ရွာ အစည်းအဝေး အပိုင်း ၁

ဆူးOctober 4, 20111min33737

တနေ့ အိမ်ကို စာအိတ်တခု ရောက်လာခဲ့ပါတယ်။ စာအိတ်ထဲမှာတော့ ရွာထဲမှာ အခမ်းအနား တခု ပြုလုပ်မှာ ဖြစ်တဲ့ အတွက် မပျက်မကွက် တက်ရောက်ပါရန် ဆိုတဲ့ စာပါတဲ့ စာအိတ်ကလေး ဖြစ်ပါတယ်။ စာအိတ်ကို လက်ခံယူတဲ့ အချိန်မှာ တက်နိုင်မတက်နိုင် လက်မှတ်ရေးထိုးပေးရပါတယ်။ ဆူး ကတော့ လတ်တလော အလုပ်တွေ များနေလို့ အစည်းအဝေး ကို မတက်နိုင်ဘူး ဆိုတာ သိတဲ့ အတွက် မတက်ရောက်တဲ့ အကြောင်း လက်မှတ်ရေးထိုးပြီး ဖိတ်စာကိုတော့ လက်ခံထားပါတယ်။ ဖိတ်စာထဲမှာတော့ မတက်ရောက်နိုင်တဲ့ ရွာသားများ ရှိရင် အိမ်မှာပင် အစည်းအဝေး အခမ်းအနားကို တီဗွီကနေတဆင့် တိုက်ရိုက် ကြည့်နိုင်အောင် စီစဉ်ပေးထားတယ်လို့ ပါတဲ့ အတွက် ဝမ်းသာ အားရ ရှိခဲ့ပါတယ်။

အစည်းအဝေး ခန်းမ ကိုတော့ ကိုယ်တိုင် မသွားခဲ့ပေမဲ့ ဂေဇတ် သတင်းဌာန မှ တိုက်ရိုက် ထုတ်လွင့်မှုများကိုတော့ မပျက်မကွက် စောင့်ကြည့်ခဲ့ပါတယ်။ ရွာသားများ စုံစုံညီညီ တက်ရောက်ခဲ့ကြပုံကိုတော့ အဝင်မှာ သတင်းမှတ်တမ်းယူနေတဲ့ ကင်မရာမန်း  အာဂ နဲ့ တကွ သတင်းထောက်မလေး နွယ်ပင်က အဝင်မှာ တယောက်မကျန် အင်ဒါဗျုးပြီး ရွာသားကျော်များ မျက်စိရှေ့မှာတင် တယောက်ပြီး တယောက် ခန်းမ ထဲကို ဝင်နေကြပါတယ်။

စစချင်း တောင်ရှည် ပုဆိုး(ချိတ်) နဲ့ တိုက်ပုံ ဝတ်လာတဲ့ သဂျီးကို နွယ်ပင်က ရုတ်တရက် မိုက်ကြီးကိုင်ပြီး

ဒီပွဲမှာ ပုဆိုးနဲ့ တိုက်ပုံ ဝတ်ရတာ ဘယ်လို စိတ်ကူးနဲ့ ဝတ်လာတာပါလဲ။

သဂျီး။  ။ ကျုပ်က တောင်ရှည် ပုဆိုးနဲ့ မောင်ရွှေရိုး မဟုတ်ပါဘူး မောင်ရွှေခိုင်ပါ.. ကျုပ်မှာ မီလီယံ ဘစ်ဇနပ် လုပ်ကွက်တွေ အများကြီး ရှိပါတယ်။ အခု ပုဆိုး ဝတ်တယ် ဆိုတာလည်း ကျုပ်က ကမ်းခြေမှာ ရေဆင်းဆော့လို့ စိုသွားတာ လူကြားထဲမှာ ဘောင်းဘီ ချွတ်စရာမလို လူကွယ်ရာ ရှာစရာ မလိုပဲ ကိုယ်ပိုင် ကျူထရံလို သဘောထားနိုင်တဲ့ အတွက်  ပုဆိုးဝတ်ပြီး တက်ရောက်ရတာပါ။ ဒါမျိုးတွေ အဖြူတွေက သဘောကျတယ်လေ.. ဒါကြောင့် ကျုပ်လည်း ကြိုက်တာဗျ..

