စာတတ်ပေတတ်ရွာသားတွေရဲ့အမြင်ကိုလည်း share ပေးကျပါဦး

chityimhtooOctober 4, 20111min11214

ခုရက်ပိုင်းမှာ လူ့ဂွစာ လူ့ဗလာနံ ဘုရားလိုလိုတရားလိုလို
လူကြီးများခဏခဏဘုရားတရားအကြောင်းတွေလာပြောတာအင်မတန်မှစိတ်ညစ်ရပါသည်။အမှန်အတိုင်းပြော
ရရင် လက်တော့ ကြည့်ပြီးတရားဟောတာတို့ စာရွက်ပိုင်းကြည့်ပြီးတရားဟောတာတို့ကိုကျွန်တော်တို့စိတ်
ထဲမှာအင်မတန်မှဘဝင်မကျဖြစ်မိပါသည်။အဲ့လိုတရားမျိုးကိုလည်းကျွန်တော်တို့စိတ်ထဲမှာလုံးဝပင်မနာချင်ပါဘူး။တရားဆိုတာ CD ပေါ်မှာလည်းမရှိပါဘူး၊ စာအုပ်ပေါ်မှာလည်းမရှိပါဘူး၊
ဗုဒ္ဓမြတ်စွာဘုရားဟောကြားတဲ့ တန်ဘိုးရှိလှတဲ့တရားတော်တွေကို ကျင့်ကြံပြီး ခန္တာဉာဏ်နဲ့ဟောကြားတဲ့
ဆရာတော်ကြီးတွေရဲ့တရားတွေကိုသာ နာချင် မိပါသည်။ခုဟာကဗျာလမ်းဘေးက ဆိုက်ကားသမားတွေ
ကလည်း မိုက်ကိုင်ပြီးတရားဟောနေတယ်။တစ်ခြားဘာသာဝင်တွေ ပြောစရာလည်းဖြစ်ပါတယ်။
မရှိလို့မလှူ မလှူလို့မရှိစကားကိုလည်းဘဝင်မကျပါဘူး။

ခုရွာထဲမှာရှိတဲ့ ဦးကြောင်ကြီးတို့လို စာတတ်ပေတတ်ကြီးတွေရဲ့အမြင်လေးတွေကိုလည်းကျွန်တော်တို့
လူငယ်တွေကိုပြောပြကြပါဦး။ခုလိုစာဖတ်ရုံနဲ့ တရားပွဲတိုင်းလိုက်နာနေရုံနဲ့ တစ်ကယ်တရားရပြီးနိဗ္ဗာန်
ရောက်နိုင်လား။တစ်ကယ့်တရားဟောနေတဲ့ဆရာတော်ကြီးတွေကိုမေးခဲ့ဖူးပါတယ်။
ခုလက်ရှိနိဗ္ဗာန်ရောက်ကြောင်းတရားဟောကြားနေတဲ့ ဘုန်းဘုန်းကကောတစ်ကယ်နိဗ္ဗာန်ရောက်အောင်
ကျင့်ကြံမှာလားမေးတော့ ပါရမီပါမှ အချိန်တန်ရင်သူ့ဘာသာဖြစ်သွားလိမ့်မယ်ဆိုပြီးမရေမရာပြန်ဖြေခဲ့ပါတယ်။

ကျွန်တော်တို့ ဂေဆက်မှာတစ်ကယ့်စာတတ်ပေတတ်ကြီးတွေမြောက်များစွာရှိပါတယ်။
အားလုံးရဲ့အမြင်ကိုလည်း ကျွန်တော်တို့လူငယ်တွေအသိပညာတိုးအောင် share ပေးကျပါဦး။

