အရက်/အရက်သမား/ကျွန်တော် နှင့် ကျွန်တော်၏အိမ်မက်.။။။။

အရက်။။။။။။။။။။။။။
အရက်ဆိုတာ မူးတတ်၏ မူးသော် လူမှန်းသူမှန်မသိဖြစ်၏ ပုဆိုးမနိုင်ဖြစ်၏၊
ပြောခြင်ရာပြောတတ်၏။
မကျေနပ်ချက်များရင်ဖွင့်တတ်၏ ။
ရန်စရှိသူများကိုရန်စချင်၏ အကြောင်းမဲ့ပြဿနာရှာ၏။
ယခင်က ကြောက်ခဲ့ရသူများကိုစိန်ခေါ်တတ်၏  ။
အရက်သောက်သက်မရင့်သူများက ငိုကြီးချက်မ ငိုကြွေးတတ်၏။
ငိုကြွေးသော်လည်း ဘာကြောင့်ငိုမှန်းမေးလျှင်ကားမဖြေတတ်ဖြစ်၏။
အထက်လူကြီးအား  ပြန်မပြောဝံသော်လည်းမူးနေစဉ် စောင်ပေပေ ဘုရှိုးရှိုးတတ်၏ ။
မိန်းကလေးများမြင်က စောင်းငန်းစောင်းငန်းဖြင့် သရေကျကာ ခြေလှမ်းမမှန်ဖြစ်တတ်၏ ။
မူးနေစဉ်ဘာမှမသိဟု အမူးပြေစဉ်ပြောတတ်၏ ။
မမူးခင်ပြသနာမရှိသော်လည်း မူးလာသောအခါ ဘီလ် ထဲမှတ်ထား နောက်မှပေးမယ်ဟု ဂျစ်ကန်ကန်လုပ်တတ်၏။
နှစ်ယောက်သောက်သော် အပြန်တွင်မတွဲလေနှင့်မူးတယ်ထင်၍ တွဲမိပါက ပိုမူးပြတတ်၏။
ဒီအတိုင်းလွှတ်ထားလိုက်ပါက လေးဘက်ထောက်သွားစေရကာမူ အိမ်ရောက်အောင်ပြန်တတ်၏၊။။
မည်မျှမူးသည်ဖြစ်စေ အိမ်ပေါက်ဝနှင့်နီးလာလေ ခြေလှမ်းမှန်လာလေဖြစ်၏။
လေးဘက်ထောက်ပြန်လာ သူက ယိုင်ထိုးယိုင်ထိုးနှင့် နိုင်သမျှကျိုးစားလျှောက်၏၊
ယိုင်ထိုးယိုင်ထိုးပြန်လာသူက တည့်တည့်မတ်မတ်လျှောက်ရန်ကျိုးစား၏၊
ခပ်ထွေထွေမူးသူကား ခပ်တည်တည် နှင့်လျှောက်၏၊
အိမ်ပေါ်ရောက်၍  အိမ်အုပ်ချုပ်ရေးမှုးနှင့်တွေ့သော် “ငါမမူးပါဘူး”ဟုဆင်ခြေပေးတတ်၏၊
သိုသော် …..ခေါင်းကဖြင့် မထူနိုင်ပြီ ၊။။
အရက်သမား။။။။။။။။။။။။။။
“တစ်ခါလောက်ဆုံရအောင်”ဟုပြောတတ်သောသူကိုရှောင်ရ၏ ထိုသူကားတစ်ခါတည်းဆုံတုန်း အရက်ဆိုင်တင်မက
ကာရာအိုကေ သို့ပါ မ,မ သွားတတ်သဖြင့် အကုန်အကျများ၏။
“တစ်ခွက်လောက်သောက်ရအောင်”ဟုခေါ် သူအတွက် တစ်လုံးဘိုးရှင်းရန် ပိုက်ဆံပါမှသာ ထိုသူနောက်သို့လိုက်ရာ၏။
“တစ်လတစ်ခါလောက်သောက်တာပါ”ဆိုသူနှင့် တွေ့မည်ဆိုပါ အမြည်းအများကြီး မမှာပါနှင့် ထိုသူမျိုးကားအရက်ထက် အမြည်းကိုသာကြုံးကုန်းစားတတ်၏။
