သီလပုံစံဖြည့်ကြပါ အမှတ် (၂) (အဒိန္နဒါနာ – – -)

(ပုံစံအားဖြင့် သူတစ်ပါးပစ္စည်းကို မခိုးရခြင်း)  သူတစ်ပါးပစ္စည်းကို ခိုးယူနေကြမည်ဆိုပါက ထိုခိုးသူကြောင့် ပတ်ဝန်းကျင်ဟာ ငြိမ်းအေးမှာမဟုတ်တော့ပါဘူး။ လူ့ငြိမ်းအေးမှုကို ထိခိုက်စေတာမို့ လူသားတိုင်း သူတစ်ပါးပစ္စည်းဥစ္စာကို မခိုးဖို့လိုက်နာ စောင့်ထိန်းသင့်ပေသည်။ ဒါဟာပုံစံအားဖြင့် ပေါ်အောင်ပြောရတာပါ။

ဒီပုံစံထဲမှာ ကိုယ့်ဘဝနဲ့ဆိုင်တာတွေကို ဖြည့်ကြည့်ကြမယ်ဆိုရင် သူတစ်ပါး ပစ္စည်းဥစ္စာ ဘာကြောင့် မခိုးသင့်လဲဆိုတာကို ထပ်မံစိစစ်ကြည့်မယ်ဆိုရင် ကိုယ်မရသင့် တာကို ရယူနေမယ်ဆိုရင် ဒီသူရဲ့ လူ့အရည်အချင်းလို့ဆိုရတဲ့ တန်ဘိုးဟာတဖြည်းဖြည်းချင်း ကျဆင်းသွားပါလိမ့်မယ်။

ဥပမာအားဖြင့် စာမေးပွဲမှာ စာခိုးချပြီးအောင်ခဲ့တဲ့ကျောင်းသားဟာ သူ့ဘဝမှာ အောင်မြင်ဖို့အတွက် ကိုယ့်အရည်အချင်းအမှန်ကိုု အားကိုးယုံကြည်မှု လျော့နည်းသွား ပါလိမ့်မယ်။ အချောင်သမားစိတ်ဓာတ်တွေဖြစ်သွားတာမို့ ကောင်းမွန်တဲ့ လူ့အရည်အချင်းများပျက်စီးသွားတာသည် ကိုယ်နဲ့ မထိုက်တန်သေးတဲ့ အခြေအနေရဖို့ စာမေးပွဲ ခန်းထဲမှာ စာခိုးချခဲ့တာက စခဲ့တာပါပဲ။

ကိုယ်နဲ့ မထိုက်တန်တာ မရသင့်တာကို ယူမိခဲ့တဲ့ (စာခိုးချခဲ့တဲ့) အလေ့အကျင့် ကြောင့် အဲဒီပုဂ္ဂိုလ်ဟာ ဘဝမှာ ကိုယ်နဲ့မတန်တာတွေနဲ့ နေထိုင်၊ သုံးဆောင်မိလို့ ဝင် ငွေ၊ ထွက်ငွေ မမျှတတော့ပဲ စီးပွားပျက် ဒုက္ခရောက်ရခြင်းတွေနှင့် အချိန်တန်ဘွဲ့ရသွား တော့ လုပ်ငန်းခွင်ဝင်ကြတဲ့အခါ (စာခိုးချခဲ့တဲ့) အလေ့အကျင့်ဆိုးကပေးလိုက်တဲ့ အလေ့ အထကြောင့် လုပ်ငန်းကို မှန်မှန်ကန်ကန် ကြိုးစားမှုမရှိကြတော့လို့ မိမိလည်း မတိုး တက်၊ လုပ်ငန်းလည်း မဖြစ်ထွန်းတော့ခြင်းသည် စာမေးပွဲခန်းထဲ စားခိုးချခဲ့တဲ့ မိမိ မရသင့်၊ မရထိုက်သော ပစ္စည်းဥစ္စာတို့အား မယူဖို့ (အဒိန္နဒါနာ – – -) ကို  စောင့်ထိန်းခြင်း ပျက်ကွက်ခဲ့လို့ပါပဲ။

           ယနေ့တွင်  ခေတ်စားနေသော ချဲထီထိုးသည့်အလုပ်မှာ ကိုယ်ကငွေတစ်ထောင် လောက်ပေးပြီး  ငွေ (၅)သိန်းလိုချင်ကြခြင်းမှာလည်း မိမိ မရသင့်၊ မရထိုက်သော ငွေကြေး အား ရယူခြင်းဖြစ်ပါသည်။ ထိုချဲထိုးသည့်အလုပ်အား စွဲစွဲလန်းလန်းလုပ်နေသောပုဂ္ဂိုလ် တို့သည် ထီပေါက်နိုးနိုးနဲ့ စိတ်ကူးယဉ်ကာ ကိုယ်နှင့်ထိုက်တန်သည့် ဝင်ငွေရရှိစေသော လုပ်ငန်းများကို စိတ်မဝင်စားတော့ပဲ ချဲထီနဲ့ပဲ အချိန်တွေကုန်၊ ငွေတွေကုန်၊ စီးပွားပျက်၊ ဘဝတွေပျက်ရခြင်းမှာ မိမိ မရသင့်၊ မရထိုက်သော ပစ္စည်းဥစ္စာတို့အား မယူဖို့ကို စောင့် ထိန်းခြင်း ပျက်ကွက်ခဲ့လို့ပါပဲ။

             အင်္ဂလိပ်ခေတ်က ကျွန်းပင်များကိုခုတ်ရာတွင် သတ်မှတ်သက်တမ်းမှီသော၊ အရည်အသွေးပြည့်သော၊ သင်းသတ်ထားပြီးသော ကျွန်းပင်များကိုသာ ခုတ်သည်ဟု သိရပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ကျွန်းသစ်သည် အရည်အသွေးပြည့်ဝကာ အဖိုး ထိုက်တန်သော ကျွန်းအမျိုးအစားဖြစ်ခဲ့ပေသည်။ ဒါသည် ကျွန်းပင်တို့အား မခုတ်သင့်တဲ့ အချိန်မှာ မခုတ်ပဲ ခုတ်သင့်တဲ့အချိန်မှသာ ခုတ်ခြင်းစသည့် မိမိ မရသင့်၊ မရထိုက်သေး သော ပစ္စည်းဥစ္စာတို့အား မယူခြင်း (အဒိန္နဒါနာ – – -) တည်းဟူသော သီလကို စောင့် ထိန်းခြင်းဖြစ်၏။

အဆိုပါ ကျွန်းပင်တို့အား သတ်မှတ်သက်တမ်း မမှီသေးပဲ၊ သင်းသတ်ခြင်းတွေ မပြုပဲ ငွေ (ဒေါ်လာ) လိုချင်ဇောတစ်ခုတည်းနှင့် ခုတ်ပြီး ရောင်းချကြမည်ဆိုပါက မိမိ မရ သင့်၊ မရထိုက်သေးသော ပစ္စည်းဥစ္စာတို့အား မယူဖို့ကို စောင့်ထိန်းခြင်း ပျက်ကွက်တာမို့ အရည်အသွေးမပြည့်ဝသော ကျွန်းသစ်များဖြစ်ကာ ကမ္ဘာ့ဈေးကွက်မှာ ထိုက်သင့်တဲ့ ဈေးနှုံး မရဘူးဆိုလျှင် ရောင်းချသလောက် အကျိုးစီးပွားမဖြစ်နိုင်ပါ။

စပါးများ ပိုမိုအထွက်တိုးစေရန်အတွက် တစ်နှစ်လျှင် နှစ်သီးစား၊ သုံးသီးစားဖြင့် ဆည်ရေသွင်းစိုက်ပျိုးကြတဲ့အခါ အချို့ဒေသများ (အထူးသဖြင့် ရန်ကုန်တိုင်းအတွင်း မိုး ကောင်းလယ်များ) တွင် တစ်နှစ်လျှင် တစ်သီးပဲ စားသင့်ပါလျှက် ပိုမိုလိုချင်ဇောဖြင့် နှစ် ပတ်လည် ဆည်ရေသွင်း စိုက်ပျိုးမှုများကြောင့် ထိုဒေသရှိ လည်ယာမြေများမှာ နွေရာသီ မှာပင် စွတ်ဆိုနေခြင်းကြောင့် (သဘာဝအရ ခြောက်သွေ့မြေဆီချက်ခြင်းများ မဖြစ် တော့ပဲ) မြေဩဇာများ တဖြည်းဖြည်း ဆုတ်ယုတ်လာကာ တစ်သီစားထက်ကို စပါးအ ထွက်နှုံးကျဆင်းလာသည်ဟု သိရပေသည်။ ဒါသည်ပင် မိမိ မရသင့်၊ မရ ထိုက်သော ပစ္စည်းဥစ္စာတို့အား မယူဖို့ကို စောင့်ထိန်းခြင်း ပျက်ကွက်မှုကြောင့် လယ် သမားများ လုပ် သလောက် စီးပွားမဖြစ်ရခြင်းလို့ သုံးသပ်လို့ရပေသည်။

လုပ်ငန်းခွင်မှာ လုပ်သား၊ ဝန်ထမ်းများအား လုပ်နိုင်တဲ့ပမာဏထက် (နားရက် မရှိ)  ပိုမိုခိုင်းစေမိပါက တဖြည်းဖြည်းခြင်း လုပ်အားများကျဆင်းလာခြင်းကြောင့် စက်ရုံ၊ အလုပ်ရုံများ စီပွားမဖြစ်ထွန်းတော့ခြင်းသည် ရသင့်တဲ့လုပ်အားထက် ပိုယူလိုသည့် မိမိ မရသင့်၊ မရထိုက်တာကို မယူဖို့ (အဒိန္နဒါနာ – – -) ကို  စောင့်ထိန်းခြင်း ပျက်ကွက်ခဲ့လို့ပါ ပဲ။ လုပ်သား၊ ဝန်ထမ်းတို့အား ပုံမှန်နားရက်များပေးကာ ရသင့်တဲ့လုပ်အားဖြင့် လည်ပတ် နေသော လုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများသည် လုပ်အားများ ပိုမိုတိုးတက်လာခြင်း ကြောင့် စီပွားပိုမို ဖြစ်ထွန်းလာရခြင်းမှာ မိမိရသင့်တဲ့ လုပ်အားကိုပဲ ရယူခြင်းကြောင့် လည်းဖြစ်သည်ဟု သုံးသပ်လို့ရပေသည်။

ဒါ့ကြောင့် လူသားတွေ မိမိတို့ဘဝမှာ စား၊ ဝတ်၊ နေရေး စီပွားရေးနှင့် ပတ်သက် လို့ လုပ်ကိုင်ဖြေရှင်းကြတဲ့အခါ မိမိဘာတွေကို ခိုးယူမိနေသလဲဆိုတာ သုံသပ်မိပြီးစောင့် ထိန်းကြမှသာလျှင် ငြိမ်းအေးသည့် လူ့ဘောင်တစ်ခုသို့ အမှန်တကယ် ဆိုက်ရောက်မှာ ဖြစ်ပါကြောင်းကို  ရေးသားတင်ပြအပ်ပါတယ်။

 

ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဖြစ်နေရခြင်းကိုလည်း နံပါတ် (၂)  သီလတွင် ပုံစံဖြည့် ၍ နားလည်စောင့်ထိန်းနိုင်ကြပါလေ။

 

(၃။ သူတစ်ပါးရဲ့ ကာမအာရုံ (ကာမေသု)အား အလိုမတူ မပြုရခြင်းကို – – – – ဆက် လက် တင်ပြပါမည်။ )

49 comments

  • chityimhtoo

    October 5, 2011 at 10:10 pm

    ငါးပါးသီလဆိုတာတတ်နိုင်သမျှလုံရင်တော့အကောင်းဆုံးပေါ့ဗျာ။ဒါပေမဲ့တစ်ခါတစ်လေမှာဘယ်သူ
    တွေဘယ်လောက်လုံတယ်ပါးစပ်ကပြောပြော ကျိုးဖေါက်မိကျတာဘဲ။ကျွန်တော်တို့က သာမာန်
    ပုထုဇဉ်လူသွားတွေဖြစ်တဲ့အတွက် လူမှူ့ရေးစီးပွားရေးတွေနဲ့ ကြုံတဲ့အခါသီလတွေကျိုးပေါက်မိပါတယ်။
    ကြားဖူးထားတာတစ်ခုရှိပါတယ်၊ဝိဿာခကျောင်းအမကြီးကိုဘုရားကမေးခဲ့ဖူးတာရှိပါတယ်။ဘုရားကို
    ဘယ်အချိန်မှာမေ့လည်းဆိုတော့ ကာမယှက်ဆက်တဲ့အချိန်မှာမေ့ပါတယ်လို့ပြောတော့၊ဗုဒ္ဓမြတ်စွာ
    ဘုရားကကာမယှက်ဆက်တဲ့အချိန်မှာတောင်ငါ့ကိုမမေ့နဲ့ သားကောင်းသမီးကောင်းရတယ်လို့ဟော
    ခဲ့ဖူးတယ်လို့ကြားဖူးပါတယ်။သီလဆိုတာအတတ်နိုင်ဆုံးလုံရင်အကောင်းဆုံးပေါ့၊အကြောင်းအမျိုးမျိုး
    ကြောင့် ကျိုးပေါက်ခဲ့ရင်လည်းစိတ်ထဲမှာအရမ်းကြီး မထားသင့်ပါဘူး။ကျွန်တော်တို့ဟာသာမာန်ပုထုဇဉ်
    လူသားတွေဖြစ်တဲ့အတွက်တစ်ခါတစ်ရံမှာတော့ ကျိုးပေါက်မိမှာဘဲ ဒါပေမဲ့ စိတ်ထဲမှာဘုရားတရားသံဃာ
    ကိုတော့ဘယ်တော့မှမမေ့ပါဘူး။မီးစာတစ်ဖက်၊ ရေမှူတ်တစ်ဖက်ပေါ့။

    • mggwa

      October 6, 2011 at 3:47 pm

      ချစ်တီခေါင်းသန်းရှာသလို အလုပ်မရှိ အလုပ်ရှာ အတွေးနယ်ချဲ့ပြီး အကြောက်၊ အမျှော်တွေနဲ့ ထိန်းတဲ့ သီလမျိုးဆိုတဲ့ ပရာမာသသီလ (အချည်းအနှီး) သီလတွေလည်းရှိသေးတယ်။ chityimhtoo အနေနဲ့ ငါးပါးသီလ လုံဖို့က ဘယ်လိုသီလမျိုးတွေကို လုံအောင်ကြိုးစားမှာလဲ။ မကြိုးစားသင့်တဲ့သီလ၊ သွားကြိုးစားမိရင်တော့ အချည်းအနှီးဖြစ်ပြီး ပင်ပန်းမှာပဲလို့ ဆိုပါရစေ။

