like a lier

နီကီတာOctober 4, 20111min877

အရောင်မပါတဲ့ မုသားတစ်ခုပါ

ကလိန်ကကျစ်ဆိုတဲ ့ခေါင်းစဉ်တပ်ပြီး အရောင်ဆိုးပစ်တယ်…………………..။

အချစ်ကြောင့် ဖြစ်လာတဲ့ စေတနာတစ်ခုပါ

မိုက်မဲမှုတစ်ခုဖြစ်အောင် တွန်းပို့ပေးတယ်…………….။

ချည်တိုင်တစ်ခုမှာ ချည်နှောင်ခဲ့တယ်ဆိုရင် တောင်

လိုလိုလားလားပေးအပ်ခဲ့တာပါ………။

လိုအပ်ရင် လည်စင်းပေးဖို့အဆင့်သင့်ပါဆိုတာတောင်

ငါ့လည်ချောင်းသွေးကိုမှ လတ်လတ်ဆတ်ဆတ် ဖောက်သောက်ချင်တာတဲ့…………။

သို့သော်လည်း

သူယူလာတဲ့ ဓားသွားက………………..

တုံး……လွန်း…….လှ………တယ်…………….။

 

 

 

 

7 comments

  • windtalker

    October 4, 2011 at 1:31 pm

    ရာဇဝင်ထဲ စာတင်နိုင်တဲ့…
    အမူအယာ နဲ ့မင်းဟန်ဆောင်ချင်တယ်..
    ဘယ်သူတွေနဲ ့..
    ဘယ်လို ရှုပ်သလဲ..
    ငါမသိဘူး မင်းထင်ချင်ထင်မယ်..
    (ဝိုင်ဝိုင်း)

  • lone

    October 4, 2011 at 3:16 pm

    nikita တဲ့ နမည်ကတော့ … အက်ရှင်ဇာတ်လမ်းပဲ … Nikita ဇာတ်လမ်း
    ကြည့်ပြီးတော့ ကြိုက်လို့ပေးထားတာလား… အဲဒီဇာတ်ကားတော့ အရမ်းကြိုက်တာ…. အခုလို post ထဲက လူဆိုရင်တော့ တစ်သက်လုံးမချစ်မိစေနဲ့… အချစ်ဆိုတာ မျှတမှ အချစ်ရဲ့ နောက်ဆက်တွဲ အိမ်ထောင်ရေးမှာသာယာမှာ… အချစ်မှာ အရမ်းရှုံးနိမ့်နေရင် အိမ်ထောင်ရေးမှာ တစ်သက်လုံးသေပြီပဲ…
    (ချစ်သောသူနဲ့ ဘယ်သူများဝေးချင်မလဲ…စိတ်ရဲ့တောင်းဆိုမှုအပြစ်တင်မယ်ဆိုခဲ့ရင် …ချစ်သောသူနဲ့ ဒီဘဝမဝေးပါရစေနဲ့….) မျိုးကြီး…. 🙂

    • Koyin Sithu

      October 4, 2011 at 4:34 pm

      lone >>>(( အချစ်မှာ အရမ်းရှုံးနိမ့်နေရင် အိမ်ထောင်ရေးမှာ တစ်သက်လုံးသေပြီပဲ… )) အဲ့စကားကို ကန့်ကွက်ပါတယ်။ အချစ်ရေးမပါတဲ့ အိမ်ထောင်ရေးကလည်း တစ်သက်လုံး မသာယာပါဘူး။ ချစ်လို့ အလိုလိုက် အလျော့ပေးတာကို အရှူံးပေးတယ်လို့ ယူဆရင် အချစ်မှာ ရှူံးနေနေတယ် ယူဆရင် ခင်ဗျား အတွေးနည်းနည်းမှားနေပါပြီ။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ နှစ်ဖက်လုံး ကျေနပ်နေရင် ပြီးတာပါပဲ…

      nikita >>> လိမ်တာက လိမ်တာပါပဲ။ ဘုန်ကြီးခေါင်း ခေါက်ပြီးမှ ဆောရီးပဲ အပြစ်ပေးပါ ဆိုတာက ရွာထဲက ကလေးတွေ ကစားကွက်ပါကွာ… ဟဟ .. 😀

  • nikita

    October 4, 2011 at 4:11 pm

    🙂 Nikita crazy ပါ………..
    အဟိ ဒါတွေရေးတာက စိတ်ဆိုးတုန်းခဏလေ
    ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ပေါ့……..

  • KoNyeinChan

    October 4, 2011 at 4:37 pm

    အင်ဒိုနီးရှားမှာ ခရစ်ယာန်သီချင်းဆိုတဲ့တစ်ယောက်နာမည်လည်း Nikita ပါဘဲ.. အသံတော်တော်ကောင်းတယ်

  • rapperlay

    October 4, 2011 at 8:58 pm

    သိပ်ကြားဖူးတာပေါ့ ၊ စုံထောက်ဇတ်ကားထဲက နီကီတာ မင်းသမီးလေ
    ရန်ဖြစ်ပီးတော့ ဘာဖစ်တယ် 🙄

    • nikita

      October 5, 2011 at 11:18 am

      ရန်ဖြစ်ပီးပြန်ချစ်တာလေ rapperlay ရဲ့
      မယုံရင် ရန်ဖြစ်ကြည့် ပီးမှပြန်ချစ်
      ပိုပြီး feeling ရှိတယ် 😛

Leave a Reply