သဂျီးနဲ့ လက်ချင်းတွဲပြီး နုတ်ခမ်းနီ ပါးနီ နဲ့ လှလှပပ(အနောက်တိုင်း စတိုင်) ဝတ်ထားပြီး ဝင်လာတာကတော့ သဂျီး ကတော် ဖြစ်ပါတယ်။

အင်ဒါဗျုးသမားလေး နွယ်ပင်က သဂျီး ကတော်ကို မိုက်ကြီး ထိုးတဲ့ အခါ သဂျီးကတော်က လက်ကာ ပြလိုက်တဲ့ အတွက် နောက်ဘယ်သူများ ရှိမလဲလို့ လှမ်းကြည့်လိုက်တဲ့ အခါမှာတော့ ပြောင်လက်နေတဲ့ ကားအမဲကြီးနဲ့ ကားပေါ်က ဆင်းလာတဲ့ တရုတ်မျက်နှာပေါက် နဲ့ နေကာမျက်မှန် အမဲကြီး ဝတ်ထားပြီး နုတ်ခမ်းမှာ ဆေးတံတိုကြီးလည်း ကိုက်ထားပါသေးတယ်။ ကားပေါ်က ဆင်းတဲ့ အခါမှာ ဘေးက ဝိုင်းကြည့်နေတဲ့ လူတွေကို လက်ပြနုတ်ဆက်နေပါတယ်။ ဆံပင်ကို အနောက်ပြောင်အောင် ဆီတွေ အိနေအောင် ဖီးထားတဲ့ သူကတော့ အားလုံး သိကြတဲ့ ဩဇီဦးဖော ဖြစ်ပါတယ်။

ကင်မရာမန်းနဲ့ အင်ဒါဗျုး ကလည်း လက်မနှေးအောင် အပြေးအလွား သွားပြီး အင်ဒါဗျုးပါတော့တယ်။ ခပ်တည်တည်နဲ့ ပြုံးပြပြီး နုတ်ဆက်နေပေမဲ့ အင်ဒါဗျုးတော့ လက်ကာ မပြပဲ မေးသမျှ ဖြေမယ် ဆိုပြီး ကင်မရာရှေ့မှာတင် လည်ချောင်း ရှင်းလိုက်ပါတယ်။

နွယ်ပင်။  ။ဩဇီဦးဖော ဒီပွဲကို ဘာအတွက်ကြွရောက်လာပါသလဲလို့ သိပါရစေရှင်။

ဩဇီဦးဖော။    ။ကျတော်က ဒီပွဲကို အထူးလက်မှတ်ရလို့ လာတာပါ။ ကျတော်က အခုတလော တရုတ်တွေ မြန်မာတွေ စည်းလုံးမှုပျက်ပြားနေတာကို ကြည့်ပြီး နားလည်မှု ရှိအောင် ဆောင်ရွက်ပေးနေလို့ သိပ်တော့ အားလှတယ် မဟုတ်ပါဘူး။ အချက်အလက်တွေကနဲ့ အကျိုးအကြောင်း နားလည်အောင် ရေးပြနိုင်ဖို့ ကြိုးစားရတယ်။ အခု လာတယ် ဆိုတာလည်း ရွာအစည်းအဝေး ဖြစ်မြောက်ရေး အတွက် အထောက်အပံ့ အလှူ အတန်းများ အတွက် လူကြီး တယောက် အနေနဲ့ လာခဲ့ပါဆိုလို့ လာခဲ့ခြင်းဖြစ်ပါတယ်။

နောက်ထပ် ဘယ်သူကို အင်ဒါဗျူးရမလဲ လို့ တွေးပြီး ကြည့်လိုက်တဲ့ အခါမှာတော့ ပန်ပန် တယောက် စကတ်တိုတို ကာဝန် ကားကားလေးနဲ့ ခန်းမဆောင် အတွင်းသို့ ဝင်ရန်  လှေကားထစ်များကို တလှမ်းချင်း တက်လာပြီး ဘေးနားက ဓါတ်ပုံဆရာများ အလုအယက်မှတ်တမ်း တင်မှုများကို လက်ပြ နုတ်ဆက်ပြီး ခမ်းမ ထဲကို ဝင်သွားပါတယ်။ ရှေ့ဆင့် နောက်ဆင့် ဆိုသလို အီးတုံး ကလည်း ရင်ဖုံး အကျင်္ ီနဲ့ ရွှေဘီးကြီး ခေါင်းမှာ စိုက်ပြီး ပုံတော် ဖိနပ် အထူကြီးနဲ့ ဗလ ခပ်တောင့်တောင့် ကိုကို ဒေါက်တာ နဲ့ လက်ချင်းတွဲပြီး ဝင်သွားပါတယ်။ ဓါတ်ပုံ ဆရာများကလည်း တယောက်ချင်းစီ ရဲ့ ဝတ်စားဆင်ယင်ပုံကို မဂ္ဂဇင်း ထုတ်ပြီး လမ်းဘေးမီးပွိုင့်တွေမှာ လက်ပွေ့အော်ရောင်းနိုင်ဖို့ ကြိုးစားပမ်းစား အားထုတ်နေကြတာ ဖြစ်ပါတယ်။ ဓါတ်ပုံဆရာတွေ ရွာသူတွေကို ဝိုင်းအုံနေတဲ့ အခါ ကင်မရာသမားလေး အာဂ ဗလတောင့်ပေမဲ့ အများနဲ့ တယောက် မစွမ်းနိုင်တော့ပဲ ခပ်လှမ်းလှမ်းကပဲ ရိုက်ယူထားပုံရပါတယ်။