      ဥပမာ
      ၁။ တိုင်းပြည်ကို ကျူးကျော်လာတဲ့ ရန်သူတွေကို တိုက်သင့်၊ မတိုက်သင့်။
      (စစ်တိုက်တယ်ဆိုတာ ပန်းလေးနဲ့ ပေါက်ရမှာ မဟုတ်ဘူးနော်။)
      ၂။ လယ်သမားတွေ စပါးပိုးကျတယ် ငုတ်တုတ် ထိုင်ကြည့်နေမလား၊ ဘာလုပ်ကြမလဲ၊
      (သီလထိန်းပြီး ငုတ်တုတ် ထိုင်ကြည့်နေရင် ဘာတွေဖြစ်လာကြမလဲ)

      အဲဒီဖြစ်စဉ်တွေမှာ ၅-ပါးသီလ ထိန်းပြကြပါဦး။ ကိုယ်က သီလထင်ပြီး စောင့်ထိန်းနေတဲ့အရာတွေ တကယ် အသုံးကျ၊ မကျ ဆိုတာကို ဝင် ဂွကျလိုက်တယ်ဗျာ။

      • မိုက်ကယ်ဂျော်နီအောင်ပု

        October 6, 2011 at 4:33 pm

        သဟာကြောင့်
        လောကီနဲ့ လောကုတ္တရာကို မတွဲကြလေနဲ့လို့
        ဓာတ်ပြားဟောင်းကြီးကို ပြန်ဖွင့်ပေးလိုက်တယ်ကွယ်
        တူနယ်တဲနယ်
        တူနယ်တဲနယ်
        ဗျိဗျိ ( စေတနာဖြင့် ပတ်မကြီးသံ အပိုတင်ဆက်ပေးလိုက်သှ် )

        • mggwa

          October 6, 2011 at 5:51 pm

          လောကီက ဘယ်ဟာလဲ၊ လောကုတ္တရာက ဘယ်ဟာလဲ ရှင်းပါဦး ကိုပုရ။ ဟိုလို ဒီလိုနဲ့တော့ ရောမချနဲ့လေ။ ဘာအလုပ်တွေမှ မလုပ်တော့တဲ့ လူတောထဲက တစ်ကိုယ်ကောင်းဆန်ဆန်ထွက်ပြေးတဲ့ လူတောမတိုးတော့တဲ့ အခြေအနေကိုတော့ လောကုတ္တရာလို့ မလုပ်လိုက်ပါနဲ့ ကိုရင်ပု။

      • ကိုသစ္စာ

        October 13, 2011 at 6:34 pm

        ဘုရားရှင်လက်ထက်မှာလည်း ဗုဒ္ဓရဲ့ ဆွေမျိုးတွေကို ကောသလမင်းရဲ့သား (ဝိသဋူူပမင်းသား)က အငြိုးနဲ့ လာသတ်တာ ဆွေမျိုးတွေ (အရိယာတွေ အများစု ပါသည်)က လည်းစင်းပြီး ခံပေးတာမဟုတ်ဘူး။ ပြန်ခုခံတယ်လို့ တွေ့ရတယ်။ ကိုယ့် လာသတ်တဲ့သူကိုယ်တော့ ပန်းလေးနဲ့ပေါက်ပြီး ခုခံမှာတော့ မဟုတ်နိုင်ဘူး။ တုတ် တုတ်ချင်း၊ ဓား ဓားချင်း တုန့်ပြန်ကြရင် ဘာတွေဖြစ်ကုန်ကြမလဲ၊ ဓားဆိုတာ သေတတ်တယ်နော်။
        အရိယာဆိုတာ အရုပ်ကြီးလို မတုန်မလှုပ်နေတာကို ပြောတာမဟုတ်ပါ။

        • sai mokkham

          April 20, 2012 at 4:01 pm

          အရိယာကို သစ်တုံးလို မြင်နေသူတွေ အတွက် ကောင်းလိုက်တဲစာသား

  • kai

    October 6, 2011 at 3:34 am

    မြန်မာပြည်တပြည်လုံးသုံးစွဲနေတဲ့. ကွန်ပျူတာအားလုံးလိုလိုက..Micro$oft Windows တွေဖြစ်ပြီး.. အဲဒါက operating system (OS) အဖြစ်အသုံးပြုနေတာပါ..။
    Micro$oft ကပဲ..စစ်တမ်းထုတ်ထားတာမှာ.. မြန်မာပြည်ရဲ့ မြန်မာလူမျိုးတွေသုံးတဲ့.. ကွန်ပျူတာ.. အားလုံးလိုလိုက.. ဆိုင်ရာရောင်းဝယ်သူတွေဆီ ကနေ ထိုက်သင့်တဲ့တန်ကြေးပေးဝယ်ထားတာတွေမဟုတ်ဖူးလို့.. ဆိုပါတယ်..။
    နောက်ပြီးတော့.. Install လုပ်ထားတဲ့.. ဂရပ်ဖစ် ပုံတွေလုပ်တာ.. စာတွေတည်းဖြတ်တာ..စတဲ့.. နေ့စဉ်လူနေမှုဘဝမှာ ထိတွေ့ဆက်ဆံနေတာတွေကို.. အားဖြည့်လုပ်ဆောင်ပေးနေတဲ့ software တွေအားလုံးလိုလိုလည်း… Adobe, Apple စတာတွေ ကနေ ထိုက်သင့်တဲ့တန်ကြေးပေးဝယ်ထားတာတွေမဟုတ်ဖူးလို့.. ခန့်မှန်းနိုင်ပါတယ်..။

    တေးဂီတသီချင်းစာသား..တီလုံး..ကကွက်..တွေ.။
    ရုပ်ရှင်..ဇတ်လမ်း.. အခွေ၊ ဒီဗီဒီ.. တွေ..။
    သတင်း၊ ဓါတ်ပုံတွေ..။
    နည်းပညာတွေ..

    ပိုင်ရှင်မသိပဲ.. ခိုးယူတယ်ပြောပြော.. ပိုင်ရှင်ကိုလှည့်ဖြားပြီး သူပိုင်ပစ္စည်းကို သုံးစွဲတယ်ပြောပြော.. ကြိုက်သလိုပြော..
    ဒါတွေဟာ… မိမိ မရသင့်၊ မရထိုက်တာကို မယူဖို့ (အဒိန္နဒါနာ – – -) ကို စောင့်ထိန်းခြင်း ပျက်ကွက်နေတယ်လို့.. ပြောနိုင်မှာပေါ့..။
    ===
    အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    အဒိန္နာဒါနာ= ပိုင်ရှင်မပေးသော သူတပါးဥစ္စာကို ခိုးယူခြင်းမှ။
    ဝေရမဏိသိက္ခာပဒံ= ရှောင်ကြဉ်ရာ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်တော်မြတ်ကို။
    သမာဒိယာမိ= ကောင်းစွာ ဆောက်တည်ပါ၏။

    တကယ်တော့… အခုကိုငြိမ်းအေးဖွင့်ဆိုနည်းက.. အပေါ်က.. (ထုံးစံအတိုင်း)မြန်မာလိုဖွင့်ထားတာထက်တော့ ပိုပြည့်စုံတယ်ထင်မိပါတယ်..။

    • မိုက်ကယ်ဂျော်နီအောင်ပု

      October 6, 2011 at 9:40 am

      မကောင်းဘူးဗျာ
      ကျောင်းသုံးစာအုပ်ထည်းထည့်လိုက်

  • True Answer

    October 6, 2011 at 10:09 am

    ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) ပြောတဲ့ လမ်းညွှန်ချက်တစ်ခုရှိပါတယ်။

    ကိုယ်ချင်းစာတရား (အများအကျိုးကိုလိုလားတဲ့စိတ်၊ မိမိလောဘ-ဒေါသကြောင့် သူတပါး(အများ)ထိခိုက်နစ်နာမှာကို ငှဲ့ကွက်တဲ့စိတ်) လေးတစ်ခုတည်း ကိုသာ ပိုင်ပိုင်နိုင်နိုင် မိမိစိတ်နှလုံးမှာ ကိန်းအောင်းလာအောင်ကြိုးစားကြည့်ပါတဲ့။

    သီလတရားရော၊ ဒါနတရားရော၊ ဗြဟ္မာစိုရ်တရားတွေရော အလိုလိုရောက်လာပါမယ်တဲ့ ။

    သီလတရားတွေကို ကျိုးပေါက်စေတဲ့ အဓိကတရားခံအစစ် (အလိုရမ္မက်ကြီးမှု၊ လောဘ၊ ဒေါသ၊ သောက၊ အတ္တ၊ မာန၊ စသော စိတ်အညစ်အကြေးများ) ကို စွန့်လွှတ်သည့် ပညာဉာဏ်မပါဝင်ဘဲ သီလတရားကို ခေါင်းပူအောင် စဉ်စားနေသူများအတွက် –

    ((ဘာကိုအဓိကထားရမလဲ – http://www.mediafire.com/?bwj7c0vv5yve8qf ))

  • parlayar46

    October 6, 2011 at 11:03 am

    ဒီပိုစ့်ကတော့ Buddhism လို့ဆိုထားတော့ ဗုဒ္ဓဘာသာရဲ့ ငါးပါးသီလ ကို လူမှု့ဝန်းကျင်မှာ ကျင့်သုံးဖို့ သင့်လျှော်သလို အဓိပ္ပါယ်ချဲ့ထွင် ဖွင့်ဆိုတာ လို့ နားလည်မိပါတယ်။

    ဒီအပိုင်းအပါ်မှာကျုပ်သုံးသပ်ချက်ကတော့ –
    ၁-ကောင်းပါတယ် (ထောက်ခံပါတယ်)
    ၂-လက်တွေ့ပြည့်စုံအောင်ကျင့်သုံးဘို့ မဖြစ်နိုင်ပါဘူး

    တကယ်တော့ လူမှု့ဝန်းကျင်ရဲ့ အယူအဆ မူဝါဒတွေကို ဘာသာရေးတခုခုနဲ့ အပြီးအပြတ်ညှိနှိုင်းကြည့်ဘို့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လွယ်လွယ်ပြောရရင် ခံယူချက်ချင်းမတူလို့ပါပဲ။
    ဒါတွေလျှောက်ပြောရင်တော့ အလွန်ကျယ်ဝန်းသွားလိမ့်မယ်။
    ပြောသူကပြောနိုင်တယ်ထား ဖတ်သူလဲရှိမှာမဟုတ်ဘူး။ web page ဆိုတာ သုံးမျက်နှာထက်ကျော်ရင် စိတ်ဝင်စားမှု့လျှော့သွားရော။
    ဖတ်သူရှိတယ်ထား ဒီရွာရဲ့ ဆာဗာလေးကိုလဲ ငဲ့ရသေး ……………..

    ဒီတော့ ပိုစ့်ပိုင်ရှင်နဲ့ သူကြီးကတော့ လောကအမြင်လေး ပြောသွားပြီးပြီ
    ကျုပ်က ဓမ္မအမြင်လေး ပြောပါရစေ-
    အလွန်ကျဉ်းတဲ့ စတိ ဥပမာလေးပေါ့……..
    (မြန်မာပြည်ထရဝါဒ) ဗုဒ္ဓဘာသာရဟန်းတပါးကို သူခိုးက ဓါးပြက ဆွမ်းကပ်လှူရင် သူခိုး၊ဓါးပြမှန်း သိပေမယ့် ရဟန်းက အလှူခံပါတယ်။ အဲဒါဝိနည်းအရ အပြစ်မရှိပါဘူး။
    (မြန်မာပြည်ထရဝါဒ) ဗုဒ္ဓဘာသာရဟန်းတပါးကို မုဆိုးတယောက်က အသား(ဟင်း) လှူရင် – ကိုယ့်ကိုလှူဘို့ သတ်ထားတာလို့ မမြင်/မကြား/မထင်ရ လျှင် ရဟန်းက အလှူခံပါတယ်။ အဲဒါဝိနည်းအရ အပြစ်မရှိပါဘူး။

    အဲဒီဥပမာလေးနှစ်ရပ်နဲ့ပဲ ချိန်ထိုးစဉ်းစားနိုင်ကြပါတယ်။

    ကျုပ်ကဝင်မပြောတော့ဘူးလားလို့ပါ။ ဒါပေသိ ကွန်ပျူတာဆော့ဝဲကိစ္စပါလာလို့ –
    တော်ကြာ ကွန်ပျူတာသုုံးတဲ့ဘုန်းကြီးတွေကို ခိုးတဲ့အပြစ်နဲ့စွပ်စွဲမိရင်
    သံသရာဝန်လေးမှာစိုးလို့။
    (သံသရာမယုံသူများအတွက်တော့ ok နော်။ ဘာမှပြဿနာမရှိဘူး။):)

    • realman

      October 6, 2011 at 6:14 pm

      ကွန်ပျူတာဆော့ဝဲနဲ့ပတ်သက်လို့ မော်လမြိုင် ဖားအောက်တောရကွန်ပျူတာဌာနမှာ ကော်ပီဆော့ဝဲတစ်ခု ထည့်မိလိုက်လို့ သိသိချင်း သက်ဆိုင်ရာဆော့ဝဲကုမ္မဏီကို ငွေရှင်းဖို့ အကြောင်းကြားတယ်လို့သိရတယ်။ ကုမ္မဏီက သူတို့ လှူပါတယ်လို့ ခွင့်ပြုတယ်တဲ့။ ဒါဆိုရင် မိမိ မရသင့်၊ မရထိုက်တာကို မယူဖူးဆိုတာကို လိုက်နာတယ်လို့ ပြောရမှာပေါ့နော်။ အကယ်၍ မူပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရှိပဲ ကော်ပီဆော့ဝဲထည့်မိတဲ့ ရဟန်းတော်တွေရဲ့ အခြေအနေကတော့ ဝိနည်း ဓိုရ်တွေ စဉ်းစားကြဖို့ပါ။ သံသရာလည်တယ်ဆိုတာ ဘယ်သူ့မျက်နှာမှ မထောက်ဘူးနော်။

      • Foreign Resident

        October 7, 2011 at 7:07 am

        ” ကွန်ပျူတာသုုံးတဲ့ ဘုန်းကြီးတွေကို ခိုးတဲ့အပြစ်နဲ့ စွပ်စွဲမိရင် ”
        ” မိမိ မရသင့်၊ မရထိုက်တာကို မယူဖို့ (အဒိန္နဒါနာ – – -) ကို စောင့်ထိန်းခြင်း ပျက်ကွက်နေတယ်လို့.. ပြောနိုင်မှာပေါ့ ”
        Things to be consider.

