မှတ်ပုံတင်မရှိတဲ့ပါတီ အင်န်အယ်ဒီ – U Win Tin

kaiOctober 5, 20112min18915

ဦးဝင်းတင်နဲ့ မေးခွန်းများကို မိုးမခမှ တိုက်ရိုက်ကူးယူဖေါ်ပြသည်။ http://moemaka.com/
သေချာစွာဖတ်ရှုလေ့လာပြီး အောက်ပါ Poll ကို ဖြည့်စွက်ပေးစေလိုပါသည်။

ပြောရရင် မိုးမခက.. ဒီရက်ပိုင်းဘာမပြောညာမပြောနဲ့.. ဝက်ဘ်ဆိုက်ရဲ့ CMS စံနစ်တခုလုံးပြောင်းထားပါတယ်.။
အဲဒီတော့.. ကျုပ်တို့ နဲ့တူူတူ WordPress  ဖြစ်လို့နေတာပေါ့..။
အခုစာတွေယူသုံးတာ.. ခွင့်မတောင်းထားပါဘူး..။ မကျေမနပ်ဖြစ်မယ်တော့ မထင်ပါ။ ထင်လည်း တောင်းပန်ပြီး ပြန်ဖျက်လိုက်တာပေါ့နော..။

ဦးဝင်းတင်တို ့မှာ ကိုယ်ပိုင်မီဒီယာမရှိတော့.. . ပြောနေတာတွေက.. လူတွေအသိပေးချင်လို့ပဲယူဆပြီး.. (အချိန်လည်းကိုက်နေတာမို့..) ကူးတင်ပေးလိုက်တာပါပဲ..။

ဆိုတော့.. အဲဒီမိုးမခမှာလည်း ..ကော်မန့်တွေသွားရေးလို့ရပါတယ်..။ အဲဒီမှာတော့..ပွိုင့်မပေးပါဘူး..။
ဦးဝင်းတင်ဆီ International Calling ဖုံးဆက်ရတာမို့.. ဖုံးဖိုးကုန်မှာက ပိုများမယ့်ပုံပေါက်ပါတယ်..။  🙂

ဒီမှာတော့.. ပြည်တွင်းလူတွေလည်း တော်တော်ကြည့်ကြဖတ်ကြတာမို့…  Poll လုပ်ပေးထားတာပါ…၊
စိတ်ရှင်းရှင်းထားပြီး.. အစွဲမပါပဲ ဖြည့်ကြည့်စေလိုတာပါပဲ..။

မကြာခင် အင်န်အယ်ဒီကတခုခုဆုံးဖြတ်ပါလိမ့်မယ်..။ အဲဒီမှာ.. Vote ငါပေးထားတာနဲ့တူတယ်ဆို.. နိုင်ငံရေးပရောဟိတ်ကြီးလုပ်လို့ရတယ်ဆိုပြီး.. ဂုဏ်ယူချင်ယူပေါ့နော..။

(polls)