အိမ်က“အိမ်သူက အရက်သောက်တာမကြိုက်ဘူး”ဟု ဆိုသူနှင့်သောက်မည်ဆိုပါက အိမ်တန်ရာရောက်လိုက်ပို့ရတတ်သဖြင့်
တက္ကစီခပါ ကုန်ကျတတ်သည့်အပြင် သူတစ်ပါး  အိမ်သူ၏ မည်တွန်တောက်တီးမှုကိုလဲခံရတတ်၏။
“ခင်ဗျားတိုက်တာနော်” ဟုတာဝန်ခံ ခိုင်းတတ်သူနှင့် ဆိုပါက အရက်ဖိုးအပြင် မူးလာပါက အဖော်ရှာမြာမလေးများအတွက်ပါ အိတ်စိုက်ပေးရတတ်၏  အမူးပြေသော် “တော်တော်ဆိုးတဲ့လူတွေဗျာ” ဟု ပြန်အပြစ်တင်ခံရတတ်၏။
“ကျုပ်ကမူးရင်မရဘူး”ဆိုသူနှင့် အရက်အတူသောက်ပါက အမူးမလွန်ခင်ပြန်ရန်ပြင်ပါ သို့မဟုတ်က အလွန်ဂျီကျတတ်၏
အေးရာအေးကြောင်းဖြစ်ရန် အတင်းနှင်လွှတ်ရတတ်သည် အမူးပြေသော် “ဆောရီးဗျာ”ဟု တောင်းပန်တတ်၏။
ကျွန်တော်။။။။။။။။။။။။။။။
ညတိုင်းအရက်သောက်၏ အရက်သောက်လျှင်အိမ်မှာသာသောက်၏ အရက်သောက်ချိန်ကား ည(၉)နာရီမှစ၏ တစ်ခါသောက်
လျှင် (၂)ပက် (၂)ခွက်သောက်၏ ထိုနှစ်ခွက်သောက်ရန် အမြည်း တစ်ပန်းကန်မောက်မောက် ကို ကြော်လှော်ကာမြည်း၏ အရက်နှစ်ပက်ကို ရေသန့်ဘူးတစ်ဝက်ရော၏ ရေခဲတုံး အကြီးကြီးသုံးတုံးခန့်ထည်၏ ။ တစ်ခွက်သောက်၍ ကုန်ရန် အချိန်ကား (၂)နာရီခန့်ကြာ၏ (၂)ခွက်လုံးသောက်၍ကုန်သော် (၁)နာရီထိုးလေ၏..။။
ကျွန်နုပ်တွင် တီဗွီသားပေါက်လေး ဖြစ်သော(၁၄”)နှစ်သားတစ်လုံးနှင့် တီဗွီအမေကြီးဖြစ်သော(၂၁”)နှစ်သမီးဟူ၍ တီဗွီ
နှစ်လုံးရှိ၏  တီဗွီအမေကြီးအား အရက်သောက်ရင်း တရားနာ၏ တရားတစ်ခွေပြီးသော် ဖိုက်တင်တစ်ကားကြည့်၏
တီဗွီသားပေါက်လေးအား ရုပ်သံလိုင်းများအား (၁၅)မိနစ်တစ်ကြိမ် ချန်နယ်ချိန်းကာကြည့် ၏ ယင်းတီဗွီသားပေါက်လေးမှ သတင်းဟုထင်သော အခန်းများပေါ်လာသော်အလျှင်အမြန် ပိတ်ပစ်နိုင်ရန် နှင့် ချန်နယ်မြန်မြန်ချိန်းပစ်ရန် ရီမုအား ပေါင်ပေါ် တွင် အဆင်သင့်တင်ထား၏  တရားဟောဆရာတော်မှ ရီစရာပြောလျှင် အော်ကြီးဟစ်ကျယ် ထရီတတ်၏။ မှတ်သားစရာဟော