        Anyhow,
        ” မော်လမြိုင် ဖားအောက်တောရကွန်ပျူတာဌာနမှာ ကော်ပီဆော့ဝဲတစ်ခု ထည့်မိလိုက်လို့ သိသိချင်း သက်ဆိုင်ရာဆော့ဝဲကုမ္မဏီကို ငွေရှင်းဖို့ အကြောင်းကြားတယ်လို့သိရတယ် ”

        I am really proud of ” မော်လမြိုင် ဖားအောက်တောရ “. 🙂
        It is a real Buddhism. 🙂

        • mggwa

          October 8, 2011 at 5:43 pm

          I am really proud of ” မော်လမြိုင် ဖားအောက်တောရ “.
          It is a real Buddhism. ဆိုပြီး စွတ်ဂုဏ်ယူမနေနဲ့ဦး။ သူတို့က ဝိနည်းက ထို(ဓိုရ်)ချင်တဲ့ နေရာ ထိုပြနေတာ။ ဒါရွှေကျင်တွေရဲ့ထုံးစံပဲ။ ဝိနည်းကို လူရှေ့၊ သူရှေ့ နေပြတာလေးနဲ့ လူတွေကို ညို့နေတာ။ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်ဆိုသလိုပဲ။ မောင်ဂွတို့က ဒါမျိုးတွေ အံတိုနေပြီ။
          လူတွေအကြောင်းသိချင်ရင် ကြာကြာပေါင်းကြည့်ရတယ်။ ဘုန်းကြီးတွေ အကြောင်းသိချင်ရင် သေသေချာချာ ချောင်းကြည့်ရတယ်လို့ မှတ်။

    • ကိုငြိမ်းအေး

      October 11, 2011 at 6:44 pm

      ဓမ္မဆိုတာကို သဘောတရားလို့ နားလည်ကြည့်မယ်ဆိုရင် – – – – – –
      လူ့လောကဖြစ်စဉ်တွေရဲ့ မငြိမ်းချမ်းမှုတွေဖြစ်နေရခြင်းနဲ့ ငြိမ်းချမ်းစေတဲ့ “သဘောတရား” တွေကို တရားဆိုတဲ့အတိုင်း ” ဓမ္မ “လို့ နားလည်းပေးကြည့်စေလိုပါတယ်။
      ဓမ္မဆိုတာကို ဘာသာရေးနယ်ပယ် တစ်ခုတည်း နားလည်မှုနဲ့ဆိုရင် သိပ်ဘောင်ကျဉ်းနေပါလိမ့်မယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် လောကဖြစ်စဉ်တွေပေါ်မြင်တဲ့ အမြင်ကိုုက ဓမ္မအမြင်ပါပဲလို့ parlayar46 ကို ပြောလိုက်ပါရစေ။ လောကအမြင်က သတ်သတ်၊ ဓမ္မအမြင်က သတ်သတ်ဖြစ်နေမှာ စိုးလို့ပါ။

  • parlayar46

    October 6, 2011 at 11:18 am

    စာလုံးပေါင်းမှားသွားတာ တောင်းပန်ပါတယ်။
    မြန်မာပြည်ထေရဝါဒ ကိုရိုက်တာ သဝေထိုး ကျန်ခဲ့ပါသဖြင့် ပြင်ဖတ်ကြပါရန်။

  • parlayar46

    October 7, 2011 at 3:01 pm

    ဗုဒ္ဓဘာသာရဲ့အယူအဆတွေကို ဆွေးနွေးရမှာ အလွန်ဝန်လေးပါတယ်။ ဒါပေမယ့်လဲ ကြုံလာတော့လဲ မရှောင်လွှဲသာပေဘူး။ ရွာထဲကို ဒေါ်ဆူး ပြန်ရောက်လာပြီဆိုတော့ နောက်နောင်တော့ သူ့ပဲ အားကိုးပါတော့မယ်။

    အခုပြောလိုတာကတော့ –
    အဒိန္နဒါနာ သိက္ခာပုဒ် နဲ့ မိမိမရသင့်မရထိုက်သော ပစ္စည်းဥစ္စာတို့အားမယူခြင်း ဆိုတာ မတူပါဘူး။

    မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ ကသတ်မှတ်ထားတဲ့ အဒိန္နဒါနာဆိုတာ ပိုင်ရှင်ထင်ရှားရှိတဲ့ပစ္စည်းကို ပိုင်ရှင်မပေးပဲ ယူတာပါ။ အဒိန္နဒါနာရဲ့ အင်္ဂါရပ်တွေက သူများပစ္စည်း ဖြစ်ရမယ်။ သူများပစ္စည်းမှန်းသိရမယ်။ အဲဒီပိုင်ရှင်ဖြစ်သူမပေးပဲ ယူလိုစိတ်ဖြစ်ရမယ်။ ယူဘို့အားထုတ်ရမယ်(အနည်းဆုံး နေရာရွှေ့ဖြစ်သွားရမယ်)။ စုစုပေါင်းလေးချက်ပါ။

    အဲဒီမှာ မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ က ပစ္စည်းတခုက်ို စင်စစ်မည်သူပိုင်တယ်ဆိုတာကို နောက်ကြောင်းမလိုက်ပါဘူး။ ကိုယ့်ဟာမဟုတ်ဘူးဆိုရင် လက်ငင်းလက်ဝယ်ရှိသူကိုသာ ပိုင်တယ်လို့ သာမန်သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူစင်စစ်ပိုင်သလဲ ဘယ်လိုအကြောင်းကြောင့် သူပိုင်ရသလဲဆိုတာ အဓိကမဟုတ်ပဲ ကိုယ်မပိုင်တဲ့ပစ္စည်းဆိုတာကသာ အဓိကဖြစ်လို့ပါပဲ။

    တကယ်တော့ ကိုယ်မရသင့်မယူသင့်တဲ့ပစ္စည်း ဆိုတာကို ကျင့်ဝတ်အနေနဲ့ ခိုးခြင်းပရိယါယ် ၂၅ ပါးနဲ့ပြဆိုထားပြီးသားပါ။ အဲဒီမှာ အဖိုးအခတန်အောင်မပေးတာ အခွန်ပြည့်အောင်မဆောင်တာ မတန်တဆအမြတ်ယူတာ-က စလို့ မိမိလုပ်ခယူထားပြီး တန်အောင်မလုပ်ပေးတာအထိ စုံအောင်ပါပါတယ်။

    ဒါပေမယ့် အဒိန္နဒါနာ သိက္ခာပုဒ်မှာတော့ အဲဒီပရိယါယ်တွေကို ထည့်မတွက်ပါဘူး။

    သီလဆိုတာ ဆိုင်ရာလူတိုင်း သတ္တဝါတိုင်း ဆောက်တည်ဘို့ပါ။ ပညာအနိမ့်အမြင့်၊ ဗဟုသုတအနည်းအများ၊ အိန္ဒြေ အနုအရင့်၊ အထုံအလေ့ဝါသနာအမျိုးမျိုး၊ စရိုက်အမျိုးမျိုးအလိုက် ၊ နယ်မြေ ဒေသ လူမျိုး ယဉ်ကျေးမှု့ အလိုက်၊ ရာသီဥတု သဘာဝတောတောင်ရေမြေအလိုက် ကွဲပြားစွာ ညှိနိုင်းပြီး လိုတိုးပိုလျှော့ လုပ်ပြီး လိုက်နာရမှာမျိုး ဆောက်တည် ကျင့်သုံးရမှာမျိုးမဟုတ်ပါဘူး။

    ဒါကြောင့် သီလဆိုင်ရာ ပုဒ်တွေဟာ အခြေခံနေရာက စည်းတားသတ်မှတ်တဲ့သဘောသာ ဖြစ်ပါတယ်။

    မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာရဲ့ သီလဆိုတာကို လူ့ကျင့်ဝတ် ethic နဲ့ ယှဉ်ပြီး မယူနိုင်ပါဘူး။
    အဲသလိုယူရင် ခိုးရာပါပစ္စည်း သုံးတဲ့ရဟန်းကို ခိုးတဲ့အပြစ်နဲ့စွပ်စွဲပါတော့မယ်။ ဒါမှမဟုတ် သူများစွပ်စွဲတာကို သဘောတူပါတော့မယ်။
    အဲဒါရဲ့ အတိမ်အနက်ကိုပြောရရင်-
    ရဟန်းတပါးကို ခိုးတဲ့အပြစ်နဲ့စွပ်စွဲတယ်ဆိုတာ ဒုတိယပါရာဇိကပုဒ်နဲ့ စွပ်စွဲရာကျပါတယ်။
    အဲဒီရဟန်းကို ပါရာဇိကကျပြီ ရဟန်းမဟုတ်တော့ဘူး …လို့ စွပ်စွဲတာပါပဲ။
    ဟုတ်လို့စွပ်စွဲရင်တော့ ကိစ္စမရှိဘူး။ မဟုတ်ပဲစွပ်စွဲရင် ………….အဲဒါ ကိုယ်ဖြစ်ကိုယ်ခံပဲ မိတ်ဆွေတို့။

    (ယခင်ရွှေကျင်ဆရာတော်ကြီးများ ယခုခေတ် ဖါးအောက်ဆရာတော်ကြီးနဲ့ တပြည့်သာဝကများကတော့ သီလကို အမြတ်ဆုံးအနေနဲ့ ဆောင်တော်မူတာပါ။ အလွန်ကြည်ညိုဘွယ်လဲကောင်း .. အခြား ရဟန်းတော်များလဲ အတုယူဘို့ကောင်းလှပါတယ်။)

    • kai

      October 7, 2011 at 3:14 pm

      ဝန်မလေးပါနဲ့ဗျာ…။
      ပြောစရာ..ဆိုစရာ…ဆိုရေးရှိရင်..ဆိုအပ်ပါတယ်…။
      ငါးပါးသီလကို… သေသေချာချာ တိတိကျကျ.. လူတွေက..အပြန်အလှန်..ခေတ်နဲ့ညှိဆွေးနွေးကြတာ. မှတ်တမ်းထားချင်တာမို့…. ဒါကို.. (မီဒီယာတာဝန်တခုအနေနဲ့ )လုပ်နေတာပါပဲ..။

      အခုတင်ပေးလိုက်တာလေးတွေ..ကြိုက်ပါတယ်..။
      ဒါပေမဲ့.. မိုးပြာဝါဒဖက်က အယူအဆ..ထုံးစံအတိုင်း သိချင်မိတယ်..။
      တခြား.မဟာယာနတို့..ဇင်တို့ပါ..ပါဝင်ဆွေးနွေးလာရင်..အရမ်းကောင်းမှာပဲ..။ 🙂

  • parlayar46

    October 7, 2011 at 3:32 pm

    “ဒါပေမဲ့.. မိုးပြာဝါဒဖက်က အယူအဆ..ထုံးစံအတိုင်း သိချင်မိတယ်..။
    တခြား.မဟာယာနတို့..ဇင်တို့ပါ..ပါဝင်ဆွေးနွေးလာရင်..အရမ်းကောင်းမှာပဲ..။”

    အဲဒါဟုတ်တယ်
    ဆွေးနွေးကြတယ်ဆိုတာ လူစုံစုံ အာဘော်စုံစုံလေးမှ
    နှစ်ဘက်ထဲဆို ဆွေးနွေးပွဲနဲ့မတူဘူး။ “ငြင်း” ပွဲနဲ့ပဲ တူနေတော့တယ်။

    • realman

      October 9, 2011 at 5:52 pm

      “ငြင်း” ပွဲနဲ့ပဲ တူနေတော့တယ်ဆိုတာ ကိုယ်သိထားတာမှ အမှန်လို့ ယူစွဲထားတဲ့ ဒိဋ္ဌုပါဒါန်ကြီးတဲ့သူတွေရဲ့ လုပ်ရပ်ပဲ၊ ဘာပဲလာလာ ငါ့နဲ့ မတူ ငါ့ရန်သူဆိုပြီး ဇွတ်ငြင်းတော့တာပဲ။ MGထဲမှ ငြင်းတတ်သူတွေရိ်ှနေရင် နှစ်ဘက်မကလို့ လေးငါး၊ ဆယ်ဘက်ဖြစ်နေပါစေ ငြင်းနေကြဦးမှာပဲ။ တကယ့်ထေရဝါဒမဟုတ်တဲ့ ရိုးရာထေရဝါဒ အစွဲတွေ မထားပဲ ပြောဆိုတင်ပြနေသူတွေရဲ့ ဆိုလိုချက်ကို သဘောပေါက်အောင် လေ့လာကြမယ်ဆိုရင် parlayar46 တို့ ငြင်းနေရတဲ့ ဝဋ်ဒုက္ခတွေက ကျွတ်ကြပါလိမ့်မယ်။ မဟာယာနတို့..ဇင်တို့ပါ..ပါဝင်ဆွေးနွေးလာရင်..အစွန်းရောက်ထေရဝါဒီတွေ သွေးတက်သွားလောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမြင်ကျဉ်းပြီး သဘောထားမကြီးနိုင်ကြလို့ပဲ။
      စင်္ကာပူတို့၊ မလေးတို့မှာ မြန်မာထေရဝါဒတရားပွဲတွေကို မဟာယာနဘုန်းကြီးကျောင်းတွေက သဘောထားကြီးစွာ ခွင့်ပြုကြတာတွေ့ရတယ်။ မြန်မာပြည်မှာ ဘယ်ဘုန်းကြီးကျောင်းကများ မဟာယာနတရားပွဲ လက်ခံပေးဘူးလို့လဲ။ မိုးကုတ်ရိပ်သာထဲ မိုးကုတ်ကလွဲရင် မဟာစည်တရားစတဲ့ ကျန်တရားတွေ မဟောရဘူး၊ မဟာစည်ရိပ်သာထဲလည်း မိုးကုတ်တရားပွဲပေးလုပ်ရဲကြလို့လား။ ဒါသဘောလောက်ပဲရှိသေးတာ။ ကိုယ့်ဟာမှ ကိုယ် အမှန်လုပ်နေကြပြီး ဝါးလုံးခေါင်းထဲ လသာနေကြတာ။ ဒါဆိုရင် မြန်မာထေရဝါဒတွေ အစွဲသန် မသန်၊ သဘောထားကြီး မကြီး စဉ်းစားကြည့်ကြပေါ့။

  • နိုင်ကြီး

    October 7, 2011 at 4:25 pm

    microsoft windows ကို ခိုးသုံးတာမဟုတ်ပါကြောင်း CD ဆိုင်ကနေ ၅၀ဝ ပေးပြီးဝယ်ယူ သုံးစွဲခြင်းသာဖြစ်ပါကြောင်း အဒိန္နဒါနာ မမြောက်ပါကြောင်း

    • kai

      October 8, 2011 at 12:51 am

      အခုလို..ဝင်ထောက်လိုက်တာ.. ကောင်းပါတယ်..။ ကျေူဇူးပါနော..။

      အဲဒါဆို..အဲဒီကို ကျပ်၅၀ဝ နဲ့ဝယ်ထားတယ်ပေါ့..
      တန်ရာတန်ကြေးပေးသုံးနေတယ်လို့.. ထင်သလားပြန်မေးရမှာပဲ..။
      ဥပမာအားဖြင့် Windows 7 Home Premium ကဒေါ်လာ ၁၀ဝလောက်တန်ကြေးရှိတယ်.. မြန်မာငွေ ၈သောင်းလောက်ပေါ့..။
      ဒီပစ္စည်းထုတ်သူက..ဒီလောက်တန်ကြေးထားတာကို.. ဆိုင်က..ခိုးကူးပြိး ကျပ်၅၀ဝ နဲ့တဆင့်ပြန်ရောင်းနေတာ… လုံးဝကိုမသိပဲ သုံးနေတယ်ဆို အဒိန္နဒါနာသီလနဲ့ဆိုင် မလားဆိုတာလည်း သိချင်မိပါတယ်..