မှတ်ပုံတင်မရှိတဲ့ ပါတီ – အင်န်အယ်ဒီ
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ အောက်တိုဘာ ၂၊ ၂၀၁၁
ပြီးခဲ့တဲ့ စနေနေ့က ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့စဉ်မှာ လက်ရှိမြန်မာပြည်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အကြောင်းအရာတွေကို အဓိကထားမေးဖြစ်ပါတယ်။ တတိယအကြိမ်မြောက်တွေ့ဆုံခဲ့ကြတဲ့ ဒေါ်စုနဲ့ ဦးအောင်ကြည်တို့ သတင်းစာရှင်းလင်းပွဲမှာ အင်န်အယ်ဒီပါတီနဲ့ လက်ရှိအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးတာတွေ၊ သမ္မတကြီး ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အကြောင်းနဲ့ ပြည်သူ့ဆန္ဒထုတ်ဖော်နေတဲ့ လှုပ်ရှားမှုတွေရဲ့ ရှေ့အလားအလာတွေအကြောင်းကို သဘောထားမေးမြန်းခဲ့ပါတယ်။
လက်ရှိမှာ အင်န်အယ်ဒီက အစိုးရယခင်ကပြောနေတဲ့ ဖျက်သိမ်းခြင်းခံထားရသော အင်န်အယ်ဒီဆိုတဲ့ အသုံးအနှုံးကနေ မှတ်ပုံမတင်ထားသော ပါတီအဖြစ် ပြောင်းလဲပြီး သုံးစွဲလာတယ်။ လက်ရှိအာဏာပိုင်တွေ ဆိုလိုတာက ၁၉၉ဝ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ထားခဲ့ပြီးတာထက် ၂၀၁ဝ ရွေးကောက်ပွဲဥပဒေ မှာ မှတ်ပုံမတင်တဲ့သဘောဆိုပြီး ရည်ရွယ်ပြီး ပြောလာတယ်။ အဲသည်လိုမျိူး အသုံးအနှုံးကို ဆရာဘယ်လို သဘောထားသလဲ။
ကျနော့်သဘောထားကို မပြောခင် လက်ရှိ ကျနော်တို့ပတ်ဝန်းကျင်မှာ အမျိုးမျိူးအဖုံဖုံပြောနေတဲ့ သဘောထားတွေကို ပြောပြချင်တယ်။ အင်န်အယ်ဒီက ၂၀၁၀
ရွေးကောက်ပွဲဥပဒေမှာ မှတ်ပုံမတင်ခဲ့ဘူး။ အခု ၂၀၁၁ မှာ ရွေးကောက်ပွဲဥပဒေ တမျိူးတဖုံဖြစ်လာမှာမို့လို့ အင်န်အယ်ဒီပါတီက မှတ်ပုံတင်ချင် တင်လာနိုင်တယ်လို့ ပြောလာတာတွေ ရှိနေတယ်။ ကျနော်ကိုယ်ပိုင်သဘောထားကို ပြောရမှာကတော့ အဲသည်တုံးက ၂၀၁ဝ ရွေးကောက်ပွဲဥပဒေကို လက်မခံနိုင်ဘူးဆိုပြီး ကျနော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ အင်န်အယ်ဒီပါတီကို မှတ်ပုံမတင်ခဲ့ဘူး။ အဲသည့်အတွက် သူတို့က အင်န်အယ်ဒီပါတီက ဖျက်သိမ်းပြီးဖြစ်သော ပါတီဆိုပြီး ပြောဆို သုံးစွဲလာခဲ့ကြတယ်။ အခုကျတော့ မှတ်ပုံမတင်သေးတဲ့ ပါတီဆိုပြီး သုံးစွဲလာတော့ အများအမြင်မှာ မှတ်ပုံတင်တော့မလိုလို ဖြစ်လာတယ်။ ဒါက လိုရာကို ဆွဲပြောနေသလိုဖြစ်လာတယ်။ ဒီတော့ အင်န်အယ်ဒီက မှတ်ပုံတင်မယ့် အလားအလာရှိတယ်လို့ ပြောလာကြတယ်။
အင်န်အယ်ဒီပါတီဆိုတာက နိုင်ငံရေးပါတီတခုဖြစ်တော့ ပါတီကိုမှတ်ပုံတင်တာတို့၊ နိုင်ငံရေးလုပ်ငန်းတွေ လုပ်ကိုင်တာတို့၊ ရွေးကောက်ပွဲဝင်တာတို့ စတဲ့ နိုင်ငံရေးလုပ်ငန်းသွင်ပြင် လက္ခဏာတွေကို သွေဖီပြီး အမြဲတန်း နေလို့ ရပါ့မလား ဆရာ။ ဒါတွေကို သူနဲ့ မသက်ဆိုင်ဘူးဆိုပြီး နေနေလို့ ရပါ့မလား။
ဒီမိုကရေစီစနစ်ကို သက်ဝင်ယုံကြည်တဲ့ နိုင်ငံရေးပါတီတခုဟာ ရွေးကောက်ပွဲဝင်ရမှာပေါ့။ ဒီမိုကရေစီပါတီတရပ်ဟာ မှတ်ပုံတင်ရမှာပေါ့။ ဒီမိုကရေစီနည်းကျ နိုင်ငံရေးလုပ်မယ်ဆိုမှတော့ မြေအောက်သွားမယ့်အဖွဲ့လည်းမဟုတ်ဘူး၊ လက်နက်ကိုင်ပြီး အာဏာသိမ်းတဲ့ ပါတီလည်း မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ဟာ အရင်ကတည်းက ဘယ်လိုပြောခဲ့သလဲဆိုတော့ ကျနော်တို့ဟာ ၁၉၉ဝ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ခဲ့တဲ့၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ တရားဝင်ပါတီတရပ်အဖြစ် ဆက်လက်ရပ်တည်နေတာဖြစ်တယ်။ ဒီသဘောထားကို ကျနော်တို့က ကိုင်စွဲထားခဲ့တာ ဖြစ်တယ်။ အခုအချိန်မှာ ပါတီက ရှိနေတယ်။ မှတ်ပုံတင်ထားသည်ဖြစ်စေ မဖြစ်စေ ရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အင်န်အယ်ဒီပါတီနဲ့ အတူရပ်တည်ပြီး ရှိနေတယ်။ သူကိုယ်တိုင်ကလည်း မှတ်ပုံတင်ရေးကိစ္စကို စီအီးစီနဲ့ တိုင်ပင်ပြီးမှပဲ ပြောလို့ရမယ်လို့ ပြောခဲ့တယ်။ သူတဦးတည်း သူ့သဘောတခုတည်း ဆောင်ရွက်တာမျိူး မရှိဘူးဆိုတာ မြင်နိုင်ပါတယ်။
ဆရာတိုု့ဘက်က မှတ်ပုုံတင်တာ၊ ရွေးကောက်ပွဲဝင်တာ မဝင်တာ စတာတွေကိုု အချိန်အတိုုင်းအတာ ဘယ်လောက်အထိ ပေးထားသလဲ။
ဒေါ်အောင်ဆန်းစုုကြည် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားသလိုုပေါ့။ ကျနော်တိုု့က ရွေးကောက်ပွဲ ဆိုုတာကိုု ငြင်းနေတာ မဟုုတ်ဘူး။ ဒီမိုုကရေစီပါတီရဲ့ ဖြစ်စဉ်ထဲမှာ ရွေးကောက်ပွဲဝင်တယ်ဆိုုတာက ပါဝင်နေတာပဲ။ သိုု့သော် ရွေးကောက်ပွဲဆိုုတာမှာ ဘယ်လိုုစည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထားသလဲ၊ ဘယ်လိုု သတ်မှတ်ထားတွေကိုု ရှိနေသလဲ။ ဒါတွေနဲ့ သက်ဆိုုင်တယ်။ ဘာာပဲပြောပြော ကျနော်တုို့ကတော့ သည် ၂၀၁၁ ခုုနှစ်အတွင်းမှာပဲ ဒါတွေကိုု အဖြေပေါ်အောင် လုုပ်ရလိမ့်မယ်လိုု့ပြောချင်တယ်။ ပါတီ မှတ်ပုုံတင်မလား၊ မတင်ဘူးလား။ ရွေးကောက်ပွဲ ဝင်မလား၊ မဝင်သေးဘူးလား ဆိုုတာတွေကိုု ကျနော်တိုု့က ဒီ ၂၀၁၁ ခုုနှစ်အတွင်းမှာပဲ အဖြေထုုတ်ရမယ်၊ အဖြေပေးရမယ်လိုု့ ကျနော်ကတော့ ပြောချင်တယ်။
အဲသည်တော့ ဆရာ့ပတ်ဝန်းကျင်မှာ အဲသည်အပေါ်မှာ ဘယ်လိုု သဘောထားတွေ ဖြစ်နေကြသလဲ ဆရာ။
တချို့ကတော့ ၂၀၁၁ ခုုနှစ်ထဲမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အင်န်အယ်ဒီပါတီက မှတ်ပုုံတင်ပြီး ဝင်မယ်ဆိုုရင် အမတ်ဦးရေကလည်း ၄၉  ယောက်လောက်ပဲ ရှိတယ်။
သူတိုု့သတ်မှတ်ထားချက်တွေအရ နယ်စွန် နယ်ဖြားက ကိုု်ယ်စားလှယ်တွေကိုု ထုုတ်ပြီး ကြည့်လိုုက်ရင် အမတ်ဦးရေကလည်း နည်းနည်းပဲ ရှိတယ်။ အဲသည်လိုု ရွေးကောက်ပွဲဝင်မယ့်အစား အင်န်အယ်ဒီပါတီက သင့်တင့်လျောက်ပတ်တဲ့ အနေအထားရှိလိုု့ မှတ်ပုုံတင်မယ်ဆိုုရင်လည်း မှတ်ပုုံတင်ပြီးတော့ တရားဝင်ပါတီအဖြစ် လှုပ်ရှားနေမယ်။ အခုု လွှတ်တော်သက်တမ်းကုုန်ဆုုံးသွားတဲ့အထိ ပါတီက မှတ်ပုုံတင်ထားတဲ့ ပါတီအဖြစ် ရပ်တည်သွားပြီးတော့ နိုုင်ငံရေးလှုပ်ရှားမှုတွေ၊ စည်းရုုံးလှုံဆော်မှုတွေ
လုုပ်သွားမယ်။ ခိုုင်ခိုုင်မာမာ ဖြစ်လာမယ်။ ဒီလိုုမျိူး တွက်ချက်တဲ့သူတွေက တွက်တယ်။