လျှင် စာရွက်နှင့်ရေးမှတ်၏။ အရက်နှစ်ခွက်လုံးကုန်ကာနီးတွင် အမြည်းတစ်ပန်းကန်ပြောင် လေ၏ အမြည်းမရှိတော့လျှင်
အချိုရေဘူးထုတ်ကာ အမြည်းလုပ်၏ နှစ်ပက် နှစ်ခွက်ဟု ကိုယ့်ဘာသာစည်းကမ်းလုပ်ထားသော်လည်း နည်းနည်းမူးလာလျှင်
ကိုယ်ဘာသာအလစ်ချောင်း၍ ကိုယ့်ကိုကိုယ် အလစ်တွင် အသာလေး အရက်ခိုးထည့်၏.. အတန်ငယ်ပိုမူး၏။။။
ထိုသို့မူးလာလျှင် အချိုရေကိုကုန်အောင်သောက်၏ အမြည်းကုန်တော့မှ အရက်ကိုလက်စသတ်၏ ထိုအချိန်တွင်ကား ရေချိန်
ကိုက်သည်မဟုတ်ပဲ ရေချိန်လွန်ကာ “အိမ်မက်ကုတင်”ဟု ဘာသာပြန်ရမည့် ဒရင်းဘက်ပေါ်တွင် အိပ်ပျော်ခြင်းသို့ရောက်၏။
ကျွန်တော့်အိမ်မက်။။။။။။။။။။။။။။
အိပ်ပျော်သော်အိမ်မက် မက်၏ အိမ်မက်တွင် ဂေးဇက်ပါ၏ ကျွန်တော် ဂေဇက်ရွာအတွင်းယိုင်ထိုးယိုင်ထိုးနှင့်လျှောက်သွား၏ ထိုအချိန်တွင်ဘောင်ဘီ တိုတနှံလေးဝတ်ထားသော တရုပ်တစ်ယောက်နှင့်တွေ့၏ အရက်ပုလင်းတစ်လုံးလက်ကကိုင်ကာ
လက်ညိုးတစ်ထောင်ထောင်နှင့် ပါစပ်ထဲတွေ့ကရာတွေအော်၏ သူ့ကိုမြင်ရသည်မှာ မျက်စိအလွန်နောက်၏ အတန်ငယ်မူးနေ
သဖြင့်လက်တွင်ကိုင်ထားသော ပုလင်းကိုလုမည်ကြံ၏ ထိုပေါက်ဖေါ်အားအတင်းဝင်နပမ်းလုံး၏ ပုလင်းကိုလု၏မရ အတင်း
ပြန်လုထားသည် နောက်တစ်ချီ ဖက်ပြီးလုံးပြန်၏ နှစ်ယောက်ရွာလယ်လမ်းဖုန်ထဲတွင်ဖုန်အလိမ်းလိမ်း ဖေါက်ဖေါ်မှ ပွစိပွစိ
တွေ ရေရွတ်ရင်းအော်၏ “ဘီလူး” က“လူ”ကို လုနေပါတယ်ဟူ၍လဲပါ၏ သူအော်တာကိုဂရုမထားအား အရက်သောက်ရဘို့
ကအဓိကဖြစ်သည် ရအောင်တော့လုမှဖြစ်မည် လုံးရင်းထွေးရင်း အကြံရ၏ သူဝတ်ထားသောဘောင်းဘီတိုတနှံလေးအား
အတင်းဆွဲချွတ်လိုက်သည် ထိုအခါကျမှ ပုလင်းကိုလွှတ်ချလေသည်..ဒါပေသည့်ကျွန်တော်ကံမကောင်း ဘောင်းဘီချွတ်ခါမှ
သူ့လက်နက်ကပေါ်လာသည် တစ်ခြားမတွေးလင့် လေးဂွခေါ် ဘတ်ဂွတည်း  သူသည် ဘတ်ဂွကို ကောက်ကိုင်၏ လောက်စာ
လုံးကို လိုက်စမ်းသည် အတန်ငယ်မူးနေသဖြင် နှစ်လုံး  သာတွေ့သည် လောက်စာလုံးကိုပြောခြင်းဖြစ်သည် နပန်းလုံးရင်း
