မဂ္ဂဇင်းတစ်အုပ်ရဲ့ နောက်ကွယ်

ဂ်စ္စူOctober 4, 20112min23120

ရွာထဲမှာ ဂျာနယ်ကျော်..မဂ္ဂဇင်း ကျော်တွေရှိတယ်ဗျ..
ပြီးတော့…မဂ္ဂဇင်းပေါင်းစုံ..ဂျာနယ်ပေါင်းစုံမှာ ကလောင်အမျိုးမျိုးနဲ ့ရေးနေတဲ့လူတွေလဲ တွေ ့မိသဗျ….
ဝါသနာအရ..ရေးနေကြပေမဲ့…ကိုယ်ရေးတဲ့စာမူလေး ပုံနှိပ်ဖော်ပြခံရဖို ့ဆိုတာ တယ်လဲ မလွယ်လှပါဘူးဗျာ
ဒါကြောင့် စာရေးကောင်းတဲ့လူတွေ တွေ ့မိရင် ကျနော်..တော်တာ်လေး အားကျမိပါတယ်…လေးလဲ လေးစားပါတယ်..
ကိုယ်မှ မစွမ်းတာ..ကိုယ်တိုင်မှ မရေးတတ်တဲ့ဟာကို..သူတို ့ရေးပြ..ချပြနိုင်တော့ ထိုသူတို ့ကို…အားကျမိတာ..
မဆန်းပါဘူး..စာရေဆရာကြီးတွေကို အားကျသည်ဆိုလို ့..ကျနော့်အား စာဖတ်ဝါသနာ ပါသူဟု မထင်ပါနဲ ့ဦး..
စာအုပ်ဆိုလို ့..တစ်နှစ်မှ သုံးလေးခါ လောက်သာ ကာတွန်းတစ်အုပ်..နှစ်အုပ်လောက် ဖတ်တဲ့အကျင့်ရှိသူဖြစ်ပါတယ်
ကျနော်ဟာ..စာဖတ်ပျင်းသလို..စာရေးရမှာလဲ အင်မတန်ပျင်း တတ်ပါတယ်….
အဲ..အရေမရ အဖတ်မရ ပေါက်ကရဆိုလျင်တော့..အနည်းငယ်ရေးတတ်ပါတယ်….ဒါကတော့ ကြွားတာပေါ့နော့်..

ကဲ..ကဲ..ကျနော်..အဓိက ပြောချင်တာကတော့….ကျနော်တို ့..ဖတ်နေတဲ့..ဂျာနယ်..မဂ္ဂဇင်း..တစ်အုပ် ဖြစ်လာပုံ
အဆင့်ဆင့်လေးတွေ သိသလောက်..မှီသလောက် လေး ရှင်းပြချင်တာပါ…ဒီလိုရှင်းပြလိုက်ခြင်းဖြင့်..
စာရေးဆြာကြီးတွေကို အားကျလို ့….
စာရေးဖို ့ကြိုးစားနေကြတဲ့…စာရေး ဝါသနာပါသူများအတွက်..ဒီလောကအကြောင်းလေး နဲနဲ တီးမိခေါက်မိဆိုတော
လေ…အနည်းငယ် အထောက်အကူဖြစ်မယ်လို ့တော့ ထင်မိတာဘဲ..ဗျ..

စာအုပ်တစ်အုပ် မဖြစ်လာခင်…
အနယ်နယ် အရပ်ရပ်မှ..စာရေးဆရာ…ကာတွန်းဆရာ..ကဗျာဆရာ..ဘာညာ အကုန်ပေါ့ဗျာ..
သူတို ့တွေဟာ..သူတို ့ကြိုးစားရေးသားထားတဲ့..စာမူကို ဂျာနယ်တိုက်သို ့..ပို ့ကြပါတယ်..
နယ်စာရေးဆရာ ကတော့ လူကြုံ  ဒါမှမဟုတ်..စာတိုက်က နေ စာမူပို ့ပါတယ်..
ဂျာနယ်တိုက်နဲ ့နီးတဲ့ စာရေးဆရာကြတော့လဲ ကိုယ်တိုင်လာပို ့တာပေါ့.နာမည်ကြီးစာရေးဆရာတစ်ချို ့ကြတော့လဲ..
စာမူလာမပို ့နိုင်ရင် ရုံးက ကြုံတဲ့လူ သွားယူခဲ့ပေါ့ဗျာ…

အဲကရောက်လာတဲ့ စာမူတွေကို..တစ်လအတွက် ဖိုင်တစ်ခုခွဲပြီး စုစည်း သိမ်းထားပါတယ်..
ပြီးမှ..အယ်ဒီတာ.ဒါမှမဟုတ်..တာဝန်ခံ အယ်ဒီတာက တစ်ခုပြီး တစ်ခု စာမူပုံထဲမှ  ထုတ်..ဖတ်ပါတော့တယ်..
ထိုထဲမှ ဘောင်ဝင်တဲ့ စာမူကို ရွေးထား..၊နောက်တစ်ခုဖတ်..၊မကြိုက်ရင်…ပယ်..၊ကြိုက်ရင်..ရွေး ပေါ့ဗျာ..

