အိမ်သုံး compact digital camera ကို ဘယ်လို ရွေးချယ် ဝယ်ယူမလဲ(၂) technical point of view

ムラカミOctober 4, 20115min1406
Size, Weight, Design, External features ဒါတွေအပြီးမှာ တကယ့် Functional portion ကို technical point of view
နဲ့ ရေးချင်ပါတယ်..

၁)Image Sensor
  သာမန် အိမ်သုံးbuyer တွေ အနေနဲ့ သတိထားမိတဲ့သူ နည်းသေးတဲ့ အရာဖြစ်ပါတယ်။ သို့သော် porfessional photography
  မှာတော့ ထိပ်ဆုံးကထားပြီး ဆွေးနွေးရတဲ့အချက်ဖြစ်လို့ ထိပ်ဆုံးမှာ ထားပြီး ရေးလိုက်ပါတယ်။ သူတို့ဆီက camera catalog
  တွေမှာလည်း comparism charts တွေမှာ ထိပ်ဆုံးထားပြီး ပြောကြတဲ့အချက်ဖြစ်ပါတယ်..။
  image quality ဟာ sensorကို အဓိက မူတည်နေပြီး  sensor ရဲ့ အလုပ်လုပ်ပုံကတော့ lens ကနေ ရရှိလာတဲ့ light
  ကို digital signal အဖြစ်ပြောင်းပေးပြီး ပုံဖော်ရတဲ့အလုပ်ဖြစ်ပါတယ်..အလွယ်ပြောရရင် lens ဟာ မျက်လုံးဆိုရင်
  sensor ဟာ ဦးနှောက်ကို ဆက်သွယ်ထားတဲ့ အာရုံခံ nerve အဖွဲ့အစည်း လို့ ဆိုနိုင်ပါတယ်..
  sensor type ၂မျိုးရှိပါတယ် ..CCD နဲ့ CMOSပါ..
  CCD - Compact digital camera တွေဟာ CCD sensor တွေနဲ့ ပွဲထွက်လာခဲ့ကြတာပါ သူတို့ဟာ analog အမျိုးအစားတွေဖြစ်ပါတယ်
  CMOS - သူကတော့ chip အမျိုးအစားဖြစ်ပြီး CCDထက်စာရင် အစိတ်အပိုင်းတွေပိုနည်းတယ် ပိုပြီးpower consumeနည်းတယ်
  ယေဘုယျ အားဖြင့် ပိုပြီး ပုံထွက် ကောင်း (resolution မြင့်)ပါတယ် D-SLR တွေအားလုံးဟာ CMOS sensor သုံးကြပါတယ် သူ့ရဲ့
  အားနည်းချက်ကတော့ CCD sensor တစ်လုံးထက်စာရင် ထုတ်လုပ်မှု စားရိတ် ပိုမို ကျသင့်တာပါပဲ

  အဲ့သည့်တော့ ခြုံငုံ သုံးသပ်ရရင် CMOS ပါတဲ့ camera က CCD camera ထက် ပို ပုံထွက်ကောင်းသလို ဈေးလည်း ပိုပါလိမ့်မယ်
  ခုနောက်ပိုင်း CMOS sensor ပါတဲ့ camera series တွေကတော့
  - Sony Cybershot WX series, TX series, DSC series
  - Nikon Coolpix P series,
  - Canon IXY series, PowerShot series
  - Panasonic FT series, Ricoh CX series
  - Fujifilm Finepix F/HS Series စတာတွေဖြစ်ပါတယ် ...(အကုန်မဟုတ်သေးပါခင်ဗျား အခြား brand/
    series တွေမှာလည်း တွေ့ရတတ်သေးပါတယ် .)
  ခုချိန်က  Compact camera မှာ CCD ကနေ CMOS ကို ခေတ်ပြောင်း တဲ့ကာလ လို့ပြောနိုင်ပါတယ် နောက်ပိုင်းလည် းCMOS
  တွေနဲ့ပဲ ထုတ်လာကြမှာပါ ဒါကြောင့်မို့ sensor choice ဆိုရင်တော့ CMOS ပဲရှာဝယ်ပါ လို့ တိုက်တွန်းချင်ပါတယ်ဗျာ..