ထိုင်ဝမ်က ဇိုးကလည်း ခန်းမ ဆောင်ထဲ မဝင်ခင်မှာ ရွာထဲက ကလေးတွေ မမလှလှတွေရဲ့ အော်တို ရေးဖို့ စာအုပ်တွေ အတင်းထိုးပေးတဲ့ အခါ ဇိုးကလည်း အားကျမခံ လက်ထဲမှာ ပါတဲ့ ကဒ်လေးတွေ တယောက် တခုစီ ဝေပါတော့တယ်။ ကင်မရာမန်းကလည်း အမိအရ ဖမ်းယူလိုက်ပါတယ် ဘာတွေ ဝေ သလဲလို့ အင်ဒါဗျုး မေးလိုက်ပါတယ်။

ဇိုး။        ။ ဒါကတော့ ထိုင်ဝမ်မှာ ဘူဖေး စားတဲ့ဆိုင်ရဲ့ လိပ်စာကဒ်ပါ။ ရွာထဲမှာ ဘူဖေး စားကောင်းတဲ့ အကြောင်းတွေ ပြောပြထားပြီးတော့ နောက် ကြုံရင် ဘူဖေး လိုက်ကျွှေးမယ်လို့ ပြောဖူးတဲ့ အတွက် ကြုံတုန်းလေး ဘူဖေး ဆိုင်ရဲ့ လိပ်စာလေးပါ။ ကိုယ်တိုင် ရောက်ရင်တော့ လိပ်စာ အတိုင်း ကိုယ့်ဟာကို သွားစားချင်ရင် စားလို့ ရအောင်လို့ပါ။ အဟိ… (ပုခုံးလေး တွန့်ပြီး မခို့တရို့လေးရီနေပါတယ်)

မြန်မာ့ မီးရထား..မြန်မာ့ မီးရထား ဆိုပြီး လက်မှတ်လိုက်ထိုးခိုင်းတဲ့ ကလေးတွေက လက်ခုပ်တီးပြီး အော်နေကြပါတယ်။ သံပြိုင် လက်ခုပ်သံနဲ့ လက်ခုပ်သံ အဆုံးမှာ မြန်မာ့ မီးရထား လက်ခုပ် ၃ချက် ဆက်တိုက် တီးပြီး မမ… မမ  မမ ဆိုပြီး ကြိုဆိုကြပါတယ်။

အင်ဒါဗျုးကလည်း လက်မနှေးစေပဲ အမြန်ပြေးသွားပြီး… မမ ရှင့် မတွေ့ရတာ ကြာပြီနော် ခရီးသွားတာလား။

မမ။      ။ခရီးထွက်နေတာပါ ဗုဒ္ဓဂါယာသွားတာပါ။ ခရီးက ပြန်ရောက်ရောက်ချင်း ဖိတ်စာရလို့ လာခဲ့တာပါ ဘာမှတော့ ထွေထွေထူးထူး မဟုတ်လှပါဘူး။

————————————-

ရုပ်မြင်သံကြား ကြည့်ရင်းနဲ့ အညောင်းအညာပြေ နဲ့ အပျင်းပြေ စားစရာ တခုခု သွားယူရင်းပြီး ပြန်လာပြီး ထိုင်ကြည့်လိုက်တဲ့ အခါမှတော့ ခန်းမ ထဲမှာ လူတော်တော် များများ စုံစုံလင်လင် ရောက်နေကြပါပြီ။ အပြင်က ဝင်လာတဲ့ လူ သိပ်မရှိတော့ဘူးလို့တော့ ထင်ရပါတယ်။ ကင်မရာ သမားနဲ့ အင်ဒါဗျုးတွေကတော့ အထဲကို ရောက်နေကြပါပြီ။