ဒါဆိုုရင်  ၂၀၀၈ အခြေခံဥပဒေကိုု ကျောထောက်နောက်ခံပြုထားတဲ့ ၂၀၁ဝ ရွေးကောက်ပွဲဥပဒေကြီးကိုု ဆရာတိုု့က ဘယ်လိုုမျိူး ရင်ဆိုုင်မှာလဲ။ အဲဒါကိုုကော တချို့တွေက ဘယ်လိုု
သုုံးသပ်ပြောဆိုုတာမျိူး ရှိသလဲ။
အဲဒါကြောင့် တချို့ကလည်း ဘာပြောသလဲဆိုုတော့ … ဘာပဲဖြစ်ဖြစ် မှတ်ပုုံတင်ပြီးတော့ ရှိနေတဲ့ ရွေးကောက်ပွဲကိုု ဝင်၊ လွှတ်တော်ထဲအထိ သွား၊ ပါတီရဲ့ စိတ်ကောင်း စေတနာကောင်းတွေကိုု ပြသရာရောက်တယ်။ လက်ရှိ စစ်တပိုုင်းအစုိုးရနဲ့ တိုုင်းပြည်အမှန်တကယ်အကျိူးရှိတဲ့ ကိစ္စတွေကိုု ပူးပေါင်း ဆောင်ရွက်လိုု့ ရတယ်။ အချိန်စောင့်နေစရာ မလိုုဘူးလိုု့ ပြောတာမျိူးတွေလည်း ရှိတယ်။ ဒီမိုုကရေစီဖက်ကိုု အားသန်တဲ့ ဦးသိန်းစိန်အစုိုးရအင်အားတွေနဲ့ ပိုုပြီး လက်တွဲဆောင်ရွက်မှုတွေ ဖော်ဆောင်လာနိုုင်မယ်လိုု့ တချို့က ပြောလာတယ်။ ဥပမာ အခုုပဲ မြစ်ဆုုံဆည်လိုုဟာမျိူးကိုု ရပ်စဲပစ်လိုုက်နိုုင်တယ်။ အဲသည်ကနေတဆင့် နိုုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ တုိုင်းရင်းသားဒေသတွေ ငြိမ်းချမ်းရေး၊ ပြည်တွင်းမှာရှိတဲ့ လယ်သမားတွေ၊ အလုုပ်သမားတွေရဲ့ အခွင့်အရေးတွေ တိုုးမြှင့်ရေး၊ ရရှိရေးတွေကိုု မြင့်တက် ဆောင်ရွက်လာနိုုင်တယ်လိုု့ ယူဆတဲ့သူတွေကလည်း ရှိလာတယ်။
       ဒါပေမယ့် ကျနော်တိုု့ဖက်က ပြောစရာရှိတာက ၂၀၀၈ အခြေခံဥပဒေကြီးက ကန့်လန့်ကြီးခံနေတယ်။ ၂၀၁ဝ ရွေးကောက်ပွဲဥပဒေဆိုုတာကလည်း ကျနော်တိုု့အပေါ်မှာ တင်းတင်းမာမာ လုုပ်ထားတာတွေ ရှိတယ်။ အဲသည် ဥပဒေတွေက အဲသည်လုိုမျိူး မဟုုတ်ခဲ့ရင် ကျနော်တိုု့ပါတီအနေနဲ့က မှတ်ပုုံတင်တဲ့ကိစ္စက ဖြစ်နိုုင်တယ်။  အရင်ဆုုံး မှတ်ပုုံတင်တဲ့နေရာမှာ ၂၀၁ဝ ရွေးကောက်ပွဲဥပဒေက အချက်အလက်တွေ ပျော့ပျော့ပြောင်းပြောင်းလုုပ်လိုုက်ရင် ဥပမာ – ၂၀၀၈ အခြေခံဥပဒေကိုု သစ္စာခံရမယ်တိုု့၊ အဲသည်တုုန်းက အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်စုုနဲ့တကွ နိုုင်ငံရေးအကျဉ်းသားတွေကိုု ပါတီကနေ ပစ်ပယ်ရမယ်တိုု့၊ ၉ဝ ရွေးကောက်ပွဲရလဒ်ကိုု စွန့်လွှတ်ရမယ်တိုု့ ဆိုုတာတွေကြောင့် ကျနော်တိုု့က
မှတ်ပုုံမတင်ခဲ့တာ ဖြစ်တယ်။
ဒါဆိုုရင် ပါတီမှတ်ပုုံတင်တာ၊ ရွေးကောက်ပွဲဝင်တာနဲ့ လွှတ်တော်ထဲဝင်ရောက်တာတွေအတွက် အဆင့်ဆင့်တိုုင်းမှာ အခြေအနေတွေ အပြင်အဆင်တွေ လိုုအပ်တယ်၊ လုုပ်ရမယ်လိုု့ ဆရာက ပြောချင်တာပေါ့။
ဟုုတ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကိုု သိပ်ပြီးတော့ တင်းတင်းမာမာကိုုင်တွယ်တာ မရှိဘူးဆိုုရင် မှတ်ပုုံတင်တယ်ဆိုုတာက လွယ်လွယ်ကူကူ ဖြစ်လာနိုုင်တယ်။ သိုု့သော် ရွေးကောက်ပွဲဝင်ခြင်းဆိုုတာမှာကျတော့ အချက်တခုုအနေနဲ့ လွှတ်တော်ထဲမှာ အခြေခံဥပဒေကိုု ပြင်နိုုင်တာ မရှိ်ဘူး၊ ဖယ်ရှားနိုုင်တာလည်း မရှိဘူး၊ စစ်လက္ခဏာဆောင်တဲ့ လွှတ်တော်ကြီးဖြစ်နေတယ် ဆိုုရင်တော့ လွှတ်တော်ထဲဝင်ဖိုု့ ရွေးကောက်ပွဲဝင်ရေးဟာ အများကြီး အဟန့်အတားဖြစ်နိုုင်ပါသေးတယ်။
ဟိုုတုုန်းက မဖြစ်သေးတဲ့ လွှတ်တော်နဲ့ အခုုပေါ်လာတဲ့ လွှတ်တော်က အခင်းအကျင်းမှာကော ဘယ်လုိုမျိူး မြင်တွေ့ရပြီလဲဆရာ။ ခုုနင်က သမ္မတကြီး ဦးသိန်းစိန်အစိုုးရရဲ့ လက်ရှိ အနေအထားကိုု ပြန်စဉ်းစားမယ်ဆိုုရင်ကော။
အစုိုးရဖက်က ဘယ်လောက် အခုုလက်ရှိမှာ ဘယ်လောက်လိုုလားသလဲဆိုုတာနဲ့ ကြည့်ရမှာ ဖြစ်တယ်။ အခုု သမ္မတကြီးဦးသိန်းစိန်ပြောသွားတာ တခုုရှိတယ်။ အခြေခံဥပဒေတွေလည်း
ပြင်သင့်ပြင်ရမှာပဲလိုု့ ပြောသွားတာရှိတယ်။ အဲသလိုုဆိုုရင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ထဲမှာ ဘယ်လိုုဆောင်ရွက်နိုုင်မလဲဆိုုတာလည်း မူတည်တာပေါ့။ အဲသည်အတွက် နောက် ၅ နှစ်လုုံးလုုံး ၁၅ နှစ်လုုံးလုုံး စောင့်ဆုိုင်းနေစရာမလိုုဘဲ အခုုကတည်းက လွှတ်တော်တွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်လာနိုုင်မယ်ဆိုုရင် ဒီမိုုကရေစီလက္ခဏာတွေက စစ်လက္ခဏာတွေကိုု ကျော်လွှားပြီး ဘယ်လောက် ဖော်ဆောင်လာနိုုင်လဲဆိုုတာကိုု ကြည့်ကြရမှာဖြစ်တယ်။
အခုုအချိန်မှာ အင်န်အယ်ဒီကိုု မှတ်ပုုံတင်ဖိုု့ တော်တော်လိုုလိုုလားလားရှိနေတယ်ဆိုုတာကိုု မြင်တွေ့နေရတယ် မဟုုတ်လားဆရာ။ ဒေါ်စုုနဲ့ ဝန်ကြီးဦးအောင်ကြည်တွေ့ဆုုံပွဲမှာ ဒါကိုု အစုိုးရဖက်က ရင်းရင်းနှီးနှီး လိုုလိုုလားလား ပြောတဲ့ပုုံကိုု တွေ့နေရတယ် မဟုုတ်လားဆရာ။
အဲလိုု ပြောလိုု့ရမယ်ဆိုုရင် အဲသလိုု ချောချောမွေ့မွေ့ ဖြစ်လာနိုုင်မယ်ဆိုုရင် မြန်မာနိုုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်လာမယ်လိုု့ ယူဆလိုု့ရတယ်။ ဘာပဲပြောပြော အင်န်အယ်ဒီပါတီဟာ လက်ရှိမှာ အင်အားအကြီးဆုုံးပါတီ၊ ပြည်သူရဲ့ ယုုံကြည်ကိုုးစားခြင်း ခံထားရဆဲဖြစ်တယ်ဆိုုတာကလည်း ၉ဝ ရွေးကောက်ပွဲရလဒ်တွေကိုု ပိုုင်စုိုးထားတဲ့ပါတီ
ဖြစ်တယ်။ အဲသည်လိုုပါတီကိုု ဥပဒေပြင်ပမှာ မှတ်ပုုံမတင်ဘဲ ရပ်တည်နေရတယ်ဆိုုတာကလည်း မကောင်းတဲ့ အလားအလာပဲ။ နောက်တချက်ကလည်း ဒီပါတီဟာ ဥပဒေအတွင်းကိုု
ရောက်သွားမယ်ဆိုုရင် တိုုင်းပြည်အကျိူး၊ ဒီမုိုကရေစီအကျိူး၊ တိုုင်းပြည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတွေကိုု အများကြီး ဆောင်ရွက်သွားနိုုင်မယ်လိုု့ ပြောနိုုင်တယ်။
ထိုု့အတူ သမ္မတကြီးဦးသိန်းစိန်ပြောသလိုု အခြေခံဥပဒေပြင်ဆင်နိုုင်ရေးအတွက် လွှတ်တော်တွင်းမှာလည်း ဆောင်ရွက်လာမယ်၊ ဒီမိုုကရေစီလက္ခဏာတွေ ဖော်ဆောင်လာမယ်ဆိုုရင် ချောမွေ့လာမယ် ဆုိုရင် အင်န်အယ်ဒီပါတီကိုုယ်တိုုင် လွှတ်တော်ထဲကိုု ဝင်သာအောင် ဝင်လွယ်အောင် ဆောင်ရွက်ပေးမယ်ဆိုုရင်လည်း တိုုင်းပြည်ရဲ့ ဒီမုိုကရေစီရေး အပြောင်းအလဲ မျှော်လင့်ချက်တွေလည်း မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ ဖြစ်စေလိမ့်မယ်။
အဲဒါဆိုုရင်ဖြင့် အင်န်အယ်ဒီပါတီရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ ဒီမိုုကရေစီလူ့ဘောင်ဖော်ဆောင်ရေး၊ ဒီမိုုကရေစီနည်းကျ အစုိုးရစနစ်များ ပေါ်ထွန်းရေးတိုု့ကိုု ဆောင်ရွက်လာနိုုင်လိမ့်မယ်လိုု့ ပြောချင်ပါတယ်။