၂) Resolution

  မင်းကင်မရာ က 10 mega pixel ပဲရှိတာ ငါ့ဟာက 12 ကွ ..ဆိုတာမျိုးကြားဖူးကြမှာပါ ..ဒါဟာ maximum image resolution ကို
  ဆိုလိုတာပါကနေဦး 4.1, 6.1, 8.1, 10.1 အစရှိသဖြင့် Mpတွေ တိုးလာ များလာလိုက်ကြတာမှာ အခုဆို compact ထဲမှာ 16.1Mp ထိ
  ထွက်တဲ့ camera တွေပေါ်နေပါပြီ  US$ 100 ~ 200 အတွင်းမှာတောင် Panasonic DMC Series နဲ့
  Sony Cyber-shot DSC series တွေမှာ ရှာနိုင်ပါတယ်..(မှတ်ချက် လက်ရှိ သည်စာရေးနေစဉ်ပေါက်ဈေးသာဖြစ်ပါသည်)
  theory အရတော့ Megapixel(Mp)ပိုများရင်ပုံထွက် ပိုပြီး sharp ဖြစ်မယ်ဆိုတာပါ .. ဒါပေမယ့် လက်တွေ့မှာ သိပ် မသိသာလှပါ
  ဥပမာ 14.1 Mp Vs 16.1 Mp ကင်မရာ ၂လုံး မှာ same image size(file size)ထားပြီး ယှဉ်ရင် ကွာခြားမှု မရှိလှတာ တွေ့ရပါတယ်..
  ဆိုင်မှာ သွားဝယ်တယ်ဆိုရင် ကိုယ်တိုင် စမ်းရိုက်ကြည့်ပြီး ရွေးသင့်ပါတယ် quality မကွာပဲ  ဈေးသိပ်ကွာနေမယ်ဆိုရင် 14.1Mp
  ကို လိမ္မာပါးနပ်စွာ နဲ့ ပျော်ပျော်ကြီး ရွေးနိုင်တာပေါ့ဗျာ

၃)Lens
  Compact camera ဝယ်ရင် အတော်များများ က lens ထိပ်က စာသားသေးသေးလေးတွေကို ဖတ်ကြည့်ဖြစ်လိမ့်မယ် မထင်ဘူး..
  ဥပမာ သည်လိုမျိုး ရေးထားတတ်ပါတယ်. 5.0-25.0mm 1:3.9~5.9
  တခုချင်းစီ ရှင်းပါ့မယ် 5.0~25.0mm ဆိုတာ focus (focal length ကိုပြောတာပါ..)
  5.0mm ကနေ25.0mm အထိ 5x zoom ပံ့ပိုးတယ် ဆိုလိုပါတယ်..
  (သည်နေရာမှာ သတိပြုစရာကွဲလွဲချက်အနေနဲ့  camera catalog ထဲမှာ 8x လို့ ရေးချင်ရေးထားမှာပါ.. သည်အပိုင်းကို
  Zoom မှာ ပြန်ရှင်းပါ့မယ်)
  1:3.9~5.9 ကတော့ aperture size ကိုဆိုလိုပါတယ် .. lens ရဲ့ apertureဟာ ရိုက်လိုက်စဉ် အချိန်ကလေး အတွင်းမှာသာ
  တခါပွင့်ပြီး ပြန်ပိတ်သွားပါတယ် .. ချပ် ကနဲ မည်သွားတဲ့ အခိုက် အတန့်လေး ဖြစ်ပါတယ်
  အဲ့သည့် အဖွင့်အပိတ်လုပ်တဲ့ aperture ရဲ့ diameter size ကို ဆိုလိုပါတယ်..aperture ကို ဖွင့်လိုက်တဲ့အချိန်ကလေးကတော့
  shutter speed လို့ခေါ်ပါတယ် ..(Technical ပိုင်းသိပ်ရောက်သွားမှာစိုးလို့ သည်မှာပဲ ဖြတ်ချလိုက်ပါတယ်)
  ယေဘုယျ အားဖြင့်ပြောရရင် compact camera တစ်လုံးမှာ lens ကြီးကြီးပါရင် zoom ပိုများမယ် aperture ပိုကျယ်နိုင်တယ်
  shutter speed ပိုမြန်မယ် ပုံထွက်ပိုကောင်းမယ် လို့ ပြောနိုင်ပါတယ်..

