မဟာကျိန်သစ္စာရှင် ဘုရားကြီး

black chawOctober 5, 20111min2526
မဟာကျိန်သစ္စာရှင်ဘုရားကြီး

 

 

မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းမကြီးပေါ်တွင် တည်ထားပူဇော်လျှက်ရှိသော မဟာကျိန်သစ္စာရှင် ဘုရားကြီး၏ ပုံတော်ဖြစ်ပါသည်။ ပဓာန နာယက ဆရာတော်

ဘဒ္ဒ န္တ ကုလရက္ခိတ မဟာဇေယျ သိဒ္ဓိ အဓိဌာန်ဆရာတော် မှ ဦးဆောင်ဦးရွက်ပြု တည်ထားခြင်းဖြစ်ပါ၏။ ဘုရားကြီး၏ ဉာဏ်တော်မှာ ၁၂၉ ပေ ၆ လက္မ ရှိသည်ဟုဆိုပါသည်။

ဆရာတော်သည် လူအများအား ကျေးဇူးဆပ်သည့်အနေဖြင့် အဓိဌာန်ဝင်လိုသည့် ပုဂ္ဂိုလ်များအတွက် အဓိဌာန်ဝင်နိုင်ရန် ဘုရားကြီးတစ်ဆူ တည်ထားပေးလိုသည့် စေတနာကြောင့်

ရှေးယခင် ရခိုင်ဘုရင်များ လက်ထက်တော်က ဘုရင်များ သစ္စာဆိုခဲ့သည့် (သို့) ကျိန်ဆိုခဲ့သည့် ဘုရင်များ ဦးခေါင်းထက်ပေါ်တွင် တင်၍ ကျိန်ဆိုသည့် (သို့) သစ္စာဆိုခဲ့သည့် ရုပ်ပွား

တော်မျိုးဆိုလျှင် ကောင်းလိမ့်မည်ဟု စေတနာပေါ်သည့်အလျောက် ကမ္ဘာသူကမ္ဘာသား၊ လူအများ၊ မြန်မာနိုင်ငံသူ/နိုင်ငံသားများ အကျိုးငှာ မဟာကျိန်ရုပ်ပွားတော်မြတ်ကြီးကို

တည်ထားပူဇော်ခြင်းဖြစ်ပါသည်။

ယခုအခါ စေတီအခန်းပေါင်း (၄၀) တည်ဆောက်ထားပြီး အရံစေတီ(၂)ဆူကိုလည်း ရဟန္တာနှင့်တကွ တည်ထားပူဇော်ထားကာ မဟာရံတံတိုင်းနှင့် အရံစေတီများကို ဆက်လက်

တည်ထားမည်ဖြစ်ပါသည်။

လှူဒါန်းမှု အစုစုကို လှူဒါန်းလိုကြသော ပုဂ္ဂိုလ်များအနေဖြင့် ဘုရားကြီးဖြစ်မြောက်ရေး အကျိုးတော်ဆောင် အဖွဲ့ ဖုန်း ဝ၁-၆၉၉၁၄၁၊ ဝ၁-၆၉၉၇၆၃ သို့ ဆက်သွယ်လှူဒါန်း

နိုင်ကြောင်းသိရပါသည်။ ရွာသူရွာသားများထဲမှ လှူနိုင်တန်းနိုင်သူများ သဒ္ဒါပေါက်ပါက လှူဒါန်းနိုင်အောင် သတင်းပေးခြင်းဖြစ်ပါသည်။

ဖြတ်သွားဖြတ်လာ ကားပေါ်မှ ဘုရားကြီးကိုဖူးလိုက်တိုင်း စိတ်ထဲမှ ခံစားမှုတစ်မျိုး ရနေတတ်သဖြင့် ဒီပို့စ်ကို တင်လိုက်ခြင်းဖြစ်ပါသည်။

အကြောင်းအရာကတော့ ဘုရားဆောက်လုပ်နေသော အင်ဂျင်နီယာ ထံမှ မေးပါသည်။ ဓါတ်ပုံကိုတော့ ကိုယ်တိုင်ရိုက်ခဲ့ပါကြောင်း။

 

ဘ ဒ္ဒ န္တ ကုလရက္ခတ ၏ ရုပ်တု

 

 

ဘုရားကြီးအား ဘေးတိုက်ဖူးတွေ့ရပုံ

6 comments

  • windtalker

    October 5, 2011 at 6:37 pm

    ဒီ ဘုရား အကြောင်းကို ရွာထဲ က ဘယ်သူလဲ မသိ တင်ပြီးသားပါ
    သို ့ပေသည့် ဘလက်ချော က တစ်ခါ ထပ်တင်တော့လဲ
    တစ်ခါ ထပ်ဖူးပါတယ်

  • blackchaw

    October 5, 2011 at 6:54 pm

    ဟုတ်တယ် ကိုပေ ရေ။
    ကျွန်တော် လုံးဝမသိလိုက်ဘူး။
    char too lan တင်ခဲ့တဲ့ ပို့စ်ပါ။ ထူးဆန်းတာက ခေါင်းစဉ်ပါ တစ်ထပ်တည်းတူနေတာပါ။
    sorry ပါဗျာ။ ဒါပေမယ့် char too lan တင်တုန်းက ဘုရားကြီး ရွှေ မချရသေးဘူးဗျ။
    ရွှေချပြီးသားပုံတော်ကို ရွာသူရွာသားတွေ ဖူးရတာပေါ့ဗျာ။
    ပြီးတော့ တတ်နိုင်သူများ လှူဒါန်းနိုင်ကြောင်းလေး ပါတော့ တော်သေးတာပေါ့ ကိုပေရာ။
    ပြောပြတာ ကျေးဇူးပါ။