ဟုုတ်ကဲ့ပါဆရာ။ နောက်ဆက်ပြီး မေးချင်တာကတော့ အပြောင်းအလဲတွေ တကယ်ဖြစ်နေပြီလားဆိုုတာကိုု  လက်တွေ့အကျိုးသက်ရောက်မှုတွေနဲ့ တိုုင်းတာကြည့်ပြီး ပြောနိုုင်သလား
ဆိုုတာဖြစ်ပါတယ်။


U Win Tin – ပြည်သူလူထုုမှာ ပြောရေးဆိုုခွင့် မရှိရဘူးလား

 ပြည်သူလူထုုမှာ ပြောရေးဆိုုခွင့် မရှိရဘူးလား
 ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုုးမခ၊ အောက်တိုုဘာ ၄၊ ၂၀၁၁
စနေနေ့ကတွေ့ဆုုံခဲ့တဲ့ ဆရာဦးဝင်းတင်နဲ့ မေးမြန်းခန်းမှာ ဆက်လက်မေးမြန်းခဲ့တဲ့ အကြောင်းအရာကတော့ ကောင်းမွန် အကျိူးရှိတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်ဆိုုတဲ့ အခြေအနေတွေ ရှိနေတယ်၊ ပေါ်ထွန်းနေတယ် ဆိုုတဲ့ အချိန်အခါမှာ မြန်မာပြည်သူတွေက ဘယ်လိုုမျိူး ရင်ဆိုုင်ကြမလဲ၊ ဘယ်လိုုမျိူး ပြင်ဆင်ကြမလဲ။ ဘာမှ ဆန္ဒထုုတ်ဖော်ပြောဆိုု ထောက်ပြခြင်း မပြုကြဘဲ ငြိမ်ဝပ်ပိပြားစွာနဲ့ စောင့်ဆိုုင်း မျှော်လင့်နေကြရုုံပဲလား ဆိုုတဲ့ မေးခွန်းဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီလားဆိုုတာမှာ လက်တွေ့အကျိူးသက်ရောက်မှုတွေ ရှိသလားဆိုုတာနဲ့ တုိုင်းတာလုို့ ရတယ်ဆိုုတဲ့ မေးခွန်းကိုု ဆက်မေးပါရစေ ဆရာရေ။
–       အခုုဘာတွေတွေ့ရသလဲဆိုုတော့ မြန်မာဒီမုိုကရေစီရေးအတွက် လက်တွေ့အကျိူးသက်ရောက်မှုတွေ စတွေ့နေရတယ်လိုု့ ပြောရင် ရတယ်ပေါ့။ မြစ်ဆုုံဆည်ကိစ္စလိုုမျိူးကိုမှာ ဦးသိန်းစိန်ရဲ့ ဆုုံးဖြတ်ချက်နဲ့ ပြည်သူတွေရဲ့ တောင်းဆိုုချက်ဆိုုပြီး ၂ ပိုုင်း ကြည့်မယ်ဆုိုရ င်ပြည်သူလူထုုတွေဖက်က တိုုင်းရင်းသားတွေ၊ ပညာရှင်တွေ၊ စာပေ ဂီတ အနုုပညာရှင်တွေ၊ ကျောင်းသားလူငယ်တွေရဲ့ တောင်းဆိုုချက်တွေသာမက နိုုင်ငံတကာကတောင်းဆိုုချက်တွေ ၊ လှုပ်ရှားမှုတွေကိုု မြင်တွေ့ရတယ်။ ဦးသိန်းစိန်ဖက်က ဆုုံးဖြတ်ချက်ကိုု ကြည့်လိုုက်တဲ့အခါမှာ ဒီမြစ်ဆုုံဆည်ကိုု ရပ်ဆိုုင်းမယ်လိုု့ ပြောလိုုက်တယ်။ ဒါဟာ အများပြည်သူလူထုုရဲ့ တောင်းဆိုုချက်ကိုု လိုုက်လျောတာ၊ နာခံတာ ဆိုုတဲ့ သဘောကိုု သက်ရောက်တယ်။ ဒါဟာ ပြည်သူတွေတောင်းဆိုုနိုုင်ခြင်းဟာ ဒီမုိုကရေစီလက္ခဏာများ ရှိသင့်သလောက်ရှိလာလိုု့သာ အနိမ့်ဆုုံး အခြေအနေများ ပေါ်ပေါက်လာလိုု့သာ တောင်းဆိုုလာနိုုင်တယ်လိုု့ ပြောနိုုင်တယ်။ နိုု့မိုု့ဆိုုရင် ဦးသန်းရွှေအစုိုးရသာ ငုုတ်တုုတ်ကြီး ရှိနေမယ်ဆိုုရင် ပြည်သူတွေဖက်ကလည်း အခုုလိုု စာပေ အနုုပညာ လှုပ်ရှားမှုတွေ၊ သစ်ပင်စိုုက်တာတွေ၊ အခုုလိုုလှုပ်ရှားမှုတွေ လုုပ်နိုုင်ကြလိမ့်မယ် မထင်ဘူး။ နောက်ပြီး အခုုဦးသိန်းစိန်လုုပ်သလိုု လွှတ်တော်ဆီကိုု တင်ပြတာတွေ လုပ်မယ့်အစား ဦးသန်းရွှေဖက်က အကြမ်းဖက်ဖြေရှင်းပစ်လိုုက်မယ်လိုု့ တွေးကြည့်နိုုင်တယ်။ ဒီအခြေအနေ တွေကိုု ကြည့်ရင် အခုုလိုု အကျိူးသက်ရောက်မှုတွေ ရှိတယ်။ မြစ်ဆုုံဆည် ရပ်ဆိုုင်းခြင်းဟာ လက္ခဏာတခုုလိုု့ ပြောရင် ရတယ်။
 နောက်ကိုုလည်း အဲသည်လိုုအကျိုးသက်ရောက်မှုတွေ ဆက်လက်ဖြစ်ပေါ်လာမယ့် အလားအလာတွေ ရှိသလားဆိုုတာကိုု အခြားနယ်မြေတွေကိုု ကြည့်ပြီး ဆရာဘယ်လိုု ပြောချင်သလဲ။
–       ဒီမိုုကရေစီကိုု ဦးတည်တဲ့ နိုုင်ငံရေးအပြောင်းအလဲတွေဟာ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတယ်ကို မပြောခင်  ဥပမာ စာပေနဲ့ စာနယ်ဇင်းလောကမှာလည်း လုုံလောက်တဲ့ လွတ်လပ်မှုတွေ လုုပ်ကိုုင်ခွင့်တွေ မရှိသေးသော်လည်း ဂျာနယ်တွေ စာစောင်တွေ အတော်များများ ပေါ်လာတယ်၊ လွှတ်တော်တိုု့၊ ပြည်သူ့ဆန္ဒထုုတ်ဖော်တာ၊ အင်တာဗျူးတွေ အတော်အသင့် ရေးသားဖော်ပြလာနိုုင်တယ်။ နယ်တွေမှာ ဆိုုရင်လည်း နောက်ပြီးတော့ လယ်သမားတွေရဲ့ လယ်မြေအရေးကိစ္စတွေကိုု ထုုတ်ဖော်ပြောဆိုုတာ၊ ချီတက်ဆန္ဒပြတာတွေ လုုပ်ကိုုင်လာနိုုင်တယ်။ အလုုပ်သမားကိစ္စတွေ ကျောင်းသားကိစ္စတွေမှာလည်း သိသိသာသာကြီး အခြေအနေတွေ ဖြစ်ပေါ်လာလိမ့်မယ်လိုု့ ကျနော်တိုု့ မျှော်လင့်နိုုင်တယ်။ တိုုင်းပြည်မှာ ဒီမိုုကရေစီရေးကိုုဦးတည်တဲ့ အခြေအနေတော့ ရှိနေတယ်လိုု့ ပြောနိုုင်တယ်။ အခြေအနေဆိုုတာကလည်း တကယ်ကိုုစေတနာကောင်းနဲ့ အပြောင်းအလဲတွေ၊ အပြုအပြင်တွေဆီကိုု အကျိူးသက်ရောက်မှု ဖြစ်စေမှာလား၊ အယောင်ပြပဲ ဖြစ်သလားဆိုုတာကတော့ ကျနော်တိုု့ ဆက်လက်ပြီး လုုပ်ကိုုင်ရင်း တွေ့ကြရမှာပေါ့။
ကဲ ဒါဆိုုရင် တချို့ကပြောဆိုုနေကြတာမျိူးတွေ ရှိတယ်၊ အစုိုးရတွေ အာဏာပိုုင်တွေက ပြည်သူတွေအတွက် အကျိုးရှိတာတွေ လုုပ်နေပြီ၊ ပြည်သူလူထုုက ငြိမ်ငြိမ်သက်သက်နဲ့ ဘာမှသိပ်ပြီး တောင်းဆိုု တင်ပြတာတွေ သိပ်ပြီး လုုပ်နေစရာမလိုုဘူး၊ အချိန်စောင့်ကြပါ ဘာညာနဲ့ ပြောလာကြတယ်။ ပြည်သူလူထုုဟာ အခုုလိုု အခြေအနေမျိူးမှာ သူတိုု့ရဲ့ နေ့စဉ် ကြုံတွေ့ ခံစားနေရတဲ့ ဒုုက္ခတွေ၊ အကြောင်းအရာတွေကိုု ထုုတ်ဖော်ပြောဆိုုခြင်း မလုုပ်ဘဲ တချိန်ချိန်မှာ ပြေလည်သွားလိမ့်မယ်လိုု့ မျှော်လင့်နေရုုံနဲ့ ပြီးတော့မှာလား။