      တကယ်တော့ ဆော့ဝဲလ်လတွေဟာ.. ရောင်းသူဝယ်သူနဲ့တင်ပြီးပြတ်တာတော့ မဟုတ်ပါဘူး..ထုတ်သူနဲ့.. သုံးသူမှာတိုက်ရိုက်သဘောတူညီချက်ရှိတာပါ…Windows Install ထည့်ရင် EULA (End User License Agreement)ဖတ်ရှုလိုက်နာပါကြောင်း လက်မှတ်ထိုးရတဲ့ Agree သဘောသက်ရောက်တဲ့ စာတွေ Install လုပ်ရင် တွေ့ရမှာပါ..။ ဒါတွေဘယ်သူမှ အသေးစိတ်မဖတ်ကြဖူးလို့ထင်တယ်..။ ဒါပေမဲ့ ဒါတွေက.. ဒီပစ္စည်းဟာ ပစ္စည်းထုတ်သူနဲ့.. သုံးစွဲသူကြား တိုက်ရိုက်သဘောတူညီချက်ပါ..။ အဲဒါကို သိရှိသဘောပေါက်ပါတယ် (Agree) လုပ်မှ Install ဆက်လုပ်လို့ရတာမို့.. ဒါကို သိရှိပြီးပြီလို သဘောပေါက်ရမှာပါပဲ..

      ဆိုတော့.. ဒါဟာ..တဖက်သားကို ကတိပေးပြီး ကျုးလွန်တာလည်း ဖြစ်မနေဖူးလား..
      သုံးနေရင်းလည်း. အင်တာနက်ချိပ်ထားရင်. ဆော့ဝဲထုတ်သူလုပ်ပိုင်ခွင့်ထဲကနေ.. ကိုယ့်ကွန်ပြူတာထဲဝင်ပြီး .Upgrade.လုပ်တာ..မြှင့်တာအပါအဝင်.. သူ့က..ပစ္စည်းကို တာဝန်ယူပေးနေတာတွေလည်းရှိတာမို့.. သာမန်အားဖြင့် မသိဘူး နားမလည်ဘူးတော့ လုပ်မရတာအမှန်ပါပဲ..။

      ဥပဒေရေးအရ ..ဘယ်လောက်ရှုပ်ထွေးတယ်သိရအောင်..EULA နဲ့.. ရှင်းလင်းထားတာတွေ..လင့်ခ်ပေးလိုက်ပါတယ်..။

      http://en.wikipedia.org/wiki/Software_license_agreement
      http://www.technibble.com/windows-xp-home-license-agreement-translated/
      http://www.microsoft.com/About/Legal/EN/US/IntellectualProperty/UseTerms/Default.aspx

  • lionking

    October 7, 2011 at 5:17 pm

    ဒီပို့စ် ဆွေးနွေးပွဲမှာ ဘာသာပေါင်းစုံ လူတန်းစားမျိုးစုံက ဆွေးကြနွေးကြရင် အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။ ဒီပို့စ်ရဲ့ ပြောဆိုချက်မှာ ကျွန်တော်နားလည်မိတာပြောရရင် ကောင်းပါတယ်လို့ အရင်ပြောလိုက် ချင်ပါတယ်။ ဒီပို့စ်ကို ဘာသာရေးတဖက်သပ်၊ ပုဂ္ဂိုလ်ရေးတဖက်သပ်တွေနဲ့ မဆွေးနွေးကြပဲ တကယ့်ကိုပဲ လက်ရှိလောကမှာရှိနေတဲ့ အဖြစ်အပျက်တွေထဲမှာ ဒီလုပ်ရပ်ကဖြင့် လူတွေနဲ့ တို့နဲ့ သင့်မသင့် ချင့်ပြီး လိုက်နာနိုင်ရင် ဘာဖြစ်မယ်၊ မလိုက်နာနိုင်ရင် ဘယ်လိုအကျုးိသက်ရောက်မှုတွေဖြစ်မယ်နဲ့ပဲ အေးအေးဆေးဆေး ရိုးရိုးသားသား ဆွေးနွေးသင့်တယ်လို့ ယူဆမိပါတယ်။ တဖက်သတ်ဆန်တဲ့ အယူအဆတွေကို ဒီပို့စ် တင်ထားတဲ့သူက ဆွေးနွေးစေလိုမှု ရှိ မရှိ တော့မပြောတတ်ပါ။ မြန်မာပြည်သူ/သားတွေ အသိဉာဏ်ရှိရှိနဲ့ တွေးမြင်ဆင်ခြင်ယူဆဆွေးနွေးနိုင်ပါစေ။ ကျွန်တော်ကတော့ ဒီပို့စ်ကို ဒီမှာ ဆွေးနွေးရုံတင် မကပဲ နိုင်ငံတော်အဆင့်ထိတောင် ပြဌာန်းဆွေးနွေးသင့်တဲ့ ပို့စ်ဖြစ်တယ်လို့ ပြောလိုက်ချင်ပါသေးတယ်။

  • ကိုသစ္စာ

    October 7, 2011 at 5:52 pm

    ကိုငြိမ်းအေးက လူသားတွေငြိမ်းအေးဖို့ကို အဓိက ဆိုလိုဟန်တူပါတယ်။ ကောင်းမှု၊ မကောင်းမှု အမျိုးအစား ကံ သတ်မှတ်တဲ့နေရာမှာ ဘာသာတရားတွေက ကိုယ်စံနဲ့ ကိုယ်သတ်မှတ်နေကြတာပါ။ ခရစ်ယန်ဘာသာနဲ့ အစ္စလာမ်ဘာသာတို့က ထာဝရဘုရားသခင်မကြိုက်ရင် မကောင်းမှု၊ ထာဝရဘုရားသခင် သဘောကျတဲ့အလုပ်ဆိုရင် ကောင်းမှုတဲ့။ ဒါ ဘုရားသခင်ကို အဓိကထားတဲ့ဝါဒပဲ။ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာနဲ့ မြန်မာထေရဝါဒီတို့ကတော့ သေပြီးနောက် ခံရမယ့်၊ စံရမယ့် အခြေအနေတွေနဲ့ ကောင်းမှု၊ မကောင်းမှုကို သတ်မှတ်ကြတာတွေ့ရတယ်။ ထာဝရဘုရားသခင်ကိုပဲ အဓိကထားထား၊ သေပြီးနောက် ဖြစ်မယ့်ထင်တဲ့ဟာတွေကိုပဲ အဓိကထားထား ဒါတွေဟာ လူမသိနိုင်တဲ့ (တက္ကာဝစရ) ကြံဆပြောချက်တွေပါပဲ။ ဗုဒ္ဓဘုရားရဲ့တရားအစစ်က (အတက္ကာဝစရ) ကြံဆပြောချက်မဟုတ်ပါဘူး။ (အတက္ကာဝစရ) ကြံဆစရာမလို လူတိုင်း ကိုယ်တိုင် သိနိုင်တဲ့ တရားတွေပါပဲ။

    ဗုဒ္ဓဘုရား ကိုယ်တော်တိုင်ဖော်ထုတ်နိုင်ခဲ့တဲ့ အရိယသစ္စာအမြင်အရ ကံဆိုတာကတော့ သင်္ခါရလို့ ဆိုရမယ့် ပစ္စုပ္ပန်မှာ ကိုယ်အမူအရာ၊ နှုက်အပြောအဆို၊ စိတ်နေစိတ်ထားတွေရဲ့ပြုပြင်မှုတွေကြောင့် လောက (ပတ်ဝန်းကျင်)မှာ ဖြစ်ပေါ်လာတဲ့ ကောင်းတန်ဘိုး၊ ဆိုးတန်ဘိုးတွေပေါ်မှာ ကောင်းကံ၊ ဆိုးကံလို့ သတ်မှတ်ကြည့်ရမှာလို့ နားလည်ကြည့်ပေးကြပါ။ ဒါဟာ လူတိုင်းသိနိုင်တဲ့ တန်ဘိုးသတ်မှတ်ချက်ပါပဲ။ ဒီ post မှာ ကိုငြိမ်းအေးက လူငြိမ်းအေးမှု (peace) ကို အဓိက ဦးတည်တဲ့သဘောကို တွေ့နေရတော့ လူတွေကို မငြိမ်းအေးစေတဲ့ (no- peace) အလုပ်ဆိုရင် မကောင်းဘူး၊ ငြိမ်းအေးစေတဲ့ (peace) ဖြစ်စေတဲ့ အလုပ်ဆိုရင် ကောင်းတယ်လို့ပဲ လက်ခံနားလည်ပေးလိုက်ပါတယ်။

  • ကိုသစ္စာ

    October 7, 2011 at 6:09 pm

    “ဗုဒ္ဓဘုရားရဲ့တရားအစစ်က (အတက္ကာဝစရ) ကြံဆပြောချက်မဟုတ်ပါဘူး”မှာ “အ”တစ်လုံးပိုသွားတာကို တောင်းပန်ပါတယ်။ “ဗုဒ္ဓဘုရားရဲ့တရားအစစ်က (တက္ကာဝစရ) ကြံဆပြောချက်မဟုတ်ပါဘူး”လို့ ပြင်ဆင်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ပါသည်။

  • mgmglusoe

    October 8, 2011 at 1:30 am

    တစ်ချို့ကိစ္စတွေ မှာ ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါး နဲ့ မသိလိုက်ရပဲနဲ့
    ခိုးမှုလေးတွေ ကျုးလွန်မိတယ်လို့ယူဆမိပါရဲ့ ။
    ဥပမာ….microsoft windows သုံးမိတာမျိုးပါ ။

  • Foreign Resident

    October 8, 2011 at 2:56 am

    I agree it, Mg Mg Lu Soe,

    ” တစ်ချို့ကိစ္စတွေ မှာ, မသိလိုက်ရပဲနဲ့ ခိုးမှုလေးတွေ ကျုးလွန်မိတယ် ”
    ” ဥပမာ….microsoft windows သုံးမိတာမျိုးပါ ”

    But, now, you know it ” it is stealing “.
    Try not to do it again, otherwise – – – –

    I also admit, I did it,
    But, from now on,
    I will try not to do it again.

  • kai

    October 8, 2011 at 4:23 am

    ဗုဒ္ဓဘာသာရဲ့.. ပါဠိတော်ထဲကစာတွေပါ..။ အဋ္ဌကထာထဲကစာတွေဖြုတ်ထားပါတယ်.။
    မှတ်မိသလောက်..ရဟန်းတွေ..ခိုးယူလို့ရတဲ့.. အနိမ့်ဆုံးငွေကြေးပမာဏတခု.. ဂေါတမဗုဒ္ဓက ဝိနည်းနဲ့သတ်မှတ်ပေးထားတယ်လို့..ထင်တယ်..။
    သိသူတွေပြောပြပါဦး..။
    ===
    အဒိန္နာဒါနာ အင်္ဂါ ၅-ပါး။ ။ ခိုးမှုကံမြောက်အင်္ဂါ ၅-ပါး။
    (၁) ပရသန္တက – သူတစ်ပါးဥစ္စာဖြစ်ခြင်း၊
    (၂) တထာသညာ – သူတစ်ပါးဥစ္စာဟုမှတ်ထင်ခြင်း၊
    (၃) ထေယျစိတ္တ – ခိုးလိုသောစိတ်ရှိခြင်း၊
    (၄) ဥပက္ကမ – ခိုးရန်လုံ့လပြုခြင်း၊
    (၅) တေနဟာရ – ထိုလုံ့လဖြင့် ခိုးခြင်း။

    ခိုးခြင်း ၂၅-ပါး။ ။ ပါရာဇိကဏ် ပါဠိတော် ၆၅။ ဋ္ဌ။ ပ-အုပ်။ ၂၆၃- ၃၃၀- ၃၃၁- ၃၃၂ တို့၌ အကျယ်ရှုပါ။ ရဟန်း တော်များ အတွက် ပါရာဇိကဥပဒေပုဒ်မ ၂၊ အဒိန္နာဒါန် သိက္ခာပုဒ်၏ အသေးစိတ် ရှင်းလင်းချက် ၂၅-ပါး။

    (၁) နာနာဘဏ္ဍ ပဉ္စကခေါ် ပိုင်ရှင်မပေးသော သက်ရှိသက်မဲ့ ပစ္စည်းဘဏ္ဍာ အမျိုးမျိုးတို့ကို အောက်ပါနည်း ငါးပါးဖြင့် ခိုးယူခြင်းမျိုး။
    (က) အာဒိနယ- ကျောင်း အိမ် မြေ ခြံစသည်တို့ကို လိမ်ညာသောနည်းဖြင့် တရားဆင်ကာ စွဲဆိုခိုးယူခြင်း မျိုး၊ ပိုင်ရှင်က စိတ်လျော့ ဝန်ချ လိုက်လျှင် ပါရာဇိက၊
    (ခ) ဟရဏ-သည်ပိုးထမ်းဆောင်လာသော သူ့ပစ္စည်းကို ကိုယ့်ဥစ္စာ ဖြစ်အောင် ပြောဆို စွပ်စွဲ၍ ထမ်းဆောင် လာသော သူ၏ ကိုယ်ပေါ်မှ ကျစေလျက် ခိုးယူ ခြင်းမျိုး၊ သူ့ကိုယ် ပေါ်မှ ချလိုက်သည်နှင့် ပါရာဇိက၊
    (ဂ) အဝဟရဏ-သူတစ်ပါးခေတ္တအပ်နှံထားသော သူပိုင်ဥစ္စာဘဏ္ဍာကို မအပ်ပါဟူ၍လည်းကောင်း ငါ့ဥစ္စာ ဖြစ်သည် ငါ့ဟာ ပြန်မပေးနိုင်တော့ဘူးဟုလည်းကောင်း၊ လိမ်ညာ ပြောဆိုလျက် ခိုးယူခြင်းမျိုး၊ ပိုင်ရှင် စိတ်လျှော့ ဝန်ချသည်နှင့် ပါရာဇိက၊
    (ဃ) ဣရိယာပထဝိကောပန- ထမ်းပိုးဆောင်ရွက် လာ သော သူတစ်ပါး ဥစ္စာကို ထမ်းဆောင် လာသူ နှင့်တကွ ထမ်းလာသည့် ဥစ္စာ ကိုပါ ခိုးယူ အံ့သော အကြံဖြင့် ပစ္စည်းရော လူပါ ခိုးယူခြင်းမျိုး၊ ပိုင်ရှင် စိတ်လျှော့ပြီး ဒုတိယ ခြေလှမ်းကြွ သည်နှင့် ပါရာဇိက၊
    (င) ဌာနာစဝန- သူချထားသော ပစ္စည်းဥစ္စာကို ခိုးယူ လိုစိတ်ဖြင့် မူလနေရာမှ ရွေ့အောင် ကြွအောင်လုပ်ခြင်း မျိုး၊ ရွေ့သည် ကြွသည်နှင့် ပါရာဇိက ကျတော့၏၊ နာနာဘဏ္ဍပဉ္စကပြီး၏။