  • nigimi77

    October 5, 2011 at 10:22 pm

    သိပ် နှမြောဖို ့ကောင်းတဲ့ ငွေကြေးတွေ….စီးဆင်းမှု မရှိပဲ တနေရာထဲမှာပဲ ရပ်တန် ့သွားပြီ။

  • “ဘီလူးကြီး”ogre

    October 6, 2011 at 11:39 am

    ကျုပ်အိမ်နဲ့ သိပ်မဝေးပေမယ် ့
    အဲဒီဘုရား သွားမဖူးဖြစ်ဘူးဗျ blackchaw တင်မှ ပဲ
    သေချာဖူးဖြစ်တာ

  • kai

    October 6, 2011 at 11:52 am

    http://www.news-eleven.com/index.php?option=com_content&view=article&id=10411:2011-10-05-15-43-02&catid=43:2009-11-10-07-39-09&Itemid=111

    သမီးအရင်းဖြစ်သူနှင့် သားမက်တို့က မိခင်ဖြစ်သူအသက် ၈ဝ ဝန်းကျင်အရွယ်ရှိ အဘွားအိုတစ်ဦးအား ဘုရားတန်ဆောင်းအတွင်း လာရောက်စွန့်ပစ်သည့်ဖြစ်စဉ် ကြည့်မြင်တိုင်မြို့နယ်၌ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ဝန်းကျင် အချိန်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

    အသက် ၈ဝ ကျော်အဘွားအိုကို သားမက်နှင့်သမီးဖြစ်သူတို့က အငှားကားနှင့်ခေါ်ဆောင်လာပြီး ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးတိုက်ရှိ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတန်ဆောင်းကြီး အတွင်း၌ ထားသွားခဲ့ကြောင်း သိရှိရသည်။

    စွန့်ပစ်ခံခဲ့ရသော အဘွားအိုမှ ”အိမ်မှာကတည်းက အဘွားရဲ့ သားမက်က အိမ်ပေါ်က ဆင်းသွားဖို့၊ မဆင်းရင် မြစ်ထဲပစ်ချမယ်လို့ပြောလို့ အဘွားက ငါက ရေကြောက်ပါတယ်။ မလုပ်ပါနဲ့လို့ တောင်းပန်ပါတယ်။ ပြီးတော့ သိပ်မကြာခင်မှာ သားမက်နဲ့သမီးက အပြင်သွားမယ်ဆိုပြီးတော့ ကားတစ်စီးပေါ် ခေါ်တင်သွားခဲ့ပါတယ်။ ဘုရားဝင်းတစ်ခုထဲလည်းရောက်ရော သမီးဖြစ်သူက အဘွားကိုဒီမှာ ဘုရားရှိခိုးပြီး ဥပုသ်စောင့်ဆိုပြီးတော့ ထားသွားခဲ့တာပါ။ အခုအဘွားမှာ သား သမီးလည်း မရှိတော့ဘူး။ နေဖို့လည်း မရှိတော့ဘူး” ဟု စွန့်ပစ်ခံခဲ့ရသည့် အဘွားအိုက ပြောကြားခဲ့သည်။

    အဆိုပါအဘွားအိုမှာ ထန်းတပင်မြို့နယ်တွင် နေထိုင်ကြောင်းသိရှိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထန်းတပင်မြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး အဆင်ပြေခဲ့မှုမရှိပါက နောက်ဆုံးအဆင့် အနေဖြင့် ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းကို ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက်မှ တာဝန်ရှိသူ ဦးဝေလင်းက ပြောကြားခဲ့သည်။

    ”အဘွားကလည်း သားသမီးတွေဆီ ပြန်မသွားရဲတော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ သာသနာပြုအဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးတော့ ဘိုးဘွားရိပ်သာကို ပို့ပေးဖို့စီစဉ်ထားပါတယ်” ဟု ဦးဝေလင်းက ပြောကြားခဲ့သည်။

    ယခုအချိန်အထိ အဘွားအိုအား ကျောင်းကြီးတိုက်အတွင်းရှိ ဘုံပျံကျောင်း စားဖိုဆောင်တွင် အမျိုးသမီး အဖော်တစ်ဦးနှင့် ခေတ္တစောင့်ရှောက်ထားကြောင်း သိရှိရသည်။

  • blackchaw

    October 6, 2011 at 12:05 pm

    သူကြီးရေ။
    ကျွန်တော် နှစ်မျိုး ခံစားမိတယ်ဗျာ။
    ဒီလိုဒုက္ခရောက်နေတဲ့ လူတွေကို လှူဘို့ နှိုးဆော်မယ့်သူ မရှိဘူးလို့
    သူကြီးပြောလိုက်သလိုပဲ။ မှန်လိုက်တာဗျာ။
    ပြီးတော့ ကိုယ့် ပို့စ်ကို ပြန်ဖတ်ပြီး ရှက်စိတ်နည်းနည်း ဖြစ်သွားမိတယ် ဗျာ။

Leave a Reply