14 comments

  • Nan Shin

    October 4, 2011 at 3:32 pm

    သယ်ရင်းရေ ကျနော်က စာတတ်ပေတတ်ကြီးတော့မဟုတ်ဘူးနော်။ဒါပေမဲ့ နည်းနည်းတော့ စိတ်ဝင်စား
    လို့ ဝင်ပြီးဆွေးနွေးကြည့်ချင်တယ်။
    ပါရမီဆိုတာ သူ့ဘာသာရင်ကျက်လာတာမဟုတ်ပါဘူး။လုပ်ပါများလို့ဖြစ်လာတာပါ။
    ပုရိမာ ပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
    ဆိုတဲ့အတိုင်း ရှေးရှေးလုပ်ခဲ့ဘူးတဲ့ ကုသိုလ်တရားက နောက်နောက်ပြုလတ္တံ့သောတရားတွေအတွက်
    အာသေဝနပစ္စည်း(အကြိမ်ကြိမ်မှီဝဲပြုလုပ်သောကြောင့်)ဖြင့် ကျေးဇူးပြုပါတယ်။
    ဉာဏပါရမီဆိုပါဆို့။ပြီးပြည့်စုံတဲ့ဉာဏ်(အရဟတ္တမဂ်ဉာဏ်)ဆိုတာဖြစ်ဖို့အတွက် ရှေးရှေးကပြုခဲ့ဘူးတဲ့
    စာဖတ်ခြင်း တရားခွေများနာကြားခြင်းတို့က ကျေးဇူးပြုနိုင်ပါတယ်။ဒီထက်ပိုရှင်းအောင်ပြောရရင် တက္ကသိုလ်
    ဘွဲ့တခုရဖို့အတွက် အခြေခံပညာအဆင့်ထိတော့ အောင်ထားမှဖြစ်မှာပါတယ်။
    ပြီးတော့ တရားတော်တွေကို ကိုယ်သိသလောက်(ကိုယ်လေ့လာရသလောက်)ပြန်ရှယ်ပေးကြတာကို ရူးတယ်လို့ထင်ခဲ့ရင်တော့ အရူးတကာ့အရူးထဲမှာ အမြင့်မြတ်ဆုံးအရူးလို့ပြောရမယ်ထင်ပါတယ်။
    မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း ကိုယ့်ကိုယ်ကို တရားထူးရပြီထင်လို့ရပြီပြောခဲ့ရင်
    အကြီးအမားဆုံးအာပတ်ကြီးတွေထဲကတစ်ခုဖြစ်တဲ့စတုတ္ထပါရာဇိက မှတောင် လွတ်စေလို့မိန့်ခဲ့
    တာရှိပါတယ်။

  • siamonone

    October 4, 2011 at 7:24 pm

    ကျွန်တော် ဖတ်ဖူးတဲ့စာအုပ် တစ်အုပ်ရှိတယ် ..
    သူက ပြောတယ်
    မင်း မီလီယံနာ ဖြစ်ချင်လားတဲ့ .. ဒါဆို မီလီယံနာ တွေရေးထားတဲ့စာအုပ်ဘဲဖတ်တဲ့ ..
    ဆရာတွေကလည်း ပြောဖူးတယ်
    မင်း ဆယ်တန်း ဂုဏ်ထူး ၆ ဘာသာထွက်ချင်လားတဲ့ .. ဒါဆို ၆ ဘာသာထွက်ဖူးတဲ့သူဆီ ကနေမေးတဲ့
    ဒါကြောင့် ကျွန်တော်လည်းတွေးမိတယ် ..
    မင်းနိဗ္ဗာန်ရောက်ချင်လား .. နိဗ္ဗာန် ရောက်နေတဲ့ သက်ရှိ ဆရာ တော်ဆီကနေ သင်ယူသင့်တယ်လို့ ..
    (ကျွန်တော်သိတဲ့ နိဗ္ဗာန် ဆိုတာ – အလွန့်အလွန်ငြိမ်းချမ်းသော, အေးငြိမ်းသော, စိတ်ဓာတ်၊)
    မှားသွား ရင် မှား နေတယ်လို့ မှတ်ပေးပါခင်ဗျာ .. !

