အပိုင်း ၂ မှ အဆက်ဖြစ်ပါသည်။

ပေါက်ဖော် ကတော့ အရက်ဆိုတာ သောက်ရင် မူးတတ်ပါတယ်။

(ဒေါင်…)

အီးတုံးမှ နေပြီးတော့ ဆက်လက် အကြံပြုပါတယ်။ ဘီယာဆိုတာ ပါးစပ်ပါတဲ့ မိန်းမတွေ သောက်ချင်ရင် သောက်လို့ ရတဲ့ အရာတခုပါ။ ကျားမ ခွဲခြားတဲ့ ခေတ်ကုန်ပါပြီလို့ ထင်မြင်ပါတယ်။

(ဒေါင်…)

ရွှေဘိုသား ကလည်း အရင်က ရွာမှာ နွားကျောင်းတယ် အခု အင်တာနက်ဆိုင်မှာ ကောင်မလေးချောချောတွေကို ကျောင်းတယ်ဗျာ… ရွာထဲက ကောင်မလေး ချောချော များ ရွှေဘိုသား သက်ရှိထင်ရှား ရှိနေကြောင်း အားလုံးကို သိစေချင်ပါတယ်။

(ဒေါင်…)

intro ကတော့ ကျတော် ကိုကိုအင်လေ ကောင်မလေးချောချော မြင်ရင်လေ.. တခြားတော့ စိတ်မများပါဘူး ဂိမ်း အပြိုင် ဆော့မဲ့သူများ ရှိမလားလို့ အဆိုပြု တင်သွင်းချင်ပါတယ်။

(ဒေါင်……)

မောင်ဘလှိုင်ကတော့ ရွာသားများ အခြေအနေမဲ့ သန်းကြွယ် သူဌေးဖြစ်အောင် ဘာသာပြန် စာပေတွေ များများ တင်ပေးဖို့ ကြိုးစားနေပါတယ်။

(ဒေါင်……….)

အလင်းဆက်ကလည်း အကြံလိုက်ပါတယ်။ ရွာထဲမှာ ဘယ်သူတွေ ဘယ်လောက် ခိုးခိုး ကျတော် ရဲ့ မော်ဒန် ကဗျာ အလန်းစား စာမူလေးကိုတော့ မထိကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျတော့ စာမူတိုင်းဟာ မဂ္ဂဇင်းတိုက်တိုင်းမှာ ရှိနေလို့ပါ။ အချိန်မရေး စာမျက်နှာပေါ်မှာ ပါနိုင်တဲ့ အတွက် မူပိုင်ခွင့် ပြသနာ ရှိနေပါတယ်။ အားလုံးပဲ နားလည်ပေးကြပါ ခင်ဗျာ။

(ဒေါင်…….)

ယဉ်ငြိမ်းနွေ ကတော့ ရှမ်းစာ အထူးအဆန်းလေးတွေ မရိုးအောင် ဆန်းဆန်းပြီး တင်ပေးပေမဲ့ များများ လာစားစေချင်ပါတယ်။

(ဒေါင်….)

လုံး ကတော့ ရွာထဲမှာ ဆဲရေး တိုင်းထွာတာ မဖြစ်သင့်ကြောင်း ဆဲ တဲ့ လူတွေကို ကြပ်ကြပ်မှတ်မှတ် ဆုံးမ သွန်သင်သင့်တယ်။

(ဒေါင်…………)

မနောဖြူလေး ကတော့ ရွာသားတွေ စည်းကမ်း ရှိရှိ ပိုစ်တင်ကြဖို့နဲ့ စည်းကမ်း အတိုင်း နေကြစေလိုပါတယ်။ အထူးသဖြင့် သူများ ပိုစ်တွေ မတင်သင့်ပါဘူး။ ကိုယ်ပိုင်ရေးတဲ့ ပိုစ်ဆိုရင်တော့ ဘယ်နှစ်ခါ ဖြစ်ဖြစ် တင်ဖို့ ခွင့်ပြုသင့်ပါတယ်။

(ဒေါင်………)

မိုးဇတ် ကတော့ ဒူးရင်း၊ ကျွဲကော၊ ကြက်မောက်၊ မင်းဂွတ်သီးများ ကြီးကြီးနု ခြံထဲမှ ရွာထဲမှာ ဖြန့်ဖြူးရောင်းချချင်ပါသည်။

(ဒေါင်………)

ကိုရင်စည်သူ ကတော့ အခါအခွင့်သင့်လို့ ဂျီပွန်ကို ရောက်ရင် အိုက်ဒိုးပဂေးစံဖို့ အကူအညီများ ရနိုင်မလားလို့

(ဒေါင်……..)