    (၂) ဧကဘဏ္ဍ ပဉ္စက- ဤ၌ သက်ရှိ သဝိညာဏကဖြစ်သော ဘဏ္ဍာကိုသာ ယူရသည်၊ ခိုးယူခြင်းနည်း ငါးပါးမှာ နာနာဘဏ္ဍပဉ္စကအတိုင်း အာဒိနယ ဟရဏ အဝဟရဏ ဣရိယာပထ ဝိကောပန ဌာနာစဝန နည်းတို့ဖြင့် အတူတူပင်မှတ်လေ၊ ဧကဘဏ္ဍ ပဉ္စကပြီး၏။

    (၃) သာဟတ္ထိက ပဉ္စက- ဤ၌ သက်မဲ့ဖြစ်သော အဝိညာဏကပစ္စည်းကို ပိုင်ရှင်မပေးပဲ အောက်ပါငါးနည်း ဖြင့် ခိုးယူခြင်းမျိုး။
    (က) သာဟတ္ထိက မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက်ခိုးယူခြင်းမျိုး။
    (ခ) အာဏတ္ထိက-ဤသူ၏ဘဏ္ဍာကို သွားခိုးချေဟုစေခိုင်းခြင်းမျိုး၊
    (ဂ) နိဿဂ္ဂိယ- ကင်းခွန် အကောက်တော်စသည် မပေးရအောင် ဤဖက်နယ်ခြားမှ ထိုဖက်နယ်မြေသို့ ကျအောင် ပစ္စည်းဥစ္စာကို ပစ်သွင်း၍ သို့မဟုတ် တစ်နည်း နည်းဖြင့် ကြံဆ၍ ခိုးယူသွားခြင်းမျိုး၊
    (ဃ) အတ္ထ သာဓက- ထိုသူ၏ဘဏ္ဍာကို အခွင့်သာတဲ့အခါ စွမ်းနိုင်တဲ့ အခါကို စောင့်ပြီး ခိုးယူ လိုက်ရ မည်ဟု စေခိုင်း ထားလျက် ခိုးယူ စေခြင်းမျိုး၊
    (င) ဓုရ နိက္ခေပတရား၌စွဲ၍ယူခြင်း လိမ်ညာလှည့်ပတ်၍ယူခြင်း၌ ဥစ္စာပိုင်ရှင်က ငါတော့ရှုံးပါပြီ၊ ငါ့ဥစ္စာတော့မရတော့ ပါဘူးဟု ဝန်ချလိုက်ခြင်းမျိုး၊ သာဟတ္ထိက ပဉ္စက ပြီး၏။

    (၄) ပုဗ္ဗ ပယောဂ ပဉ္စက- အရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်း ငါးမျိုးဖြင့် ခိုးယူခြင်း။
    (က) ပုဗ္ဗ ပယောဂ- ၎င်းင်းခိုးနည်းကား အာဏတ္ထိကနှင့် သဘောတူဖြစ်၏၊
    (ခ) သဟပယောဂ-လယ်မြေ ခြံမြေစသည်ကို နယ်ခြား မှတ်တိုင်ငုတ် စသည်ကို နုတ်၍ ရွှေ့ပြောင်း စိုက်နှက် ခိုးယူခြင်း၊
    (ဂ) သံဝိဓါ ဝဟာရ- အချင်းချင်း စုပေါင်းတိုင်ပင်၍ ခိုးယူခြင်းမျိုး၊ တိုင်ပင်စဉ် အခါက သဘောတူ ပါသူသည် ခိုးရာ၌ ပါပါ မပါပါ ပါရာဇိက၊
    (ဃ) သင်္ကေတ ကမ္မ- အချိန်ကာလ နာရီအပိုင်းအခြား မှတ်သား ချိန်းချက် လျက် ဤမည်သော ဘဏ္ဍာကို ခိုးယူတော့ဟု ခိုးခိုင်း ခြင်းမျိုး၊ သူပေးသော အချိန်နှင့် ပစ္စည်း အတိုင်း ခိုးယူသော် ပါရာဇိက၊
    (င) နိမိတ္တကမ္မ- မျက်စိမှိတ်ခြင်း၊ လက်မြှောက်ခြင်းစသော အမှတ် နိမိတ် သညာ တစ်ခုခု ထား၍ ခိုးခိုင်းခြင်း မျိုး၊ နိမိတ် ပြုလိုက် သည်နှင့် တစ်ပြိုင်နက် ခိုးငြားအံ့ နိမိတ် ပြသူ ပါရာဇိက၊ ပုဗ္ဗပယောဂပဉ္စက ပြီး၏။

    (၅) ထေယျာ ဝဟာရ ပဉ္စက- ပိုင်ရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါ နည်း ငါးမျိုးဖြင့် ခိုးယူ ခြင်းမျိုး။
    (က) ထေယျာ ဝဟာရ- နံရံစသည် ဖေါက်ထွင်း ဖွင့်ဖြဲ၍ ခိုးခြင်း၊ တောင်းတင်း ချိန် အလေးစသည်တို့ကို စဉ်းလဲ ကောက်ကျစ်၍ ခိုးယူ ခြင်းမျိုး၊
    (ခ) ပသယှာဝဟာရ- နိုင်ထက် စီးနင်း ပြု၍ ယူခြင်း၊ ဓါးပြတိုက် ယူခြင်း၊ ပုန်ကန် ထကြွ၍ ယူခြင်း၊ မင်းစိုးရာဇာ တို့သည် ရသင့်သော အခွင့်ထက် အာဏာ ပြ၍ ပိုမို ကောက်ခံ ခြင်းမျိုး၊
    (ဂ) ပရိကပ္ပါဝဟာရ- ဤ၌
    ၁- ဘဏ္ဍာပရိကပ္ပခေါ် အထည်အလိပ်ကိုသာ ယူအံ့ဟူကြံစည်လျက် အခန်း တွင်းသို့ ဝင်သွားပြီး မှောင်ထဲ၌ အထုပ်ကြီးကိုထမ်းယူလာလျက် ကြည့်သော အခါ အထည် မဟုတ်ဘဲ ချည်ခင် တွေဖြစ် နေပါအံ့ ပါရာဇိက မကျ၊ အထည်လိပ် ဖြစ်နေ ပါက ပါရာဇိကကျ၏။
    ၂- ဩကာသပရိကပ္ပခေါ်အရပ်ဖြင့် ပိုင်းခြား ကြံစည်၍ ခိုးခြင်းကား ဤခြံဝင်း အတွင်း၌ ငါ့ကို တွေ့မြင် ပါမူ ဤပစ္စည်း ဥစ္စာကို ဤခြံဝင်း အတွင်း၌ လှည့်လည်ရင်း ကြည့်ရှုရန် ကိုင်လာ သယောင် ဆောင်၍ ပြန်ပေး လိုက်အံ့၊
    အကယ်၍ တစ်စုံတစ်ယောက် နှင့်မှ မတွေ့ရပါမူ ခိုးယူ သွားအံ့ ဟူသော အကြံဖြင့် ခိုးယူခြင်းမျိုး၊ အပိုင်းအခြား လွန်သည်နှင့် ပါရာဇိက၊
    (ဃ) ပဋိ စ္ဆန္နာဝဟာရ- ပန်းခြံ ရေချိုးဆိပ်စသည်တို့၌ သူတစ်ပါး ချွတ်ချ ထားသော ဘဏ္ဍာကို ခိုးလိုစိတ်နှင့် နောက်မှ ယူအံ့ဟု ကြံလျက် မြေမှုန့် မြက်မှိုက် စသည်တို့ဖြင့် ဖုံးအုပ်ထားပြီး ခိုးယူခြင်းမျိုး၊
    (င) ကုသာ ဝဟာရ- မဲလိပ် စာရေးတံစသည်တို့ကို မိမိသို့ အကောင်း ရရန် ကြံစည်လျက် တစ်စုံတစ်ခုသော နည်းပရိယာယ်ဖြင့် ခိုးယူခြင်းမျိုး၊ ထေယျာ ဝဟာရ ပဉ္စကပြီး၏။

    ခိုးခြင်း ပယောဂမျိုး ၆-ပါး။ ။
    (၁) သ ဟတ္ထိက- ကိုယ်တိုင်ခိုးခြင်း၊
    (၂) အာဏတ္တိက စေခိုင်း၍ ခိုးခြင်း၊
    (၃) နိသဂ္ဂိက- နေရာရွှေ့ပြောင်းပစ်လွှင့်ခိုးခြင်း၊
    (၄) ထာဝရ- တင်းတောင်း လိမ် ချိန်လိမ်စသည်ပြု၍ခိုးခြင်း၊
    (၅) ဝိဇ္ဇာမယ- အမေ့ အဟန့်စသော အတတ်ပညာဖြင့်ခိုးခြင်း၊
    (၆) ဣဒ္ဓိမယ- တန်ခိုးဖြင့် ခိုးခြင်း။

    ခိုးသူကြီးတို့ လိုက်နာ စောင့်ထိန်းအပ်သော အင်္ဂါ ၈-ပါး။ ။ဤအင်္ဂါရှစ်ပါးကို စောင့်ထိန်းသော ခိုးသား ကြီးများသည် ရက်-လ-နှစ်ရှည်- တည်တံ့နိုင်သည်၊ ဤအင်္ဂါရှစ်ပါးနှင့် မပြည့်စုံသောခိုးသား ဓားပြတို့ကား- ရက်-လရှည်မတည်၊ လျင်မြန်စွာ ပျက်စီးတတ်သည်ဟု အင်္ဂုတ္တရပါဠိတော်တတိယအုပ်- (၁၅၃)၌ ဟောတော်မူသည်။
    (၁) မိမိ၏ ရန်သူမဟုတ်သည့် အသက်အရွယ်ကြီးသူç ကလေးသူငယ်ç အကျင့်သီလဂုဏ် ရှိသူçတို့ကိုရိုက်နှက် ပုတ်ခတ်မှု မပြခြင်း၊
    (၂) ပစ္စည်းဥစ္စာကို အကုန်မယူခြင်း၊
    (၃) မိန်းမကို မသတ်ခြင်း၊
    (၄) အမျိုးသမီးတို့ကို မဖျက်ဆီးခြင်း၊
    (၅) ရှင် ရဟန်းတို့ကို မလုရက်ခြင်း၊
    (၆) မင်းဘဏ္ဍာတိုက်ကို မလုရက်ခြင်း၊
    (၇) ရွာ-နိဂုံးမင်းနေပြည်အနီး၌ မလုရက် မတိုက်ခိုက်ခြင်း။

    • parlayar46

      October 8, 2011 at 11:46 am

      “မှတ်မိသလောက်..ရဟန်းတွေ..ခိုးယူလို့ရတဲ့.. အနိမ့်ဆုံးငွေကြေးပမာဏတခု.. ဂေါတမဗုဒ္ဓက ဝိနည်းနဲ့သတ်မှတ်ပေးထားတယ်လို့..ထင်တယ်..။”

      သူကြီးရေ
      ရဟန်းတွေ..ခိုးယူလို့ရတဲ့.. အနိမ့်ဆုံးငွေကြေးပမာဏဆိုတာမရှိပါဘူး။
      သက်ကယ်တရိုး၊ နှီးတပင်မှသော်လဲ ခိုးလို့မရပါဘူး။ ခိုးရင် ရဟန်းစောင့်ရတဲ့ ဆယ်ပါးသီလထဲက (၂၂၇-သွယ် သိက္ခာပုဒ်ထဲက) အဒိန္နဒါန ကံထိုက်မှာပေါ့။ ပြီးတော့ နောက်တဆင့် ပါစိတ်အာပတ်သင့်မှာပေါ့။
      တမတ်ဘိုးထက်ပိုတန်တဲ့ပစ္စည်းခိုးရင်တော့ ပါရာဇိက ကျပြီး ရဟန်းဘဝတုံးမှာပါ။
      အဲဒီထဲက တမတ် ဆိုတာကို အချို့က ရွှေတမတ် ၊ အချို့က ငွေတမတ်လို့ ကောက်ယူကြတယ်။
      (ယခုခေတ်မြန်မာကျပ်ငွေ နှစ်ဆယ့်ငါးပြားတော့ မဟုတ်လောက်ဘူး 🙂 )
      တကယ်တော့ ဘယ်လောက်အတိအကျရယ်လို့မပြောနိုင်ပါဘူး။ ဒီလိုပဲပြောလို့ရမယ်-
      မဖြစ်စလောက်ပမာဏခိုးရင် ပါစိတ်
      ဖြစ်လောက်တဲ့ ပမာဏခိုးရင် ပါရာဇိက …………..ဆိုပြီးတော့ပေါ့။

      တကယ်တော့ ပြောသာပြောနေရ
      ကိုယ့်မြန်မာပြည်ထေရဝါဒထဲမှာကို အမျိုးမျိုး
      သူ့မူကိုယ်မကြိုက်၊ ကိုယ့်မူ သူမယူနဲ့
      မင်းတုန်းမင်းခေတ်လောက်ကတည်းက ရွှေကျင်ဂိုဏ်းကြီးဖြစ်လာတာ
      ဘယ်သူတွေကိုတော့ ရဟန်းအဖြစ်လက်မခံနိုင်တာတွေ
      ဘယ်သူတွေပါလို့ ကံမမြောက်တာတွေ
      ဘယ်ကျောင်းက နိသဂ္ဂိယ ထိုက်ပြီးသားမို့ ကျောင်းပေါ်မတက်နိုင်တာတွေ
      ဘယ်သူတွေနဲ့ ဆွမ်းအတူမစား၊ ကံအတူမပြု၊ တမိုးတယံထဲ အတူမအိပ်နိုင်တာတွေနဲ့
      ရှုပ်ရှက်ကိုခတ်နေတာ…။
      အင်း…အင်း…ထားပါတော့။ သိတယ်မဟုတ်လား။ ဒါဒို့မြန်မာပြည်။

