ကြယ်ကြွေခဲ ့တဲ ့ဆောင်း

kyeyounglinOctober 4, 20111min965

ငါမြတ်နိုးတဲ ့နှင်းစက်နဲ ့အတူ
မင်္ဂလာပါရေးမထားတဲ ့
ငါ့ရင်ခွင်တံခါးကို
အချစ်တွေနဲ ့တွန်းဖွင့်ပြီး
ငါ့စိတ်ကိုသိမ်းပိုက်စိုးစံခဲ ့…

ငါတပ်မက်တဲ ့ညရဲ ့ကြယ်တွေကို
ကြည့်ငေးခွင့်ရနေသလို
ငါကတော ့မင်းရှေ ့မှာ
ခစာလို ့ပေါ့……………………..

တကယ်ဆို ငါသိခဲ ့ဖို ့ကောင်းတယ်
မင်းကဧည့်သည်ဆိုတာ
အချိန်တန်တော ့နှုတ်ဆက်သွားလို ့
အခုတော ့ကြယ်တွေကြွေခဲ ့ပြီလေ…

ခိုက်ခို်က်တုန်တဲ ့ဆောင်းရက်ရှည်မှာ
ဒဏ်ရာကျတ်ဖို ့ခက်ခဲ ့ပြီမို ့
ငါ့နှလုံးသားလဲငိုနေတက်ခဲ ့
ကြယ်ကြွေခဲ ့တဲ ့ဆောင်းညတွေမှာပေါ့… … …။ ။

ကြယ်ရောင်လင်း

5 comments

  • hsulaycho

    October 5, 2011 at 12:27 pm

    မင်းကဧည့်သည်ဆိုတာ အချိန်တန်တော့ နှုတ်ဆက်သွားလို့………..တဲ့ ။ သိပ်မှန်တာပဲ။

  • bluerose

    October 5, 2011 at 1:17 pm

    အရမ်းဖတ်လို့ကောင်းတယ်ခံစားရလည်းလွယ်ကူတယ်ရိုးရိုးလေးနဲ့ရင်ထဲကိုထိရောက်တဲ့ကဗျာလေးပါ
    နောက်လည်းအားပေးနေပါမယ်

  • nikita

    October 5, 2011 at 2:29 pm

    တကယ်ဆို ငါသိခဲ ့ဖို ့ကောင်းတယ်
    မင်းကဧည့်သည်ဆိုတာ……………………….>> အရမ်းကြိုက်တယ် အဲ့နေရာလေးကို 😛

  • kyeyounglin

    October 5, 2011 at 10:53 pm

    ဟုတ်ကဲ ့……….
    အားပေးကြလို ့ကျေးဇူးပါခင်ဗျာ………
    ဆက်လက်ကြိုးစားပါ့မယ်…….

    • mama noyar

      June 18, 2012 at 12:57 pm

      အရမ်းကောင်းပါတယ်

Leave a Reply