ရခိုင့်ရိုးရာ ကျင်ကိုင်ပွဲ

we R oneOctober 5, 20112min1689

ပြီးခဲ့တဲ့ ၄ လပိုင်းတုန်း က ရွာပြန်တုန်း ရွာဘုရားပွဲ မှာ ရိုက်ထားတာ ပါ။ ကျင်ရဲ့ အဓိပ္ပာယ် ကိုတော့ သေချာ မသိပါ ။ ရခိုင့်ရိုးရာ အားကစား တစ်မျိုးလို့ပဲ သိထားပါတယ်။ သေသေချာချာ သိချင်ရင်တော့ အင်တာနက် မှာ ရှာကြည့်နိုင်ပါတယ်။

 

 

 

ရွှေမောင်းတန်း ဗိုလ်လု ပွဲ ဖြစ်ပါတယ်။

 

အောက်ပါလင့်ခ် တွင် ကျင်၏ အဓိပ္ပာယ် ကိုု ကြည့်ရှုနိုင်ပါသည်။
http://kyaukphrunet.blogspot.com/2011/01/blog-post_2129.html
ကျေးဇူးတင်ပါသည်။
we R one

9 comments

  • windtalker

    October 5, 2011 at 6:35 pm

    အဏ္ဏဝါ စိုးမိုး ရေးတဲ့ စာတစ်ပုဒ် မှာ ဖတ်ဖူးတာ
    ဒီ ကျင်ကိုင် တာဟာ အခန် ့မသင့်ရင်
    အသက်ဆုံးတဲ့အထိ ဆုံးရှုံးမှု များနိုင်တယ် တဲ့
    ဆိုတော့
    ဒီ အားကစား / ကစားနည်း ကို ကြည့်ခြင်းအားဖြင့်
    ရခိုင်လူမျိုးတွေ ဟာ သွေးမကြောင်ဘူး
    သတ္တိကောင်းတယ် ဆိုတာ တန်းသိနိုင်ပါတယ်

  • yetazar

    October 5, 2011 at 7:27 pm

    ကျင်ကိုင်ရာမှာ အခံနဲ့အအုပ်ဆိုပြီးရှိတယ်ဗျ ။ ပြိုင်ဘက်နှစ်ယောက်ဟာ အခံတစ်လှည့် ၊ အအုပ်တစ်လှည့်ကစားရတယ် ။အအုပ်သမားက အခံသမားရဲ့ပခုံး နဲ့ နံကြားကိုပထမဆုံးဆုပ်ကိုင်ခွင့်ရတယ် ။ ကျင်မှာ ရွှေမောင်တန်း ၊ ငွေမောင်းတန်းလို့ရှိပြီး ရွှေမောင်းတန်းတွေက တစ်ကယ့်ပညာရှင်အဆင့်တွေဖြစ်သွားကြတယ် ။ တစ်ယောက်နဲ့တစ်ယောက်ရှောင်ပြေးလို့မရဘူး ။ စည်းဝိုင်းထဲမှာ သတ္တိရှိရှိ ဇွဲကောင်းကောင်းနဲ့ယှဉ်ပြိုင်ရတယ် ။ လက်ဝှေ့ထက် ကြောက်စရာကောင်းပြီး နပန်းထက်ပြိုင်ဆိုင်မှုပြင်းထန်တယ် ။ အခန့်မသင့်ရင်အသက်ပေးရတယ်ဆိုတာကတော့တစ်ကယ်ပါ ။

  • မြန်မာပြည်သား

    October 5, 2011 at 9:24 pm

    ကျင်ကိုင်ရာမှာ အခံနဲ့အအုပ်ဆိုတာရှိတယ်ဗျ ။ ယှဉ်ပြိုင်သူနှစ်ဦးက အခံအအုပ်တစ်လှည့်စီလုပ်ရတယ် ။ အအုပ်သမားက အခံသမားရဲ့ ပခုံး ပေါ်ကိုလက်စတင်ခွင့်ရှိတယ် ။ ကျင်မှာရွှေမောင်းတန်း ၊ ငွေမောင်းတန်းဆိုပြီးရှိတယ်ဗျ ။ ရွှေမောင်းတန်းကတော့ ပညာရှင်အဆင့်တွေပေါ့ ။ လက်ဝှေ့ထက်ပြင်းထန်သလို နပန်းထက်လည်းကြောက်စရာကောင်းတယ် ။ စည်းဝိုင်းထဲကထွက်ပြေးလို့လဲမရဘူး ။ အခန့်မသင့်ရင်သေတယ်ဆိုတာ တစ်ကယ်ပါ ။ ရွှေမောင်းတန်း ပထမဆုရှင်ကတော့ ရခိုင်တွေရဲ့သူရဲကောင်းတွေပေါ့ ။ ခြေထောက်ရဲ့မြဲမြံမှု ၊ လက်ရဲ့ဆုပ်ကိုင်အားကောင်းမှု ၊ ကိုယ်ခန္ဓာတောင့်တင်းခိုင်မာမှု ၊ ပညာသားပြည့်ဝမှု ဒါတွေပြည့်စုံမှကျင်ပညာကိုသင်ယူယှဉ်ပြိုင်လို့ရတယ် ။ ကျင်ပွဲမှာနိုင်တဲ့သူက ကျင်ဝိုင်းပြီးတော့ ပရိတ်သတ်ကိုကန်တော့ရတယ် ။ ကျင်ဝိုင်းတဲ့အချိန်မှာဆုတော်ငွေချီးမြှင့်တာတွေပြုလုပ်ကြတယ် ။ တစ်ခါကကျင်ဝိုင်းတာကို ကွင်းတစ်ပတ် ဂျွမ်းမနားတမ်းပစ်ပြီး ကျင်ဝိုင်းသွားတဲ့သူတစ်ယောက်မြင်ဖူးတယ် ။ ရခိုင်ပြည်နယ်ကိုရောက်ရင်လေ့လာသင့်တဲ့အားကစားတစ်မျိုးပါ ။

  • TTCG

    October 5, 2011 at 9:59 pm

    Why were they wearing both Underwear & Myanmar Longyi together? Is it not better to wear short pant and underwear?

