လောကအမှန်တရားသုံးခု

kotun_mdyOctober 4, 20111min985

လောကမှာ အမှန်တရားသုံးခုရှိပါတယ်။

၁။ အစိတ်အမှန်တရား (ပရမတ္ထသစ္စာ)(အစု၊ အပေါင်းတို့ကို ခွဲခြမ်းစိတ်ဖြာမှုအရ တွေ့ရှိသော အမှန်တရား)

မှန်သည်။ အသုံးဝင်သည်၊ လူငြိမ်းချမ်းဖို့၊ လွတ်လပ်ဖို့အတွက် လမ်းညွှန်မဟုတ်ပါ။

၂။ အစုအမှန်တရား(သမုတိသစ္စာ)(အစု၊ အပေါင်းတို့ကိုခေါ်ဆိုသော အမည်နာမ အမှန်တရား)

မှန်သည်။ အသုံးဝင်သည်၊ လူငြိမ်းချမ်းဖို့၊ လွတ်လပ်ဖို့အတွက် လမ်းညွှန်မဟုတ်ပါ။

၃။ အမှုအမှန်တရား (အရိယသစ္စာ)(အစုနှင့်အစိတ်ဖြင့်ပေါင်းစပ်ထားသော လူသား၏ အပြု၊ အပြော၊ အနေတို့၏ ဖြစ်ပေါ်ချက်အမှန်တရား)

မှန်သည်၊ အသုံးဝင်သည် ၊ လူငြိမ်းချမ်းဖို့၊ လွတ်လပ်ဖို့အတွက် အဓိကလမ်းညွန်ချက်ဖြစ်သည်။

အစိတ်နှင့်အစုသည် လောကသဘာဝအမှန်တရားဖြစ်ပြီး။ ၎င်းတို့နှစ်ခုပါဝင်ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းအတွက်၊ ငြိမ်းချမ်း၊လွတ်မြောက်၊ ဖြူစင်ရိုးသားရန်အတွက် အမှုအမှန်တရား (အရိယသစ္စာ)သိရန်အထူးလိုအပ်လှပါတယ်။ ဒါကို မြတ်ဗုဒ္ဓမှ ဖော်ပြလမ်းညွှန်ခဲ့ပါတယ်။

အရိယသစ္စာကို အပိုင်းလေးပိုင်းဖြင့် ဟောကြားထားပါတယ်။

၁။ ဒုက္ခအရိယသစ္စာ(အရိယသစ္စာနည်းလမ်းကျသော ဒုက္ခ- သိရန်ကိစ္စရှိသည်)

၂။ ဒုက္ခသမုဒယအရိယသစ္စာ (အရိယသစ္စာနည်းလမ်းကျသော ဒုက္ခကိုဖြစ်စေသောအကြောင်း-ပယ်ရန်ကိစ္စရှိသည်၊ ပယ်နိုင်ရမည်၊ ပယ်လျှင်-ဒုက္ခမှအမှန်လွတ်ရမည်)

၃။ဒုက္ခနိရောဓအရိယသစ္စာ(အရိယသစ္စာနည်းလမ်းကျသော ဒုက္ခမှ လွတ်မြောက်သောအဖြစ်ငြိမ်းချမ်းခြင်း-ဆိုက်ရောက်ရန်ကိစ္စရှိသည်)

၄။ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စာ(သို့) မဂ္ဂအရိယသစ္စာ (အရိယသစ္စာနည်းလမ်းကျသော ဒုက္ခမှ လွတ်မြောက်ရန်အတွက် လမ်းကြောင်း-ပွားများလုပ်ဆောင်ရန်ကိစ္စရှိသည်)

၎င်းအပိုင်း(၄)ပိုင်းထဲတွင် လုပ်ဆောင်ရန်အပိုင်းမှာ (၄)အပိုင်းဖြစ်ပါသည်။ ထိုအပိုင်းတွင် အချက်(၈)ချက်ပါဝင်ပါသည်။

၁။သမ္မာဒိဋ္ဌိ၊ ၂။သမ္မာသင်္ကပ္ပ၊ ၃။သမ္မာဝါစာ၊ ၄။သမ္မာကမ္မန္တ၊ ၅။သမ္မာအာဇီဝ၊ ၆။သမ္မာဝါယာမ၊ ၇။သမ္မာသတိ၊ ၈။သမ္မာသမာဓိ