      • mggwa

        October 10, 2011 at 5:44 pm

        ဒါ့ကြောင့် မြန်မာထေရဝါဒ ဘုန်ကြီးတွေဟာ ဝိနည်းကို တရားလုပ်ကျင့်နေကြတာပေါ့လို့ ပြောတာပေါ့ parlayar46 ရ။ ဝိနည်းဆိုတာ သံဃာ (အဖွဲ့)စည်းလုံးညီညွတ်ဖို့ပဲလေ။ အခု ဝိနည်းကျင့်တယ်ဆိုပြီး သံဃာ အစုကွဲနေတော့ ဘာ အဓိပ္ပါယ်ရှိတော့မှာလဲ။
        ဗုဒ္ဓပရိနိဗ္ဗာန် မစံမှီ တစ်ချို့ ဝိနည်းတွေ သံဃာသဘောတူ ပြင်ရစ်လို့ ပြောသွားတာ လိုအပ်လို့ ပြောသွားတာ။ အလကား လေကုန်ခံပြောသွားတာမဟုတ်ဘူး။ အဲဒါ ဘုရားစကား နားမထောင် ငါတို့က ဝိနည်း မပြင်ဘူးကွဆိုပြီး အသားယူ၊ ပြီးတော့ လိုက်လည်းမလိုက်နာ တော်တော်ဂွကျတာပဲ။
        ဆရာတော်ကြီးတစ်ပါး သိန်းသုံးထောင်ကျော်တန်ကားကြီးပေါ်ကနေ နေပူတဲ့အချိန် ဦးခေါင်ပြောင်ပြောင် ဖိနပ်မပါပဲ ဆင်းလာတော့ ဒကာတစ်ယောက်က ဖိနပ်ခင်းပေပြီး၊ ထီးမိုးပေးတာ လက်မခံဘူး၊ ပယ်လိုက်တယ်ဗျာ။ ဝိနည်းထို(ဓိုရ်) တယ်ပေါ့။
        သူ သိန်းသုံးထောင်ကျော်တန်ကားပေါ်မှာ အဲယားကွန်းနဲ့ လေမတိုက်၊ နေမပူ အခန့်သားစီးလာတာကြတော့ ဝိနည်း က မထို(ဓိုရ်)ပြန်ဘူး။ ဘာလဲ ဒကာ ခင်းပြီး မိုးပေးတဲ့ ဖိနပ်နဲ့ ထီးက သိန်းသုံးထောင်မတန်လို့လာလို့ပဲ ဂွကျကျ မေးရမလို ဖြစ်နေပြီ။ လူရှေ့သူရှေ့ ဝိနည်းထို(ဓိုရ်)ပြပြီး လူတွေကို ညို့နေကြတာပဲလို့ပြောပြန်ရင် လွန်ရာကျတော့မယ်။
        ဝိနည်းမပြင်ဘူးဆိုပြီး ဂုဏ်ယူနေတဲ့ ဘုန်းကြီးတွေကို တစ်ခုပဲ ဗြောင်မေးလိုက်ချင်တယ်။ ငွေ (ပိုက်ဆံ) မကိုင်ရကို ဘယ့်နှစ့်ပါး လိုက်နာနိုင်ပြီလဲ။ ကပ္ပိယနဲ့ တစ်ဖတ်လှည့်ပြီး နားလှည့် ပါးလှည့် ဘဏ်မှာ အပ်ထားတာတွေ လာပြော မနေပါနဲ့တော့။ ကြားလိုက်ရရင် ဘယ်ဘုန်းကြီးက ဘယ်လောက်တောင် ဘဏ်မှာ အပ်ထားတာတဲ့။ ဘူဇွာ (ဓနရှင်) လူတန်းစား အဲလေ ဘုန်းကြီးတန်းစားတွေဖြစ်နေပြီ။
        ကိုယ်က လိုက်နာပါ့မယ် မပြင်နိုင်ပါဘူးလို့ လက်ခံထားရင် လိုက်နာကြလေ။ အသံကောင်း ဟစ်မနေကြပါနဲ့တော့။
        ကာလ၊ ဒေသ၊ အခြေအနေအရ ဘုရားစကား နာထောင်ပြီး သံဃာသဘောတူ ပြင်ခဲ့တဲ့ ရဟန်းတွေကျတော့ အပြစ်ပြော။ ဘုရားထက် ကြီးတဲ့သူတွေပဲ။

        ဒါဆိုရင် ဝိနည်းကို မိမိတို့ လိုက်နာနိုင်သလောက် (ဗုဒ္ဓခွင့်ပြုချက်အရ) ပြင်ပြီး လိုက်နာကျင့်သုံးတဲ့ ရဟန်းနဲ့
        ဝိနည်းကို ပြင်လည်းမပြင်ဘူး။ လိုက်လည်း မလိုက်နာနိုင်ကြတဲ့ ရဟန်း
        ဘယ်ရဟန်းကို သင်ရွေးမလဲ – – – – မိတ်ဆွေ။

        • Foreign Resident

          October 11, 2011 at 4:16 am

          Dear mggwa,
          I am really delight to know/read your different perspective.

          For your information,
          ဓမ္မဓူတ ရှင်ဆေကိန္ဓ ဟာ တရားပွဲတစ်ခုမှာ
          သူ့အတွက်လှူထားတဲ့ ဝထ္ထုငွေတွေကို
          တခြားရဟန်းတစ်ပါးက ရေတွက်ပေးနေတာတွေ့လိုက်လို့
          အဲဒီငွေအားလုံး ( သိန်း ၅ဝ ခန့် ကို ) ချက်ချင်းပြန်လှူလိုက်တယ်ဗျ။

  • kai

    October 8, 2011 at 4:29 am

    Zen ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်မှ…
    http://www.gardendigest.com/zen/ten.htm
    http://www.handfulofsand.com/zen/archives/000601.html
    ဇန်ဗုဒ္ဓဘာသာမှာ.. ကိုယ်ကမခိုးယူ..မကျူးလွန်ယုံတင်မက… သူများခိုးနေရင်..သူများကျူးလွန်နေရင်ပါ တားဆီးရမယ့်သဘောပါနေတယ်..။
    အောက်ဆုံးမှာ highlight လုပ်ထားတယ်.။

    2. I will respect the property of others, I will not steal.

    Avoid stealing. Do not take what is not yours to take.
    I undertake the precept to refrain from taking that which is not given.
    Live simply and frugally.

    “Aware of the suffering caused by exploitation, social injustice, stealing, and oppression,
    I am committed to cultivating loving kindness and learning ways to work for the well-being
    of people, animals, plants, and minerals. I will practice generosity by sharing my time,
    energy, and material resources with those who are in real need. I am determined not to
    steal and not to possess anything that should belong to others. I will respect the property
    of others, but I will prevent others from profiting from human suffering or the suffering
    of other species on Earth.”
    The Five Precepts

    “Do not steal. If something is not given to us, we should not take it. This precept applies not only to
    valuable items such as gold and silver, but even to things as small and inexpensive as needles.
    This can also be interpreted as living frugally and not wasting resources.”
    – Buddhism

    “The second precept deals with taking things that are not given. This is more that just
    not stealing. It means not coveting things in the material, psychological, or in the spiritual
    realms. Desire stems from a feeling of incompleteness. This precept teaches us to accept
    ourselves wholly and to make this total acceptance is to become complete, to
    attain the Buddha state.”
    – Zen Master Wu Bong (Jacob Perl), Five Precepts

    “The second Major Precept prohibits stealing. A disciple of the Buddha must not steal by oneself,
    encourage others to steal, facilitate stealing, steal with mantras, or involve oneself in the causes,
    conditions, methods, or karma of stealing, to the extent that one must not deliberately steal the
    possessions of ghosts, spirits, or any other beings – all valuables and possessions, including
    such objects as small as a needle or a blade of grass. A Bodhisattva should give rise to a mind
    of filial compliance, kindness, and compassion toward the Buddha nature…. If instead a
    Bodhisattva steals another’s valuables or possessions, a Bodhisattva Parajika (major)
    offense is committed.”
    – Brahma Net Sutra The Five Precepts

    ======

    The Five Precepts of Buddha are best understood not as a rigid set of rules (like some interpret the biblical Ten Commandments or Maimonides’ Mishneh Torah), but as guidelines for living ethically, enabling us to seek wisdom and enlightenment in our own practice. The text below was translated by Thich Nhat Hanh, thus the term “Mindfulness Training,” more akin to Hanh’s focus on mindfulness, has been used in place of “Precept.” Check under the Precepts category in the archives for further discussion.

    The First Mindfulness Training:

    Aware of the suffering caused by the destruction of life, I vow to cultivate compassion and learn ways to protect the lives of people, animals, plants and minerals. I am determined not to kill, not to let others kill, and not to condone any act of killing in the world, in my thinking, and in my way of life.

    The Second Mindfulness Training:

    Aware of the suffering caused by exploitation, social injustice, stealing and oppression, I vow to cultivate loving kindness and learn ways to work for the well being of people, animals, plants and minerals. I vow to practice generosity by sharing my time, energy and material resources with those who are in real need. I am determined not to steal and not to possess anything that should belong to others. I will respect the property of others, but I will prevent others from profiting from human suffering or the suffering of other species on Earth.

  • shwethitsa

    October 8, 2011 at 6:27 pm

    ဒီပို့(စ်)လေးဖတ်လိုက်ရတာရယ်..။ မိမိအယူအဆ၊ အတွေးအဆအတိုင်း ပြောဆိုနွေးချက်၊ ကိုးကားဝေဖန်ချက်တွေကို သိမြင်၊ လေ့လာခွင့်ရလိုက်လို့ ဝမ်းမြောက်မိတယ်ဗျာ..။ ဒါပေမယ့် တစ်ခုသတိထားမိတာက မိတ်ဆွေအဖြစ်နဲ့ ဆွေးနွေးကြဖို့တော့ လို
    မယ်လို့ ထင်မိတယ်…။ ကိုယ့်ခံယူချက်ကို တင်ပြဆွေးနွေး ဝေဖန်သုံးသပ်ခြင်းမှာ အရေးကြီးဆုံးက တစ်ဦးနဲ့တစ်ဦး သုံးသပ်ဝေ ဖန်ခြင်းမပြုမှီမှာ…အစောင်းမြင်မနေဖို့ပါပဲ..။ သုံးသပ်ဝေဖန်ပြီးမှ အမြင်မတူလို့ အမြင်တွေ တိမ်းစောင်းကြတယ်ဆိုတာကတော့ သဘာဝပါ..။ ဘာကြောင့်လဲဆိုတော့ မတူညီတဲ့ အယူအဆတွေကို ကိုယ်စီကိုယ်ငှ ခံယူထားတဲ့အတိုင်း တင်ပြကြတာဆိုတော့ အမြင်ကတော့ နဂိုရှိရင်းအတိုင်းကကို တဲ့ကြမှာမဟုတ်ဘူးလေ..။ ဒါကြောင့်မို့ ပို့(စ်)တင်သူရော၊ comment ပေးသူရော၊ ဖတ်ရှု သူပါ…web page မလှန်ခင်ကတည်းက ကြိုတင်ပြီး အစောင်းမြင်မထားဖို့လိုတယ်လို့ထင်ပါတယ်။ ပြီးတော့ ပို့(စ်)တင်သူရော၊ comment ပေးသူရော၊ ဖတ်ရှု သူပါ..ကိုယ့်ယူဆချက်ကိုတော့ လှည့်မကြည့်ပဲ ပြောဆိုတာလက်ခံလို့ရပေမယ့်…တစ်ဖက်သားရဲ့ ဆိုလိုချက်ကို အစောင်းမြင်ပြီး ဝေဖန်သုံးသပ်မယ်ဆိုရင်…ကမ္ဘာပျက်သွားတာတောင် အမှန်အဖြစ်ဆိုတာကိုရဖို့ မမြင်မိဘူးဗျာ..။ သေခြာတာကတော့…ဗုဒ္ဓဘုရားရဲ့ ဓမ္မအပေါ်မှာကိုပဲ စစ်မှန်မှုတွေကို ကိုယ်မြင်မိသလို၊ ကိုယ်လက်ခံမိသလို ပြောဆိုဝေဖန်သုံး သပ်နေကြတာပဲ မဟုတ်လား…။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်..။ ဟုတ်တယ်လေဗျာ..ဘုရားကလည်း သက်ရှိ ထင်ရှားမရှိတော့ လာပြီးရှင်းပေးနိုင်မှာမဟုတ်ဘူး။ ဒါကိုပဲ အခွင့်ကောင်းယူပြီး..ဒါ..ငါ့ဆရာပြောတာ။ ဒါ..ငါတို့မိဘဘိုးဘွားလက် ထက်ထဲက ဆင်းသက်လာတာ…။ ဒိထက်ခိုင်လုံတဲ့ စာပေကျမ်းဂန်ရှိဦးမလား…။ ငါက ကိုယ်တိုင့်ကျင့်ကြံပြီးမှပြောတာ…ဆိုတဲ့ အချက်တွေနဲ့တော့ အမြင်မစောင်းသေးခင်…အစောင်းမြင်မထားသင့်ဘူးလေ…။ ဘုရားကြားရင်မကောင်းဘူး..။ ရိုက်လိမ့်မယ်..။ ဒါမှမဟုတ် ဘုရားစူးလိမ့်မယ်…။ ဟုတ်တယ်ဗျ…ဘုရားကပြောတယ်တဲ့…` ငါပြောတယ်ဆိုပြီးတော့လည်းမယုံနဲ့` တဲ့…။ သုတနဲ့ကြားဖူးတာပါ..။ ဒါ့ကြောင့် အမှန်တရားကို အားလုံးသောလူသားတွေ ရရှိပိုင်ဆိုင်နိုင်ဖို့ ဝိုင်းဝန်းဝေဖန်သုံးသပ်တာကို အတိုင်းမသိ ဝမ်းသာကြည်နူးမိပါတယ်..။ ဒါပေမယ့်…….ရိုးသားကြပါဗျာ…။ စေတနာထားတယ် ဆိုရင်ပေါ့….။

    • မိုက်ကယ်ဂျော်နီအောင်ပု

      October 9, 2011 at 6:58 pm

      ဟုတ်တယ်ဗျို့ တကယ်ဆို ဒီလိုအကြောင်းတွေကို
      ဆရာတော်ကြီးတွေတောင် တရားထည်းထည့်ဟောကြတာ နာကြားဘူးတယ်
      နိုင်ငံရပ်ခြားတိုင်းပြည်ကလူတွေ စည်းကမ်းရှိကြပုံတွေ သိကြပုံတွေ
      ဥပမာဗျာ အမှိုက်မပြစ်ရ ဘာညာတွေပေါ့
      I ကတော့ ဒီပို့စ်လေးရဲ့ ရှင်းလင်းချက်လေးကို သိပ်သဘောကြသဗျ
      သိပ်သဘောမကျတာက
      လောကကျင့်ဝတ်ကို မြတ်စွာဘုရားရဲ့သစ္စာတရားတော်တွေနဲ့
      အတင်းလိုက်ပြီးဆွေမျိုးစပ်ကြတာကိုပါ
      ဒါကလည်း ကိုယ့်လမ်းကိုယ်ရွေးကြတာပါ
      U တို့ သဂျီးမင်းက အဆိုးဆုံး 😀 😀 😀

