဏီတွေက
    ပြည်သူတွေနဲ့ သူအကျိုး ကိုယ့်အကျိုး ကြည့်ပီး ဖေါ်ဆောင်ပေးရပါမယ် ။
    အလုပ် လုပ်ချင်နေတဲ့ ပြည်သူတွေက ဒု နဲ့ဒေးပါ ။
    ခုလို ပြုပြင်ပြောင်းလဲရေးကာလမှာ အကောင်အထည် ဖေါ်သင့်နေပါပြီ ။
    ပြေလည်အောင် .. ငွေ မချေးပါနဲ့ ( ပိုလိုသာ အကြွေးတင်လို့ နစ်မွန်းကုန်မှာပါ )
    ပြေလည်အောင် .. ပြည်သူတွေကို အလုပ်တွေ ရအောင် ဖေါ်ဆောင်ပေးပါ ။

Leave a Reply