သံတွဲမြို့ ခရိုင်ဆေးရုံကြီးမှ ခရိုင်ဆရာဝန်ကြီးဒေါက်တာတင်ငွေ ၏ ဂုဏ်ထူး ဆောင်အချက်များ
(၁)ပြည်သူ့ဆေးရုံ ဆေးပဒေသာပင် အတိုးငွေ သိန်း(၂၀) အား ဘောက်ချာလိမ်(အတု)များဖြင့်အလွဲသုံးစားသမှုပြုခြင်း၊
(၂)ဆေးရုံအနီးတစ်ဝိုက် လမ်းဘေးဈေးသည်များထံမှ တစ်လလျှင် တစ်သောင်းနှုန်းကောက်ခံ၍ ကိုယ်ကျိုးသုံးခြင်း၊
(၃)ဆေးရုံမှ ခွဲစိတ်ဆရာဝန်နှင့်သားဖွားမီးယပ် အထူးကုဆရာဝန်များထံမှ လစဉ် တစ်သိန်းခွဲတိတိကို အတင်းအဓ္ဓမ တောင်း
ခံ၍ (မပေးလျှင်မနေရ) ကိုယ်ကျိုးရှာခြင်း၊
(၄)၎င်း၏နေအိမ်တွင် ကျန်းမားရေးဝန်ထမ်းမဟုတ်သည့် သမီးအား တရားမဝင် ဆေးထိုးခိုင်းခြင်း၊ ဆေးကုသခြင်းခွင့်ပြုပေးခြင်း၊
(၅)ဆေးရုံအတွင်း ၎င်း၏ရုံးခန်းအတွင်း မိန်းမငယ်လေးများဖြင့် အခန်းတံခါးပိတ်ကာ မဖွယ်မရာများကို နေ့စဉ်ပြုမူနေထိုင်ခြင်း၊
(၆)ရဲအောင်လံ ကားတိုက်မှုဖြစ်စဉ်တစ်ခုတွင် ရဲအောင်လံဂိတ်မှုးထံမှ လာဘ်ငွေ တစ်သိန်းလက်ခံပြီး ဒဏ်ရာပြင်းထန်စွာရရှိသော
ကားတိုက်ခံရသည့် ဆိုင်ကယ်ပိုင်ရှင်အား သာမာန်ဒဏ်ရာဟု ထောက်ခံစာရေးပေးခြင်း၊
(ရ)အစဉ်အလာကောင်းခဲ့ပါသော ယခင်ကြက်ခြေနီအသင်း အား မိမိသဘောဖြင့် ဖျက်လိုဖျက်ဆီးလုပ်လျက်ရှိပြီး ကြက်ခြေနီအသင်း
ပျက်စီးလုလု ဆိုးဝါးသော အနေအထားသို့ရောက်ရှိနေခြင်း၊
…. ခရိုင်ဆရာဝန်ကြီးဒေါက်တာတင်ငွေမှာ မူလတာဝန်ကျခဲ့ပါသော ကန့်ပလူမြို့တွင် ဆိုးဝါးသော အလားတူပြဿနာများဖြင့်
သံတွဲမြို့သို့ ပြောင်းရွှေ့ခြင်းခံခဲ့သူဖြစ်ပါသည်၊
—————————————————————-
သံတွဲသားများသိစေရန်
ယခုတင်သော သတင်း၏ အမှားအမှန်ကို သေချာစုံစမ်း ကြည့်ပြီးမှသာလျှင် ဝေဖန်စာ ရေးကြပါရန် လေးစားစွာ
ပြောကြားလိုပါသည်။
ပုံ/
ကျိန္တလီသား

About ghost

has written 1 post in this Website..