Blackchew ကတော့ သူကြီးစစ်တဲ့ စာမေးပွဲမှာ အားလုံးကို အောင်မှတ် ရစေချင်ကြပါတယ်။

(ဒေါင်……….)

ကြေးမုံ ကတော့ အင်္ဂလိပ်စာကတော့ အင်တာနေရှင်နယ် ဖြစ်တဲ့ အတွက် အင်္ဂလိပ်လိုပဲ ပြောချင်ပါတယ်။ အင်္ဂလိပ်လို ရေးရင် ပိုစ်တွေ လူသတိထား ဖတ်တာ နည်းတယ် ဆိုတာ သတိထားမိတယ်။

(ဒေါင်…….)

မောင်သန်းထွဋ်ဦးကတော့ မီးမီးသော် ဆိုတာ တချိန်က ရာဇ၀င်ထဲက မင်းသမီး တပါးဖြစ်ခဲ့ပါတယ်။

(ဒေါင်…………)

ရွှေနီကတော့ သူယောင်မယ် သူယောင်သီး ရှာဖွေပြီး ကြီးပွားနေတာ မဟုတ်ပါဘူး ပညာရှာမှီးနေတာ ဖြစ်ပါတယ်။

(ဒေါင်………..)

အာဖျံကွီးကတော့ ရွာအစည်းအဝေးကို တက်ရောက်ပေမဲ့ ရွာနဲ့အဆက်ပြတ်နေတာ ကြာသလိုဖြစ်နေခဲ့ပါပြီ။ မှတ်မိကြသေးလားလို့ အသံပေးကြည့်တာပါ။

(ဒေါင်…………)

ချာတူးလန် ကတော့ တိတ်ဆိတ်နေပေမဲ့ မျက်ခြေမပြတ် ကြည့်လျက် ရှိပါတယ်။ အားလုံးပဲ သတိဝိရိယ ရှိကြပါစေ။

(ဒေါင်……..)

တညင်သား ကတော့ ကျတော် တညင်သားပါ ကိုရီးယားမှာ နေလို့ ကိုရီးယား မင်းသားနဲ့ မလွဲမှားပဲ တညင်သားလို့သာ ခင်ပေးကြဖို့ တောင်းဆို ချင်ပါတယ်။

(ဒေါင်………)

သြဇီ ဦးဖော ကတော့ ကျတော် ရပ်ရွာ အရေး အတွက် ၂သိန်း ပေးတာ သဂျီးရဲ့ အိမ်တိုင် ချွတ်ရောင်းရမဲ့ ပြသနာကို ကိုယ်ချင်းစာနာပြီး ထုတ်ပေးတဲ့ သဘောပါ တခြား ဘာမှ မမျှော်လင့်ပါဘူး

(ဒေါင်……..)

မောင်ပေ ကတော့ ကျတော် ရွာထဲမှာ စုံထောက် လန်ဘား ကို ထောက်လှမ်းခိုင်းတာ ကျတော်တို့ အများ မသိသေးတဲ့ ကိစ္စတွေ တော်တော် များများ သိထားပါတယ် ထုတ်ဖော်ေ……..

(ဒေါင်……….)

နေးချားကတော့ ရှားလော့ဟုမ်း ရဲ့ ၀တ္တုတွေလို စုံထောက်ကြီး လုပ်ပြီး လျို့ဝှက်ချက်တွေ ဖော်……………

(ဒေါင်…….)