  • မှော်ဆရာ

    October 6, 2011 at 12:16 am

    ရှော့ပင်က ဆွဲမိရင် ကျွတ်ကျသွားနှိုင်တယ်ဗျ . ပုဆိုးက ခုတောင်း မြှောင်အောင် ကျိ်ုက်ထားရင် ပြန်ဖြည်ရင်တောင် မနဲ ပြန်ဖြည်ရတာ ။ ကြည့်ပါလား အစွန်းအစ မရှိအောင် တင်းနေအောင် ကျိုက်ထားတာလေ …..ဘေးကလူ ကျိုက်ထားပုံနဲ့ ကစားသမားတွေ ကျိုက်ထားပုံ မတူဘူး

  • yetazar

    October 6, 2011 at 12:34 pm

    ဩ .. ။ မြန်မာပြည်သားလဲ ကျင်ပညာကိုတော်တော်လေ့လာထားတာပဲ ။ ကျင်သမားလားဗျ ။ ရခိုင်မှန်ရင်ကျင်ပညာကိုနားလည်တာကောင်းပါတယ်ဗျာ ။ ကျွန်တော့ကတော့ မတတ်ဘူးဗျ ။ ဝါသနာပါလို့လေ့လားထားတာ ။ ကိုယ့်လူမျိုးယဉ်ကျေးမှုဆိုပြီးတော့လေ ။

    • swam

      October 6, 2011 at 12:46 pm

      ကျင်ကိုင်ပွဲဆိုုလို့ ဘယ်ကျင်တာကြီးကိုင်တာလဲလို့ဝင်ကြည့်တာ 🙂 လတ်စသတ်တော့
      ရခိုင်တွေရဲ့ အားကစားပဲကို ။ အဆင်သင့်ရင် ဝင်နွဲချင်တယ်ဗျာ ပွဲကြည့့်အဖြစ်နဲ့ပေါ့ ။

  • manawphyulay

    October 6, 2011 at 1:04 pm

    အင်း တော်တော်များများ ကျင်ကိုင်တဲ့ပုံ အမျိုးစုံကို ရခိုင်က မောင်လေးတစ်ယောက်ရဲ့ဖေဘွတ်မှာ မြင်တွေ့ရပါတယ်။ ရိုးရာဓလေ့တစ်ခုပဲနော်။ ဗဟုသုတရရှိပါတယ်။

  • ba gyi

    October 6, 2011 at 2:35 pm

    မြန်မာ့ တိုင်းရင်း သားတွေ အားလုံး- သူ့လူမျိုး၊ သူ့ဘာ၊ သူ့ယုံကြည်မှုအလိုက် ချစ်စရာ၊လေးစားစ ရာ တစ်ရွာတစ်ပုံစမ်းဆိုသလိုရှိကြပါတယ်၊ ရခိုင်ရိုးရာတွေ ယ္ခုထိရှင်သန်ထိမ်းသိမ်း ကြသလို၊ အခြားတိုင်း ရင်းသားများလည်းထိမ်းသိမ်းခဲ့ကြတာ တွေ့ရမှာပါ၊ သည်လို တိုင်းရင်းသား ရိုးရာကလေးတွေ ကို ခေတ်လူ ူငယ်တွေလက်ဆင့်ကမ်းနိုင်အောင် တင်ပေးတာ ကျေးဇူးတင်ပါတယ်၊ ရခိုင်၊မွန်၊ရှမ်းတို့ရဲ့ ရိုးရာ ယဉ် ကျေး မှု၊ ကိုးကွယ်မှု အချို့ဆိုရင် ဗမာထက်ရှေ့ကျခဲ့တဲ့အထောက်အထား တွေရှိပါတယ်၊ အားလုံးထဲမှာတော့ ကျုပ်က ရခိုင်နဲ့ ပိုနီးစပ်တယ် – ဘာကြောင့်လည်းမ မေးနဲ့ ကျုုပ်အသဲလေးက ရခိုင်မကလေး — လေ — ဒါ ပေမည့် —- ( ကျင်တော့ အကိုင် မခံရ သေးပါဗျား။ )
    ရွာသားတွေကို ကြုံ တဲ့ အခါ ကြက်သောက်ဆမ်းတို့ ၊ငါးရုတ်သီးစိမ်းမျှင်ငပိထောင်း တို့ ၊ ငါးနီတူသုပ် တို့ ကျွေးချင်ပါကြောင်း၊ ရခိုင်မှာမင်္ဂလာ ဆောင်ရင် ရေနွေးကြမ်းအိုးတွေထဲ အရက်ထည့် ၊ ဝက်သား ကို မျှင် ပုဇွန်ငပိသုပ်နှင့် ကြိုက်သ လောက်သောက်၊ ကြိုက်သလောက်စား၊ ကြိုက်သလောက်မူးနိုင်ပါကြောင်း၊ သူကြီး နှင့် ရွာထဲမှ ပလောင်ထင်းကြသူများကို မစားရ ဝခမန်း ဖောက်သယ်ချပါ၏။သင်္ကြန် ကျလျှင် ရခိုင်
    ရိုးရာ ရေကစားကြွကြရန်လည်း ယ္ခုကတည်းကဖိတ်ပါ၏။

Leave a Reply