–       အခုုလက်ရှိအခြေအနေမှာ အရေးပါတဲ့ အရေးတွေကိုု ကြည့်လိုုက်ရင် နိုုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖိုု့ ပြည်သူလူထုုက မျှော်လင့်နေကြတယ်။ ဒီကိစ္စကိုုလည်း ကျနော်တုို့တွေက အမြဲ ထုုတ်ဖော်ပြောဆိုု တင်ပြနေရမယ်။ အလားတူပဲ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကလည်း ခုုထိ ရေရေရာရာ မရှိသေးဘူး။ ဆွေးနွေးပုုံဆွေးနွေးနည်း၊ သတ်မှတ်ပုုံ သတ်မှတ်နည်းတွေ ကွာဟတွေရှိတယ်။ တဖက်က ဖယ်ဒရယ်အဆင့်နဲ့ ဆွေးနွေးချင်တယ်။ အစုိုးရကတော့ သက်ဆိုုင်ရာ ပြည်နယ်အဆင့် ဆွေးနွေးမယ် ဆုိုတာမျိူးတွေ ရှိနေတယ်။ ဒီလိုုကိစ္စတွေကိုု အများပြည်သူအပါအဝင် သက်ဆိုုင်ရာအစုုအဖွဲ့တွေရဲ့ သဘောထားတွေ၊ အာဘော်တွေ ထုုတ်ဖော် တင်ပြနိုုင်မှ ဒါကိုု ဖြေရှင်းဖိုု့ အဖြေရှာနိုုင်မယ်။ ကန့်သတ် ပိတ်ဆိုု့ထားလိုု့ မရဘူး။ နောက်တပိုုင်းကလည်း လယ်သမားတွေ၊ အလုုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ တောင်းဆိုုချက်တွေ၊ မတရားအလုုပ်ခံရတာတွေကိုု ကာယကံရှင်တွေမှာ ဖော်ထုုတ်တင်ပြခွင့်တွေ ရှိမှ တောင်းဆိုုမှုတွေ ခွင့်ပြုမှ အများက အမှန်တရားကိုု သိခွင့်ရမယ်။ အစုိုးရကလည်း သိရှိမယ်။ အဆင့်ဆင့်သော အာဏာပိုုင်တွေမှာလည်းပဲ ဖြေရှင်းဖိုု့ အခွင့်အရေးရကြမယ်။ ဒါတွေကိုု ဖုုံးဖိထားမယ်၊ ကန့်သတ်ထားမယ်၊ မပြောမဆိုုရဘူး၊ လှုပ်ရှား တောင်းဆိုုခွင့် မရှိဘူးလိုု့ လုုပ်ထားမယ်ဆိုုရင် ဒီလိုု အရေးအခင်းတွေကိုု စောစောစီးစီး အချိန်မီ ဖြေရှင်းနိုုင်ခြင်း မရှိတဲ့အတွက် အများကြီး နောက်ကျုပြီးမှ အကြပ်အတည်းတွေ အကြီးအကျယ်ဖြစ်တော့မှ မထိန်းမသိမ်းနိုုင်ဖြစ်တာတွေ၊ ပေါက်ကွဲမှုတွေ ဖြစ်တာမျိူးတွေ ဘယ်သူမှ မလိုုလားဘူး။ ကျနော်တိုု့ကလည်း မဖြစ်ချင်ဘူး၊ လက်ရှိအစုိုးရတွေကလည်း ဖြစ်ချင်မယ် မထင်ဘူး။
အခုုချိန်မှာ ဒီမိုုကရေစီရေးကိုု ဦးတည်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေဖိုု့ အခြေအနေတွေရှိဖိုု့၊ အပြင်အဆင်တွေရှိဖိုု့အတွက် အခုုလိုုမျိူး ပြည်သူတွေ၊ နိုုင်ငံရေးအင်အားစုုတွေ၊ တုိုင်းရင်းသားတွေ အားလုုံးဆီမှာ ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုုတ်ဖော်ခွင့်၊ ပြောဆိုုခွင့်၊ တောင်းဆိုုခွင့်တွေ ဆွေးနွေးတာတွေ အလွှာတိုုင်း၊ နေရာတိုုင်းမှာ ရှိရမယ်၊ လိုုအပ်နေတယ်လိုု့ ပြောရမှာပေါ့ ဆရာ။
–       ဟုုတ်ပါတယ်။ အနီးဆုုံး ပြယုုဒ်ကတော့ ရွှေ့ဝါရောင်နှစ်ပတ်လည်ကိစ္စပေါ့လေ။ ဒီကိစ္စက အမှန်တကယ် ဖြစ်ပျက်ခဲ့တာပဲ။ ဒီနှစ်ပတ်လည်ကိုု ဖုုံးကွယ်ထားလိုု့လဲ မရဘူး၊ ရှောင်ရှားနေလိုု့လဲ မရဖူး။ ဒါကိုု ရင်ဆိုုင်ဖြတ်သန်းရမှာပဲ။ ဒီလိုုအဖြစ်အပျက်တွေ၊ အခြေအနေတွေကုို ရင်ဆိုုင်ဖြတ်သန်းတဲ့နေရာမှာ ကျနော်တုို့က ဒေါ်စုုနဲ့ ဦးသိန်းစိန်ဆွေးနွေးနေလိုု့၊ ဦးအောင်ကြည်နဲ့ ပြောဆိုုနေလိုု့ ရွှေဝါရောင်ကိုု မပြောရဘူး၊ မလုုပ်ရဘူးလိုု့ တားလိုု့ မရဘူး။ ဒါကိုု အရှိအတုိုင်း လက်ခံရမှာပဲ။ ရွှေ့ဝါရောင်ကာလတုုန်းက သံဃာတော်တွေ ဖမ်းဆီးခံထားရတယ်။ လွတ်မြောက်ဖိုု့ ပြောကြရမယ်။ ရွှေဝါရောင်တုုန်းက တောင်းဆိုုချက်တွေ ရှိတယ်။ ဒါတွေကိုု အသိအမှတ်ပြုရမှာပဲ။
သိုု့သော်လည်း အစုိုးရဖက်မှာကော ပြည်သူလူထုုတွေဖက်ကပါ အကြမ်းဖက်တာတွေ၊ ဖမ်းဆီးတာတွေ တင်းမာမှုတွေ ပြန်လည်ပေါ်ထွန်းလာမှာကိုု စုိုးရိမ်နေကြတယ် အဲသလိုုလည်း ပြောဆိုုနေကြတာတွေ ရှိတယ်လေဆရာ။
–       ကျနော်တိုု့ဖက်က သိပ်ပြီး ကြောက်ရွံ့နေစရာ၊ စိုုးရိမ်နေစရာမလုိုဘူးလိုု့ ပြောချင်တယ်။ လက်ရှိအစုိုးရဖက်ကလည်း အခုုလိုုအခြေအနေမျိူးမှာ ဖမ်းဆီးမယ်၊ ပစ်ခတ်မယ် လုုပ်မယ်လိုု့  မမျှော်လင့်ဘူး။ အောက်ခြေက စစ်သားတွေ၊ ရဲတွေဖက်ကလည်  သူတိုု့သဘောနဲ့ အကြမ်းဖက်တာတွေ ဘာတွေ လုုပ်လာကြမယ် မထင်ဘူး။ ကျနော်တိုု့က စိုုးရိမ်ပူပန်မှုတွေ တဖက်သတ်ဖြစ်ပြီး ဘာမှ မလုုပ်ရဲ၊ မကုိုင်ရဲ၊ မတောင်းဆိုုရဲ ဖြစ်နေလိုု့တော့ မဖြစ်ဘူး ထင်ပါတယ်။ ဒါကိုု ကျနော်တိုု့ပြည်သူတွေက ထုုတ်ဖော် ပြောဆိုု ဖြေရှင်းမှသာ အစုိုးရလုုပ်သူတွေဖက်က စောစောစီးစီး သိရှိနားလည်ပြီး အဖြေရှာနိုုင်မယ်။ စောစောစီးစီး အဖြေရှာနိုုင်မှသာ အနာမရင်းခင် ရှင်းနိုုင်မှာပေါ့။ ဒါမှ တိုုင်းပြည်တခုုလုုံး ပေါက်ကွဲကုုန်တဲ့ အခြေအနေမျိူးကိုု ရှောင်ရှားနိုုင်မှာဖြစ်ပါတယ်။
အကြမ်းဖက်ပြီး ဖြေရှင်းတဲ့နည်းကိုု ကျနော်တိုု့ပြည်သူတွေကလည်း မလုိုလားဘူး၊ အာဏာပိုုင်တွေကလည်း မရွေးချယ်ချင်ဘူးဆိုုရင် ကျနော်တိုု့တတွေမှာ အကျိူးတူတဲ့ ရပ်တည်မှုရှိပြီလိုု့ ပြောနိုုင်ပြီပေါ့ဆရာ။
–       ဟုုတ်ပါတယ်။ ကျနော်တိုု့တွေ အားလုုံးက စိတ်မတိုုဘူး၊ စိတ်ရှည်ရှည်ထားကြမယ်။ ပြေပြေလည်လည် ပြောဆိုု ဆွေးနွေးဖြေရှင်းတာတွေကိုု ကျနော်တိုု့တွေအားလုုံးက ခုုချိန်မှာ အလေ့အကျင့်လုုပ်ကြရမယ်လိုု့ ကျနော်က မျှော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။ ။ ။