  • windtalker

    October 4, 2011 at 8:23 pm

    ဆရာကံချွန်ရေးတဲ့ စာတစ်ပုဒ်ထဲမှာတော့
    သန်းကြွယ်သူဌေးဖြစ်နည်း စာအုပ် ကို သွားဝယ်တာ
    အလယ်က တစ်ခြမ်းပါမလာလို ့
    သိန်းကြွယ် သူဌေးပဲ ဖြစ်မယ် ဆိုလား ပဲ

  • naywoonni

    October 4, 2011 at 8:59 pm

    အဲဒါပေါ့ …ကောသလမင်းကြီး အိပ်မက်ထဲကလို ကျီးကန်းကို ဟင်္သာ ခစားရတယ်ဆိုလားးး ကိုပေါက်တို့တော့ အတိအကျ သိပေလိမ့်မယ်…။ အားမပေးနဲ့ မလှူနဲ့ပေါ့..။ ဒါပဲရှိတာပဲ…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 5, 2011 at 1:32 am

    သူ့နေရာနဲ့သူတော့ရှိပေသပေါ့
    သူ့ဘာသာ စာအုပ်ဖတ်ပြီးဟောဟော
    စာရွက်ကိုင်ပြီးဟောဟော
    နုတ်ဘွတ်ကိုင်ပြီးဟောဟော
    ဂျွမ်းထိုးပြီးဟောဟော
    မှောက်လျှက်ဟောဟော
    အရက်သောက်ပြီးဟောဟော
    ( ပုဂ္ဂိုလ်ပညက်ကို ဖယ်လိုက်ရင် ဓမ္မအကြောင်းပြောသူဟာ ဓမ္မကထိကမည်ပေတယ် )
    သူဟောတဲ့သဘောကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ကိုယ့်ရဲ့ဉာဏ်ကလည်းရှိသေးတယ်
    ကိုယ်ကမမှီတိုင်း ဗလိုင်းသွားကစ်လို့မရဘူး
    သူများရဲ့ အိန္ဒြေ ( မျက်စေ့။ နား။ နှာခေါင်း။ လျှာ။ ကိုယ်။ စိတ် )
    ကိုဝေဖန်ပြီး ကိုယ့်ရဲ့အိန္ဒြေ ( မျက်စေ့။ နား။ နှာခေါင်း။ လျှာ။ ကိုယ်။ စိတ် )ကို ဝေဖန်ကြည့်သင့်တယ်
    မိမိရဲ့စောင့်ထိမ်းခြင်းဟာ မိမိတွက်ဖြစ်ပြီး
    မိမိ၏ စောင့်ထိမ်းခြင်းကို သူတစ်ပါးအားကဲ့ရဲ့ခြင်းကို ဆင်ခြင်လေ
    ခုခေတ်လောက်မပြောနဲ့
    သက်တော်ထင်ရှား မြတ်စွာဘုရားရှင်တော် ကို ကြည်ညိုယုံသက်သက်ဖြစ်တဲ့
    ရဟန်းတစ်ပါးကို မြတ်စွာဘုရားရှင်ကိုယ်တော် နှင်ထုပ်ဘူးတယ်
    မယုံရင် သဂျီးကိုမေးကြည့် 😀
    ဆိုတော့ကာ
    အတိုက်ခံပြောကြလို့ မိမိကိုယ်ကိုယ်မိမိနှလုံးသွင်းခြင်း မရင့်ကျက်ရင်
    မိမိသာပင်ပန်းမည်ဖြစ်မယ်လို့ စေတနာဗလပွနဲ့ ဆရာလုပ်လိုက်ပါတယ် 😀 😀 😀
    ( ကြုံလို့ပြောရရင် ရမ်းကားနေတာက သူတစ်ပါး စိတ်ဆင်းရဲနေတာက ကိုယ် ဆင်ခြင် ဆင်ခြင် )
    အနိစ္စ ဒုက္ခ အနတ္တ

  • မှော်ဆရာ

    October 5, 2011 at 8:06 am

    ( ပုဂ္ဂိုလ်ပညက်ကို ဖယ်လိုက်ရင် ဓမ္မအကြောင်းပြောသူဟာ ဓမ္မကထိကမည်ပေတယ် )
    သူဟောတဲ့သဘောကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ကိုယ့်ရဲ့ဉာဏ်ကလည်းရှိသေးတယ်
    ကိုယ်ကမမှီတိုင်း ဗလိုင်းသွားကစ်လို့မရဘူး
    မှန်လိုက်တဲ့ စကား …….