ရွေး..ပယ်..ဆိုလို ့..ပြောရဦးမယ်ဗျ
ယခု သတင်းကျွတ်လ ဆိုပါဆို ့….ဆရာပေါက်စ ဖြစ်ချင်တဲ့ သင်က အိုင်ဒီယာ ရပြီး ကောက်ရေး၊..သွားပို ့..
သင့်စာမူ ဘယ်လောက်လန်ထွက်နေ ထွက်နေ..ဒီလ သတင်းကျွတ်ထုတ် မဂ္ဂဇင်းမှာ သင့်စာမူ မပါဘူးဆိုတာ
သေချာတယ်ဗျ…ဘာကြောင်လဲဆိုတော့..လစဉ်ထုတ်..အပတ်စဉ်ထုတ် စာအုပ်စာစောင် တွေဟာ ကျနော်တို ့..
ခုသုံးနေတဲ့ အင်တာနက်ဘလော့ဂ် စာအုပ်လို  မဟုတ်ဘူးလေ
Publish လုပ်လိုက်တာနဲ ့..ဒိန်းခနဲ ့..တန်းဖတ်လို ့မရလို ့ပါ.ဒါကြောင့်..
ရာသီစာလေးရေးဖို ့ စိတ်ကူးရှိလျင် အာရုံကို ရှေ ့သို ့..၁ လ ကျော်..၂ လ လောက် ကြိုပို ့ထားရတယ်..ဗျ..

ကဲ..
အယ်ဒီတာက ကြိုက်တဲ့စာမူတွေရွေးပြီးပြီ..ဆိုတာနဲ ့..မူရင်းစာမူတွေကို ကွန်ပျူတာ စာစီဖို ့..စာစီစာရိုက်သမားကို
ပို ့ပါတယ်..စာရိုက်သူကလဲ..ပဲပင်ပေါက်ဓာတ်လိုက်တဲ့ လက်ရေးတွေ..ဟိုခြစ်ဒီခြစ်..ဟိုဖျက်ဒီဖျက်လုပ်ထားတဲ့
စာရွက်ကြီးကြည့်ပြီး တဂျောက်ဂျောက်နဲ ့..ရိုက်ကြပါတယ်..

စာစီစာရိုက်ပြီးပါက သတ်ပုံစစ်ဖို ့လာပြန်ကော..
စာရိုက်သူ မျက်စိလျှမ်းတာတို ့…ပိုရိုက်မိတာတို ့..လိုရိုက်မိတာတို ့ကို စာရွက်ပရင့်ထုတ်ပြီး စစ်ကြပါတယ်.
မသင်္ကာတဲ့ သတ်ပုံတွေ..ဘာတွေရှိက တိုက်စစ်ဖို ့တွက် သတ်ပုံကြမ်း စာအုပ်နဲ ့ စစ်.။
ပြီးပါက.ပြန်ပြင်ခိုင်း..ပေါ့..ဗျာ..
(တစ်ချို ့စာအုပ်တွေ.သတ်ပုံမှားနေတာ တွေ ့မိလိမ့်မယ်..အဲတာ သတ်ပုံစစ်သူကြောင့်ဟုမှတ်ပါ)

ပြီးတော့..ရွေးထားတဲ့..စာမူ..ဝတ္ထုအတွက် သရုပ်ဖော် ပန်းချီတို ့..ကာတွန်းတို ့..ဆွဲဖို ့အတွက်..ပန်းချီဆရာသွားအပ်
ကြသေးပေါ့….မဂ္ဂဇင်း ဒီဇိုင်နာကလဲ..သူ ့ကဏ္ဍအလိုက်..စာတွေ..ပုံတွေ.ဖြတ်ညှပ်ပြီး…ဒီဇိုင်းဆင်နေတာပေါ့..
ဒါကတော့ ရုံးထဲမှာ..မဂ္ဂဇင်းအတွက်..နေ ့စဉ် လည်ပတ်နေတဲ့အလုပ်တွေ