ထွက်ကျကုန်ပြီထင်၏  ထိုနှစ်လုံးကိုကိုင်ကာ ဘယ်အလုံးဖြင့်ကျွန်နုပ်အား အရင်ပစ်လျှင်ကောင်းမလဲ စဉ်းစားဟန်ရှိ၏
သူစဉ်းစားနေစဉ် ကျွန်ုပ်ပြေးလေသည် မလွတ်ပါ  ကျွန်ုပ် အရှေ့တွင် ကျောက်တုံးတစ်တုံးကိုကိုင်ထားသောသူ ပေါ်လာသည်
““ခင်ဗျားပြန်ပေးလိုက်ပါ သူ့ရဲပုလင်းကို”” အသားကအတန်ငယ်မဲ၏  လူမိုက်ရုပ်အတန်ငယ်ပေါက်၏ ဆံပင်က ဂျာရစ်နှင့် ဒီရွာသားဖြစ်ဟန်တူသည် ““မပေးဘူးဗျာ””ပါးစပ်ကပြောရင်း အကဲခတ်၏ သူကိုင်ထားသောကျောက်တုံးနှင့် ထုဟန်မပြ ရင်ဝယ်ပိုက်ထားသည် အတန်ငယ်စဉ်းစားကြည့်၏ ဒီကျောက်တုံးကြီးပိုက်ပြီးဘာလုပ်မှာပါလိမ်ပေါ့  အနောက်မှ ဖင်ထိုင်ရက်
ကျန်ခဲ့သူတရုတ်ကြီးမှ ““မောင်ပေရအောင်တောင်းပေး””ဟု ပြောလိုက်သံကြားရ၏ နောက်ဆုံးစဉ်းစား၏ ပုလင်းလဲမပေးနိုင်
ရွာထဲ၌အရက်ဆိုင်မရှိ အရက်အမှတ်ဖြင့်သောက်လိုလျှင် ဟိုရွာအစပ်ထိသွားရမည် ရွာအလွန်တွင်မှ ထန်တောအစပ်ဖြစ်၏
ထန်းတောသွားကာမှ မတော်အော်ကြီးဟစ်ကျယ်ဆဲတတ်သောကိုအောင်ဘုနှင့် တွေ့နေရင်မလွယ် “မောင်ပေဆိုသူအား
ကျော်၍ပြေးသည်ပြေးကာမှ ဘောင်ဘီတိုတရုပ်နှင့် ကျောက်တုံးပိုက်ထားသူတို့ ဝိုင်းလိုက်သည် တရုတ် မှ လေဂွနှင့်ပစ်မည်
ဟုအော်၏…..
ဒါပေမယ့်မပစ် မောင်ပေဆိုသူမှ ကျောက်တုံးနှင့် ထုမည်အော်၏ တစ်ကယ်မထု ဖြစ်နေ၏ တရုတ်တွင်လဲ နှစ်လုံးသာရှိ၍
မပစ်ဝံထင်လောက်စာလုံးကိုပြောခြင်းဖြစ်၏ မောင်ပေတွင်လည်းတစ်တုံးသာရှိ၍တစ်သသ ဖြစ်နေမည်ထင်၏ကျောက်တုံးကို
ပြောခြင်းဖြစ်၏အတန်ငယ်မျက်ချေဖြတ်မိသော် ပုံမှန်အတိုင်းယိုင်တိုင်ယိုင်တိုင် ဆက်လျှောက်၏ ရွာလယ်ဇရပ်ဘက်အရောက်
ဇရပ်ပေါ်တွင် တစ်ကိုယ်လုံးအပြာရောင်ဝတ်ထားပြီး ဆံပင်တွေပါ အပြာရောင်ဆေးဆိုးထားသူတစ်စုနှင့် ရွာထဲမှ ဘုန်းကြီး
လူထွက် ယခုမူနတ်ကတော် လုပ်စားနေသော သိုက်နန်းရှင်ဆိုသူနှင့်  တစ်ယောက်တစ်ခွန်းစကားများနေ၏  ပြာပြာကောင်