37 comments

  • windtalker

    October 5, 2011 at 12:19 am

    ခန်းမ ရဲ ့အနောက်ဘက် ကို ဝင်သွားကြည့်တော့
    ဝက်သားဟင်းလေးအိုး ကို ချက်ပြုတ်နေသူ
    ချွေးတစ်လုံးလုံး နဲ ့ဆူးကို တွေ ့ရတော့
    မောင်ပေတစ်ယောက် ဝမ်းသာအားရနဲ ့
    ဗျူးဖြစ်ခဲ့ပါတယ်
    မေး= ဆူး တစ်ယောက် ရွာထဲ မှာ မတွေ ့ရတာ ကြာပေါ့
    ဖြေ = ဟုတ်ပ ဆူး ရွာထဲ မဝင်ချင်တော့ပါဘူး
    မေး= ဒီလိုတော့ မလုပ်ပါနဲ ့လေ
    ဖြေ= ဒီလိုပဲ လုပ်တတ်တာရှင့် ၊ အေလို တို ့ဘီလို တို ့စီလို တို ့မှ မလုပ်တတ်တာကြီး
    မေး= ကောင်းပါပြီ ၊ ဆူး ရဲ ့ စာတွေ ကို စောင့်ဖတ်နေမယ့် ဂေဇက်ဝင်တွေ အတွက်
    ဖြေ= ဆူးတစ်ယောက် အခုတင်တဲ့ ပိုစ့် နဲ ့အတူ ရွာထဲ ကို ပြန်ဝင်ပြီ ဖြစ်တဲ့ အကြောင်းပါပဲ
    မေး= ဟုတ်ကဲ့ အခုလို ဖြေကြားပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ် ၊ ရှေ ့လျှောက် ဒီထက်အဆတစ်ထောင်မက ရေးနိုင်ပါစေ လို ့ဆုတောင်းလိုက်ပါတယ်နော်
    ဖြေ= အညာစေရိုး ၊ ရှဲရှဲနီ

  • maythakhin

    October 5, 2011 at 12:25 am

    ဆူးကိုတော့ မေသခင် တကယ်ကိုလေးစားမိပါတယ်။ မေသခင် ရွာထဲကို ဝင်လာတုန်းက ပထမဆုံးပေခဲ့တဲ့ ကောမန့်ဟာ ဆူးရဲ့ ရေလည်ကျောက်တန်းဘုရား (အပြည့်အစုံတော့မမှတ်မိတော့ဘူး)ဆိုတဲ့ ပိုစ့်လေးပါ။ ဆူးတင်တဲ့ ဓါတ်ပုံလေးတွေ ကိုပေါက်တင်တဲ့ဓါတ်ပုံလေးတွေနဲ့ ဘဝရဲ့ တစ်နေ့တာအမောတွေကို ဖြေခဲ့ရပါတယ်။စိတ်ဓါတ်ရေးရာ အရရော တကယ်ကိုလေးစားမိပါတယ်။ မှန်သောစကားပါ ဆူး………………
    အစည်းအဝေးရဲ့ နောက်ဆက်တွဲ အပိုင်းလေးတွေကိုလည်း စောင့်ဖတ်ပြီးအားပေးနေမှာပါ။

  • Foreign Resident

    October 5, 2011 at 3:03 am

    Dear ဆူး,
    Your writing style is really smooth & flawless ( like pro ).
    Thanks for adding me.

    • ဆူး

      October 5, 2011 at 10:03 pm

      ကားအမဲ ကြီးနဲ့ နေကာမျက်မှန် အမဲကြီး တပ်ပြီး ခေါင်းကို ဆီတွေ အိနေအောင် ဖီးထားတဲ့ ပုံစံကို သဘောကျလို့လား ဟိဟိ
      ဆူး လည်း ပျော်တတ်လို့ နောက်တာပါ။ သဘောကျတယ် ဆိုလို့ ဝမ်းသာပါတယ်။
      စိတ်ထဲမှာ ကြုံနေရတာလေးတွေကို ကြည့်ပြီး စိတ်ထဲ ခံစားမိလို့ ထည့်ရေးပေးထားတာပါ။

  • kai

    October 5, 2011 at 3:34 am

    ဒီရက်ပိုင်း… မန်းတာတခု..၅ပွိုင့်တိုးပေးထားတာ…
    ဒီပုံနဲ့ဆို… ဘက်ဂျက်တော်တော်ထိမဲ့.. ပို့စ်ဖြစ်နေတေ့ာကာ…
    ဝတ်ထားတဲ့..တောင်ရှည်ပုဆိုးနဲ့.. ချွေးသုတ်နေမိပါရဲ..
    ( တောင်ရှည်က… ချွေးသုတ်လို့လည်း..ရသား..) 🙂