  • Moe Z

    October 5, 2011 at 9:05 am

    စာတတ်ပေတတ်ဆိုတာ လောကီစာလား လောကုတ္တရာစာကိုဆိုလိုတာလားမသိလို့
    ဘာမှမတတ်ပေမယ့် ဝင်ပါလိုက်ဦးမယ်..
    အရိယာဖြစ်ပြီးတဲ့ပုဂ္ဂိုလ်တောင် အရင့်အရင်ဘဝတွေက မကောင်းတဲ့အကျင့်စရိုက် အထုံပါခဲ့ရင် မြတ်စွာဘုရားရှင်ကလွဲပြီး ဘယ်သူမှမပြင်နိုင်ပါဘူးတဲ့..
    ရဟန္တာဖြစ်ပြီးတာတောင် ရေအိုင်ကိုခုန်ကျော်တဲ့ ရှင်သာရိပုတ္တရာနဲ့ ဒကာဒကာမတွေကို အယုတ်တမာ ပါဠိလို ‘ဝသလ’ လို့ခေါ်တဲ့(နာမည်မမှတ်မိတော့) ရဟန္တာတွေရှိသေးတာပဲ..
    အပေါ်ယံကြည့်ပြီး သူ့မှာတရားရှိတယ် မရှိဘူးဆိုတာပြောလို့မရတော့ ဘကြီးပုပြောတာထောက်ခံလိုက်မယ်..
    သဂျီးနဲ့အမြင်တူမတူတော့မသိ 🙂

  • “ဘီလူးကြီး”ogre

    October 5, 2011 at 9:26 am

    ဘာသာရေးဟာ စစ်မှန်ခဲ့ရင်အားကိုရာဖြစ်ပါတယ်
    မှားယွင်းခဲ့ရင်တော့ ကြောက်စရာပါတဲ့
    ဘုရားဟောလေတစ်ခုရှိတယ်လို့ ဖတ်မှတ်ဘူးပါတယ်
    ““ဇာတံသရဏတောဘယံ””
    ကိုးကွယ်ရာက ဘေးဖြစ်တတ်တယ် လို့ သတိပေးတော်မူပါတယ်..
    ဒါကြောင့် ….
    နည်းနည်းသိရင် နည်းနည်းဆင်ခြင်နိုင်ပါတယ်
    များများသိရင် များများဆင်ခြင်နိုင်မှာပါ
    ဘာမှမသိရင် တော့ ဘာမှမဆင်ခြင်နိုင်တော့ဘူးပေါ့
    အဆုံးအမကို မကျင်ကြံနိုင်ရင်တောင်
    နားထောင်သဘောပေါက်ထားရင် ကိုယ်ပြုမယ်အကုသိုလ်နည်းပါအောင်တော့
    ဆင်ခြင်နိုင်မှာပါ…..။။။

  • myanpyithar

    October 5, 2011 at 10:47 am

    ပေးကားပေး၏မရ..ဆိုတဲ့စကားလို
    ယူသူအပေါ် မှာသာမူတည်တာပါ..
    ဘွဲ့တွေတသီချည်း ရထားပေမဲ့သူများနားလယ်အောင်မသင်ပြတတ်သူတွေအများကြီး..
    ဘွဲ့မရပေမဲ့အသင်အပြကောင်းတဲ့လူလဲအားကြီးဘဲ..
    ဆိုလိုတာက.ကိုယ်တိုင်က တရားမပေါက်သေး..ဒါမှမဟုတ် မကျင့်ရသေးပေမဲ့
    သူဟောပြောတဲ့ အတိုင်းကျင့်ကြံ လို့ တရားပေါက်သွား ရသွားနိုင်တာဘဲ..
    တရားထူးရသွားကြတဲ့..ပုဂိုလ်ကြီးတွေကိုလေ့လာကြည့်ပါလား…သူတို့ဆရာတွေဟာတရားထူးရပြီး
    သူတွေမှမဟုတ်တာ…
    ကျွန်တော်တွေးမိသလောက်ဝင်ဆွေးနွေးတာပါ..