၁နှင့်၂ ကို တစ်အုပ်စုဖွဲ့ပြီး (ပညာ)ပိုင်း၊ ၃/၄/၅ တစ်အုပ်စု (သီလ)ပိုင်း၊ ၆/၇/၈ တစ်အုပ်စုဖွဲ့ပြီး (သမာဓိ)ပိုင်း

 

 

ပြန်လည်ဆွေးနွေးအကြံပြုချက်များကို ကြိုဆိုပါသည်။ ငြင်းခုံခြင်းမပြုလိုပါ။

 

5 comments

  • maythakhin

    October 5, 2011 at 12:38 am

    သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်သိမြင်တော်မူအပ်သော မြတ်စွာဘုရား လို့တော့ ဘုရားဂုဏ်တော်တွေကို ရှိခိုးဖူးပါတယ်။ kotun_mdy ပြောတာတွေကို မေတော့ ဉာဏ်ဝေးနေသေးလို့ထင်တယ်။ ဆွေးနွေးဖို့အတွက် လိုက်မမှီနိုင်သေးဘူး။ မေလက်ခံထားတာ ၊ မေသိသလောက်ပေါ့နော်။ကံငါးပါးကို လုံခြုံရမယ်။ မေတာတရားထားနိုင်ရမယ်။ ကိုယ့်စိတ်ကို ကိုယ်ဆုံးမနိုင်ရမယ်ပေါ့။ နားလည်သလောက်ပြောပြတာပါ။ ဒီထက် ကျယ်ပြန့်နက်ရှိုင်းတာတွေရှိဦးမှာ အပေါ်ယံလောက်ပဲ နားလည်နေတယ်လို့ ကိုယ့်ကိုပြောရမလားမပြောတတ်ဘူး။ ငြင်းတာမဟုတ်ဘူးနော် ။မေနားလည်တာကိုပြောတာ။ပါဠိတွေကို မြန်မာလိုပြန်ပြီးတွဲရှင်းပြရင်တော့ ပိုကောင်းလိမ့်မယ်။ ဖတ်တဲ့သူတွေ ပိုနားလည်မယ်ထင်ပါတယ်။

    • kotun_mdy

      October 6, 2011 at 1:51 pm

      မေသခင်ဆွေးနွေးချက်ကို ကြိုဆိုပါတယ်။ ကျွန်တော်တို့လည်း ဒီလိုပဲ လေ့လာရင်းသိခဲ့တာပါ။
      ကျွန်တော်ဖော်ပြထားတဲ့ ပါဠိလို(၈)ချက်ကတော့ မဂ္ဂအရိယသစ္စာ(၈)ပါးပါ။
      ဒါကို မြန်မာလိုပြောကြတာတော့ သမ္မာကို မှန်ကန်သော(သို့)သမာသမတ်ကျမှုလို့ သိရပါတယ်။
      မြန်မာစကားမှာ သမာဆိုပြီး ပြောကြပါတယ်။ဒါဆို
      သမ္မာဒိဋ္ဌိ = သမာသောအမြင်
      သမ္မသင်္ကပ္ပ=သမာသောအတွေး
      သမ္မာဝါစာ=သမာသောအပြော
      သမ္မာကမ္မန္တ=သမာသောအပြု
      သမ္မာအာဇီဝ=သမာသောအနေ
      သမ္မာဝါယာမ=သမာသောကြိုးစားမှု(မြန်မာလိုပြောနေကြပါတယ်။ ဝါယာမစိုက်ပါ)
      သမ္မာသတိ=သမာသောနိုးကြားမှု
      သမ္မာသမာဓိ=သမာသောစိတ်ထားမှု

      ပြန်လည်ဆွေးနွေးမှုကို အစဉ်ကြိုဆိုလျှက်။

  • True Answer

    October 5, 2011 at 10:19 am

    အင်း ကုလားကြီး နဲ့ အရာကြီး ကို နာမည်ခွဲပြီး ရှင်းနေတာကို ရှုပ်အောင်လုပ်ပြန်ပါပြီကော။
    အကျင့်တရား မှန်ကန်တဲ့နှလုံးသွင်းမှု ၊ open mind ဖြစ်မှုမပါဝင်ဘဲ – စကားလုံးတွေနဲ့ ရှင်းနေရတာ တော်တော်လေးတော့ လက်ဝင်အချိန်ကုန်ပါတယ်။
    တစ်ဦးတစ်ယောက်ရဲ့ သတ်မှတ်ချက်တွေကို အဟုတ်ထင်ဆုပ်ကိုင်ပြီး အမှန်တရားလုပ်နေရင်တော့ တကယ့်အမှန်တရားနဲ့ဝေးနေပါမယ်။