    • small cat

      October 5, 2011 at 8:02 am

      ပွိုင့် တိုးပေးထားတယ်ဆိုတော့ မန်းရတာစိတ်မရဲဘူး၊လက်ကိုမနဲထိမ်းထားရတယ်။
      ပွိုင့်နဲ့သာ မပတ်သက်ရင် ပို့စ် တိုင်းမှာ ဟုတ်တာရော မဟုတ်တာရော ဒလဟော
      လွှတ်ပြီး မန်းလိုက်ချင်ပါရဲ့။

    • MaMa

      October 5, 2011 at 8:47 am

      သုတ်တာတော့ ချွေးပဲ။ မျက်ရည်က ရောပါသွားတာဖြစ်မယ်။ 😀

  • weiwei

    October 5, 2011 at 8:17 am

    ဒီအတိုင်းဆိုရင်တော့ ကိုရီးယားဇာတ်လမ်းတွဲဖြစ်တော့မယ်နော် …
    စိတ်ဝင်စားအောင်ရေးထားတဲ့ အိုင်ဒီယာလေးတော်တော်ကောင်းတယ် …
    နောက်အပိုင်းတွေ စောင့်ဖတ်နေမယ်နော် …

    • ဆူး

      October 5, 2011 at 10:01 pm

      မရှည်စေရပါဘူး အပိုင်း ၄ မှာ အဆုံးသတ်မှာပါ။ တခါတည်း အပြီးရေးပြီးသားပါ မတင်သေးပဲ မျှော်ခိုင်းထားတာပါ။ ရှည်လွန်းရင်လည်း ဖတ်ရတာ အီသွားမှာ စိုးလို့..

  • Moe Z

    October 5, 2011 at 8:44 am

    ရွာထဲမှာ ဒီရက်ပိုင်းစည်စည်ကားကားနဲ့ ပျော်စရာလေးပဲ…
    မမဆူးပြန်လာတာ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်…
    သဂျီးကတော့ ချွေးသုတ်နေရပြီတဲ့ ..
    လာထား ၅ပွိုင့် 😛

  • MOEPWINTPHYU

    October 5, 2011 at 10:13 am

    မိုးပွင့်လည်းလာချင်တယ် ဖိတ်စာလည်းရဘူး
    ဟီဟီ..ငိုနေသည်..

    • ဆူး

      October 5, 2011 at 10:05 pm

      မငိုပါနဲ့ ခန်းမ ထဲမှာ ထိုင်နေပါတယ်။ စကားနည်းတော့ ဝင်ပြီး မဆွေးနွေးပဲ ထိုင်နေတာသာ ဖြစ်မှာပါ။ ရွာ အစည်းအဝေး ခန်းမကြီးက ဘယ်လောက်ကြီးသလဲ ဆိုရင် မိုးလုံ လေလုံ ဘောလုံးကွင်းကြီးထက်ကြီးပါတယ်။ ထိုင်ခုံ တနေရာစာတော့ ရထားပါတယ်။

  • နွယ်ပင်

    October 5, 2011 at 10:13 am

    နွယ်ပင်တစ်ယောက်တော့ အဲ့နေ့က အပြေးအလွှား အင်တာဗျူးလိုက်ရတာ
    အခုတော့ ပါးစပ်တွေရော ခြေထောက်တွေရော ညောင်းနေလို့ ဒီကိုဂျင်တောင်
    သောက်ထားရတဲ့ အထိပဲ ……… 😛
    ဒါနဲ့ ကိုအာဂလက်စွမ်းပြထားတဲ့ ပုံတွေမှာ သဂျီးဧည့်ခံထားတဲံ အစားအသောက်တွေကို
    အားပါးတရစားနေတဲ့ ရွာသူရွာသားတွေရဲ့ ပုံတွေလည်းပါသတဲ့ ကြည့်ချင်သူများကတော့
    ကိုအာဂထံ လက်တို့ပြီး တောင်းယူကြည့်နေကြာပြီဆိုလားပဲ ………. 🙂

    • weiwei

      October 5, 2011 at 2:40 pm

      နွယ်ပင် အဲဒီနေ့က မဝေကို မမြင်ဘူးနော် … အဗျူးမခံလိုက်ရလို့ စိတ်ဆိုးနေတာ … 😛
      ကိုအာဂကြီးက စကတ်တိုတိုကောင်မလေးတွေကိုပဲ ဓါတ်ပုံရိုက်နေတာ သတိထားလိုက်မိတယ် … 😛