  • ကြောင်ကြီး

    October 5, 2011 at 11:26 am

    အိမ်းအိမ်း.. မြောက်ပေးတဲ့သူရှိတော့လည်း ဂွေးတက်အောင် ကရမှာပေါ့.. 😛
    ချစ်ထူးပြောသလိုမျိုး စာအုပ်ကိုင်ဆရာလုပ်တိုင်း နားထောင်သင့်သလား၊ ပေါက်မြောက်ပြီးသူစကားကိုသာ နားထောင်သင့်သလား ဆိုတဲ့အငြင်းအခုံမျိုး လုပ်ခဲ့ဖူးပါတယ်။ သူ့ဆင်ခြေနဲ့သူ နှစ်ဖက်စလုံးမှန်ပါတယ်။ ကိုအောင်ပုပြောသလို ပုဂ္ဂိုလ်အစွဲ ခွာလိုက်ရင် ဓမ္မပြောသူသည် ဓမ္မကထိကဖြစ်ပါတယ်။ ဓမ္မသည် ဓမ္မပါပဲ။ သို့ပေမဲ့ ပုထုဇဉ်ဆိုတာ အတ္တသမားဖြစ်လို့ အရောင်အသွေးမပါဘဲ မမြင်တတ်ပါဘူး။ ဒါကြောင့်လည်း ဟိုဘုရား ဒီဘုရား၊ ဟိုဘုန်းကြီး ဒီဘုန်းကြီး၊ ဟိုနည်း ဒီနည်း ဖြစ်ကုန်တာပါ။ လောကဓမ္မတာတခုပါပဲ၊ အပြစ်ပြောနေလို့ ထူးမလာပါ။ သိထားပြီး အသုံးချတတ်ရင် အကျိုးများဖို့သာရှိပါတယ်။ ဓမ္မသည်ဓမ္မပါပဲလို တယူသန်စွဲကြေးဆိုရင် ဘယ်ဆရာတော်တရားမှ မနာဘဲ ဘုရားစာပဲ ဖတ်နေဖို့ရှိပါတယ်။ ကျောင်းသားများအတွက် ဂိုက်ဆိုတာ အသုံးဝင်လို့ ပေါ်လာတာပါ။ အသုံးလွန်ရင်တော့ ဘေးဖြစ်ပါတယ်။ ဘုန်းကြီးတိုင်းလည်း နိဗ္ဗာန်မလိုချင်ပါဘူး၊ အတိတ်ကံပါလို့ ဘုန်းကြီးဖြစ်လာသူများ မရှားပါ။ ပရိယတ္တိစာပေများနဲ့ ပျော်မွေ့ပြီး ဝိနည်းလိုက်နာ ဂုဏ်တော်ပွားရင်း အထက်ဘုံများ လှမ်းလိုသူ အများကြီးရှိပါတယ်။ ငါးပိဖုတ်ရင်တောင် ဆရာပြမှ နည်းကျလို့ ကမ္မဌာန်းတခုခု အားထုတ်မယ်ရည်သန်ရင်တော့ ဆရာရှိသင့်ပါတယ်။ လူကိုယ်တိုင်ရှိမှ မဟုတ်ပါဘူး၊ စာအုပ်၊ တရားခွေများသည်လည်း ဆရာဖြစ်နိုင်ပါတယ်။ မိမိကဂရုတစိုက်နဲ့ အပြည့်အစုံ နာယူဖို့လိုတာပါ။ အခုပြောတာ စနစ်တကျ လေ့လာနည်းပါ။ လူဆိုတာ အတိတ်ကံအရ အကျဉ်းနည်းကနေ အကျယ်လှမ်းသူ၊ အကျယ်လေ့လာပြီးမှ လိုရင်းရောက်သူ အမျိုးစုံရှိလို့ မိမိစရိုက် အထုံကိုတော့ သိထားနိုင်ရင် ပိုထိရောက် မြန်ဆန်ပါမယ်။
