ပြည်တွင်းအခွန်များဦးစီးဌာနအမြတ်ခွန်ဌာနခွဲဝင်ငွေကြေညာလွှာတင်သွင်းရန်နှိုးဆော်

klnMay 17, 20101min651

အမြတ်ခွန်ဥပဒေအရ အခွန်စည်းကြပ်ခံရပြီးသည့် အခွန်ထမ်းအားလုံးနှင့် ၁-၄-၂၀၀၉ရက်မှ ၃၁-၃-၂၀၁ဝရက်အထိ ဘဏ္ဍာနှစ်အတွင်း ၁၀၀၀ဝကျပ် နှင့် အထက် ဝင်ငွေရရှိသူများသည် ဝင်ငွေကြေညာလွှာပုံစံတွင် ပြည့်စုံစွာရေးသွင်း၍ ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး၂၀၁ဝခုနှစ် ၊ ဇွန်လ ၃ဝရက်ထက် နောက်မကျစေဘဲ သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးသို့ အရောက်ပေးပို့ရန် လိုအပ်ကြောင်းနှိုးဆော်ပါသည်။ ဝင်ငွေကြေညာလွှာပုံစံများကို သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးများတွင် အခမဲ့ ရယူနိုင်ပါသည်။ ဝင်ငွေကြေညာလွှာကို လူကိုယ်တိုင်သို့မဟုတ် စာတိုက်မှ ချောစာဖြင့် ပေးပို့နိုင်ပြီး လူကိုယ်တိုင်ပေးပို့ပါလျှင် လက်ခံရရှိကြောင်း အထောက်အထားကို သက်ဆိုင်ရာရုံးမှထုတ်ပေးမည်ဖြစ်ပါသည်။ အမြတ်ခွန် ဥပဒေပုဒ်မ -၂၂၊ ပုဒ်မခွဲ(ခ) အရ လုံလောက်သောအကြောင်း မရှိဘဲ သတ်မှတ်ထားသော အချိန်အတွင်း ဝင်ငွေကြေညာလွှာပေးပို့ရန် ပျက်ကွက်ပါက စည်းကြပ်မှုအရ ထပ်မံပေးသွင်းရမည့် အခွန်၏ တစ်ဆယ်ရာခိုင်နှုန်းထက်မပိုသော ငွေကို ဒဏ်ငွေအဖြစ်ပေးဆောင်ရမည်ဖြစ်ကြောင်းအသိပေးပါသည်။ မရှင်းလင်းသော အချက်များရှိပါက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် စုံစမ်းမေးမြန်းနိုင်ပါကြောင်း သိရသည်။

One comment

  • susunosuki

    May 18, 2010 at 9:34 am

    အခွန်ကဘယ်နှစ်ရာခိုင်နှုန်းဆောင်ရမှာလဲ
    အခွန်ဆောင်ဆိုရင်တော့ ဆောင်ရမှာပေါ့
    ကျွန်တော့်တစ်လခက ၉၉၉၉ ကျပ်

Leave a Reply