    အရိယာ သစ္စာ နဲ့ ပရမတ္တသစ္စာ တူတူပဲဖြစ်ပါသည်။

    အရိယာ သစ္စာလေးခု = ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓ သစ္စာ။
    ပရမတ္တသစ္စာလေးခု = စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗါန်၊။
    —————————————————————————————————
    နိရောဓ သစ္စာ နှင့် နိဗ္ဗါန် အတူတူ ဖြစ်ပါသည်။ (သူကြီး (သို့) kai အတူတူ ဖြစ်သကဲ့သို့ပင်)
    ————————————————————————————————-
    စိတ်၊ စေတသိက်၊ ရုပ် သုံးပါးသည် ((ဒုက္ခသစ္စာ)) ဖြစ်ပါသည်။
    —————————————————————————————————
    ထို့နောက် စိတ်၊ စေတသိက် နှစ်မျိုးတွင်…..
    ဘဝသစ်ကိုဖြစ်စေသော (သို့) ၃၁ ဘုံကိုလည်စေသော (သို့) ဘာမှအမှန် ညာမှအမှန်၊ ဘာဝါဒ၊ ညာဝါဒအဖြစ် အဟုတ်ထင်နေသော ငြင်းခုန်လိုနေသော ငြိတွယ်နေသော (သို့) လောဘ၊ ဒေါသ၊ မောဟ တို့ တိုးပွားစေသော (သို့) ပဋိစ္စသမ္မပ္ပါဒ် ဒုက္ခစက်ကို လည်နေစေသော (သို့) အိုနာသေ ဒုက္ခများကို မဆုံးနိုင်ဖြစ်စေသော –

    လောဘ၊ ဒေါသ၊ မောဟ နှင့်ယှဉ်သည့် စိတ်၊ စေတသိက်များ ကို ((သမုဒယသစ္စာ)) ဟု ခေါ်ပါသည်။
    ————————————————————————————————-
    အထက်ပါသမုဒယသစ္စာ နှင့် ဆန့်ကျင်ဘက် –
    ဘာမှအမှန် ညာမှအမှန်၊ ဘာဝါဒ၊ ညာဝါဒအဖြစ် မဆုပ်ကိုင်၊ မငြိတွယ် ဘဲ ….. အမှန်တရား ကို အသုံးချရုံသက်သက်၊ နားလည်ရုံသက်သက်သာဖြစ်သော (သို့) လောဘ၊ ဒေါသ၊ မောဟ မီး တို့ ချုပ်ငြိမ်း နည်းပါးရာဖြစ်သော (သို့) ပဋိစ္စသမ္မပ္ပါဒ် ဒုက္ခစက်ကို ရပ်စေသော (သို့) အိုနာသေ ဒုက္ခများကို အဆုံးသတ်စေသော-

    အလောဘ၊ အဒေါသ၊ အမာဟ နှင့်ယှဉ်သည့် စိတ်၊ စေတသိက်များ ကို မဂ္ဂသစ္စာ ဟု ခေါ်ပါသည်။
    လောကီ ဦးနှောက် အသိဉာဏ်ဖြင့် နားလည်မှုထက် ကျော်လွန်သော သီလ၊ သမာဓိ၊ ပညာ ဖြစ်ပါသည်။
    လူ့ဘဝ တစ်ဘဝတစ်နပ်စာအဆင်ပြေစေမည့် မ (တိရစ္ဆာန်ဘဝများမပါ) မိမိဖာသာ သတ်မှတ်ချက်များကို မရမက သစ္စာတရားများနှင့် လိုက်တန်းညှိနေမှုထက် လွန်မြောက်နေလေသည်။

    ပိုမိုသိရှိနားလည်လိုပါက – http://soewinhtut.multiply.com/journal/item/1/1

Leave a Reply