ရွှေအိ ကတော့ အန်ဂျီအို ဆိုတာ စေတနာ ထားလုပ်သလောက် ကုသိုလ်ရပေမဲ့ ပင်ပန်းတယ် ဆိုတာ အများလည်း သိစေချင်ပါတယ်။

(ဒေါင်…….)

နန်းရှင်ကတော့ မောင်ရှင့် အဖေ ကျတော် နန်းရှင် မဟုတ်တာ သေချာပါတယ် ခင်ဗျာ..

(ဒေါင်…….)

လင်းဝေကျော် က.. ကျတော်ကတော့ စာတွေ သေသေချာချာ ရေးပါတယ်။ ရွာသားတွေ ကို လေ့လာ စောင့်ကြည့်နေတာ ၁နှစ်ခွဲကျော်ပြီပေါ့ဗျာ..

(ဒေါင်…)

ကိုပေါက် ကတော့ ရွာထဲမှာ ပုံတွေ တင်တယ် ဆိုတာ ကျတော် သိတာလေးတွေ မြင်တာလေးတွေ ရွာသားတွေနဲ့ အတူ မျှဝေ ခံစားနိုင်အောင် တင်ပေးတာပါ။

(ဒေါင်……..)

့ပန်ပန် တခု ပြောချင်ပါတယ်။ ဘယ်မင်းသမီးတွေပဲ ခွဲစိတ်ခွဲစိတ် ကိုယ့်လောက်မှမလှတာပဲ…..သူတို့ခွဲစိတ်တာ စိတ်မ၀င်စားပေါင်။

(ဒေါင်……….)

နိုဇိုမိ က.. သေခြင်းတရားဆိုတာကတော့ လူတိုင်းက အချိန်တိုင်းမှာ ရင်ဆိုင်နေရတာပေါ့.. ကြားဖူးတာလေး တစ်ခု ဘက်ခမ်းတို့ လင်မယားလို့ထင်တယ် (မှားရင်ပြင်ပေးပါနော်) ခရီးသွားရင် လေယာဉ်ပျံ တစ်စီးထဲ နှစ်ယောက်အတူတူ မစီးပါဘူးတဲ့ တစ်စီးဆီ ခွဲသွားတယ် ဆိုပဲ မတော်တဆ အန္တရာယ်ကြုံခဲ့ရင် ကလေးတွေအတွက် မိဘမဲ့ဖြစ်သွားမှာဆိုးလို့.. အဲဒါကို အတုယူပြီး နော်ဝေးကို အိမ်သူ ခေါ်မသွားပဲ တကိုယ်တည်း အခြေဆန့်ခဲ့တာပါ။

(ဒေါင်……..)

စုံစုံကတော့ ကျမ အမျိုးသား ဗေဒင်မေးတာ မကြိုက်လို့ မမေးရတာနဲ့ ဗေဒင်မေးတဲ့ ကိစ္စ လစ်ဟင်းခဲ့တာ ကြာပါပြီ။ မယုံမရှိနဲ့ ကျမ အမျိုးသား သက်သေရှိပါတယ်။

(ဒေါင်…)

သဂျီး ခမျာ ရွာသားများ တယောက် တခွန်းစီ အဆိုတင်သွင်းနေကြတာ နားထောင် လက်ထောင်ပြပြီး ခေါင်းညိမ့်နေတဲ့ ဘ၀ကို ငြီးငွေ့လာဟန်ရှိသည်။ လက်ထောင်ပြချိန်တွေက စည်းချက်ဝါးချက် မညီ ထောင်ချင်တဲ့ လက်ကို ထောင်ပြီး ပျင်းရိပျင်းတွဲ လက်ထောင်နည်းနဲ့ ထောင်ပြီး အမြန်အဆန် လက်မချပဲ နောက်တခါ လာတဲ့ အဆို အတွက် လက်ကို လမ်းတ၀က်မှာတင် ထားပြီး ဆက်တိုက် ထောင်ပြနိုင်ဖို့ ကြိုးစားနေရပါတယ်။ ဒီဂျေသံကြားမှာ ခေါင်းတညိမ့်ညိမ့် လုပ်သလိုမျိုး ဟန်တလုံးပန်တလုံး လုပ်ပေမဲ့ အားမာန် အပြည့် မရှိသလို ဖြစ်နေတယ်လို့ မြင်မိပါတယ်။ အဆိုပြုလွာများ ရပ်သလို ဖြစ်သွားတဲ့ အချိန်မှာ