၄)Zoom
  Zoom ကတော့ အထူးပြောစရာ လိုမယ်မထင်ဘူးဗျာ ..များလေကောင်းလေပေါ့ ..
  အထက်ကပြောခဲ့တဲ့ lens နဲ့ အတော်လေး ဆက်စပ်နေတာတွေ့တယ်ဗျ. Zoomဆွဲလေလေ ကင်မလာ ရှေ့က အဝိုင်းလိုက်အကွင်း
  ကြီးတွေ ဖုထွက် တက်လာလေပဲ မဟုတ်လား..lens အပိုင်းမှာ ချန်ခဲ့တဲ့အပိုင်း ကိုပြန်ကောက်ပါမယ်..
  ဟုတ်ကဲ့ Zoom ၂မျိုးရှိပါတယ် .. optical zoom နဲ့ digital zoom ပါOptical zoom ဆိုတာ lens နဲ့ ချိန်ညှိပြီး ဆွဲလို့ရတဲ့ zoomပါ ..
  အထက်ကပြောခဲ့တဲ့ lens မှာရေးထားတဲ့  5.0mm~25.0mm ဆိုတာ Optical zoomပါ.အဲ့သည့် camera catalog မှာ 8x လို့
  ရေးထားမယ်ဆို ကျန်တဲ့ 3x ဟာ digital zoom ကို ဆိုလိုပါတယ် (အချို့ catalog များလည်း optical နဲ့  digital ကိုသီးခြားခွဲရေးလေ့
  ရှိပါတယ်) digital zoom မပါတဲ့ model တွေလည်း ရှိပါတယ် ဒါပေမယ့်  digital zoom ပါတဲ့ compact camera တိုင်းရဲ့ တူညီတဲ့အချက်
  ကတော့ optical zoom အရင်ဆွဲပြီးတော့မှ digital zoom ကိုဆွဲတာပါ.

  သူငယ်ချင်းတို့ camera မှာ zoom ဆွဲတဲ့အခါ LCD monitor မှာ barလေးတခုပေါ်လာတာကြည့်ဖူးမယ်ထင်ပါတယ် ..
  အဲ့သည့် bar ရဲ့ 2/3 ဒါမှမဟုတ် 3/4 လောက်မှာ ကန့်လန့်ဖြတ် လိုင်းလေးတခု ပါတာ ကြည့်ဖူးမှာပါ အဲ့line လေးရောက်တဲ့အခါမှာ
  zoom ဆွဲနေတဲ့ speed ပြောင်းသွား(နှေးသွား တာ ခံစားမိမယ် ထင်ပါတယ်..)
  အဲ့ဒါ optical ကနေ digital zoom ကို ပြောင်းလဲသွားတာပါ.. line လေး အထိက optical zoom(generated by lens) ဖြစ်ပြီး
  optical zoom ကုန်သွားတဲ့အချိန်ကျမှသာ digital zoom(by sensor) ကို စဆွဲတာ ဖြစ်ပါတယ်
  သိပ်မသိကြသေးတဲ့အချက်ကတော့  line ရဲ့ သည်ဘက်အခြမ်း(digital zoom) ကိုဆွဲတဲ့အခါမှာ များများဆွဲလေ image resolution
  ကျလေ ပါပဲခင်ဗျား ..14.1 Mp ရေးထားပေမယ့် zoom တဆုံးဆွဲထားတဲ့ image ဟာ 14.1Mp အပြည့် မထွက်တော့ ပါ 12လောက်
  10 လောက်ထိ ကျဆင်းသွားပါတယ်.. computer ပေါ်မှာ 100% zoom ရှိတဲ့ picture တခုကို 120%, 150% ချဲ့ကြည့်တာနဲ့
  သဘောတရားချင်း အတူတူပါပဲခင်ဗျား။
  ဒါကြောင့် ဈေးနှုန်းချင်းတူပြီး other features ချင်းလဲတူတဲ့ camera ၂လုံး ရှိတယ် Zoom ကိစ္စပဲ ယှဉ်ရမယ်ဆိုရင်
  15x Zoom (10x Optical+5x digital) ပါတဲ့model ထက် 14x Zoom (12x Optical + 2x digital )က total zoomမှာ
  နည်းပေမယ့် ပိုရွေးသင့်တဲ့ model ဆိုတာ အကြံပြုလိုက်ပါသည်။
  (ဆောင်းပါး ပထမပိုင်းက Portability Vs Powerfulness ကို ပြန်ကောက်ရရင် ကင်မရာ ပေါက်စလေး ကိုင်ချင်တဲ့
  Style ကျချင် လှချင်တဲ့ ကိုကို/မမ တွေ သည်နေရာမှာကွိုင်တက်တော့တာပါပဲ ... တခုကိုလိုချင်ရင် တခုကို ဆုံးရှုံးရမှာ ဓမ္မတာပါ ...
  ၂ခုလုံးကောင်းချင်တယ်ဆိုရင်တော့  ဒါဟာ supra natural product ဖြစ်သွားပါပြီ ..supra natural priceနဲ့ charge လုပ်ခံရမှာ
  သတိပြုပါ .)

