ချစ်သူရေ……………………………..

မွေးနေ့ မှာပျော်ရွှင်ပါစေလို့ အရင်ဆုံးပြောချင်ပါတယ်…

မင်းအတွက်မွေးနေ့ လက်ဆောင်က…

အချစ်တို့ ပြည့်နေတဲ့ ငါ့နှလုံးသား…………..

အချစ်တို့ နဲ့ ပြည့်နေတဲ့ …ငါ့ရင်အစုံ

မကျယ်ပြန်ပေမဲ့ …မင်းအတွက်နွေးထွေးမှုတော့ 

ပေးနိုင်စွမ်းမယ်ထင်ပါရဲ့ ……………….

အချစ်……………………..

တိုးတိုးလေးခေါ်ပါရစေ…………..

ဘယ်ဘက်ရင်အုံရဲ့ တိုက်ပွဲကြောင့်

ငါ………………………….

အသက်တောင်၀၀မရှူနိုင်တော့ ဘူး………….

အချစ်……………………..

ငါ့ရင်ဘက်ထဲဘယ်လိုရောက်လာအောင်ဝင်လာခဲ့ လဲ???

နည်းလမ်းရှိရင်ပေးပါ………..

ငါလဲမင်းဆီလာချင်လို့ ……………..

တို့ နှစ်ယောက်မက်တဲ့ အိပ်မက်

အသက်သွင်းဖို့ …………………..

မနက်ဖြန်တိုင်းဟာမျှော်လင့်ချက်

ရင်ခုန်သံတိုင်းက အင်အားတစ်ခု

နှလုံးသားနဲ့ ရင်းပြီး………ေ၇းဆွဲခဲ့ တဲ့ ပန်းင်္ချီကား

ဘယ်တော့ မှအရောင်မပြယ်အောင်

ဆေးမှင်ထိုးထားလိုက်ပြီ…………….

ဆေးမှင်အပ်ကြောင်း…….

ဘယ်လောက်နက်နက်…..ငါ့မျက်နှာအပြုံးမပျက်ဘူး

တကယ်ဝင်ကြည့်……………….

ငါ့နှလုံးသားပေါ်မှာ..ရေးထိုးတဲ့ ကျောက်စာ

အခြားမရှိ….မင်းမှမင်းပါ………………….

သေချာအောင်ထပ်ပြောပါရစေ………

အချစ်……………………

မင်းကငါ့ရဲ့ …………………….

လိုနေတဲ့ တစ်ခြမ်း…………………..

မင်းကငါ့ရဲ့ ………………..

…………………………

……………………….

………………………….

………………………..

ချစ်သူ…………..

ရေးဆက်စရာစကားလုံးမရှိ………

ကာရန်တွေလိုက်မမှီတော့ ………

မင်းအတွက်လက်ဆောင်………

လိုတာသာယူသွားတော့ ကွာ………….

မင်းအတွက်

ပါဆယ်ထုပ်ပြီးသားငါ့နှလုံးသားနဲ့ 

အနမ်းတစ်ချို့ ထည့်ပေးလိုက်တယ်…………

ဖြေးဖြေးလေးဖွင့်ကြည့်……………..

အငွေ့ ပြန်မှာကြောက်လို့ …………

ငါ…………………….

မျက်လုံးမှတ်ပြီးတိုးတိုးလေးပြောမယ်

ဘယ်သူမှမကြားစေနဲ့ နော်………..

စကားကရိုးရိုးလေးမို့ 

လှောင်ပြောင်နေကြဦးမယ်……….

အာရုံစိုက်ထား…………….

တော်ပြီ…………………

မပြောတော့ ပါဘူး………..

မပြောပဲသိတဲ့ ဘာသာစကား….မင်းသိတယ်ဟုတ်

မသိရင်သေချာမှတ်ထား…………

အချစ်တဲ့ ………………………..။

9:30PM

4.10.2011(tue)

ကြယ်ရောင်လင်း

(5 .10.2011 တွင်ကျရောက်မည့်………….ချစ်သူအတွက်…)

 

About kyeyounglin

has written 18 post in this Website..