  • nature

    October 9, 2011 at 9:22 pm

    မြန်မာနိုင်ငံဆင်းရဲရတာလဲ ဒီ ကံ မလုံတာ တချက်ပါမယ်ထင်ပါတယ်။ အဒိန္နဒါနာ ကံကျူးလွန်တဲ့သူဟာ ဥစ္စာ စီးပွားပျက်စီးတတ်ပါတယ်။ စီးပွားရှာမရ ဖြစ်တတ်ပါတယ်။ ဈေးရောင်းဈေးဝယ်မှာ ရောင်း သူက ဈေးကောင်းကောင်းနဲ့ ရောင်းချင်တယ် ဝယ်တဲ့သူကဈေးပေါပေါနဲ့ဝယ်ချင်တယ်။ ဈေးကြီ်းမိသွားတော့ နောက်တခေါက်ဝယ်သူကဖိဆစ်တယ်။ ဆစ်တော့ ရေထိုးတယ် အလေးခိုးတယ်။ ဒီကံကို အခု အရောင်းအဝယ်လုပ်နေကြတဲ့သူတွေ ရှောင်နိုင်သူ မရှိသလောက်ရှားတယ်။
    အကုသိုလ်ကံတွေဆိုတာ မီးထက်ပိုပြီး ပရိယာယ်ကြွယ်ဝတဲ့ ပူပြင်းတဲ့မီးလို့ထင်မိပါတယ်။ မီးဆိုတာ ပူတယ်။ကိုင်ကြည့်ဆို ဘယ်သူမှ မကိုင်ရဲဘူး ။ ဒါပေမဲ့ အကုသိုလ်မီးကတော့ ပရိယာယ်နဲ့ လူတိုင်းကိုင်နိုင်အောင် ချက်ခြင်းမပူပဲ မေ့လောက်တဲ့ အချိန်လောက် ကျမှ သေလောက်အောင်ပြင်းထန်တဲ့ ဒုက္ခပေးတော့တာပဲ။ (အဲဒါကြောင့် ချက်ခြင်းမပူလို့ ဂျပိုးဘယ်လိုသတ်ရမလဲ အကြံတောင်းရတာပါ သူကြီးရေ ။ အဝိဇ္ဇာဖုံးနေေတော့ ချက်ခြင်း ဒုက္ခကို မခံစားနိုင်လို့ပါ။ ဂျပိုးကိုသတ်ရင် အကုသိုလ်မဖြစ်ဘူးလို့တော့မထင်ပါဘူး။) အဲဒီအချိန်ကျမှ ဘာကြောင့်ဖြစ်တယ်ဆိုတာ ပြန်မြင်နိုင်သူ တော်တော်ရှားမယ်ထင်တယ်။ အတိတ်ကံကြီးမားသူ ( သူကြီး) တွေအတွက်မသိသာပေမဲ့ အတိတ်ကံနည်းပါးတဲ့သူတွေကတော့ သတိထားကြည့်ရင် သိသာပါလိမ့်မယ်။ သီလလုံဖို့အတွက်ကြိုးစားခဲ့ကြည့်ဖူးတယ်။ တော်တော်လေးခက်ခဲတာတွေ့ရတယ်။
    ခြင်သတ်တာကို ရှောင်နိုင်ပေမဲ့လည်း ခရီးသွားတော့ ကိုယ်အတွက်သတ်ချက်ထားတဲ့ ကြက်သား ငါး တွေကိုစားမိတယ်။ ဒါနဲ့ပဲ မရှောင်နိုင်ဘူး။
    ခိုးမှုမှာလည်း ခိုးကူးခွေတွေကို မရှောင်နိုင်ဘူး။
    မုသာဝါဒမှာလည်း အမြတ်ခွန်ဝန်ထောက်နဲ့တွေ့တော့ မရှောင်နိုင်ဘူး။
    ကာမေသုကို ကာယကံအားဖြင့်ရှောင်နိုင်သော်လည်း မနောကံအားဖြင့် မရှောင်နိုင်ဘူး။
    မူယစ်မေ့လျှော့စေတတ်တဲ့ အရက်မသော်ပေမဲ့လည်း ကောင်းမှုကိုမေ့လျှော့စေတတ်တဲ့ ဂိမ်းကစားတာ ကိုလည်းမရှောင်နို်င်ဘူး ။

    • Foreign Resident

      October 11, 2011 at 4:06 am

      ” မြန်မာနိုင်ငံဆင်းရဲရတာလဲ ဒီ ကံ မလုံတာ တချက်ပါမယ်ထင်ပါတယ် ”

      ကျွန်တော်လဲ အဲဒီလိုပဲ ထင်ပါတယ်
      Australia မှာ generally မုသားမပြောကြဘူး မခိုးကြဘူး မရှိသလောက်ပဲ
      Australia မှာနေချင် တဲ့အကြောင်းထဲမှာ အဲဒါလဲတစ်ခုပါတယ် ။

  • minthakhin

    October 10, 2011 at 2:43 am

    ကျွန်တော်ကတော့ အတွေးတစ်မျိုး နဲ ့ဝင်ရေးပါမယ်။ pirates တွေသုံးတာ အဒိန္နဒါနာ ကံမြောက်မမြောက်တော့ မသိဘူး ရှက်စရာတော့ကောင်းတယ်လို ့မြင်မိတယ်။ ပြီးတော့ စဉ်းစားကြည့်ကြပါအုံး။ Intellectual Property ဟာ အခိုးခံ ရပြီ ဆိုရင် (pirates တွေသုံးလို ့) ဉာဏ်ဥစ္စာရော၊ ပစည်းဥစ္စာရော ၂မျိုးလုံး အသုံးချခံလိုက်ရတာပါ။ ဦးနှောက်လဲ ဖောက်စားခံရသလို ၊ ပစည်းလဲ အသုံးချခံရပြန်တယ်။ ပညာရွှေအိုး လူမခိုး ဆိုတာ ဒီ pirates တွေသုံးတာနဲ ့ပါတ်သတ်ပြီး မြောင်းထဲရောက်သွားသလို ခံစားရတယ်။ ကျွန်တော်တို ့မြန်မာနိုင်ငံမှာ computer ဝယ်ရင် software တွေ အလကားရတာကို ရှက်ရကောင်းမှန်းလဲမသိပါဘူး။ မသိအောင်ကလည်း အခြေအနေတွေက ဖြစ်နေကြတယ်လေ။ ကျွန်တော်လည်း ရှက်ရကောင်းမှန်းမသိခဲ့ပါဘူး (တကယ်ပါ)။ အဒိန္နဒါနာ ကံတွေဘာတွေတော့ ကျွန်တော်သေသေချာချာ မသိပါဘူး ။ ဒါပေမယ်လို ့ ကိုယ်ဖန်တီးထားတဲ့အရာကို သူများက (ခိုးယူ) သုံးစွဲလိုက်ရင် ဘယ်လောက်များ ဒေါသထွက်စရာကောင်းလိုက်မလဲ စဉ်းစားကြည့်မိတယ်။ ဒီကောင်တော်တော် အရှက်မဲ့တာဘဲလို ့လဲ တဆက်တည်းတွေးမိတယ်။
    ဒါပေမယ်လို ့ တဖက်ကပြန်တွေးကြည့်ပြန်တော့ ဒီ copyright software တွေမဝယ်နိုင်ရင် မသုံးရတော့ဘူးလား (မြန်မာနိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံအနေနဲ ့)။ ဝယ်နိုင်အောင် ကြိုးစားမယ်ဆိုတော့ လည်း Copyright Software တစ်ခုရဲ ့တန်ဖိုးကို အားလုံးလည်း သိမှာပါ။ အဲဒီတော့ Window ကို ဝယ်သုံးပြီးရင်တောင် မပြီးသေးတဲ့ ကွန်ပျူတာ တစ်လုံး (Application Software တွေကိုထပ်ဝယ်ရအုံးမယ်) ကို (ဝယ်ဖို ့တောင် အနိုင်နိုင်ဖြစ်နေရတဲ့ ) မြန်မာနိုင်ငံသားတွေ အနေနဲ ့ တကယ်မသုံးရတော့ဘူးလား။ဒါမှမဟုတ် Open Source တွေကိုသုံးရမှာလား။ Ubuntu လိုဟာမျိုးတွေသုံးရမှာလား ။ ဒါတွေကို အခုကွန်ပျူတာ သုံးနေပါတယ်ဆိုတဲ့ ဗမာပြည်သားတွေ ရဲ ့ဘယ်နှရာခိုင်နှုန်း နားလည်ပါသလဲ။ နားလည်အောင် လိုက်လုပ်ပေးရင်ကော အဆင်ပြေမလား။
    ပြီးတော့ ဆိုဒ်တွေမှာ တင်လိုက်တဲ့ပုံ တစ်ချို ့က Copyright နဲ ့ညိစွန်းနေပါတယ်။ ဒါကိုကော တင်တဲ့သူက မသိဘဲ တင်လိုက်မိတဲ့အတွက် အပြစ်လို ့ (သူခိုး) ပြောလိုက်ရတော့မလား။
    အခုလောလောဆယ်ကကို ကျွန်တော် 500 တန် window နဲ ့ပြောနေရတာပါ။ အဲဒီတော့ မြန်မာပြည်က ကွန်ပျူတာသုံးသူ (အများစု) တွေကို မင်းတို ့ ဝယ်မသုံးနိုင်သေးသမျှ ကွန်ပျူတာ မသုံးနဲ ့တော့ ဆိုရင် ဘာတွေဖြစ်ကုန်မလဲ ၊ ဘယ်လိုနည်းလမ်းမျိုးတွေ နဲ ့ ဘယ်လို စခန်းသွားကြမလဲ။

    • kai

      October 10, 2011 at 10:15 am

      မြန်မာပြည်လို ဆင်းရဲတဲ့နိုင်ငံမျိုးက.. ပိုင်းရိတ်(ခိုးကူးခွေ)မကူးပဲ.. မိုက်ခရိုဆော့ဖ်ဆီမှာ..အထူးအခွင့်အရေးလျှောက်လို့ရတယ်လို့.. ကြားဖူးတယ်..။
      ထိုင်းလည်း လျှောက်ဖူးတယ်မှတ်မိတယ်.။
      အဲဒါဆို.. ပညာရေးနဲ့ဆိုင်တာတွေ.. ဘာသာရေးနဲ့ဆိုင်တာတွေ npoတွေ.. အသင်းအဖွဲ့တွေ.. ၁ဝပုံ၁ပုံဈေးမက လျှော့ရတာပေါ့.။
      ဘာသာရေးခေါင်းစဉ်အောက်မှာဆိုရင်.. မြန်မာပြည်ရဲ့အကြီးဆုံးဂိုဏ်း(မဟန)ကနေပြီး…. .. သာသနာ့ဝန်ထမ်းတွေ.. အပြစ်လွတ်အောင်.. တာဝန်ခံလုပ်ပေးရမှာပေါ့..။

      အဲဒီလို စခန်းသွားရတယ်.. ထင်မိပါတယ်..။ 🙂

      Ref:
      http://en.wikipedia.org/wiki/Least_developed_country

      • minthakhin

        October 11, 2011 at 1:19 am

        ဘယ်လိုမျိုး လျှောက်ရတာလဲဗျ။ သိတဲ့လူရှိရင် ရေးပေးကြပါလားဗျာ။ အင်မတန်ကို စိတ်ဝင်စားလို ့ပါ။ ကျွန်တော်သိတာကတော့ Microsoft က Express Edition တွေထုတ်တယ်။
        ပြီးတော့ Microsoft OS တွေအတွက် Localized Price တွေသတ်မှတ်ပေးတယ်လို ့တော့ ဖတ်ဖူးတယ်။ ဒါပေမယ်လို ့ window လို OS တွေရပြီးရင်တောင်မှ Software တွေသုံးဖို ့အတွက် ပြသနာပေါင်း သောင်းခြောက်ထောင်ပါ။ အဲဒါမျိုးတွေကိုရော ဘယ်လိုစခန်းသွားမလဲ သိချင်ပါတယ်ဗျာ။
        ပြီးတော့ နောက်တစ်ခု လေ ။ Google ကြီးပေါ့။ သူက ကျွန်တော်တို ့လို software ပေါင်းမြောက်များစွာကို serial key. crack file တွေလိုက်ရှာမယ်ဆို သိပ်ကိုရှာဖွေပေးတဲ့ ကောင်ကြီးပေါ့။ သူခိုးအားပေး တိုက်ရိုက်ကြီး မဟုတ်ရင်တောင် ဒီလို ဆန်ဆန်မျိုး ကြီးပေါ့။ ရှာချင်တဲ့ ဟာကို (ebook, mp3, video , software (pirate), photo, etc) free လိုသာ ထည့်ရိုက် လိုက် ဟော ကနဲ ဟောကနဲ ကျလာပါတော့တယ်။ အဲဒီတော့ ဒီကောင်ကြီးလဲ အဒိန္နဒါနာ ကံ မြောက်သလားဗျ ၊ ဥပဒေအရ ကြောင့်ရော ဘာလို ့မငြိစွန်းသလဲ (ဘာဖြစ်လို ့လဲ) ။
        အဲဒါလေးကို သိသူများရှိရင် ပြောပြပေးပါလား။ အသေးစိတ်နော် (တခုမှမကြီးစေနဲ ့)

        • Foreign Resident

          October 11, 2011 at 3:53 am

          Dear minthakhin,

          Microsoft OS တွေက ဈေးအမျိုးမျိုးပါ
          ဥပမာ ; ကျွန်တော့် Window 7 OS က
          သင်တန်းတစ်ခုတက်တုန်းက ဝယ်ထားတဲ့အတွက်
          ကျောင်းသား Edition ပါ 65$ ပဲကျပါတယ် ဈေးပေါပါတယ်

          Google ရဲ့အဓိကအလုပ်က Search ( Search Engine ) ပါ
          ဘာတွေ ဘယ်နေရာမှာရှိလဲပဲ ရှာပေးတာပါ
          ခိုးတာ မခိုးတာ သူနှင့်မဆိုင်ပါ

        • kai

          October 11, 2011 at 5:07 am

          အသေးစိတ်တော့ ကိုယ့်ဖာကိုယ်ဖတ်ဗျာ..
          ပြီးတော့.. ဘာသာပြန်တင်ပေးပေါ့..။ အောက်ကလင့်မှာ အဲဒီလိုပီစီတွေအတွက်.. ထိုင်းကစာတမ်းလုပ်ထားတာ.. တွေ့တာမို့.. တင်ပေးလိုက်တယ်..။
          နားလည်သဘောပေါက်ရင်.. မြန်မာတွေ သူများပစ္စည်းခိုးသူများမဖြစ်အောင်.. ကြိုးစားပေးပေါ့..။
          အင်မတန် ကုသိုလ်ရမယ်ထင်မိပါတယ်..။ ဝမ်းလည်းဝမှာပါ..။

          http://www.aoss2007.org/files/u1/LowcostPC.pdf

          အောက်မှာက.. ဆိုင်တဲ့သတင်းပါတဲ့..လင့်ခ်တွေ. ၂၀၀၃ခုနှစ်က…သတင်းပါ.။-

          Microsoft Has Second Thoughts

          Microsoft, faced with the prospect of a million Linux PCs, began to have second thoughts about its pricing structure. With many students buying an ICT PC, the company risked losing both market share and mind share to Linux. Microsoft’s newly appointed regional general manager, Andrew McBean, no doubt having consulted Redmond, offered to supply the ICT PC Program with the Windows/Office package for a mere $37 — a price cut of 85 percent.
          http://www.linuxinsider.com/story/32110.html

          Starter Edition

          Windows XP Starter Edition is a lower-cost version of Windows XP available in Thailand, Vietnam, Turkey, Indonesia, India, Philippines, Colombia, Brazil, Argentina, Peru, Bolivia, Chile, Mexico, Ecuador, Uruguay, and Venezuela. It is similar to Windows XP Home, but is limited to low-end hardware, can only run 3 programs at a time, and has some other features either removed or disabled by default.