၅)ISO
  ISO ဆိုတာ မူလအားဖြင့်တော့ film speed ကိုရည်ညွှန်းတာဖြစ်ပြီး digital camera မှာတော့
  ဒါဟာ sensor's sensitivity to light ဖြစ်ပါတယ် . ISOများလေ low light မှာ ရိုက်လို့ရလေပါပဲ
  (flash မသုံးဘဲနော် ) ဥပမာ flash မသုံးဘဲ twilight portrait ရိုက်တယ်ဆိုပါစို့ ကင်မရာတစ်လုံး ကို
  aperture(f-number), shutterspeed ကို အသေထားကြည့်ပြီး ISO 100 နဲ့ တကြိမ် 800 နဲ့တကြိမ် ရိုက်ကြည့်ပါ
  ပုံရိပ်၂ခုရဲ့ အလင်းအမှောင်ကို ချိန်ထိုးကြည့်ပါ ...ISO များတဲ့ ပုံက ပိုပြီး လင်း တာ တွေ့ရပါလိမ့်မယ်
  ISO range ဟာ (100,200,400,800,1600,3200)အစရှိသဖြင့် တိုးသွားပါတယ် ..ISO 6400 ထိရတဲ့ ကင်မရာ
  တွေလည်း ရှိပါတယ်..သည်တော့ ISOပို များတဲ့ camera ဝယ်သင့်တယ် လို့ အကြံပေးချင်ပါတယ် ..
  သတိပြု စရာ တခုရှိတာက ISO များလေ digital noise လို့ခေါ်တဲ့ အစက်အပြောက်တွေ များလေလေ ဖြစ်ပါတယ်.
 ှ ISOဟာ အချိန်ပြည့် တဆုံးတင်ရိုက်ဖို့ မကောင်းပါ ။ twilight, night, indoor စတဲ့ low light situationတွေမှာသာ
  လိုသလို သုံးသင့်တာပါ..

၆)Functions
  Function ကတော့ များလေ စုံလေ ကောင်းလေပေါ့ဗျာ function တွေကို ၃ပိုင်းပိုင်းကြည့် လို့ရပါတယ်
  1) fully auto modes တခါတလေမှာ modes(presets) လို့လည်း ခေါ်ကြပါသေးတယ် ရုပ်ပုံလေးတွေနဲ့ ပြပေးတတ်ပါတယ်
     ဥပမာ လူဦးခေါင်းပုံလေးဆို portrait preset တောင်တန်းပုံလေးဆို landscape စသည်ဖြင့်ပေါ့ .
     face-recognition functionတွေ ..smile-detection functionတွေထိ ပါဝင်တတ်ကြပါတယ်
     ISO အမြင့် ကို auto ချိန်ညှိပေးမယ့် night-portraits နဲ့  shutter speed အမြင့်ကို auto ချိန်ညှိပေးမယ့်
     Sports mode တို့လည်း ပါဝင်မှာပါ flash off mode နဲ့ program mode တွေလည်း အပါအဝင်ဖြစ်ပါတယ်
     model တခုကနေ တခု သိပ်ပြီး သိသိသာသာ ကွာခြားမှု မရှိပါဘူး
  2) semi-auto modes (or) creative manual mods
     ဒါတွေကိုတော့ စာသားနဲ့ ဖော်ပြပေးတတ်ပါတယ်
     TV - time value mode ပါ ..shutter speed ကို user စိတ်ကြိုက်fix ထားပြီး ကျန် variable ၂ခု (aperture, ISO ကို
    	အလိုအလျောက် ချိန်ညှိခိုင်းတာ ပါ)
     AV - aperture value mode ပါ .. aperture ကို fix, ကျန်၂ခု ကို auto
     A-Dep - focus point များများ မိဖို့ သုံးတဲ့ mood လို့ပဲ အကြိမ်းဖျင်း ပြောပါရစေ
  3) manual mode - variables အားလုံးကို သူငယ်ချင်းအနေနဲ့ manual ချိန်ညှိရမှာ ဖြစ်ပါတယ်။
     Manual mode နဲ့  semi-auto mode တွေ မပါဝင်တဲ့ ကင်မရာတွေရှိပါတယ် ...ကျနော် မနှစ်သက်တဲ့ touch screen
     အချို့မှာ auto ကလွဲလို့ ဘာမှ လုပ်မရပါ ..(product ကို တိုက်ရိုက် တိုက်ခိုက်သလိုဖြစ်မှာစိုးလို့
     namely တော့ မပြောပါရစေနဲ့တော့)
  အထက်မှာ ဆိုခဲ့သလို အများစုဟာ functionပိုင်းအရ သိပ်မကွာကြတော့ပါဘူး ..
  သည်တော့ additional functions တွေပါတဲ့ camera လေးတွေ ရွေးမယ်ဆိုရင်လည်း ပျော်စရာကောင်းမှာပါ ..
  မျက်နှာပေါ်မှာ ဦးထုပ်။ သရဖူ. မျက်မှန် စတာလေးတွေ အလိုအလျောက်တပ်ပေးတဲ့ functionမျိုး ..(web cam softwareများနှင့်
  ဆင်တူပါသည်..) image mode မှာ sepia, dye, cold tone စတာတွေ ပြောင်းပေးနိုင်တာတွေ
  နောက်ပြီး fake fisheye effect တွေ vignetting ထည့်လို့ရတာတွေ ရှိပါသေးတယ် ...
  အကောင်းဆုံးကတော့ ဆိုင်ကိုသွား .ကိုယ်တိုင်စမ်းကြည့်ပြီးမှ ဝယ်ယူသင့်ပါတယ်