နောက်ထပ် မီးနီ တခု လင်းလာပါတယ်။

တာဝန်ပြီးဆုံးလို့ ၀မ်းသာ သလိုဖြစ်တဲ့ အချိန်မှာ မှေးနေတဲ့ မျက်စိများ ရုတ်တရက် ပြူးကျယ်သွားပါတယ်။

မီးလင်းအောင် နိပ်ပြီး အဆိုပြုလွာ တင်သွင်းတဲ့ သူကတော့ မီးလေး ဖြစ်ပါတယ်။

ကျမ ငယ်ငယ်ကတော့ ပုံဆွဲတာ တော်တော် ကိုဝါသနာပါခဲ့ပါတယ်။ ကာတွန်းတွေ ရုပ်စုံတွေကိုလည်း ပုံတူတွေ ကူးဆွဲပြီး ဆေးရောင်ခြယ်ခဲ့ပါတယ်။ အခုတော့……..

ပင်ပန်းနေတဲ့ သဂျီး စိတ်မပါတော့တဲ့ အတွက် စကားတောင် ဆုံးအောင် နားမထောင်တော့ပါဘူး ချက်ချင်း လက်ထောင် ခေါင်းညိမ့်ပြီး ခေါင်းလောင်း ထိုးခိုင်းလိုက်ပါတယ်။

(ဒေါင်…..)

နေ၀န်းနီကလည်း ဆက်လက် အဆိုတင်သွင်းပါတယ်။ မဆုံးတဲ့ သီချင်းတွေ ရေးနေပေမဲ့ တခါတရံ ဆုံးသွားတဲ့ အခါ ဘာဆက်လုပ်ရမှန်း မသိပဲ ချာချာလည်လည် ဖြစ်နေမိတယ်။ ဆေးလိပ်တိုကိုက်ပြီး စာရိုက်တာ မီးပေါက်လို့ လက်နာသွားလို့ ခဏတဖြုတ် ရွာထဲမှာ သီချင်းလေး ဆုံးထားပါတယ် မကြာခင် မဆုံးတော့ပါဘူးလို့ အားလုံးကို အသိပေးချင်ပါတယ်။

(ဒေါင်……..)

parlayar46 ကတော့ ရွာသားတွေကို အဆိုပြုတာထက် သဂျီး ကိုယ်တိုင် ခန္ဓာငါးပါး ဆိုတာ သေချာ သိစေချင်ပါတယ်။

ခပ်တည်တည်နဲ့ ခေါင်းညိမ့်လက်ထောင်ပြီး ရုတ်တရက် ခေါင်းခါလိုက်ပါတယ်။ လက်ထောင်တာကို ကြည့်ပြီး ထု နေတဲ့ ခေါင်းလောင်းကတော့ အသံထွက်မြဲ ထွက်လာပါတယ်။ (ဒေါင်……….)

ခန်းမ ထဲမှာ ခပ်တည်တည်နဲ့ အဆိုပြုနေကြတဲ့ ရွာသားများ မချိတင်ကဲ ပြုံးစိစိနဲ့ မရဲတရဲ အရှေ့က သောက်ရေသန့်ပုလင်းလေး ကွယ်ပြီး ရယ်နေကြပါတယ်။ ရယ်နေတဲ့ ရွာသားများ ပုံရိပ်ကိုတော့ ကင်မရာမန်းကတော့ အမိအရ ဖမ်းယူရိုက်ကူးထားပါတဲ့ အတွက် ရုပ်မြင်သံကြားမှာ ပီပီပြင်ပြင် မြင်လိုက်ရပါတယ်။

 

 

အပိုင်း ၄ ဇတ်သိမ်း မျှော်

 

About ဆူး

has written 398 post in this Website..