Spoken English Patterns (8) You don’t do this, what’s your excuse?

TTNUOctober 6, 20112min734

Spoken English Patterns (8)

 

You don’t + verb (Infinitive), what’s your excuse?

       မင်းအဲဒါမလုပ်ဘူးနော်၊ ဘာအကြောင်းပြချက်ပေးဦးမလဲ။

 

(1) You don’t do class work, what’s your excuse?

မင်း အတန်းတွင်း လေ့ကျင့်ခန်းတွေ မလုပ်ဘူးနော်၊ ဘာအကြောင်းပြချက်ပေးဦးမလဲ။

(2) You don’t say “Thank you” to your teacher, what’s your excuse?

ဆရာမ ကိုကျေးဇူးတင်ပါတယ် လို့ မင်းမပြောဘူးနော်၊ ဘာအကြောင်းပြချက်ပေးဦးမလဲ။

(3) You don’t participate in the discussion, what’s your excuse?

ဆွေးနွေးကြတဲ့ အထဲ မင်း မပါဝင်ဘူးနော်၊ ဘာအကြောင်းပြချက်ပေးဦးမလဲ။

(4) You don’t get along with your co-workers, what’s your excuse?

လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေဘူးနော်၊ ဘာအကြောင်းပြချက်ပေးဦးမလဲ။

(5) You don’t believe that all the problems can be solved, what’s your excuse?

ဒီပြဿနာတွေ အားလုံးကို ဖြေရှင်းလို့ ရနိုင်တယ်ဆိုတာ မင်း မယုံဘူးနော်၊ ဘာအကြောင်းပြချက်ပေးဦးမလဲ။

(6) You don’t submit the assignment, what’s your excuse?

မင်း လုပ်ငန်းပေးအိမ်စာ မတင်ဘူးနော်၊ ဘာအကြောင်းပြချက်ပေးဦးမလဲ။

(7) You don’t attempt all the questions, what’s your excuse?

မင်းစာမေးပွဲ မေးခွန်းအားလုံး မဖြေဘူးနော်၊ ဘာအကြောင်းပြချက်ပေးဦးမလဲ။

(8) You don’t use the dictionary for reading comprehension, what’s your excuse?

စာဖတ်စွမ်းရည် သင်ခန်းစာအတွက် မင်း အဘိဓာန် မသုံးဘူးနော်၊ ဘာအကြောင်းပြချက်ပေးဦးမလဲ။

(9) You don’t pay attention to the lecture, what’s your excuse?

မင်း ပို့ချချက်ကို အာရုံ မစိုက်ဘူးနော်၊ ဘာအကြောင်းပြချက်ပေးဦးမလဲ။

(10) You don’t practise speaking English whenever you can , what’s your excuse?

အင်္ဂလိပ်စကားကို တတ်နိုင်သလောက် ဖြစ်နိုင်တဲ့အခါတိုင်း မင်း မလေ့ကျင့်ဘူးနော်၊ဘာအကြောင်းပြချက်ပေးဦးမလဲ။
————————————————————————————————————————–        

Get

Get နဲ့ ပတ်သက်ပြီး အသုံး အနှုံးလေးတွေ နည်းနည်း ရှင်းပြပါမယ်။

(1) The time is getting on, we ought to be going.

အချိန် နှောင်းနေပြီ၊ တို့တွေ သွားသင့်နေပြီ။

(2) I can’t get over how rude she was.

သူ မိုက်ရိုင်းပုံများ အံ့ဩော လွန်းလို့ပါ။

(3) Let’s get down to business.

စီးပွားရေးလုပ်ငန်း စတင် လှုပ်ရှားကြရအောင်။

(4) She and her sister have really never got on.

သူတို့ ညီအစ်မ ဘယ်ခါမှ မတည့်ဘူး။

(5) He said he’d come, but he’s looking for a get-out.

သူလာမယ်တော့ ပြောခဲ့တာပါပဲ၊ ဒါပေမဲ့ သူ အလစ်ထွက်လာရမဲ့ အကွက်ချောင်းနေတုန်းပဲ။

 

4 comments

  • ET

    October 6, 2011 at 10:18 am

    အင်္ဂလိပ်စာလေ့လာနေ့တဲ့သူတစ်ယောက်မို့
    မှတ်သားသွားပါတယ်။

  • windtalker

    October 6, 2011 at 11:57 am

    Hi ! Dear Teacher TTNU
    You don’t write and publish posts daily , what’s your excuse ?
    🙂
    ဆရာမ ပို ့စ်ကို ဖတ်ရပြီး
    တတ်သလောက် ရေးကြည့်တာ
    မှားရင် ပြင်ပေးဦးနော် တီချာ
    ဟီဟိ

    • TTNU

      October 6, 2011 at 10:29 pm

      Dear Windtalker,
      You don’t smile in your picture, what’s your excuse?

      • windtalker

        October 23, 2011 at 7:42 pm

        ဆရာမ က လဲ
        သားပုံမှ မဟုတ်တာ
        အဲဒါ ထရီးစတူးဂျက်စ်ထဲ က မိုး ရဲ ့ပုံလေ
        ဆရာမ တို ့ခေတ်က ပါ

Leave a Reply