၆)Video
  ဒါနောက်ဆုံးအပိုင်းပါ ...ပုံမှန်အားဖြင့် compact camera တွေနဲ့ video ရိုက်လေ့ မရှိကြပါဘူး
  ဒါကြောင့်လည်း ကျနော် နောက်ဆုံးထားပြီး ပြောတာဖြစ်ပါတယ်
  သူငယ်ချင်း မင်္ဂလာဆောင်မှာ သီချင်းတက်ဆိုတာမျိုး ...မီးပုံးပြန်ပွဲလို မျိုး ...ကြုံခဲပြီး
  ဓါတ်ပုံ သက်သက်နဲ့ recordလုပ်ဖို့ မလုံလောက်တဲ့ situationမှာတော့ video ရိုက်လေ့ရှိကြပါတယ်..
  video လို့ပြောရင် ခုခေတ်က HD ခေတ်ပါ  HD ထွက်တဲ့ camera ဆိုပိုကောင်းတာပေါ့ဗျာ ...
  တခု ထပ်ပြီး သတိပြုစေချင်တာကတော့ HD Ready နဲ့ Full HD ကွာခြားချက်ပါ..
  HD ready ဟာ 720p ကိုရည်ညွှန်းတာဖြစ်ပြီး (resolution 720 ဆိုရင် HD format အဖြစ် တန်းဝင်ပါပြီ)
  Full HD ကတော့ ပိုပြီး quality ကောင်းတဲ့ 1080p ဖြစ်ပါသည် ..
  HD ထွက်တယ် ဆိုတာနဲ့ camera မှာ HD port ပါတာနဲ့ မတူပါဘူး တချို့ modelတွေက HD ရိုက်လို့ရတယ်
  ဒါပေမယ့် camera ကနေ LCD ကိုတန်းပြီး join ဖို့ HD port မပါဘူး ..memory card ကို LCDဒါမှမဟုတ် PC
  ကတဆင့်ပဲ သွားလို့ရပါမယ်  HD port ပါတဲ့ models တွေကတော့ တိုက်ရိုက် တပ်ဆင်ကြည့်ရှုနိုင်ပါတယ် ..
  (ဒါတောင် HD port ပါပြီး HD cable မပါလို့ ကြိုးသီးခြား ဝယ်ရတဲ့ model တွေအများကြီးပါ )
  အဲ့သည့်တော့ အစဉ်လိုက် ပြန်ပြောရရင် HD ပါမပါ ..ပါရင် 702p လား 1080pလား..
  HDMI port ပါရဲ့လား ..ပါရင်တောင် ကြိုးကောပါရဲ့လား ...စသည်ဖြင့်ပေါ့ဗျာ။
  Video လို့ပြောရင် အရုပ်အပြင် အသံပါ ပါတာမို့ အသံပိုင်း ကို ပါထပ်ဆောင်း ပြောချင်ပါသေးတယ်..
  audio အတွက် build-in mic ပဲ ပါတဲ့ model(camera body ပေါ်မှာ အပေါက်ကလေး ၃-၄ပေါက်ပါ တတ်ပါတယ်) နဲ့ build-in
  အပြင် mic ထိုးဖို့ mini-jack အပေါက် ပါတဲ့ models တွေလည်းရှိပါတယ်.. mic-jack ပါတဲ့နေရာမှာလည်း audio ကို mono support
  ဖြစ်တာ လား stereo support ဖြစ်တာ လား ခွဲကြည့်ရမှာပါ (build-in တွေက mono တွေပဲများပါတယ်.)
  mic jack ပါပြီး stereo ရတာကတော့ အကောင်းဆုံးပေါ့ဗျာ .
  အဲ့သည်တော့ audio ကို အစဉ်လိုက်ပြန်ပြောရရင် mic jack ပါမပါ ပါရင် mono/stereo recordingသည် လို စစ်ယူနိုင်ပါတယ်
  compact camera ဝယ်ယူရာမှာ Video အတွက် အဓိကထားမယ် ဆိုရင် တော့ Full HD & Stereo recording ကို
  ရွေးချယ်နိုင်ပါစေခင်ဗျား..