တစ်ခါ..ဒီဇိုင်းလုပ်ပြီးပြီဆို..ပုံနှိပ်စက် ပို ့ဖို ့ဖလင် ဖောက်
ပလိပ်ပြားဆွဲ….ပြီး တစ်ဂျုံးဂျုံးနှင့်..ပုံနှိပ်ကြလေရော….
မဂ္ဂဇင်းဆိုလျင် ၈ မျက်နှာပြည့်မှ တစ်ဖောင်ဟု ခေါ်ပြီး ..ဂျာနယ်ဆို..၄ မျက်နှာ တစ်ဖောင်ဟု ခေါ်တယ်ဗျ..
အဲလိုဖောင်ပြည့်မှလဲ ပုံနှိပ်စက်ပို ့တာပေါ့…ပုံနှိပ်စက် ဆရာကလဲ ဆေး ကာလာတွေဘာတွေ စပ်..၊
စက်အခြအနေကြည့်ပြီး တစ်ဂျုံးဂျုံး..ရိုက်ထုတ်….
စက်ထဲက ထွက်လာတဲ့စာရွက်တွေကို..မျက်ခြေ မပျက်ကြည့်ခိုင်းထားပေါ့..
အဲသလို..မစစ်ရင်..စက်ကြားထဲ စာရွက်ညပ်တာတို ့..ပုံနှိပ်လိုက်တာ မင်ကုန်လို ့.စာမပါလာတော့တာတို ့..
၂ရွက်ထပ်ပြီး ပါလာတာတို ့..တွေရှိတယ်..ဗျ

နောက်တော့…
ဘိုင်းနင်း ဟုခေါ်သည်လားမသိ..
အဲဒီ..စာအုပ်ချုပ်အဖွဲ ့က..ပုံနှိပ်ပြီးသားစာရွက်တွေ…ဖောင်ပေါ့ဗျာ….
အဲဒီဖောင်တွေကို..ခေါက်(စာမျက်နှာ အစဉ်တိုင်းဖြစ်အောင် စာရွက်ကြီးကို..မဂ္ဂဇင်းဆိုဒ်ဖြစ်အောင်ခေါက်တာ).
တစ်ခါတလေ စာအုပ်ကြားထဲမှာ ဘာစာမှမပါဘဲ ပြောင်ကြီး ဖြစ်နေတဲ့ စာမျက်နှာတွေမြင်ဖူးကြသလားမသိ..
အဲတာက….ပုံနှိပ်စက် နောက်ကြည့်နဲ ့ ဖောင်ခေါက်တဲ့လူ အသုံးမကျလို ့..ဖြစ်တာ

ဖောင်ဆွဲ..(လက်ဆင့်ကမ်းပြီး..ဖောင်တွေကို စာမျက်နှာစဉ်လိုက် ထပ်ကြတာ)
တစ်ခါတလေ..စာမျက်နှာတွေ ထပ်နေတဲ့စာအုပ်..ဖတ်ဖူးကြသလား မသိ
အဲတာ..ဖောင်ဆွဲတဲ့လူ သဘောကောင်းလို ့..၂ ရွက်ပိုထည့်မိလိုက်တာ..ဖြစ်တယ်..
စသဖြင့်..ဘိုင်းနင်း အပိုင်းပေါ့..

နောက်..
အယ်ဒီတာက မလွန်ဘူးထင်လို ့..ဖော်ပြလိုက်တဲ့….စာတို ့..ပုံတို ့..ရှိပေမင့်…
စာပေစိစစ်က လက်မခံလို ့..ပယ်ချလိုက်တာတွေလဲ ရှိသဗျ….
ဥပမာ..ဘိုးတော်ကြောင်က သူ ့ကိုသူ တပ်ချုပ်ကြောင်ကြီးဆိုပြီး လုပ်ရေးတယ်….အယ်ဒီတာက ခိုက်တယ်..
ဒါပေမဲ့ စာပေစိစစ်က တစ်ချုပ်ပဲ ရှိတယ်..၂ချုပ်ရှိလို ့မရဘူး…ဆိုပြီး သတိပေး.ပယ်ခိုင်းမယ်..အဲလိုပေါ့..
ဒါကြောင့် ..နောက်လအတွက်…အမှန်အကန် ပုံနှိပ် မထုတ်ဝေမီ..ယခုလ လောက်ကတည်းက စာအုပ်နမူနာလေး
ချုပ်ပြီး စာပေစိစစ် ကိုသွားတင်ထားရတာရှိတယ်..

စာပေစိစစ်ရုံးက ဟိုဟာပြင်..ဒီဟာဖျက်..ပြီးရင်ထုတ်လို ့ရပြီ ဆိုတော့မှ..
ကမန်းကတန်း ပြန်ပြင်..ပြန်ရိုက်..ပုံနှိပ်. စာအုပ်.ချုပ်ပြီး..သကာလ အများတန်းတူ အချိန်မီ ဖြန် ့ချီနိုင်အောင်
လုပ်ကြတယ်ပေါ့ဗျာ..