      • နွယ်ပင်

        October 5, 2011 at 2:46 pm

        မဝကို မြင်လိုက်ပင်မယ့် ဗျူးမလို့ဟာ မဝေက အထဲကို အမြန်ဝင်သွားတော့
        မဗျူးလိုက်ရဘူး စိတ်မဆိုးပါနဲ့ မဝေရယ် နောက်တစ်ခါတွေ့ရင် နှစ်ဆပေါင်းပြီး
        နှစ်ခါ ဗျူးပါ့မယ့် 🙂
        ကိုအာဂကြီးက ဒီလိုလား ဒီက ဗျူးနေရလို့ သူ့ကို ဂရုမစိုက်မိလိုက်ဘူး မဝေမြင်လို့တာပေါ့
        တစ်ခြားသူသာဆို နွယ်ပင့်ကို ဘယ်ပြောမလဲ ရှဲ့ ရှဲ့ မဝေရေ ……….. 😛

  • manawphyulay

    October 5, 2011 at 10:17 am

    ဆူးရေ…. ရွာထဲမှာက ပွဲတောင် ဖိတ်စာလည်းမဖိတ်ဘူး။ ခုအလုပ်တွေရှုပ်နေတာ ပြီးပြီလား။ ခုလိုပြန်မြင်ရတော့လည်း ရွာထဲမှာ စည်စည်ကားကား ပြန်ဖြစ်တော့မှာ မြင်ယောင်မိတယ် ဆူးရေ… နို့မို့ဆို သဂျီးက ရွာသူ အားနည်းနေလို့ မနောတစ်ယောက်ထဲ သဂျီးက ထိပ်တုံးအားကိုးနဲ့ နှိပ်ကွပ်ချင်နေတာ သိလား ဆူး။ ကြုံတုန်းလေး တိုင်လိုက်ဦးမယ်….
    ဆူးရှိတော့ အားတက်မိတယ်….

    • etone

      October 5, 2011 at 1:53 pm

      မနောရေ … ဆူးက ဖိတ်စာ လူကြုံနဲ့ ပို့ခိုင်းတာ …. etone မအားလို့ စကန်ဖတ်ပြီး … မေးလ်ကနေ ပို့လိုက်ပါတယ် … ဘလော့တွေကြား အလုပ်တွေများနေတဲ့ မနောတစ်ယောက် စာမဖတ်လိုက်တာပဲ ဖြစ်ရမယ် :mrgreen: လူစုံ တက်စုံပါတဲ့ ပွဲမျိုး … ရွာ မျက်နှာဖုံး … အိုင်တီမမ မနောကို ချန်ခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ … သတိတရနဲ့ကို မေးလ်နဲ့ပို့လိုက်တာ 😛

      ***************
      ဆူးရေ .. သဂျီးကလေ ..မနောကို ထိပ်တုံးအားကိုးနဲ့ … ပြောတယ် .. x^%$#@ သိလား …
      ဆူးရေ … ဟိုလူကလေ .. မနောကို …%^$#@!!* တယ်သိလား … ။
      ဆူးရေ… ဟိုမိန်းမကလေ .. မနောကို .. *&^%$#@! တဲ့ သိလား … ဟင့် ဟင့် ဟင့် 😥

      (နာတို့ အစ်မဂျီး … မနော မောမှာစိုးလို့ … တိုင်စာ ဖောင်လေး .. ရေးပေးထားတာ .. *&^%$#@! နေရာမှာ တခြားဟာလေးတွေ ထည့်ရေးလိုက်ရုံပဲ 😛 )

  • zoe

    October 5, 2011 at 10:40 am

    တနေ့ တနေ့ရွာသူ/သား အသစ် ဝင်လာနှုံး နဲ့ဆို လိပ်စာကဒ် ပဲ ဝေရတော့မယ် ထင်ပါတယ် ။ ဟီ ဟိ .. မပူပါနဲ့ discount ရအောင်လုပ်ပေးမယ် ။ 😀

  • meelay

    October 5, 2011 at 11:17 am

    ဆူးရဲ့ စာတွေကို မဖတ်ရတာကြာပြီ … အခုမှပဲ ပြန်ဖတ်ရတော့မယ် …. နောက်အပိုင်းတွေကိုလဲ မြန်မြန်တင်ပေးပါအုံး … နောက်အပိုင်းမှာ အားပါးတရစားသောက်နေတဲ့ ရွာသူရွာသားတွေရဲ့ပုံကိုလဲ ထည့်ပေးနော် …….. 🙂

  • ကြောင်ကြီး

    October 5, 2011 at 11:33 am

    ဟား ဟား ဟား.. လူဆိုးတွေကို နှိမ်နင်းဖို့ ရွာတော်ရှင်ဆူးသခင်မ ကိုယ်ထင်ပြလိုက်ပြီ။ သဂျီးအပါအဝင် အဓမ္မဝါဒီဂိုဏ်းသားတွေ ဝေးရာကိုပြေးကြပေလော့…..