၇) ဖြည့်စွက် (သို့) Storage Media
  သည်အတိုင်း လုံလောက်ပြီလို့ တွေးထားပေမယ့် Storage media အကြောင်းလေး စဉ်းစားမိလို့ ထပ်ဖြည့်လိုက်ပါတယ် ..
  camera အများစုဟာ storageအတွက်  SD,SDHC card တွေ သုံးရပါတယ်(သည်၂မျိုးမှာ card size အတူတူပဲဖြစ်ပြီး
  SDHC ဆိုတာ SD ရဲ့ next generation - high capacity ဖြစ်ပါတယ်)  Sony camera တွေကတော့ တမူထူးခြားပြီး
  Sony ရဲ့ PRO DUO Media ဆိုတဲ့ card ကိုသုံးပါတယ် ...size မတူပါ .. SD ဟာ universal ဖြစ်လာခဲ့ပြီး နောက်ပိုင်းထုတ်
  computer အများစုမှာ build-in slot ပါဝင်ပါတယ် ...USB stickထိုးသလိုပဲ PC/laptop မှာတိုက်ရိုက် ထိုးပြီးသုံးနိုင်ပါတယ် ..
  sony ရဲ့card ကတော့ card reader ခံပြီးသုံးရမှာပါ .(Sony ပရိတ်သတ်တွေ ကျနော့်ဝိုင်းဆဲတော့မယ် တော်ဦးစို့)