စာရေး..ဝါသနာပါသူတွေအတွက် အကြံပေးချင်တာက…တော့..
ရာသီစာလေးတွေဖြစ်တဲ့….ကဗျာလေးတွေ..ကာတွန်းလေးတွေပေါ့..အကြောင်းအရာလေးတွေဦးစားပေးရေးရင်
ပုံနှိပ်ဖော်ပြခံရဖို ့ပိုနီးစပ်မယ်ဗျ…ဒါပေမဲ့.သူများထက်တော့ ၁ လကျော် ၂လလောက် ကြိုတွေးတတ်ရမှာပေါ့လေ
မဂ္ဂဇင်း တစ်အုပ်ဖြစ်လာဖို ့..အနဲဆုံး ၁လကျော်လောက် အချိန်ယူရတယ်..ဂျာနယ်တစ်စောင်ထွက်ဖို ့..အနဲဆုံး…
၁ပတ်ကျော် အချိန်ပေးရတယ်ဗျ…နောက်ကျမှသွားပို ့ရင် ..မပါနိုင်တော့ဘူးလေ..
ပြီးတော့..အယ်ဒီတာတွေအကြောင်း..ပင်တိုင်စာရေးဆရာတွေအကြောင်း..လေ့လာပြီး စာမူထဲ ညှပ်ညှပ်ထည့်ပြီး
ရေးလျင်လဲ နီးစပ်မယ်ဗျ….ပြီးတော့..ကိုစာမူပို ့မဲ့ ဂျာနယ်..မဂ္ဂဇင်း တစ်ခုရဲ့ ကဏ္ဍလေးတွေလဲ သိထားရမယ်ဗျာ
ဘယ်ကဏ္ဍမှာ ဘယ်နှပုဒ်..ဝတ္ထုတိုကဏ္ဍ မှာ ဘယ်နှပုဒ် ဖော်ပြလေ့ရှိတယ်..စသဖြင့်..သိရမယ်ဗျ…
ကိုယ်ပို ့တဲ့ ကဏ္ဍအလိုက်ပဲ စာမူခ ရပါလိမ့်မယ်…….ကျနော်ကတော့ ဘာစာမူမှ..ဘယ်တိုက်မှ မပို ့ဖူးပါဘူး…..
လက်စမ်းပြီးလဲ ရေးမပို ့ဖူးသလို..မည်သည့်စာအုပ်မှလဲ ယခုချိန်ထိ မှတ်မှတ်ရရ ဝယ်မဖတ်ဖူးသေးပါဘူး………။

အဲတာကို..ကောင်မလေးတစ်ယောက်က လူမှားပြီး မိတ်လာဆက်နေတယ်ဗျာ……
ဖြစ်ပုံက…ရွာက ဒိတ်ဒိတ်ကျဲစာရေးဆရာ..ကိုပေါက်(မန္တလေး) နဲ ့..မှားသတတ်..
ကျနော်လဲ မနဲရှင်းပြလိုက်ရတယ်..ဗျာ..

ကဲ.ကဲ…
ဂျာနယ်ကျော်ဖို ့ကြိုးစားနေသူတို ့.ခင်ညား..
ဒါလေးအနည်းငယ် သိထားခြင်းဖြင့်..သင်တို ့အတွက်..အထောက်အကူမဖြစ်လျင်တောင် အကျိုးတော့
မယုတ်လောက်ဘူး ထင်ပါတယ်….
ကျနော်လဲ ကိုယ့်စာကိုယ်ပြန်ဖတ်ရင်း ပျင်းလာတာနဲ ့ အလျင်အမြန်ပဲ အဆုံးသတ်လိုက်ပါရဲ့..ဗျာ..
ဝါး…

http://t1.gstatic.com/images?q=tbn:ANd9GcQVhE0LtfVUR3kGrADkIh2lmacj4jdZALgK6Ku7uKXo2gdMSmAg7aohi5LA

 

 

20 comments

  • windtalker

    October 4, 2011 at 8:33 pm

    ဟူး…အောင်မငှီးမောလိုက်တာ
    တော်ဘီ
    ကိုယ့်ဟာကိုယ်ဘဲ
    ဂျာနယ်တစ်စောင်ဝယ်ပြီး
    အောက်ချ ၊ ခြေတစ်လှမ်းစီ ခွကျော်ရင်း
    ဂျာနယ်ကျော် လုပ်တော့မယ်
    ဟီဟိ

