ကဲ… ဘာလှူကြမလဲ

banbanMay 17, 20101min1067

တစ်နေ့  မူလတန်းကျောင်းတစ်ကျောင်းမှာ ဝန်ကြီးရောက်လာပီး ကျောင်းအခြေအနေကိုလာကြည့်ပါတယ်။  ကျောင်းစာသင်ခန်းတွေကိုပါ ဝင်ကြည့်ပီး ကျောင်းသား/သူတွေကို စကားပြောပါတယ်။

” သားတို့သမီးတို့အနေနဲ့ ကျောင်းစည်းကမ်းကိုလိုက်နာရမယ်။ တစ်ကိုယ်ရေကျန်းမာရေးကို ဂရုစိုက်ရမယ်။ သားတို့သမီးတို့အနေနဲ့  ကျောင်းကြီးသန့်ရှင်းလှပဖို့အတွက် တံမြက်စည်းတွေ ရေအိုးတွေ ရေစစ်တွေလှူရမယ် ”

လို့ ပြောလိုက်ရော ကျောင်းသားတစ်ယောက်ကထပီး

” သား က တံမြက်စည်း လှူပါမယ့်ခင်ဗျ ”

ကျောင်းသူတစ်ယောက်ကလည်း

” သမီးက ရေစစ်လှူပါမယ်ရှင့် ”

ကျောင်းသားတစ်ယောက်ကလည်းအားကျမခံထပီးပြောသည်။

” သားက ဆရာမအတွက် ထမီ လှူပါမယ်ခင်ဗျ”

7 comments

  • Rain girl

    May 17, 2010 at 7:54 am

    အို အဲ့လိုလှုရတယ်လား။ ထမိန်က ကောင်းမှနော်။ ရွှေပါတိတ်နော်။ နောက်ဆုံးပေါ်အဆင်ဖြစ်ရမယ်။ ဈေးနည်းရင်မသက်သာဘူးနော်။ ဟိ……..။ အဆင်တူရင် မကြိုက်ဘူး ပြန်လဲပေး။

  • intro

    May 17, 2010 at 9:23 am

    တော်တယ်… သူပဲ အရေးအကြီးဆုံး အရာကို နားလည်တယ်… ဒီကလေး ကြီးပွားဦးမယ်… ဟီးဟီး

  • Shwemannmay

    May 18, 2010 at 5:32 am

    ကြည့်စမ်း ကလေးက လမ်းကြောင်းကိုနားလည်တယ်

  • susunosuki

    May 18, 2010 at 9:27 am

    ” သားက ဆရာမအတွက် ထမီ လှူပါမယ်ခင်ဗျ”ဒါဆိုယူလိုက်
    အဆင့်တစ်
    အပြင်ကျောင်းတွေမှာတော့ဒါတွေမရှိပါဘူး

  • လင်းငယ်

    August 22, 2010 at 6:22 am

    ဒါကတော့ ကျောင်းသားအတွက် ရှေ့ရေးကို တွေးတတ်တဲ့ ကလေးတစ်ယောက်လို့ ထင်ကြမှာပါ။
    ဒါပေမယ့် အဲဒီ လမ်းက အဆုံးသတ်မကောင်းတဲ့ လမ်းပိတ်တစ်ခုများ ဖြစ်နေမလား မသိဘူး။

  • Yin Nyine Nway

    August 22, 2010 at 9:17 am

    ဟာ သီတင်းကျွတ်နီးပြီလေ

Leave a Reply