  SD card အကြောင်းပဲ ဆက်ပြောပါရစေ ..ကျနော်တို့ card ဝယ်ရင် 2GB, 4GB ,8GB အစရှိသဖြင့် capacityကိုပဲကြည့်ဝယ်ကြ
  တာများပါတယ် ..တခါတလေ 8GB က 4GB ထက်ဈေးပေါနေတာမျိုးတွေ့ဖူးကြမှာပါ ...အော် brand ကွာလို့ပဲလေ
  ဆိုပြီး အမှုမဲ့အမှတ်မဲ့ နေခဲ့ကြပါတယ် အဲ့သည့် card လေးတွေ ကို သေချာကြည့် ကြည့်ပါ ..အဝိုင်းလေးတခုပါပြီးအဲ့သည့်
  အဝိုင်းလေးထဲမှာ 2,4, 6,10 တခုခု ရေးထားပါလိမ့်မယ်. . အဲ့ဒါ class ကိုပြောတာပါ class2, class 10 အစရှိသဖြင့်ပေါ့..
  အဲ့ဒါ data transfer rate ကိုပြောတာပါခင်ဗျား.. 2ဟာ အနှေးဆုံးဖြစ်ပြီး 10 က အမြန်ဆုံး အကောင်းဆုံး ဖြစ်ပါတယ် အဲ့ ..
  ဈေးလည်း အမြင့်ဆုံးပေါ့ခင်ဗျ ...capacity ပိုများတဲ့ class 2ဟာ 2GB class 10 ထက် ဈေးပိုပေါတာ မဆန်းတော့ဘူးပေါ့..
  data transfer speed က ဘယ်နေရာမှာ စကားပြောသလဲဆို  Video ရိုက်တဲ့နေရာမှာပါခင်ဗျား ..class 2 card နဲ့ Full HD/ stereo
  ရိုက်မယ်ဆို 15seconds, 30 seconds, ပဲရိုက်လို့ရမှာဖြစ်ပါတယ် ပြီးရင် auto stopသွားပါလိမ့်မယ် နောက်တခါထပ်ရိုက်လည်း
  အဲ့လိုပဲထပ်ဖြစ်ဦးမှာပါ ...image processing speed ကို data transfer speedက လိုက်မမီလို့ အဲ့လိုဖြစ်ရတာပါ
  ကင်မရာ ပျက်လို့ မဟုတ်ပါဘူးခင်ဗျား .. အဲ့သည်လောက် resolution ရိုက်မယ်ဆိုရင် Class 6 လောက်ဆို cover ဖြစ်ပါတယ်
  class 10 ဝယ်ရင်တော့ အကောင်းဆုံးပေါ့ခင်ဗျား
  (ကျနော် တကယ် ဒုက္ခရောက်ပြီးမှ သိခဲ့ရတာပါ ..Class 2 နဲ့ full HD ရိုက်မိပြီး ကျနော့် ကင်မလာ ကြွသွားပြီ ထင်မိတာကိုးဗျ
  ကျနော့်လိုမျိုး ကြုံခဲ့ဖူးတဲ့ ဘဝတူ ဆြာ Ye Aung Thu ကလည်း သည်အကြောင်း သူ့ blog လေးမှာ ရေးထားပါသေးတယ်)

စာကြွင်း)
 basics & technical ၂ပိုင်းပဲ ရေးမယ်စိတ်ကူးခဲ့ပေမယ့် နောက်တနေ့မှာ နောက်တပိုင်း ထပ်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ..
 သည်၂ပိုင်း ကိုဖတ်ပြီးရင် သူငယ်ချင်း အနေနဲ့ ကိုယ် ဘာအဓိကရိုက်မှာလဲ ဘယ်လို features တွေက အဓိက ကျသလဲ
 ဆိုတာကို သေချာသိပြီး ကိုယ်ကိုယ်တိုင် ရွေးချယ် ဝယ်ယူနိုင်အောင် scenario လေးတွေနဲ့ ရေးပေးချင်လို့ပါ ..
 ဈေးနှုန်းသတ်မှတ်ပြီး အဲ့သည့် ဘောင်အတွင်းက ဝင်အောင် ဝယ်မယ် ဆိုရင် တချို့သော features တွေလက်လွှတ်ရမှာပါ
 အဲ့သည့်တော့ ဘာကိုလက်လွှတ်ခံနိုင်မလဲ ဘာကိုတော့ လက်လွှတ်မခံနိုင်ဘူးလဲဆိုတာ သေချာသိရင် အဝယ်မမှားတော့ဘူးပေါ့ဗျာ
 online ပေါ်က professionals' camera review sites တွေကိုလည်း ညွှန်းပေးချင်ပါသေးတယ် ..သူတို့က ဘယ် company/ brand
 ကိုမှ မှီခိုမှု မရှိဘဲ consumer rights ကို အလေးထားတဲ့ volunteer pros: တွေ ဖြစ်ပြီး compare & contra တွေပါလုပ်ပေးတတ်လို့
 ကိုယ်ရွေး ထားတာ ရဲ့ alternative တွေပါ အလွယ်တကူ ရှာဖွေနိုင်ကြောင်း အမြည်းပေးရင်း နိဂုံးချုပ်ရပါသည် ခင်ဗျား..