  • MaMa

    October 4, 2011 at 8:48 pm

    ကျောင်းတက်တုန်းက သူငယ်ချင်းက ကဗျာရေးတယ်။ RIT ဆိုတော့ မိန်းကလေးက နည်းရတဲ့ကြားထဲ သူ့လို ကဗျာရူးက ပိုရှားတာပေ့ါ။ အဲဒီတော့ ကျောင်းစာအုပ်ထုတ်ဝေသူတွေက အားပေးအားမြောက်ပြုပြီး မဂ္ဂဇင်းမှာ ထည့်ပေးတယ်။ သူ့ခမျာ အဲဒီ မဂ္ဂဇင်းကိုင်ပြီး လိုက်ကြွားရတာ အမောပဲ။ သူ့ကဗျာလေးကို ပုံနှိပ်စာလုံးလေးတွေနဲ့ မြင်ရတဲ့ ဝမ်းသာပီတိကို ကိုယ်ချင်းမစာတတ်ခဲ့ဘူး။ ရူးလိုက်တာလို့ ပြောခဲ့တယ်။
    ခုတော့ ရွာထဲမှာ စာရေးရင်းနဲ့ ပိုးဝင်ပြီး ခရီးသွားရင်လည်း ကင်မရာ တကိုင်ကိုင်နဲ့။ တခုခုတွေ့ရင်လည်း ရွာထဲမှာ ပြန်ပြောချင်နေမိတယ်။ မကျေနပ်တာများ တွေ့မိလို့ကတော့ ရွာက ဟစ်တိုင်ပဲ။

  • ကိုပေါက်က ဒိတ်ဒိတ်မကျဲပါဘူး ပေါက်ဖော်ရေ။
    စိုင်ကော်လို့ခြုံပေါ်ရောက် မရွယ်ဘဲစော်ကဲမင်းဖြစ်ဆိုတဲ့ကိန်းပါ။
    အယ်ဒီတာမရှိတဲ့အင်တာနက်မှာ ဝင်ရေးရင် နဲ့ မန်းလေးက ဂျာနယ်နဲ့ဆက်မိသွားတာပါ။
    အပြင်လောက မှာ ကျနော်တို့ထက်ပိုလက်စောင်းထက်သူတွေအများကြီးပါ ကိုပေါက်ဖော်ရေ။

  • TTNU

    October 4, 2011 at 11:17 pm

    ီDear ကိုပေါက်ဖေါ်
    အရုပ်လေးတွေ လှုပ်နေအောင် ဘယ်လိုလုပ်တာလဲဟင်။
    ပြီးတော့ ပြုံးတဲ့ ပုံ မဲ့တဲ့ပုံ Emoticon ပိုရော အနီရောင် အစိမ်းရောင်ပုံတွေလေ ဘယ်နားက
    ကောက်ယူရတာလဲဟင်။
    ကျေးဇူးနော်။

  • kai

    October 5, 2011 at 4:09 am

    အဲဒါက..အခုခေတ်..
    ကျုပ်တို့လုပ်တုံးကခေတ်များ…
    လက်ရေးစာမူတွေ..အိုလန်ပီယာလက်နှိပ်စက်နဲ့..မှင်ခံ,ခံရိုက်… တစုံကို ..စိစစ်ရေးပို့… ခွင့်ပြုချက်ရမှ…
    ဘလောက်အပ်ရတာနဲ့.. ခဲစာလုံးစီတာနဲ့.. ပိုသေးတယ်..။
    ခဲစာလုံးစီထားတဲ့..ဘလောက်တွေကို.. ဂူတင်းဘတ်ဂ် စက်ကြီးတွေနဲ့.. ညလုံးပေါက်.. တဂျိုင်ဂျိုင်းချတာတွေလည်း ရှိခဲ့တာပေါ့.. 🙂
    ဂူတင်းဘတ်ဂ် ဘက်တော်သားတွေလေ…။

    ဆိုတော့..
    ဒီခေတ်ဖြန့်ချိရေး ပုံစံလေးတွေလည်း.. ရေးပေးစေလိုပါတယ်ခင်ဗျ…။
    သိချင်လို့ပါ…။

  • “ဘီလူးကြီး”ogre

    October 5, 2011 at 8:25 am

    အကိုပေါက်ဖော်ရယ်

    စီစစ်ရေးဆိုတာကြီးကိုယ်ဘဲကြောက်ပါတယ်
    ဘယ်လောက်ကြာအောင်စီစစ်နေလဲတော့မသိဘူး
    ကိုဘာရေးထားတယ် ခေါင်းစဉ်ဘာတွေပေးမိတယ်
    ဆိုတောင် မမှတ်မိတော့တာမျိုရှိမယ်ထင်ပါတယ်
    စီစစ်ရေးကျတော့လဲ စာအုပ်တိုက်ကလူကခရီးထွက်သွားတယ်
    စာရေးစားရမယ်ဆိုရင်တော်တော်ဇွဲရှိမှရမယ်
    နို့မို့ ဆို မန်းမန်းတူတူပုန်းနေတော့မှာဗျ….။။။။