    • char too lan

      October 7, 2011 at 8:05 pm

      ဟဟား
      မဆိုင်တဲ့ အပေါက်ကို
      ဂလိုင်နဲ့ခေါက်နေပြန်ပါရော အောင်ကျုးရယ်……….. (အဲ့လိုကြောခံထိဒေါ့မယ်ထင်တယ်)
      ဆြာဆူး ကတော့တကယ့်ဆြာဆူးပါပဲ ဗျာ.. 😀

  • စုံ စုံ

    October 5, 2011 at 1:22 pm

    ဒီလိုအတွေးအရေးလေးတွေကြောင့်လဲ ရွာထဲမှာဆူးဆိုတာနာမည်တစ်လုံးနဲ့ရပ်တည်နေနိုင်တာပေါ့
    အားလဲကျတယ် အားလဲပေးပါတယ်ဆူးရေ

  • hmee

    October 5, 2011 at 1:54 pm

    ပျောက်နေပေမဲ့ ဒီပို့စ်ကို ဖတ်လိုက်ရတော့ သိလိုက်ရတာက အန်တီဆူးတယောက် ရွာကိုမမေ့သေးဘူး ဆိုတာပဲ။ ဒီလိုအတွေးလေးတွေ တော်တော်ကို ရေးတတ်တယ်။ ဒါပေမဲ့ စိတ်မကောင်းဘူး သိလား မမှီ ဖိတ်စာ မရဘူး။ သဂျီး မျက်နှာလိုက်တယ် သူကြတော့ တောင်ရှည်နဲ့ လှလှပပ ရှိုးထုတ်ပြီးတော့။ 🙁

  • alinsett

    October 5, 2011 at 2:07 pm

    သဂျီး ကတော်..ကိုတော့တွေ ့ချင်သား..ဗျ

  • pan pan

    October 5, 2011 at 2:25 pm

    ဘွားဆူးကရေးလိုက်၊ ဦးကြောင်ကြီးကရေးလိုက်နဲ့
    ဒီစကပ်လေးပဲခလုပ်တိုက်နေကြတယ်
    ဟွင့် ဟွင့်
    တော်ပြီ မetoneလို ရင်ဖုံးကြီးနဲ့၊ ရွှေဘီးဆံပတ်ကြီးနဲ့၊ ပုံတော်ဖိနပ်ကြီးနဲ့ပဲနေတော့မယ် :mrgreen: 😀
    သဂျီး၊ ဝတ်ထားတဲ့တောင်ရှည်နဲ့ ချွေးတွေ၊ မျက်ရည်တွေထပ်သုတ်လိုက်ပါ
    ၅ပွိုင့်ယူသွားပြီဗျို့

  • chitlay

    October 5, 2011 at 2:39 pm

    ရွာထဲက ဆူညံညံ ဘာသံလို့မေး သဂျီးကျင်းပတဲ့ အစည်းအဝေးတဲ့လေး ……..
    အစည်းအဝေး အပိုင်း (၂) မှာ ရွာသူ/သားတွေ ဘာအကြောင်းတွေများ ဆွေးနွေးမလဲဆိုတာ သိချင်လို့ စောင့်ဖတ်နေပါတယ် ဆူးရေ ….

  • ပေါက်ဖော်

    October 5, 2011 at 4:39 pm

    အောမီး…တောဖော….
    တဂျီး..နဖူးချွေးပြန်နေဘီ..ဘွားတော်ရေ့….

    မှတ်^_^ ပို ့စ်ထဲက..ဆိုပဲ..
    အစည်းအဝေးလဲပြီးရော..ကွက်လပ်ဖြည့်ပါ ဆိုတဲ့ ဆံပင်သန်ဆေး ဝယ်သွားရလိမ့်မယ်..