ခင်တဲ့
Inz@ghi

6 comments

  • MaMa

    October 4, 2011 at 8:53 pm

    ဦးဏှောက်က လိုက်မမီတော့ဘူး။ ပြောတာတွေ အကုန်မမှတ်နိုင်လို့ စာရေးသူနာမည် မှတ်မယ်လို့ တွေးမိပါတယ်။ စာရေးသူနာမည်လည်း မမှတ်တတ်။ 🙂
    ကဲ- အဲဒီတော့ အကောင်းဆုံးနည်းနဲ့ ကင်မရာ ဝယ်တော့မယ်ဆိုရင် ရွာထဲမှာ အော်ပြီး ကင်မရာအကြောင်း ပိုစ့်တင်တဲ့ ဆရာကြီးကို ခြေကြွခ၊ ဉာဏ်ပူဇော်ခတွေနဲ့ ပင့်မှပဲ။ 😀

  • windtalker

    October 4, 2011 at 9:19 pm

    ကဲ ကိုအင်ဇာဂီရေ
    အနော့ မေးခွန်းလေး လဲ
    ဖြေပေးပါဦးနော်
    တစ်သိန်းကျပ်လောက်နဲ ့
    တန်ကောင်းခိုင်ခံ ဖန်ရှင်စုံ
    တရုတ်မဟုတ်တဲ့
    ကင်မရာ လေး
    ညွှန်းပေးပါဦးဗျာ

  • nature

    October 4, 2011 at 9:23 pm

    အချက်အလက်တွေ စုံစုံနဲ့ တော်တော်လေး ဗဟုသုတရပါတယ်။
    ….14.1 Mp Vs 16.1 Mp ကင်မရာ ၂လုံး မှာ same image size(file size)ထားပြီး ယှဉ်ရင် ကွာခြားမှု မရှိလှတာ တွေ့ရပါတယ် ဆိုင်မှာ သွားဝယ်တယ်ဆိုရင် ကိုယ်တိုင် စမ်းရိုက်ကြည့်ပြီး ရွေးသင့်ပါတယ် quality မကွာပဲ ဈေးသိပ်ကွာနေမယ်ဆိုရင် 14.1Mp
    ကို လိမ္မာပါးနပ်စွာ နဲ့ ပျော်ပျော်ကြီး ရွေးနိုင်တာပေါ့ဗျာ…..
    ပေးထားတဲ့ အကြံအတွက်ကျေးဇူးတင်ပါတယ်။

  • Foreign Resident

    October 5, 2011 at 6:21 am

    Really thanks a lot inz@ghi,

    Especially “part II – technical point of view” is more valuable.
    Last January, I bought one SD HC Card Class – 4 for my camera.
    If I read your article before that, I will buy Class – 6.

  • မှော်ဆရာ

    October 5, 2011 at 7:33 am

    အိမ်သုံးကင်မရာ အလုံးသေး ဆိုရင် sony သို့မဟုတ် canon ကို ရွေးချယ်ပါ..
    ကျွန်တော့အနေနဲ့ဆိုရင် canon ကို ပိုကြိုက်ပါတယ် ပိုလဲ အကြမ်းခံပါတယ်..
    လုပ်ငန်းသုံးဆိုရင်တော့ nikon ကို ရွေးချယ်ပါ
    nikon D40/D40x/D70/D3000/D3100 စသည်ဖြင့် မျိုးစုံအောင်ရှိပါတယ်.
    ဒါတွေက ဆီမီး ပရော်ဖက်ရှင်နယ် ကင်မရာတွေပါ။ကျပ်လေးသိန်းမှ ရသိန်းကြားမှာ ရှိပါတယ်။
    တတ်နှိုင်ရင် အိမ်သုံးကိုလဲ အဲဒီလောက် ကင်မရာမျိုးကို ရွေးချယ်တာ ကောင်းပါလိမ့်မယ်။
    ကြာရှည်ခံပါတယ်။ပုံကောင်းထွက်တယ်။ အလုံးသေးတွေက ကြာရှည်မခံ ကွာလတီမကောင်းလို့ပါ။

  • Shwe Ei

    October 5, 2011 at 10:58 am

    ကျေးဇူးပါ inz@ghi ေ၇။ လောလောဆယ်ရုံးက ပရောဂျက်မှာသုံးဖို့ ကင်မရာဝယ်ရမှာကြောင့် ပို့စ်ထဲက ကင်မရာအမျိုးအစားတွေ ကော်ပီကူးသွားပါတယ်။ နယ်မှာသုံးဖို့လိုတာဆိုတော့ AA Battery နဲ့ကပိုအဆင်ပြေမှာပါ။ ကျန်တဲ့ တက်ကနီကယ် ပိုင်းကတော့ သုံးတဲ့လူရဲ့လိုအပ်ချက်ပေါ်မူတည်ပီး ရွေးရမှာပေါ့လေ။

Leave a Reply