  • နွယ်ပင်

    October 5, 2011 at 10:35 am

    အခုတော့ စာပေစီစစ်ရေးမှာ မဂဇင်းတွေကတော့ မတင်ရတော့ပါဘူး
    ကိုပေါက်ဖော်ပြောတဲ့အထဲမှာ မင်းသားမင်းသမီး အင်တာဗျူး အကြောင်းမပါလို့
    ထပ်ဖြည့်ပြောလိုက်ဦးမယ် မဂဇင်းတစ်ခုမှာ ဖောင်ပိတ်ရက်ဆိုတာ ရှိပါတယ်
    ဖောင်ပိတ်ရက်မရောက်ခင် စာမူတွေကို အပြီးတင်ရတာပေါ့ ဝတ္တူတို့ ကဗျာတို့
    ဆောင်းပါးတို့ဆိုတာ မဂဇင်းတိုက်ကို ကြိုတင်ပေးပို့တက်လို့ ဖောင်ပိတ်ချိန်နဲ့ သိပ်ပြီး ပြသာနာဖြစ်တာ
    မရှိပင်မယ့် (တစ်ခါတစ်လေတော့ နာမည်ကြီး စာရေးဆရာကြီးတွေ ဆောင်းပါးရေးဆရာကြီးတွေ
    ဆီက စာမူတွေနောက်ကျတက်ပင်မဲ့ ) ပြသာနာက ဒီလောက်ကြီး မဟုတ်သေးဘူး ။
    အဓိကပြသာနာက အင်တာဗျူးတွေမှာပဲ ကိုယ်တွေက ဖောင်ပိတ်ချိန်အမှီ စာမူကပေးချင်ပါရဲ့
    ဗျူးရတဲ့ မင်းသားမင်းသမီးက အချိန်မပေးနိုင်ရင် အဲ့မှာဒုက္ခကစတွေ့တာပဲ ဖောင်ကလည်းပိတ်တော့မယ် အလုပ်ကလည်းမပြီး အပေါ်က အယ်ဒီတာချုပ်ကဆဲ ဗျူးတဲ့ သူက မင်းသားမင်းသမီးဆီ ဖုန်းတွေဆက်
    ဗျူးဖို့အချိန်တွေတောင်း မရတော့ ရတဲ့ သူကို အတင်းဆွဲဗျူး အဲလိုနဲ့ တစ်လပြီးသွားပြန်ရော
    ဒါတွကလည်း မဂဇင်းလောကမှာ တစ်လမဟုတ် တစ်လကြုံတွေ့နေရတယ့် ပြသာနာလေးတွေပေါ့
    ကြာတော့ အယ်ဒီတာတွေလည်း စိတ်ညစ်လာရော …. 🙁

  • winkyawaung

    October 5, 2011 at 10:48 am

    ကိုပေါက်ဖော်ကြီး စာပေလွတ်လပ်ခွင့်ပေးပြီး သတင်းစာထုတ်ကြတော့မယ်ဆိုလို့ အယ်ဒီတာလုပ်ဖို့ကြိုတင်လေ့လာ ပြင်ဆင်နေတယ်ထင်ပါတယ်။

  • manawphyulay

    October 5, 2011 at 11:42 am

    ခုနောက်ပိုင်းစာပေစီစစ်ရေး မတင်ရတော့ ဖောင်ပိတ်တာနဲ့ Layout တစ်ခါထဲချပြီး စာရိုက် စာပြင် ပရုဖတ် ပြန်စီနဲ့တော့ အရင်ထက်စာရင် အလုပ်ရှုပ်တာသက်သာသွားတယ်လို့မြင်မိတယ်။ နောက်တစ်ချက်က ဟိုးအရင်တုန်းကလို ခဲစာလုံးစီတာတွေ ဘာတွေမဟုတ်တော့ ဖလင်ခွဲဘာနဲ့က စီဒီနဲ့ပို့တာတို့ပဲရှိတော့ အရင်ထက်စာရင် ပိုမြန်ဆန်တာကို တွေ့ရတယ်။

  • ကြောင်ကြီး

    October 5, 2011 at 11:48 am

    အပြာမဂ္ဂဇင်းထုတ်ရင်ကော စာပေစိစစ်ရေး လိုမလား..။ ပတ္တမြားဝင်းထိန် ရေးတဲ့စာအုပ်တွေ ငယ်ငယ်တုန်းက ဖတ်ဖူးတာ ဘာစိစစ်ရေးမှ ရှိဟန်မတူဘူး။