    ပေါက်မြောက်ပြီးသူများကိုသာ အားကိုးသင့်တယ်ဆိုတာလည်း မှန်ပါတယ်။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုတဲ့ စကားပုံ အလကားထားခဲ့တာ မဟုတ်ပါဘူး။ ရတနာရှိရာ ရတနာလာတယ်။ မြန်မာပြည်မှာ ပေါက်မြောက်သွားသူ ဆရာတော်ကြီးများရဲ့ ဓမ္မအမွေများ စာနဲ့ပေနဲ့ အသံဖိုင်နဲ့ များစွာရှိပါတယ်။ နာယူသူမှာ ခွဲခြားတတ်တဲ့ အသိညဏ်တော့ ရှိရပါမယ်။ ကိုယ်တိုင်လိုက်နာ အားထုတ်ပါ။ စာသိလား ခန္ဓာသိလား မညှာမတာ ဆန်းစစ်ဖို့လည်း အရေးကြီးပါတယ်။ တိုးတက်မှု မရှိရင် နောက်ထပ်ဆရာကောင်း ရှာဖို့ဝန်မလေးပါနဲ့။ ကိုယ်တွင်းကိုယ်ပ လောကဓံများသည် အကောင်းဆုံး သက်သေခံချက်များ ဖြစ်နိုင်ပါတယ်။
    ကျနော့်ကိုယ်ပိုင်အမြင်အရ ပေါက်မြောက်ပြီးသူများသာ တရားဟောတာ ပိုသဘောကျပါတယ်။ သို့ပေမဲ့ ဗုဒ္ဓဘာသာမှာ ကံဆိုတာရှိပါတယ်။ သူ့ကံနဲ့သူ့အကြောင်း ဖြစ်လာတာ ပိတ်ပင်လို့မရပါ။ ကြောင်းကျိုးဆက်စပ်မှုသဘောအရ အရာရာတိုင်းသည် စပ်ဆက်မှုရှိပါတယ်။ ကျွတ်တမ်းဝင်သူများတောင် ဘုရားချွတ်မှကျွတ်မည့်သူ၊ တပည့်သာဝကများ ချွတ်မှကျွတ်မည့်သူ၊ ဘုရားတောင် ချေချွတ်မရသူများရှိပါတယ်။ ဒါကြောင့် ပေါက်မြောက်တိုင်း လူတိုင်းနဲ့သင့်တော်တယ်လို့ လှေနံခါးထစ် ယူဆမရနိုင်ပြန်ပါဘူး။ အကျိုးဆက်အားဖြင့် အခြားကိစ္စများမှလိုပဲ တလွဲသုံးမှု၊ မရိုးသားမှုများ ပေါ်ပေါက်လာပါတယ်။
    မလှုလို့မရှိ မရှိလို့မလှူဆိုတာလည်း ဒီသဘောပါပဲ၊ ဘက်နှစ်ဘက်စလုံး သူ့နည်းနဲ့သူ မှန်တယ်လို့ ထင်ပါတယ်။ ကံနဲ့ပတ်သက်ရင် ပြောချင်တာ ရဟနာ္တမဖြစ်သ၍ ကံဆိုတာလိုအပ်ပါတယ်။ မိမိက ဘုရားထားခဲ့တဲ့ သစ္စာလေးပါးအဆုံးအမ နာယူပြီး သုံးယုံသုံး စွန့်ပစ် မစွဲဖို့သာ တော့လိုကြောင်းပြောပါရစေ။

