မြန်မာ့ကြယ်ငါးပွင့်သဘောင်္ကုန်တင်ခ အပြောင်းအလဲရှိ

klnMay 17, 20101min480

သဘောင်္ကုန်တင်ခ နှုန်းထားကို အပြည်ပြည်ဆိုင်ရာ သဘောင်္လိုင်းက နှုန်းထားတွေပေါ်မူတည်ပြီးပြောင်းလဲကောက်ခံမယ်လို့ မြန်မာ့ကြယ်ငါးပွင့်သဘောင်္လုပ်ငန်းတာဝန်ရှိသူတစ်ဦး ဆီက သိရပါတယ်။ သူက ‘ သဘောင်္လုပ်ငန်းက စက်သုံးဆီဈေးတက်ရင် လိုက်တက်မယ်၊ ဒေါ်လာနဲ့ လဲဆက်စပ်နေတယ်၊ ကမာ္ဘ့သဘောင်္ကုန်တင်ခနှုန်းအတိုင်းပြောင်းသွားမယ်’လို့ပြောပါတယ်။ အခုအခါ မြန်မာကြယ်ငါးပွင့်သဘောင်္လုပ်ငန်းက ကုမ္ပဏီအနေနဲ့ဖြစ်သွားပြီမို့ ဈေးနှုန်းအပြောင်းအလဲကို အချိန်နဲ့အညီ ပြင်ဆင်နိုင်မှာ ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုက ယခင်သဘောင်္လိုင်းတွေအတိုင်းပဲသွားမယ်လို့ဆိုပါတယ်။ သဘောင်္အစီးရေတိုးချဲ့ရင် သဘောင်္ဝန်ထမ်းတွေကိုလည်း တိုးပြီးခန့်ထားဖို့ရှိတယ် လို့ သိရပါတယ်။ လက်ရှိပြေးဆွဲနေတဲ့ သဘောင်္တွေထဲက စီးပွားရေးတွက် ခြေမကိုက်တဲ့ သဘောင်္တွေကို ရောင်းပြီး သဘောင်္အသစ်ထပ်ဝယ်ဖို့ရှိတယ်လို့ဆိုပါတယ်။ တာဝန်ရှိသူတစ်ဦးက ‘ကမာ္ဘ့စီးပွားရေးကောင်းရင် ကောင်းသလို လုပ်သွားမှာပါ၊ စီးပွားရေးတွက်ခြေမကိုက်တဲ့ သဘောင်္တွေက အိနိ္ဒယကို ပြေးဆွဲတဲ့ လိုင်းတွေလဲဖြစ်နိုင်တယ်၊ ကမ်းရိုးတန်းမှာ ပြေးဆွဲနေတဲ့လိုင်းကလဲ ဖြစ်နိုင်တယ်၊ ကုန်ရတဲ့ အပေါ်မူတည်ပြီးပြောင်းသွားမယ်’လို့ပြောပါတယ်။ မြန်မာ့ကြယ်ငါးပွင့်သဘောင်္လုပ်ငန်းကို ၁၉၁၉ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး အခုလက်ရှိနိုင်ငံခြားသဘောင်္လိုင်းမှာ ၁ရစီး၊ ကမ်းရိုးတန်းလိုင်းမှာ ရှစ်စီးနဲ့ပြေးဆွဲနေကြောင်း သတင်းရရှိသည်။