  • moethidasoe

    October 5, 2011 at 12:09 pm

    ပေါက်ဖော်ကြီး ဂျာနယ် ထုတ်မယ် ဆိုရင် လောလောဆယ် သိန်း ၅ဝ ကို ဘဏ်မှာ စာရင်းဖွင့်ထားပေါ့
    မတော်လို့ ကိုယ်က မှန်တယ် ထင်ပြီး ထည့်လိုက်တဲ့ သတင်း/စာ ကို စိစစ်ရေးက မျက်မာန်တော်ရှရင် ဒဏ်ရိုက်ခံလို့ ရအောင်ပါ
    အခုတော့ .. မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာ ပေါင်တွေ ပေါ် ရင်တွေ ဖော်ကုန်ကြပြန်ပြီ .. ဘယ်သူ ဒဏ် စရိုက်ခံရသလဲ ဆိုတာတော့ မသိသေးပါ

  • etone

    October 5, 2011 at 3:03 pm

    ကိုပေါက်ဖော်ရေး ပြတော့မှပဲ … ဖြတ်သန်းရတဲ့ အဆင့်တွေ သိရတော့တယ် … ။
    အင်တာနက်ထဲမှာထက် … အဖိုးခနဲ့ ထုတ်ဝေရတဲ့ စာဆောင်တွေမှာ ရေးရတာ …. တာဝန်ပိုကြီးမယ်ထင်တယ်နော် …. အင်တာနက် ဘလော့ပေါ် ကိုယ်ရေးချင်တာ ရေးလို့ရပေမဲ့ .. လူအများကြား ပုံနှိပ်ထုတ်ဝေမယ့် စာဆောင် ၊သတင်းစာ ၊ မဂ္ဂဇင်းတွေကျတေ့ာ … ပရိတ်သတ်ပေးရတာနဲ့ တန်တဲ့ စာမူဖြစ်ဖို့ အဓိက ထားရွေးချယ်ကြတယ် … ။

    ဘာပဲဖြစ်ဖြစ် … တို့ သဂျီးပဲကောင်းတယ် … ဘယ်စာမူမှ မပယ်ဘူး… တန်တန် မတန်တန် … တပုဒ်ကို ပွိုင့် ၃ဝတော့ ပြေးမလွတ်ဘူး 😀

  • kai

    October 5, 2011 at 3:21 pm

    တချိန်ချိန်တော့..မြန်မာပြည်ပြန်ပြီး… သတင်းစာထုတ်ဦးမယ်စဉ်းစားထားတာပဲ..။
    ယူအက်စ်မှာ ထုတ်နေတဲ့..သတင်းစာလိုပဲ.. အလကားပေးမယ် တွေးပါတယ်..။

    ပိုအဆင်ပြေနိုင်ရင်တော့… သတင်းစာတစောင် ၄-၅ရာလောက်နဲ့စတာပေါ့..။
    ငွေပြန်အမ်းဖို့ပြောတာနော…။ 🙂

  • ပေါက်ဖော်

    October 5, 2011 at 5:37 pm

    သဂျီးမေးတဲ့ ဖြန် ့ချိရေး
    အဓိက က နယ်အတွက်..အရင်ပြီးအောင် ချုပ်ရတယ်.အချိန်တန်ရင်..
    နယ်ဖြန် ့ချိန်ရေးသမားတွေက..ထုတ်ပိုးပြီး လာသယ်သွားကြတယ်..
    လာမသယ်လဲ..မီးရထား..ကားကြုံ တစ်ခုခုနဲ ့..အချိန်မီ..ပို ့ပေါ့..
    ရန်ကုန်ကဆိုလဲ..လာယူပေါ့…
    လာမယူလဲ ကားတစ်စီးနဲ ့တင်ပြီး မှာထားတဲ့ ဆိုင်တွေကို ကြိုတင်လိုက်ဖြန် ့တာတွေ ့တယ်ဂျ
    စာအုပ်နာမည်ကြီးလို ့မှာချင်ရင်..လိပ်စာထဲပါတဲ့ ဖြန် ့ချိန်ရေးပိုင်းကလူကို.ဆက်သွယ်ပြီး
    မှာပေါ့..

    ဥပမာ-ယူအက်စ် က ဦးခိုင်အတွက် သမိန်ပေါသွပ် တစ်အုပ်ပေါ့..
    ဩဇီက ဖောကြီးအတွက်..၂ အုပ်..ပေါ့.. 😀
    အဲလောက်ပဲ ရှင်းတတ်တော့ တယ် တဂျီးရေ ့…. ဟီး.ဟီး..

    စာပေစိစစ်က..စာအုပ် ပြန်ကျ.မကျကို ရုံးက မကြာမကြာသွားကြည့်ကြတယ်
    ကိုဘီလူးပြောတဲ့ စိစစ်ရေးက တစ်ပတ်လာက်တော့ကြာတယ်ထင်တာပဲဗျ..