  • siamonone

    October 7, 2011 at 9:59 pm

    တကယ်တမ်း .. ကျွန်တော်တို့ကမာ္ဘကြီး တိုးတက်လာတာ .. ဘာသာရေးဆိုတဲ့ အရာရှိခဲ့လို့ ..
    ခိုကိုးရာမဲ့နေတဲ့ .. လူသားတွေရဲ့ စိတ်ဓာတ်ကို ဘာသာရေးနဲ့ ဖေးမခဲ့လို့ ..
    ကမာ္ဘပေါ်မှာ နေရပီး ..နယ်မြေစည်းခြားခံထားရတဲ့ .. နိုင်ငံတွေ ရယ် ဥပဒေတွေရယ် လူမျိုးတွေရယ် ကို ဘာသာရေး ကပေါင်းစည်းပေးခဲ့လို့ ..
    နိုင်ငံတိုင်းမှာ Physical အရ .. စည်းရှိ တယ် .. ဒီလိုဘဲ Mental အရ စည်းကမ်းရှိအောင် ဘာသားရေးက .. ထိမ်းချုပ် ကွပ်ကဲခဲ့လို့ .
    ယခုလို တိုးတက်ပီးပီ .. လို့ ထင်ရသောသော .. တိုင်းပြည် တွေ .. ယဉ်ကျေးမှုအဆင့်မြင့်လာသော လူသားတွေဆိုတာ ပေါ်ပေါက်လာတာပါ ..
    ဘာသာရေးဆိုတာ .. အလွန်အရေးပါခဲ့ပါတယ် ယခုလည်း အရေးပါနေဆဲ ပါဘဲ .. ဆိုးကျိုးတွေလည်း ရှိတာပေါ့ .. ဒါပေမယ့် ဧရာဝတီ က နေလျှပ်စစ်ယူမယ့် သူတွေရဲ့စကားလုံး သုံးရရင် .. ကောင်းကျိုးက ဆိုးကျိုးထက်ပိုများနေတော့ .. (အသိသာကြီးနော ) .. ဘာသာတိုင်းကို ကျွန်တော်ကလေးစားတယ် .. တည်ထောင်ခဲ့တဲ့ သူတွေကိုလည်း .. ချီးကျူးတယ် .. အဲ့လိုဘဲ .. ဘာသာရေး ကိုင်းရှိုုင်းတဲ့သူတွေကိုလည်း .. အားပေးတယ် .. ကျွန်တော်ယူမယ့် ချောသူမလေး ကလည်း ဘာသာရေး ကိုင်ရှိုင်းရမယ် လို့ သတ်မှတ်ထားတယ် ..
    ဘာသာရေးတွေနဲ့ ပတ်သတ်ပီး .. ကျွန်တော့်အမြင်ပါ ..
    နောက်ဆုံးတစ်ခုကျန်သွားတယ် ခရာစ်ယာန်နဲ့ ဗုဒ္ဓဘာသာ က နည်းနည်း မဟုတ် များကြီး လွတ်လပ်တယ် .. ဒီတော့ .. ကျွန်တော် .. ခရာစ်ယာန်ဘာသာကို အသက်ငယ်တုန်း ကိုးကွယ် မယ် .. စီးပွားရေး၊ လူမှုရေး .. သီချင်း၊ အဆို၊ အတီး .. အမှုတ်၊ အက အစ အားလုံး အားသာချက်ရှိတယ် .. အသက်ကြီးလာပီ .. လောကကြီးကို အမြင်တစ်မျိုးနဲ့ မြင်လာပီဆိုရင် ဖြင့် .. ဂေါတမမြတ်စွာဘုရား ရဲ့ ဗုဒ္ဓအဘိဓမ္မာကို လေ့လာဖို့ စိတ်ကူးရှိပါတယ် … မိတ်ဆွေတို့ အကိုတို့ ဦးဦးတို့ ရော .. ကျွန်တော့် အမြင်ကို ဝေဖန်ပေးကြပါအုံး .. !

