ကလေးမြို့ က ရဲ အလှူခံ

anl1943October 5, 20111min717

ဒီနေ့ မြင်ရကြားရတာ ကတော့ ကလေးမြို့ ရပ်ကွက်တွေမှာ တောင်း ပုံတောင်းနည်း  အသစ်အဆန်းတွေ အလှူခံပုံကလေး တွေက နည်းယူတတ်ရင် လိုက်လုပ်ဖို့တောင် ကောင်းပါတယ်ဗျာ။

ဆင်းရဲသား အစိုးရအတွက် တာဝန်ထမ်း ဆောင်နေရတဲ့ နိုင် ငံ့သားကောင်း ရဲဝန်ထမ်း တွေခမျာမလဲ တိုင်းပြည်တာဝန် အတွက် ထမ်းဆောင် ရင်းလို အပ်မှု ကလေး ရှိလာတော့ တပည့် လိမ်မာ ဆရာအာပတ် လွတ် ဆိုသလို တောင်းပုံ ကလေး က လန်းတယ်ခင်ဗျ။

မြို့နယ်မှူး ကားပြင်ဖို့အတွက် ဆိုပြီး ၃လုံး ရောင်းတဲ့ အီမ် တွေမှာ လိုက် အလှူ ခံ သွားလေရဲ့။ သိပ်တော့ များပါဘူး တစ်အိမ်ကိုု ၅သောင်း တဲ့ ဗျာ …..

ကိုင်း စေတနာ တရားထွန်းကားတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေပီပီ အလှူ ပါဝင် ချင်ရင်တော့ နီးစပ် ရာ ပတ်သက်ကြောင်း ချဲ နှစ်လုံးတစ် ခုခုရောင်း ပြီး ပါဝင်လှူတန်းနိုင် ကြပါကြောင်း…

7 comments

  • chochin

    October 5, 2011 at 9:46 pm

    ဝေဖန်ကြည့်ပါရစေ
    ငါးသောင်း ဆိုတော်သေးတာပေါ့ ကျွန်တော် တို့မြို့မှာ TV နဲ့ အောက်စက် တစ်စုံစီ နဲ့
    မြို့နယ်မှုးအတွက် ကားပြင်စရိတ် တောင်းပုံလေးကတော့ ကားတာယာ တစ်လုံးစီ တဲ့
    မပေးပဲနေရင် ဖမ်းမယ် ဆီးမယ် ပြောသေးတယ်

  • lukalay

    October 5, 2011 at 10:31 pm

    တော်သေးတာပေါ့ ငါးသောင်းပဲ မို့လို ့ဗျ။
    တော်ကြာ သူ ့သမီးကျောင်းစရိတ်ပါတွက်မထားလို့ ကံကောင်းတယ်မှတ်။

  • chitkoko

    October 5, 2011 at 10:45 pm

    အလှုခံ လာတဲ့အခါ အသံသွင်း ပီး ကင်မရာ နဲ့ ခိုးရိုက်ထား အကောင်းဆုံးသက်သေလေ
    လိုအပ်ရင် အညှာကိုင်ထားလို့ရသဗျ
    ဆိုင်ရာကို တိုင်ချင်ရင်လဲ အဆင်ပြေဆုံးဖြစ်လာမယ်မဟုတ်ပါလား

  • မောင်တုတ် ကြီး

    October 5, 2011 at 11:31 pm

    သံတွဲကလို၊ဒီမှာလဲ တစ်စခန်းထနေပါလားဗျာ။အကိုတို ့ရေ ဆိုင်ရာကိုသာမနှေးမမြန်တိုင်ပါတော့။စာတိုက်ပုံးမှားရောက်လာလေသလား။

  • mglay

    October 11, 2011 at 4:24 pm

    အဲဒီလို မပြောကြပါနဲ.ဗျာ။သူတို.ခမျာသမိုင်းပေးတာဝန်အရ အလှုခံရတာပါ။

  • faker

    October 11, 2011 at 4:34 pm

    ဟုတ်ပါတယ် အဲသလို မတောင်းစားရရင် စားမဝင် အိပ်မပျော် ဖြစ်လို့ပါ ။
    ညဖက် မအိပ်ခင်ကတည်းက ဘယ်မှာသွားတောင်းစားရမယ်ဆ်ိုတာ အပိုင် တွက်ချက်ပြီးမှ
    အိပ်ပျော်သဗျ ။
    ကျုပ်တို့ အပြစ်မဟုတ်ဖူးလေဗျာ ၊ သင်တန်းမှာ ကတည်းက အဲသလို လုပ်ပါ သင်ထားလို့..။

  • naywoonni

    October 11, 2011 at 9:27 pm

    တော်ကြာ မဆီမဆိုင်တွေ လိုက်တောင်းနေမဲ့ အတူူတူ လောင်းကစားသမားတွေ ဆီက တောင်းသွားတာတော်သေးတာပေါ့…။ သူကို့ကို အဲဒိလိုတောင်းချင်လို့ကို တမင် ထားထားတာ…။ ခုပဲကြည့်လေ……. ရဲစခန်းနားမှာ ဗျောက်ဖောက်နေတာ ဖုန်းဆက်တိုင်မဲ့သူရှိမှ ထွက်ဖမ်းတယ်..။ မတိုင်လို့ကတော့ သူ့တို့ဖာသာ ထွက်ပြီးဖမ်းမယ်းတားမယ်မရှိဘူး…။ ကူညီပါရစေဆိုတော့ အကူအညီမတောင်းရင် မပေးတဲ့ သဘောနဲ့တူရဲ့…။

Leave a Reply