    စာမူခက သိပ်မလန်းတော့..စာရေးပြီး ဝါးတီးဆွဲမယ်ဆို တော်တော်စဉ်းစားသင့်တယ်…
    တစ်ချို ့..ဆရာတွေ..ရုပ်ရှင်ထဲကအတိုင်းပဲ
    အဝတ်ခပ်နွမ်းနွမ်း..လွယ်အိတ်စုတ်လေးတွေနဲ ့…အခြေအနေမကောင်း

    မနွယ်တို ့..မနောတို ့..ပြောပုံအရဆိုရင်တော့….တော်တော် အိုကေလာပါပြီ
    အဲတာ သဂျီး တိုက်တစ်ခုထောင်ဖို ့စဉ်းစားပေတော့..
    အဖွဲ ့သားတွေကိုဘာတာဝန်ပေးရမလဲဆိုတာ..ဘွားတော်ဖွားဆူးရဲ့…ရွာအစည်းအဝေး ပြီးအောင်
    တစ်ချက်ကြည့်လိုက်ဦးပေါ့.. ဟုတ်ဘူးရား..
    ဟဲဟဲ..
    😀

  • moemakha

    October 5, 2011 at 8:08 pm

    ကိုပေါက်ဖော်တို့၊ ကိုပေါက်တို့၊ မမ တို့ခင်ဗျား
    ကျနော် အင်တာနက်ကြည့်ရင်းတွေ့တဲ့ ပုံတွေက်ို သူငယ်ချင်းတွေဆီ gmail နဲ့ဘယ်လို ပို့ရလဲ
    ဓါတ်ပုံတွေ post ရေးရင်း ဘယ်လို ထည့်လဲ ကူညီ သင်ပေးကြပါအုံး ခင်ဗျ။
    ကျနော် ဒီpost ရဲ့ comment ကနေ စောင့်ဖတ်ပါမယ် ခင်ဗျာ

    • ပေါက်ဖော်

      October 5, 2011 at 9:33 pm

      ဒို ့မဂ္ဂဇင်းက ကြော်ငြာခနဲ ့ အသက်ရှင်နေတာကွဲ ့..
      ကြောငြာခ..မပေးပဲ..ကြော်ငြာ ဝင်လာလို ့ဘယ်ဖစ်မလဲ..နော့်.. 😀

      ပုံတွေ..စာတွေကို..မောက်စ် နဲ ့ ဆွဲပြီး..မှတ်လိုက်..(Select လုပ်တာ.ပေါ့)
      ပြီးတော့..ကော်ပီကူး..Right click and copy
      Gmail>Compose mail> က ဘော်ဒီထဲမှာ Right Click>Paste လုပ်လိုက်..
      ok ပဲ.. 😀

      ပို ့စ်တင်တာ သိချင်ရင်.. ဒီအောက်မှာ..နဲနဲ ဝင်ဖတ်သွား
      http://myanmargazette.net/64188/education/learn-how-to-do-just-about-everything

  • မှော်ဆရာ

    October 5, 2011 at 8:22 pm

    ဂျာနယ်တော့ မလုပ်ဖူးဘူး
    စာစီစာရိုက်တော့ လုပ်ဖူးတယ်
    လိုင်စင်တစ်ခါလုပ်ရင် တစ်သိန်းကျော်နဲ့ ထောက်ခံစာ တစ်ထပ်ကြိး ပေးရတာတော့သိတယ်
    တစ်နှစ်တစ်ခါ လုပ်ရတာနော်
    ထောက်ခံစာခ မပါသေးဘူး
    ပြန်/ဆက်ကို အာရကေ ပေးရတာ မပါသေးဘူး

  • Nan Shin

    October 5, 2011 at 9:35 pm

    ကိုပေါက်ဖော်ကတော့ စာမဖတ်ပေလို့ပဲ။
    စာများဖတ်လို့ကတော့ …………ဘာပြောကောင်းမလဲ မစောစလောင်းဘဲလို့တောင်ပြောရလေမလား
    မသိ။

  • Shanma TUmdy

    October 14, 2011 at 11:09 pm

    အဲလောက်ထိအချိန်ယူပြင်ဆင်ရတာကို.. အဲလောက်ပင်ပန်း .. အဲလောက်ခက်ခဲတာကို..
    တစ်ချို့အလွန်ထူတဲ့မဂ္ဂဇင်းတွေများ.. ဖတ်စရာဘာမှလည်းဟုတ်တိပတ်တိ မပါဘူးတဲ့.
    အံ့ရော.. အံ့ရော.. စာရွက်နှမြောလိုက်တာ..

Leave a Reply