တမူးမြို ့မှ ဓါးပြတိုက်သူများ

lukalayOctober 5, 20111min611

စစ်ကိုင်းတိုင်းဒေသကြီး       india နယ်စပ် တမူးမြို ့မှ  ဓါးပြများ

တမူးမြို ့ ကားဝင်းအတွင်းရှိ နကသ(နယ်စပ်ကုန်သွယ်ရေး) အဖွဲ ့မှ  india နိုင်ငံထုတ်ပစ္စည်းအနည်းငယ်တင်ထားသော မုံရွာမြို့သို ့ပြေးဆွဲနေကြသော  မှန်လုံကားများကို  ကား ၁စီးလျှင် ငွေကျပ်(၄) သိန်းပေးရမည်ဟု  တောင်းနေပါသည်။မပေးလျှင်  ပစ္စည်းများကိုဖမ်းမည်ဟု  ခြိမ်းခြောက်ပါသည်။

တမူးမြို ့မှ  ၃ မိုင်ခန် ့ အကွာအဝေးရှိ       ၃မိုင်ရဲဂိတ်မှလည်း  ဂျူတီမဲ့ ပစ္စည်းများကို ဖမ်းမည်ဟု    ခြိမ်းခြောက်ပါသည်။အဖမ်းမခံချင်လျှင်  ငွေ(၂)သိန်းပေးရမည်ဟု   တောင်းပါသည်။

တမူးမြို ့မှ  ခမ်းပါတ်မြို ့သို ့   သွားသောလမ်းတလျှောက်တွင်လည်း     မူးယစ်အဖွဲ ့၊စသုံးလုံး အဖွဲ ့၊ S P အဖွဲ  ့များက ဓါးပြတိုက်နေသကဲ့သို ့  မှန်လုံကားများနောက်မှ  ဆိုင်ကယ်များဖြင့်လိုက်တောင်းနေကြပါသည်။

ခမ်းပါတ်မြို ့ရှိ    မူးယစ်ဂိတ်မှလည်းးးးး မူးယစ်ဆေးဝါး ရှာသည်ဟု အကြောင်းပြပြီး   ကားကိုမွှေနှောက်ရှာကြပါသည်။မတွေ ့လျှင်လည်းး     ပိုက်ဆံတောင်းကြပါသည်။

စိတ်ကြွမူးယစ်ဆေးဝါးများသယ်ဆောင်သည့်ကားများကိုတော့    ကား(၁)စီးလျှင် ငွေသိန်း(၁၀၀)တောင်းပြီး လွှတ်ကြပါသည်။

တမူမြို ့ပေါရှိ     ရာထူးကြီး  တပ်ရင်းမှူး ၊ရဲမင်းကြီး တို ့သည်လည်း      အဆိုပါကားများမှ လစဉ်ထောက်ပံ့ကြေးများယူကြရသဖြင့် ဖမ်းဆီးခြင်းမပြုပဲ မသိချင်ယောင်ဆောင်နေကြပါသည်။

လစဉ်ကြေးမပေးနိုင်သော လက်လုပ်လက်စား လူတန်းစားများကို အမှူ ့ရအောင် ဖမ်းစီးပြီးထောင်ချနေကြပါသည်။

ယခုလို ဓါးပြတိုက်သကဲ ့သို ့လုပ်နေကြသော     တမူးမြို ့ပေါမှ ဝန်းထမ်းများကို  အရေးယူပေးစေချင်ပါသည်။

 

 

 

One comment

  • မှော်ဆရာ

    October 5, 2011 at 1:43 pm

    မြှောက်ပေးတာတော့ မဟုတ်ဘူး
    ကျွန်တော်တို့မြို့က တစ်ယောက် ဒီဝက်ဆိုက်မှာ သတင်းပါလာတာ အထက်က စုံစမ်းရေးအဖွဲ့ ဆင်းလာပြီး စစ်ဆေး အမှုပေါ်လို့ ပြုတ်/ ထောင်ကျသွားတယ် ….
    သတင်းမှန်ဖြစ်ဖို့တော့ လိုပါတယ်..

Leave a Reply