မြှောက်ပေးတာတော့ မဟုတ်ပါ .။မန္တလေးဂဇက် အရှိန်အ၀ါကြီးနေသည်။ ဘာလို့ဆိုတော့ ဒီရွာက အပိတ်အဆို့မရှိ ၀င်ထွက်နှိုင်တာ (ကျော်စရာ ခွစရာ မလိုတာ ) ရွာထဲမှာ အတတ်ပညာရှင်ပေါင်းစုံ လူတန်းစားပေါင်းစုံ ၇ှိနေတာ ၊ ကွန်မန့်ဖြင့် အပြန်အလှန် ထိမ်းချုပ်နေကြတော့ အတည်အခံ့ စာတွေပဲ ရှိနေတာကိုက အားသာချက်ဖြစ်နေသည်။
လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော်တို့မြို့က ၀န်ထမ်းတစ်ယောက်၇ဲ့ လာဘ်စားမှုသတင်း တိုင်စာတစ်စောင် မန္တလေး ဂဇက်ပေါ်တက်လာသည်။ တိုက်ရိုက်ရေးတာတော့ မဟုတ်ပါဘူး ၊တခြားလူသိနဲသေးတဲ့ ကျော်ခွရတဲ့သတင်းဝက်ဆိုက်ကနေ ရွာထဲကတစ်ယောက် ကူးယူလာတာပါ.။တိုင်စာကလဲ တော်တော် တိတိကျကျ အပြည့်အစုံကို ရေးထားတာပါ။ ဒါကြောင့် ဘာဖြစ်သွားသလဲဆိုတော့ ကျွန်တော်တို့ မြို့မှာ တော်တော် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။ သတင်းထဲမှာ ပါတဲ့သူကတော့ ပထမတော့ ခပ်ပေါ့ပေါ့ ပဲပေါ့။ နောက်တော့ ဗဟိုက စုံစမ်းရေးအဖွဲ့ ဆင်းလာတယ် ။ အတိုချုပ်ပြောရရင် ရာထူးပြုတ် ထောင်တစ်နှစ်ကျသွားတယ်.
ဒါဘာကို ပြသလဲဆိုတော့ ဒီဝက်ဆိုက်အပေါ် အထက်က အာရုံစူးစိုက်မှုရှိတယ် ဆိုတာကိုပါ။မတရားတဲ့ကိစ္စလေးတွေ တတ်နှိုင်သလောက် ပြင်ဆင်ခွင့်ရှိသွားတယ်ပေါ့လေ
အခုတစ်လောလဲ တိုင်စာ၊ တင်ပြစာလေးတွေ တော်တော်များများ ရွာထဲကိုေ၇ာက်လာပါတယ်။ဒီလိုဆိုတော့ ကျွန်တော် ဘာကိုစိုးရိမ်လာသလဲဆိုတော့ ရွာ့ အဆင့်အတန်း ကျသွားမှာကို စိုးရိမ်လာရပါတယ်။ တင်တဲ့တိုင်စာလေးတွေမှာ မမှန်ကန်တာ ၊ မတိကျတာ တွေ ပါဝင်လာခဲ့လို့ရှိရင် ဒီဝက်ဆိုက်က မမှန်သတင်းတွေ တင်နေတာပါလို့ မြင်သွားလို့ရှိရင် အမှန်အကန်တွေပါ ရောပြီး နစ်နာမှာ စိုးရပါတယ်။
မနေ့တနေ့ကတောင် အင်တာနက်က မြန်တော့ မြန်တယ် ၊ တိကျမှုအားနည်းတယ်လို့ ထောက်ပြထားတဲ့ ပိုစ်တစ်ခု ဖတ်လိုက်မိပါတယ်။ ဟုတ်ပါတယ်။ဒါ မသေမချာ မရေမရာနဲ့ ရေးလိုက်တဲ့ သူတွေကြောင့် အကုန်လုံးထိခိုက်ရတာပါ ။
မတရားလုပ်တာကို မုန်းတီးတဲ့ သူဆိုတာ ကိုယ်ကိုယ်တိုင်ကလဲ မတရားမလုပ်ရပါဘူး။
ဒါကြောင့် မှန်ကန်ဖို့တော့ လိုပါတယ်…
မန္တလေးဂဇက် ဆက်လက်တိုးတက်ပါစေ …
မှော်ဆရာ

About မှော်ဆရာ

has written 58 post in this Website..

အပြုသဘောဆောင်တဲ့ ရေးသားချက်များကိုသာ ရေးသားနှိုင်အောင် ကြိုးစားနေပါတယ်. နိုင်ငံတကာ ဆက်ဆံရေးပညာနဲ့ ကျောင်းပြီးပါတယ်။ ပွင့်လင်းမှုနဲ့ ယဉ်ကျေးမှုကို မြတ်နိုးပါတယ်။ သဘောကောင်းပါတယ်။ လက်သီးထိုး ပြင်းပါတယ်။ ဓါးထိုးပက်စက်ပါတယ်။ CJ # 9222010