15 comments

  • maungmoenyo

    October 5, 2011 at 8:10 am

    NLD ရွေးကောက်ပွဲဝင်ရေးမဝင်ရေး ဆိုတာထက် မှတ်ပုံတင်ရေးကို ဇောက်ချစတင်လုပ်ဘို့လိုတယ်လို့ထင်ပါတယ်။ မိုးရွာတုံးရေခံသင့်တဲ့ အညေခအနေကောင်းတခုပါ။ကြည့်ရတာကတော့ (၂၀၀၈) အခြေခံဥပဒေဟာ သက်ဇိုးရှေမလား၊ ဒါမှမဟုတ်ဟန်မပျက်အဓိကပြင်ဆင်မှုတွေလုပ်မလား။ အပြောင်းအလဲတခုခုကတော့ကြိမ်းသေပေါက်ဖြစ်လာမှာပါ။
    ရွေးကောက်ပွဲဝင်ရေးမဝင်ရေးကတော့ အခြေအနေကိုသေသေခြာခြာကြည့်သင့်ပါတယ်။ (၁၉၆၂) တော်လှန်ရေးကောင်စီတက်ခါစက လူထုက “ဒို့..ဗိုလ်ချုပ်အစိုးရ” ဆိုပြီး လက်ကမ်းကြိုခဲ့တာကတကြိမ်၊ (၁၉၇၄) ပထမအကြိမ်ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီအဆင့်ဆင့်သက်တမ်းကာလ တုံးက မြန်မာပြည်ကြီးရွှေမိုးငွေမိုးရွာမလိုစြ်ခဲ့တာကတကြိမ်၊ စသည်တို့ကိုကြည့်ရင် အစိုးရသစ်တက်ခါစမှာ ခြောက်ပစ်ကင်းသဲလဲစင်ပြီး ခဲ့ပေမဲ့ နောက်ပိုင်းမှာ စာရိတ္တပျက်ယွင်းမှု၊ အစိုးရအတွင်းအဂတိလိုက်စားမှုတွေက အရှိန်အဟုန်နဲ့ဖြစ်လာပါတယ်။ အာဏာရှင်စနစ်ကြီးစိုးလာပါတယ်။ ဒါတွေကိုကြည့်ပြီး ရွေးကောက်ပွဲဝင်ရေးမဝင်ရေးဟာ NLD အတွက်ရော NLD ကိုအားကိုးတဲ့ လူထုအတွက်ပါသိပ်အရေးကြီးတဲ့ခြေလှမ်းမို့၊ ချက်ချင်းကြီးမဆုံးဖြတ်သင့်ဘူးထင်ကြောင်းပါ။

  • myanpyithar

    October 5, 2011 at 9:14 am

    ဘာဘဲပြောပြော မှတ်ပုံတော့ အရင်ဆုံးတင်ထားသင့်တယ်..လို့ထင်တယ်။
    ဒါမှလဲဘဲ ပြည်သူတွေလဲ အားတက်လာပြီး NLD ရဲ့လျှောက်လှမ်းနေတဲ့ခရီး
    ပိုတွင်လာမယ်လို့ထင်မိပါကြောင်း….
    တရားဝင်ပါတီမဟုတ် သေးရင်ဘယ်လိုလုပ်ပြီး တခြားတရားဝင်ပါတီတွေ..တိုင်းရင်းသားအဖွဲ့
    တွေနဲ့ပူးပေါင်းဆောင်ရွက်မလဲ..စည်းရုံးမလဲ..ညီညွတ်တဲ့အင်အားစုနဲ့မှ လိုချင်တာမြန်မြန်ရမှာပေါ့..။
    အချိန်ကသိပ်အရးကြီးတယ်ဗျာ..မြန်မြန်လုပ်ကြပါ..ကျုပ်တို့လဲဒီမိုကရေစီကိုမှီ သွားချင်လို့ပါ..။

  • htoosan

    October 5, 2011 at 9:41 am

    NLD အနေနဲ့ ထွေးပြီးသား တံထွေးပြန်မြိုရခက်နေ တာပါ။ ၂၀၀၈ အခြေခံဥပဒေ ကို လက်မခံနိုင်ဆိုတာရယ် ၊ ပါတီ က ဆက်လက် တည်ရှိနေပါတယ်ဆို ပြီး အခိုင်အမာ ဆို ထား ခဲ့တာ ရယ်ကြောင့် ပြန်မှတ်ပုံတင်ရမယ် ဆိုတာ ပြောရခက်နေပါတယ်။

    သို့သော် လည်း တိုင်းသူ ပြည်သား အများစုကတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ကို သာ မဲ အားပါးတရ ပေး ဖို့ စောင့်မျှော်နေကြတာမို့ ၊ တိုင်းသူပြည်သား အများ လိုအင်ဆန္ဒဖြည့်ပေးဖို့ ထွေးပြီးသား တံထွေးကို ရဲရဲကြီး ပြန်မြိုပြဖို့ လို အပ်နေပါပြီ။

