ငါမြတ်နိုးတဲ့ နှင်းစက်နဲ့ အတူ
မင်္ဂလာပါရေးမထားတဲ့ 
ငါ့ရင်ခွင်တံခါးကို
အချစ်တွေနဲ့ တွန်းဖွင့်ပြီး
ငါ့စိတ်ကိုသိမ်းပိုက်စိုးစံခဲ့ …

ငါတပ်မက်တဲ့ ညရဲ့ ကြယ်တွေကို
ကြည့်ငေးခွင့်ရနေသလို
ငါကတော့ မင်းရှေ့ မှာ
ခစာလို့ ပေါ့……………………..

တကယ်ဆို ငါသိခဲ့ ဖို့ ကောင်းတယ်
မင်းကဧည့်သည်ဆိုတာ
အချိန်တန်တော့ နှုတ်ဆက်သွားလို့ 
အခုတော့ ကြယ်တွေကြွေခဲ့ ပြီလေ…

ခိုက်ခိုက်တုန်တဲ့ ဆောင်းရက်ရှည်မှာ
ဒဏ်ရာကျတ်ဖို့ ခက်ခဲ့ ပြီမို့ 
ငါ့နှလုံးသားလဲငိုနေတက်ခဲ့ 
ကြယ်ကြွေခဲ့ တဲ့ ဆောင်းညတွေမှာပေါ့… … …။ ။

ကြယ်ရောင်လင်း

About kyeyounglin

has written 18 post in this Website..