  • minmahar

    October 8, 2011 at 2:22 am

    ဗုဒ္ဓ ဘာသာ ဟာ အင်မတန်မှ နူးညံ့ သိမ်မွှေ့လှပါတယ် ။
    ကယ်တင်ရှင်ဘာသာလဲ မဟုတ်ပါဘူး ..တနည်း ရစေ ၊ ပျောက်စေ ဘာသာ မဟုတ်ပါဘူး ။
    ဒုက္ခ မျိုးစုံမှလွတ်ကင်းအောင် ညွှန်ပြပေးတဲ့ ဘာသာ ၊ တနည်း ကျင့်ကြံရင် ရမယ်ဆိုတဲ့ ဘာသာ တစ်ခုပါ ။
    ဒါန ပြုမယ် ၊ သီလ စောင့်မယ် ၊ ဘာဝနာ ပွားများမယ် .. သူ့ကဏ္ဍ နဲ့သူ ကျင့်ကြံနိုင်အောင် ….
    ဦးစွာ – လမ်းညွှန်ပေးမဲ့သူ ၊ တနည်း တရားဟောပေးမဲ့ ပုဂ္ဂိုလ် လိုပါတယ် ။ မိမိရဲ့ အခံကလဲ လိုပါတယ် ။
    နှမ်းစိလောက် ညွှန်ပြတာရရင် ဒါန ၊ သီလ ၊ ဘာဝနာ ခံယူမှု နဲပေမဲ့ စာတတ် ပေတတ်နဲ့ တကယ့်ကို
    နည်းမှန်လမ်းမှန် လမ်းညွှန်ပေးတာခံရရင်တော့ အတိုင်းထက် အလွန်ပေါ့ ။
    ဘာသာရေးလုပ်တယ်ဆိုတာ ကျနော်တော့ ဒီလိုမြင်ပါတယ် …
    တရားကိုသိအောင် လုပ်တယ် ။
    တရားကို ကျင့်တယ် ။
    သူတပါး သိအောင် ပြောပြတယ် ။
    ဒုက္ခရောက်မှာမြင်ရင် တရားနဲ့ ယှဉ်ထိုး ပြောတယ် ။
    ကိုယ့်ကို တရားလာပြရင် လက်ခံပေးတယ် ။( သိပြီးသားရော ၊ မသိသေးတာရော )
    တရားအကြောင်း အပြန်အလှန် ဆွေးနွှေးတယ် ။
    တရားကို ရေရှည် တည်တန့်အောင် တတ်နိုင်တဲ့ဖက်က စောင့်ရှောက်တယ် ။
    ပုဂ္ဂိုလ်ပိုင်း ဆိုင်ရာကြတော့ …
    နိဗ္ဗာန်ဆော်လဲ လေးစားတယ် ။
    တရားလာဆွေးနွေးတဲ့သူလဲ လေးစားတယ် ။
    တရားလာပြပေးတဲ့ ပုဂ္ဂိုလ်လဲ လေးစားကြည်ညိုတယ် ။
    ကျနော်တို့ သဂျီးအပါအဝင် ရွာသူရွာသားတစ်စုကလဲ ဟိုးအရင်ဘဝတွေမှာ အတူတူ
    ကုသိုလ်တွေ ပြုခဲ့လို့ ဒီဘဝ သဂျီးပိုင်တဲ့ ရွာကြီးထဲ လာဆုံရတယ်လို့ ခံယူပါတယ် … ။

  • padonmar

    October 8, 2011 at 4:59 am

    ပုပုပြောတဲ့ “သက်တော်ထင်ရှား မြတ်စွာဘုရားရှင်တော် ကို ကြည်ညိုယုံသက်သက်ဖြစ်တဲ့
    ရဟန်းတစ်ပါးကို မြတ်စွာဘုရားရှင်ကိုယ်တော် နှင်ထုပ်ဘူးတယ်”=ဝက္ကလိရဟန်းပါ၊
    မိုးဇက်ပြောတာ“ဒကာဒကာမတွေကို အယုတ်တမာ ပါဠိလို ‘ဝသလ’ လို့ခေါ်တဲ့(နာမည်မမှတ်မိတော့) ရဟန္တာတွေရှိသေးတာပဲ..”
    ပိလိန္ဒဝစ္ဆ ရဟန္တာပါ၊
    ရှာဖတ်ချင်သူတွေအတွက်အညွှန်းပါ၊
    တရားဟောရင်းနဲ့ နာသူလည်း သောတာပန်တည်၊ဟောသူကလည်း သူဟောတဲ့တရားသံသူ့ဖာသာ နှလုံးသွင်းရင်းနဲ့ အဲဒီနေရာမှာဘဲ လေးမဂ်လေးဖိုလ်ရသွားတာရှိပါတယ်၊
    ဆိုလိုတာကတော့ ဟောသူကိုလည်း အထင်မသေးပါနဲ့၊
    သစ်ရွက်ကလေးတွေရော်ပြီးကြွေတာကြည့်ရင်းနဲ့ ပစ္စေကဗုဒ္ဓါဖြစ်သွားတာ ဖတ်ဖူးတယ်မလား၊
    ကိုယ့်ရဲ့ဓာတ်ခံပေါ်ဘဲတည်ပါတယ်။
    သူပြောတာကို မနှစ်သက်ရင် အနားမသွားပါနဲ့၊တရားခွေဆိုပိုလွယ်သေးတယ်။နားမထောင်နဲ့ပေါ့။
    မှန်မမှန်ဝေဖန်နိုင်ဖို့တော့ ကိုယ့် ဝမ်းစာဖြည့်ထားရလိမ့်မယ်။

  • siamonone

    October 10, 2011 at 11:40 am

    how could u know whether right or wrong. some will right in some pace over sometime for somebody, everyone including me cannot judge. Right or wrong are individualized. If i think it is right, it means it is right only for me, not for u and vise visa.

Leave a Reply