  • ကြောင်ကြီး

    October 5, 2011 at 10:32 am

    စစ်အုပ်စုနဲ့ စစ်ဥစုပ်လိုသူများက အန်အယ်လ်ဒီကို ခေါင်းလျှိုဝင်စေချင်မှာပါ။ အန်အယ်လ်ဒီအနေနဲ့ ယနေ့အချိန်လောက် နိုင်ငံရေးအားသာနေချိန် မရှိသေးပါဘူး။ ပါတီခါင်းဆောင်တွေ စုံစုံညီညီရှိနေတယ်၊ စစ်တပ်အပါအဝင် ပြည်သူတွေအားလုံး အပြောင်းအလဲကို မျှော်လင့်နေတယ်၊ ပြည်ပဖိအားတွေ စုံချက်တခုကို ရောက်နေတယ်။ စစ်အစိုးရမှာ ဘဏ္ဍာရေး၊ စီးပွားရေး၊ စစ်ရေး အကျပ်အတည်းတွေ့နေတယ်။ တရုတ်နဲ့ကုလားအကြား လှည့်ပတ်ဆော့လာခဲ့တဲ့ဗျူဟာ အဆင်မပြေတော့ အမေရိကန်ကိုပါ လက်ယက်ခေါ်နေရပြီ။ ဒီတော့ အန်အယ်လ်ဒီအနေနဲ့ ရထားတဲ့ အခင်းအကျင်းကို အကျိုးရှိရှိ အသုံးချတတ်ဖို့လိုတယ်။ နာဂစ်အခြေခံဥပဒေနဲ့ တမတ်သားရွေးဂေါက်ပွဲ ဥပဒေကို ပြင်ဖို့ကြိုးစားတာကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအားလုံးလိုလိုက နားလည်ပေးကြမှာပါ။ အဲဒါတွေမတိုင်ခင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့လိုတယ်။ အန်အယ်လ်ဒီအတွက် တဦးထဲတိုင်းပြည်ကို ဦးဆောင်သွားဖို့ရာ အချိန်လွန်သွားပါပြီ။ အနာဂတ် တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် မျိုးဆက်သစ်ခေါင်းဆောင်များနဲ့ လက်တွဲဆောင်ရွက်မှု ရှိကိုရှိရပါမယ်။ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များသည် အသင့်အတော်ဆုံးဖြစ်ပါတယ်။ တဖက်မှာလည်း ၁၉၉ဝရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမှုရှိဖို့ မဖြစ်မနေတောင်းဆိုရပါမယ်။ တင်းမာတာမဟုတ်ဘဲ သင်ပုန်းချေဖို့ လိုအပ်ချက်တခုအနေနဲ့ ရှိရမဲ့အရာပါ။ ဒေါ်စုကို တချိန်မှာ သမိုင်းတရားခံ မဖြစ်စေလိုပါ။ စစ်တပ်က ၁၉၉ဝရွေးကောက်ပွဲရလဒ် အနှစ်၂ဝကျော်သွားလို့ ပြည်သူ့ဆန္ဒအစစ်အမှန် မဟုတ်တော့ဆိုရင် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနှစ်ခုက လွှတ်တော်အမတ်များ ဒဲ့ပြိုင်ပြီး လူထုဆန္ဒခံယူနိုင်ကြပါတယ် (သတ္တိရှိရင်ပေါ့လေ)။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မိမိကိုယ်အားညဏ်အား ပြည်စုံနေတုန်းမှာ စစ်တပ်လိုပြောရင် ဦးစီးချုပ်တာဝန်ရော၊ ကွပ်ကဲရေးမှူးချုပ် တာဝန်ကိုပါ ထမ်းဆောင်ရပါမယ်။ နောက်တော့ တဖြေးဖြေးနဲ့ နာယကတာဝန်များ လွှဲပြောင်းယူနိုင်ပါတယ်။
    စစ်အစိုးရအနေနဲ့ ပြောင်းချင်ရင် ညတွင်းချင်းပြောင်းနိုင်ပါတယ်။ စိတ်ရှိဖို့သာလိုတာပါ။ အခုလည်း အစိုးရသက်တမ်း ၆လကျော်လာပြီ မယ်မယ်ရရ ပြောင်းလဲမှု မတွေ့ရပဲ လေသာများနေတာရှိတယ်။ ဦးသိန်းစိန် ကြည်းတပ်က ဗိုလ်ချုပ်ကြီး ဖြစ်လို့သာပါ၊ လေတပ်ကသာလာရင် မြန်မာပြည်မှာ နောက်ထပ် နာဂစ်မုန်တိုင်းတခု ထပ်တိုက်နိုင်ပါတယ်။
    ကျနော် ပို့စ်တခုမှာ ရေးခဲ့သလိုပါပဲ စစ်အစိုးရက အာဏာရအစိုးရ၊ ကြံ့ဖွတ်ပါတီ၊ စစ်တပ် စတဲ့ဒေါက်တိုင်များကို စစ်ဥစုပ်လိုသူ အချောင်သမားများ၊ ဒလျှိုဒလံများ၊ စားဖားများနဲ့ အချိန်ဆွဲ ဈေးဆစ်သွားမှာပါ။ သူတို့လမ်းစဉ်က အီရန်နိုင်ငံ၊ တရုတ်နိုင်ငံ တို့မှာကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်မျိုးပါ။ အခြေခံဥပဒေအသုံးပြုပြီး ချမှတ်ထားတဲ့ လမ်းစဉ်အောက်ကနေ လွဲချော်သွားရင် နိုင်ငံတော်ပုန်ကန်မှု၊ အန္တရာယ်ပြုမှု၊ သစ္စာဖောက်မှုတိုု့နဲ့ နှိပ်ကွပ်ပါမယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်လို အားလုံးလက်ခံတဲ့ ခေါင်းဆောင်ရှိတုန်း ပြင်နိုင်ရပါမယ်။
    အန်အယ်လ်ဒီကို ရွေးကောက်ပွဲဝင်စေချင်ရင် ပထမအဆင့် ဖြစ်သင့်တာ ပြင်သင့်တာပြင်၊ ပြုသင့်တာပြု၊ လွှတ်သင့်သူလွှတ်လိုက်ပါ။ ဒုတိယအဆင့် လက်ရှိလွှတ်တော်ကို ဖျက်သိမ်း ဒါမှမဟုတ် လွှတ်တော်အမတ်များ နုတ်ထွက်ပေးပြီး လွတ်လပ်မျှတတဲ့ နိုင်ငံတကာ အဆင့်မှီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ပါ။ တမတ်သား စစ်အမတ်ကိစ္စက ကာလအပိုင်းအခြားတခုအတွက် ညှိနှိုင်းစေ့စပ်လို့ ရပါလိမ့်မယ်။
    ဒါမှမဟုတ် လွှတ်တော်ကနေ သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို ပယ်ဖျက်၊ လွှတ်တော်ကို ဖျက်သိမ်းပြီး အန်အယ်လ်ဒီနဲ့ ဇင်ဘာဘွေနိုင်ငံလို ကြားဖြတ်အစိုးရဖွဲ့ပါ။ အာဏာခွဲဝေအုပ်ချုပ်ရေးကို ပထမအစိုးရသက်တမ်းမှာ ဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲရေး၊ တိုးတက်ဖွံ့ဖြိုးရေးကိစ္စများအတွက် အခြေခံအုတ်မြစ်များကို ချမှတ်နိုင်ပါတယ်။ အပြောင်းအလဲတွေအားလုံးသည် မြင်သာထင်သာရှိရပြီး လအနည်းငယ်အတွင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။
    မီးဒုတ် မီးဒုတ် ရှို့ရှို့………

  • windtalker

    October 5, 2011 at 6:31 pm

    သူကြီးရဲ ့ ဆိုက်အပေါ်ထားရှိတဲ့ စေတနာကို နားလည်မိပေမယ့်
    သူကြီးတစ်ယောက် လည်း ရွာသူ/သား တွေ ဓါတ် ၁၀၀% ကူးသွားတာကို တွေ ့မြင်ရလို ့
    စိတ်မကောင်းဖြစ်ရပါတယ်
    အဟစ်အဟစ်

    • htoosan

      October 5, 2011 at 7:57 pm

      Do as what I said , Don’t as what I do .
      အဟစ်အဟစ် (copy from windtalker)

  • icecube

    October 5, 2011 at 7:48 pm

    အထူးပြောစရာမလို တော့ပါ
    စောင့်မျှော်ရကြိုး နပ်စေချင်လှပါပီ
    မျှော်လင့်မှုများစွာ ဖြင့် အင်န်အယ်ဒီ အရိပ်အောက် နားခိုလျှက်———****

  • phoekhwarchay

    October 5, 2011 at 8:20 pm

    မှတ်ပုံတင်မရှိဘူး??????
    ခရီးဘယ်လိုသွားမလဲ..????????
    နိုင်ငံရေး ခရီးကြမ်းကိုပြောတာပါ။မှတ်ပုံတင်မရှိလို ့ကုလားခရီးမသွားရတာကိုမပြောလိုပါဘူး။