          According to a Microsoft press release, Windows XP Starter Edition is “a low-cost introduction to the Microsoft Windows XP operating system designed for first-time desktop PC users in developing countries.”

          http://www.cyberciti.biz/tips/windows-7-starter-edition.html

  • True Answer

    October 10, 2011 at 8:45 am

    ဒါန ဖြစ်စေ၊ သီလဖြစ်စေ…

    အများ အကျိူးကို ရှေးရှုသော –
    အခြေအနေ နှင့် အချိန်အခါကို နားလည်သော ပညာဉာဏ်ရှိဖို့လိုအပ်ပေသည်။

    သီလ တရားဟူသည် ဒါန သီလ၏ရည်စူးချက်သည် မိမိ နှင့် အများအကျိုးကျေးဇူးငှာ အများ ဆင်းရဲဒုက္ခကင်းခြင်းငှာ ဦးတည်ချက်ထားခြင်းဖြစ်ကြောင်းမမေ့ရန် အထူးလိုအပ်ပေသည်။

    မည်သည့်အမှုအလုပ်တွင်မဆို နှလုံးသွင်းမှန်မှု ယောနိသောမနသိကာရသည် အရေးကြီးဆုံးဖြစ်လေသည်။

    ဒီလိုမှ ဒီလိုမှ… ဟိုလိုမှ ဟိုလိုမှ……ဒါမှ…ဒါမှ…ကို ဥပါဒါန် (အစွဲ)တရားဟုခေါ်လေသည်။

    ဥပါဒါန် (အစွဲ)တရားသည် သမုဒယသစ္စာ စွန့်လွှတ်ရအပ်သည့်တရားဖြစ်လေသည်။

    ပညာဉာဏ်မပါဝင်သော (အတ္တပါဝင်သော -ငါ့ဒါန ငါ့သီလ ဟု) ဆုပ်ကိုင်မှု ပါဝင်သော(ငါ ယခုဘဝ နောက်ဘဝ ကောင်းစားဖို့ ချမ်းသာဖို့) ဒါန သီလ သည် ပါရမီမမြောက်သာ သီလဖြစ်လေသည်။

    အစွဲကင်းသော အခြေအနေ နှင့် အချိန်အခါကို နားလည်သော ပညာဉာဏ်ဦးစီးသည့် ဥပါဒါန် (အစွဲ)တရားကို စွန့်လွှတ်နိုင်သည့် သီလတရားမျိုးဖြစ်ဖို့လိုအပ်လေသည်။

    ဥပါဒါန် (အစွဲ)တရားကို ကင်းခြင်းသည် မိမိ အလိုလောဘ ကိုလိုက်လျှက် လုပ်ချင်တာလုပ်ဟူသော သဘောမျိုးမှ လည်း ကင်းလွတ်နေလေသည်။

    ထို သီလ သဘောတရားများကို ဆရာကြီး ဦရွှေအောင် ဘဝအမြင်သစ်စာအုပ် နှင့် ဆရာနန္ဒသိန်းဇံ၏
    http://www.4shared.com/audio/C8LBWwfI/_-_____.html တွင်လေ့လာနိုင်ပေသည်။

    ဇင် ပုံပြင်များသည် အဓိကအားဖြင့် ဥပါဒါန် ဆုပ်ကိုင်မှုနှင့် ပြုလုပ်သော စောင့်ထိန်းမှု နှင့် အခြေအနေ နှင့် အချိန်အခါကို နားလည်သော ပညာဉာဏ်ရှိရှိ အများအကျိုးကို ဦးစားပေးမှု တို့ အားပြိုင်မှုကို ဖော်ပြလေသည်။

  • True Answer

    October 10, 2011 at 1:54 pm

    http://www.mediafire.com/?n4gklnuydtw (ဦးရွှေအောင် ဘဝအမြင်သစ်)

    ပါရမီမြောက်သောသီလသည်သာ အရိယသစ္စာ (သစ္စာလေးပါး)ကို သိဖို့အတွက် အားကြီးသော အထောက်အပံ ဥပနိဿယ ဖြစ်လေသည်။ (ဦးရွှေအောင်)

  • True Answer

    October 10, 2011 at 2:18 pm

    လူ ပတ်ဝန်းကျင်မှ အများစု နားလည်လက်ခံနေသော ethnic စောင့်ထိန်းမှုနှင့် အခြေအနေ နှင့် အချိန်အခါကို လိုက်ပြီး အများအကျိုးကို ဦးစားပေးမှု တို့ အားပြိုင်ခြင်း (ဇင်ပုံပြင်)

    http://www.ashinkusala.com/2011/03/blog-post_28.html

  • ကမာ္ဘ့ အဆင်းရဲဆုံး ၁ဝ နိုင်ငံထဲမှာ ပါတဲ့အတွက် မြန်မာပြည်ဟာ မူပိုင်ခွင့်ကင်းလွတ်တယ်လို့ သိထားပါတယ်။ အဲဒီသက်တမ်းကုန်ပြီလားတော့ မသိဘူးဗျ။ ဥပမာ စာရေးဆရာတစ်ယောက်ဟာ တခြား ကမာ္ဘ့စာအုပ်တစ်အုပ်အုပ်ကို ဘာသာပြန်မယ်ဆိုရင် မူပိုင်ခွင့်ကင်းလွတ်တယ်။ မူရင်းစာရေးဆရာကို ပေးစရာ မလိုအပ်ပါဘူး။ သီချင်းတစ်ပုဒ်ကို ကော်ပီကူးရင်လည်း ရတာပါပဲ။ ဒါပေမယ့် ရှက်စရာတော့ကောင်းတယ်။ ခုနက စာအုပ်ဘာသာပြန်နဲ့ မတူဘူး။ ကိုရီးယားကား ခိုးကူးခွေဆိုရင်လည်း ရမယ်လို့ထင်ပါတယ်။ ဝင်းဒိုးစ် လည်း ရသင့်တယ် ထင်တာပါပဲ။
    ကျွန်တော့်ရဲ့ ကပေါက်တိကပေါက်ချာ အတွေးလေး ပြောပါရစေဦး။ ဒါဆိုရင် ဟိုးအရင်က သောမတ်စ်အယ်ဒီဆင်တို့ တီထွင်ခဲ့သမျှ ခုထိ သုံးစွဲနေတာကကော။ အဲဒါမျိုးလေးတွေ မရှင်းဘူး။ ကျွန်တော့်သဘောကတော့ ဝင်းဒိုးစ် လိုမျိုး၊ ကိုရီးယားကားလိုမျိုး၊ နိုင်ငံခြားကားတွေ စတဲ့ ခိုးကူးခွေတွေကို ပိတ်ပင်ရင် တိုင်းပြည်မွဲသွားမှာပေါ့။ တစ်တိုင်းပြည်လုံးရဲ့ သုံးစွဲတဲ့အင်အားအတိုင်း ပြည်ပကိုငွေတွေလှိမ့်သွားရင် သေပြီပေါ့။

    • minthakhin

      October 11, 2011 at 1:00 am

      ကျွန်တော်သိသလောက်ကတော့ မြန်မာနိုင်ငံက မူပိုင်ခွင့် ကင်းလွတ်ခွင့်ရထားတာမဟုတ်ပါဘူး။
      မူပိုင်ခွင့်ကို ဥပဒေအရ အတည်မပြုနိုင်သေးတာပါ။ ၂၀၁၃ မှာမှ စတင်နိုင်မယ်လို ့ ဆိုပါတယ်။
      အခုလက်ရှိကျင့်သုံးနေတာက ၁၉၁၁ က United Kingdom ရဲ ့အက်ဥပဒေကို ၁၉၁၄ မှာ ထပ်မံပြုလုပ်ထားတဲ့ ဥပဒေကြီးလို ့ဆိုပါတယ်။
      http://www.wipo.int/wipolex/en/details.jsp?id=5934
      အဲဒီတော့ ဒီဥပေဒေအရ မူပိုင်ခွင့်နဲ ့အရေးယူဖို ့ရာမှာ အင်မတန်များမြှောင်လှတဲ့ ပြသနာပေါင်းစုံနဲ ့ပေါ့ဗျာ။
      အဲ အဲ အဲဒီတော့ ဘာဆက်ဖြစ်လာသလဲ။ အဒိန္နဒါနာကံ မြောက်မမြောက်တော့ မသိကြတော့ဘူး ဒီဥပဒေရဲ ့အားနည်းချက်ပေါင်းစုံတွေကြောင့် မူပိုင်ခွင့်ရှိတဲ့အရာတွေ (အထူးသဖြင့် Pirates) ကို ဗုံးပေါလအော နဲ ့ပျော်ပျော်ကြီးကို သုံးလာ ကြတဲ့ ပုံစံမျိုးတွေဖြစ်လာကြပါတယ်ဗျာ။

    • Foreign Resident

      October 11, 2011 at 3:36 am

      Dear တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး,

      မြန်မာနိုင်ငံက မူပိုင်ခွင့် ကင်းလွတ်ခွင့်ရထားတယ်လို့ မကြားမိပါ
      ဥပဒေ အားနည်း / မလုံလောက် သေးတာပါ ။
      ဘာသာရေးအမြင်အရတော့ ဖမ်းသည်ဖြစ်စေ မဖမ်းသည်ဖြစ်စေ ခိုးတာက ခိုးတာပါပဲ ။
      ( Very sorry to comment like this )

      ” သောမတ်စ်အယ်ဒီဆင်တို့ တီထွင်ခဲ့သမျှ ခုထိ သုံးစွဲနေတာကကော ”
      Intellectual Property Right က နှစ် ( 50 ) ပဲခံပါတယ် ။
      For example ; နှစ် ( 50 ) ကျော်တဲ့ သီချင်းတွေကို လူတိုင်း ယူသုံးလို့ရပါတယ်

  • chityimhtoo

    October 11, 2011 at 12:18 am

    ရွာသားတွေရဲ့အရေးအသားတွေကတော့စာတတ်ပေတတ်ချည်းပါဘဲ။သေချာတာတစ်ခုကတော့ မိမိ
    ကိုယ်ကိုမှန်ကြည့်ပြီးငါကောဒီလိုသီလတွေတစ်ကယ်လုံရဲ့လားလို့ပါဘဲ။ခြင်ကိုက်တာကိုရိုက်လိုက်မိတာ
    မိမိရဲ့စိတ် ၊နောက်ပြန်ပြီးဆင်ခြင်မိလိုက်တာမိမိရဲ့ဉာဏ်ပါဘဲ။ကျွန်တော့်ကိုကျွန်တော် တော့ပြန်မေးဖူး
    ပါတယ် ။သူများမျက်ရည်ပေါက်ကြီးငယ်ကျအောင်တော့ မခိုးဘူးပါဘူး ဒါပေမဲ့ ခုကျွန်တော်သုံးနေတာက
    window7 ကော်ပီ၊ကျွန်တော့စက်ထဲမှာရှိတဲ့ အားလုံးသော software တွေကကော်ပီတွေပါဘဲ။ကျွန်တော့
    လိုဘဲမြန်မာတစ်နိုင်ငံလုံးဒီလိုချည်းပါဘဲ။အရာရာတိုင်းကိုတော့အဘိဓမ္မာပေတံနဲ့လိုက်တိုင်းပြီးတော့
    အချိန်အကုန်မခံချင်ပါဘူး။တစ်ခါတစ်လေကျွန်တော်တို့အတွေးတွေက ကျွန်တော်တို့ဦးနှောက်ရဲ့
    temp file တွေဖြစ်နေလို့ပါဘဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 11, 2011 at 8:28 am

    အဒိန္နဒါနာကံ ပြုပြီး ခိုသွင်းလာတဲ့ ကွန်ပြူတာစက်ပစ္စည်းတွေကို
    အဒိန္နဒါနာကံ ပရိုဂရမ်တွေနဲ့
    အဒိန္နဒါနာကံ အကြောင်းကို ရေးနေဖတ်နေကြတယ်
    အဒိန္နဒါနာကံထိုက်ထားတဲ့ ( အခွန်မဲ့ ) အဝတ်အစားတွေကိုလည်း ဝတ်ထားလိုက်သေး
    အဒိန္နဒါနာကံ ပြုပြီးအလုပ်ထည်းကနေခိုးရေး ခိုးဖတ်နေကြတာကို ( မကောင်းသူထိပ်ကောင်းသူထိပ် )
    အဒိန္နဒါနာကံ သူခိုးလက္ခံလုပ်ပြီး ဆိုဒ်ပေါ်တင်ထားပေးတဲ့
    အဒိန္နဒါနာကံ ခေါင်းဆောင်ကြီး သဂျီး အား
    အဒိန္နဒါနာကံ ပစ္စည်းများဖြင့် အဒိန္နဒါနာကံ အလုပ်ချိန်ကိုခိုး၍
    ဤနေရာမှ မှတ်တမ်းတင်အပ်ပါသည်။

    • chityimhtoo

      October 11, 2011 at 10:52 am

      ဝမ်းစမိုး….ဝမ်းစမိုး…. 😛

Leave a Reply