ဈေးကွက်အတွင်း၌ ဘိလပ်မြေအတုများ ရှိနေပြီး ဘိလပ်မြေနှင့် အချောကိုင်ပေါင်ဒါမှုန့်များ ရောခြင်းဖြစ်ကြောင်းသိရ

klnMay 17, 20101min811

ဈေးကွက်အတွင်း၌ ဘိလပ်မြေအတုများရှိနေပြီး ဘိလပ်မြေနှင့် အချောကိုင်ပေါင်ဒါမှုန့်များ ရေသည့် ဖြစ်ရပ်လည်း ရှိနေကြောင်းသိရသည်။ ဘိလပ်မြေအတုများနှင့် ပတ်သက်၍ပန်းရန်ဆရာတစ်ဦးက “ ဘိလပ်မြေအတုအစစ်က ကြည့်ရုံနဲ့ ခွဲခြားရခက်ပါတယ်။ ရေနဲ့ရောပြီးဖျော်ကြည့်မှသိနိုင်မှာပါ။ ဒါတောင်ပန်းရန်ဆရာတွေလောက်ပဲ သိနိုင်ပါတယ်။ သာမန်လူက မသိနိုင်ပါဘူး။ ကျွန်တော်တို့ဆိုနောက်ပိုင်းဘိလပ်မြေဝယ်ရင် ပစ္စည်းစစ်ကြောင်းအာမခံပေးနိုင်တဲ့ ဆိုင်ကြီးတွေကပဲဝယ်ပါတယ်။ သာမန်ဆိုင်ဈေးထက် နည်းနည်းပါးပါးလောက်ဈေးများရင်များမယ် ။ ဒါပေမယ့် ပစ္စည်းချို့ယွင်းမှု တစ်စုံတစ်ရာရှိခဲ့ရင်သွားပြန်ပြောင်းလို့ရတယ်။ ဘိလပ်မြေအတု တွေက ဟိုးအရင်းကတည်းက ဈေးကွက်ထဲမှာရှိခဲ့ဖူးပါတယ်” ဟုဆိုပါသည်။ ဘိလပ်မြေအတု ပြုလုပ်သူများ ကိုသက်ဆိုင်ရာက အရေးယူခဲ့ရသည့် ဖြစ်ရပ်လည်းရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၂၀၁ဝပြည့်နှစ် ၊ ဧပြီလ ၂ရရက်နေ့မွန်းလွဲ ၁၂နာရီ ၄၅မိနစ်အချိန်တွင် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရှိဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်သို့သက်ဆိုင်ရာက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်းသိသည်။ ထိုသို့ ရှာဖွေရာ ပိုင်ရှင်ဖြစ်သူက အလုပ်သမားများဖြင့် နာမည်ရှိ ဘိလပ်မြေများကို အချောကိုင်ပေါင်ဒါမှုန့်များရောကာ နာမည်ကြီးတံဆိပ်ဘိလပ်မြေအိတ်ခွံများနှင့်ထည့်သွင်းနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

One comment

  • intro

    May 17, 2010 at 9:28 am

    အော်… အတော မသတ်နိုင်တဲ့ လောဘသားတွေ… နေရာတကာ အတုနဲ့ကို မလွတ်ပါလားနော်.

Leave a Reply