  • Thanlwinoo

    October 5, 2011 at 8:54 pm

    ၁၉၉ဝ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ တခဲနက်ထောက်ခံတဲ့ နိုင်ငံတကာအသိအမှတ်ပြု တရားဝင်အနိုင်ရ NLD ကို ၂၀၀၈ခုနှစ်မှာ ကိုယ့်ဘာသာရေး၊ ကိုယ့်ဘာသာမဲပေး၊ ကိုယ့်ဘာသာထောက်ခံတဲ့ ဇွတ်အတင်းအတည်ပြု အခြေခံဥပဒေကို ကိုင်ပြီးတက်လာတဲ့ (နိုင်ငံတကာအသိအမှတ်မပြု) အစိုးရက ပါတီအသစ်ကလေးဖြစ်အောင်၊ မသန့်ရှင်းမမျှတတဲ့ အခြေခံဥပဒေ၊ ရွေးကောက်ပွဲတွေကို လက်ခံလာအောင် မလိမ့်တပတ်မှတ်ပုံတင်ခိုင်းတာလို့ ထင်ပါတယ်..။
    ဒီမိုကရေစီဆိုတဲ့ နိုင်ငံတစ်ခုအနေနဲ့ မျှတကောင်းမွန်တဲ့ အခြေခံဥပဒေပေါ်မှာ တည်ငြိမ်တဲ့နိုင်ငံရေးပါတီတွေ ပေါ်ထွက်လာပြီး လူထုအကျိုးအတွက် သန့်ရှင်းစွာပြိုင်ဆိုင်နိုင်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မှ တိုင်းပြည်အနာဂတ် ကောင်းမွန်နိုင်မယ်လို့ ယူဆပါတယ်…။

  • sitminnaing

    October 5, 2011 at 9:27 pm

    ကျုပ်ကတော့ လက်ဝှေ့ပွဲတစ်ခုလိုမြင်တယ်၊ပြိုင်ဘက်ကို အလဲထိုးနိုင်ဖို့ ကြိုးဝိုင်းထဲကိုတော့ ဝင်ရမယ်၊လွန်ခဲ့တဲ့အနှစ်(၂၀)က ချန်ပီယံဘွဲ့ရဘူးတာကို ယနေ့ထိငါ ချန်ပီယံပဲလို့မှတ်ယူထားလို့မရတော့ဘူးလို့ထင်တယ်၊ကြိုးဝိုင်းထဲကိုဝင်ရင်တော့ အမည်စရင်းပေးရမှာပဲ၊စည်းဝိုင်းထဲမှာတော့ သက်လုံကောင်းဖို့လိုလိမ့်မယ်၊ပရိတ်သတ်အခိုင်အမာနဲ့နိုင်ငံတကာစောင့်ကြည့်တဲ့ပွဲဆိုရင်တော့ …ချန်ပီယံဟာချန်ပီယံပါပဲ။

  • mgkyi

    October 5, 2011 at 10:12 pm

    ကြိုးဝိုင်းထဲကို ဝင်ကြည့်ဖို့ပဲ လိုတော့တာ ကိုယ်ထင် ကုတင်ရွှေနန်း ပြောလိုက်ချင်တယ်
    အရိပ်လိုချင်လို့ နေပူပူထဲက စောင့်ပီးကြပါပီ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ
    ချန်ပီယံဟာ ချန်ပီယံ ပါပဲ ။

  • ရာဇဝင်လူဆိုး

    October 5, 2011 at 10:24 pm

    ကျုပ်တစ်ခုပြောခြင်မယ်။ အုပ်ချုုပ်နေတဲ. အစိုးရက တရားဝင်အစိုးရလို. ထင်ကြလား။ ရှေ.မှီနောက်မှီလူတွေသိကြမှာပါ။ ဒါဆို တရားမဝင်တဲ.အစိုးရဆီမှာ တရားဝင်ဖို.ကြိုးစားနေတာ ဘာအကျိုးထူးလာမှာလဲဗျ။ ကိုယ်.လမ်းကြောင်းနဲ. ကိုယ်လုပ်တာ အကောင်းဆုံးပါ။ ဒါက စိတ်ဓာတ်နဲ.ပြောချင်တာ။ လောလောဆယ် အခြေအနေအရတော. သိန်းစိန်ကြီး ပြည်သူအကြိုက်ခြေကုပ်ယူနေတယ်ပြောရမယ်။ တကယ်လို. တိုင်းပြည်မှာ ထောက်ခံသူများလို. သူအခြေခိုင်လာရင် ၊ထောက်ခံသူများလာရင် (အဘိုးကြီးအပါအဝင် ကျန်တဲ.ကောင်တွေကို သူသိပ်ကျွတ်စရာမလိုတော.) ဒီထက်ပိုပြီး ကောင်းတဲ.ပြေင်းလဲခြင်းတွေ သူလုပ်နိုင်မယ်လို.ထင်တယ်ပါတယ်။ ဒါကလဲ ၁၀ဝ မှာ ၁ဝ ရာခိုင်းနှုန်း မျော်လင်.ကြည်.၊ ယုံကြည်.တာနော်။

  • padonmar

    October 6, 2011 at 12:47 am

    တိုင်းပြည်အကျိုးရှိဖို့ဆိုရင် ရန်ငါစည်းမထားဘဲ ကမ်းသောလက်ကို ဆုပ်ကိုင်စေချင်ပါတယ်။
    သံသယတွေ ခေတ္တဘေးချိတ်ပြီး ပူးပေါင်းကြည့်မှ ရှေ့တစ်လှမ်းတက်ပါမယ်။

  • amatmin

    October 6, 2011 at 12:35 pm

    ကျွန်တော့ အမြင်လေးပေါ့ဗျာ..

    NLD အနေနဲ့ မှတ်ပုံတင်လိုက်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ခေါင်းစဉ်အောက်ကို ရောက်သွားမှာပါ။
    လွှတ်တော် အတွင်းစည်းထဲကိုဝင်ပြီးကန့်ကွက်မှုတွေ.အဆိုတင်တာတွေလုပ်ရင်
    သူတို့ပေးထားတဲ့ဘောင်ထဲကနေ လုပ်ယူရမှာပါ..သူတို့ပြောထားသလိုပဲ
    တူမယ်ထင်တာတွေကိုတွဲဖက်လုပ်ဆောင်ပြီးမတူတဲ့ အချက်တွေ..မမျှတမှုတွေကို..
    လွတ်လပ်စွာပြောဆိုနေနိုင်ဖို့ကတော့ မှတ်ပုံမတင်သေးပဲ အားစမ်းနေတာ
    (အားမျှခြေကိုထိန်းထားတာ) ပိုကောင်းမယ်တင်ပါတယ်..အစိုးရဘက်ကနေပွင့်လင်းထင်သာမြင်သာတဲ့လုပ်ဆောင်မှုုမျိုး
    ကိုဖော်ဆောင်ပေးတဲ့အချိန်ကျရင် NLD ဘက်ကလျော့သင့်တာလျော့ပေးပေါ့နော်
    .ခုကတော့ မှတ်ပုံတင်မပါလဲ ခရီးဆက်သွားနေလို့ရသားပဲ..
    ပြီတော့ကာ..မြစ်ဆုံအရေး မှာပြည်သူတွေနိုင်တယ်ထင်ရပေမဲ့သူတို့ကိုယ်တိုင်လဲ ထောက်ခံမှုအတော်ရသွား..၊
    စောင့်ကြည့်သင့်တာကတော့ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးတဲ့ကိစ္စလိုမျိုး..သူတို့အနေနဲ့.
    အရှုံးခံပြီးယူရတဲ့ ပြောင်းလဲမှုကိုဘယ်လိုလုပ်မလဲဆိုတာစောင့်ကြည့်ရအုံးမှာပါ..
    ဟိုလူတွေက..သူတို့ရပ်တည်မှုကို.ထိခိုက်နိုင်စေမဲ့လူတွေလေ..

  • swelatt.poolstar

    October 7, 2011 at 10:10 am

    ပြည်ထောင်စုညီညွတ်ရေးနဲ့ မြန်မာပြည်တိုးတက်ရေးအတွက် နှစ်ဘက်လုံးက လျှော့သင့်တာတွေလျှော့ကြပါ။ အထူးသဖြင့် ပြည်ထောင်စုအစိုးရက nldကိုပြင်းပြင်းထန်ထန်နှိပ်ကွက်ခဲ့တော့လျှော့စရာရှိရင် ပြည်ထောင်စုအစိုးရကဘဲလျှော့ရလိမ့်မယ် nld လျှောက်နိုင်မယ့် လမ်းကို ဖွင့်ပေးရမယ် ဒါမှပြည်သူတွေပါဝင်တဲ့ စည်းလုံးတဲ့မြန်မာပြည်ဖြစ်လာမှာ

Leave a Reply