  • minmahar

    October 5, 2011 at 5:58 pm

    အနော်က နောက်မှရောက်လာတဲ့ ရွာသားအူဝဲလေးဆိုတော့ မမဆူးလို့ခေါ်ရမလား ..
    အန်တီဆူးလို့ခေါ်ရမလား ..
    အမကြီးဆူးလို့ခေါ်ရမလား ..
    ဒေါ်ဒေါ်ဆူးလို့ခေါ်ရမလား ..
    မေမေဆူးလို့ခေါ်ရမလား ..မသိတော့ပါဘူးဗျာ ။ – – ဆူးရဲ့ အတွေး နဲ့ အရေးကို သဘောကျတယ်ဗျ ။
    နောက်လဲ များများ ပို့ပေးပါအုံး ။
    ရွာခံသားတွေတော့ တော်တော်ပျော်နေကြတယ် ..အရင်က တော်တော် အစွမ်းထက်ပုံရတယ်နော်..
    သဂျီးတော့ သနားပါတယ် .. ပွိုင့်တွေ တိုးနေကြလို့ ..

    • လူလေးရေ… မသိရင်မှတ်ထားပါကွယ်
      ဆူးဆိုတာ သားသားလေးမေးတဲ့ပုံစံနဲ့ တစ်ခုမှ အကျုံးမဝင်ပါဘူးကွယ်
      တစ်ကယ်တော့ ဆူး ဆိုတာ ဘဘတို့တောင်မှ နှစ်စဉ်သွားကန်တော့နေရတဲ့ ကန်တော့ခံ ဖွားဖွားဖြစ်တဲ့အတွက် မိဖုရား ဖွားစောလို အရိုအသေပေးတဲ့အနေနဲ့ “ဖွားဆူး” လို့ ခေါ်ဝေါ်သမုတ်ကြမယ်ဆိုရင်တော့ဖြင့် အတော်လေးကို လျော်ကန်သင့်မြတ်လှပေကြောင်း…

  • chityimhtoo

    October 5, 2011 at 6:47 pm

    မကျေနပ်ဖူး မကျေနပ်ဖူး အစည်းအဝေးကိုကန့်ကွက်ပါတယ်။ကျွန်တော်ချစ်ရင်ထူးနာမည်မပါတဲ့အတွက်
    ကန့်ကွက်ပါတယ်။အစည်းအဝေးဖိတ်စာရရင် ဘီယာနဲ့မြေပဲ နဲ့ ဧည့်ခံကျွေးမွေးပါရစေ။ဟိဟိ

  • that naing oo

    October 5, 2011 at 9:23 pm

    ကျွန်တော်ကတော ့ရွာထဲရောက်တာ တစ်နှစ်လောက်ရှိပြီဗျ စာလည်း ရေးတက်ဘူး ဖက်တာပဲတက်တာ……….ကွန် ့မန် ့တွေလည်း ိပ်မပေးပါဘူး နေ ့တိုင် ရွာထဲလည်ဖြစ်ပါတယ်…….မမကြီး ဆူးရဲ ့စာတွေကို သဘောကျပါတယ်ဗျာ……..ကြာတော ့ ရွာပြင် မှာနေတဲ ့ရွာသားလေးဖြစ်နေပါပြီဗျာ…………ပစည်းဝေးပွဲလေးတော ့ဖိတ်ပါ……

    • ဆူး

      October 5, 2011 at 10:18 pm

      အစည်းအဝေး ခန်းမ ထဲက ခုံနေရာ တခုခုမှာတော့ ထိုင်နေမှာပါ။ ရွာသား အားလုံး အတွက် ထိုင်ခုံ နေရာ ကိုယ်စီ ပေးတဲ့ ပွဲလေး တခုပါ။

  • xman

    October 5, 2011 at 11:16 pm

    ဒေါ်ဆူးတယောက် အပျင်းပြေ စားစရာ တခုခု သွားယူနေတုန်း လွတ်သွားတဲ့မြင်ကွင်းကတော့
    နှစ်မွှာပူး သုံးမွှားပူးရွာသားတွေ ခပ်သုတ်သုတ် ခပ်လျှိုလျှို ခန်းမထဲ ဝင်သွားတာပါပဲ…………………

  • intro

    October 6, 2011 at 11:16 am

    အန်တီဆူးတို့ရေးချက်ကတော့ အကယ်ဒမီပေးပွဲတောင် သနားတယ် ဖြစ်သွားမယ်… 🙂

    • swam

      October 6, 2011 at 12:22 pm

      ကြီးဒေါ်ဆူး အကူအညီလိုရင်ပြောနော စားပွဲထိုးက အစ မန်နေဂျာ အစုံးပေါ့ဗျာ ။ 🙂

Leave a Reply