တွေမှ ကောင်းကင်မှာ ပြာပြာကြီးဟုပြော၏ နတ်ကတော်နန်းရှင်မှ အမြဲတမ်းမပြာကြောင်း အိုဇုန်းလွာပေါက်နေပြီဖြစ်ကြောင်း ကိုအောင်ဘုထန်းတောမှ ထန်းလျှက်ချက်ရင် ထွက်သောမီးခိုးများကြောင့် အိုဇုန်းလွာပေါက်တာဖြစ်ကြောင်း ဒါကြောင့် ကောင်းကင်မပြာတော့ကြောင်း ပြော၏ အပြာအုပ်စုမှ ပြာတယ်ဗျာဟုငြင်း၏ သူတို့ပြောသံကြားမှ အသေအချာကြည့်မိ၏ ထိုသူများက မျက်မှန်အပြာကြီးများပါတပ်ထားကြ၏ ထိုကြောင့် မြင်မြင်လေရာပြာနေကြခြင်းဖြစ်မည်ထင်၏…ကျွန်ုပ်လဲ ဇရပ်
တိုင်ခြေကိုမှီကာအမောဖြေရင်း တရုတ်ထံမှရသော အရက်အားတစ်ကြိုက်မော့လေသော် အဖြစ်မှန်သိရ၏ ပုလင်းအတွင်း၌
ကားရေများသာဖြစ်၏ အရက်မဟုတ်ခြေတစ်ကား ဒီပေါက်ဖေါ် “ပိုက်ပိုက်” မရှိဘူးဖြစ်မည်ထင်၏ သို့ကြောင့်ရေကိုအရက်
အမှတ်ဖြင့်သောက်နေခြင်းဖြစ်မည်ထင်၏…အတန်ကြာသော် ဇရပ်အထက်မှဆူညံဆူညံ ထအော်သံကြား၍ ခေါင်းထောင်
ကြည့်လေသော် နတ်ကတော်ဘုန်းကြီးလူထွက်နှင့်  အပြာကောင်များ တစ်ယောက်နှင့်တစ်ယောက် စာအုပ်ကြီးများနှင်ထုရိုက်
နေသည်ကိုတွေရလေ၏  ကျွန်ုပ်လဲမနေနိုင်၍ တစ်ယောက်နှင့်အများ မနေနိုင်၍ ဘုန်ကြီးလူထွက်ဘက်မှဝင်ကူညီကာ
ပါလာသောရေပုလင်းဖြင့် အပြာကောင်တွေကို ဝင်ရိုက်၏ ရန်ဖြစ်ကြလေ၏  ထိုအခိုက် ဘယ်အချိန်ရောက်လာမှန်းမသိသော
ပေါက်ဖေါ်နှင့် မောင်ပေ တိုလဲ ကျွန်ုပ်တို့ဘက်ဝင်ကူ၏ မောင်ပေမှ ကျောက်တုံးနှင့်ထု၏ ပေါက်ဖေါ်မှ တရုတ်လိုဆဲ၏
ရန်ပွဲ မပြီးခင် ၌ပင် ငယ်ငယ်က ကာတွန်းထဲတွင်တွေ့ဘူးသော “ကျဗဟုန်း” ဆိုင်ကယ်အစုတ်လေးစီးကာ ကင်မရာလွယ်လျှက်
ပုဆိုးအပေါက်တွေနှင့် လူတစ်ယောက်ရောက်လာကာ ဓါတ်ပုံရိုက်လေသဖြင့်  ရန်ပွဲလဲ ထိုကျမှ စဲလေတော့၏ ထိုပုဆိုး
အပေါက်နှင့် ကင်မရာမန်းမှ ဓါတ်ပုံနှင့်တကွ တိုင်မည်ဟုပြောသဖြင် အပြာကောင်များပြေးလေသည်..ကျွန်ုပ်ပေါက်ဖေါ်
မောင်ပေ နှင် နန်းရှင် တို့လဲ တောင်းပန်ရလေ၏ မတိုင်ရန်ချောမော့ရ၏  ထိုအခိုက် ပေါက်ဖေါ်မှ ပုလင်းလုသည့်ကိစ္စ မပြော
ရန် တီးတိုး ပြောလေသဖြင့် ကျွန်ုပ်လဲ အကွက်ဝင်လေရာ ထိုကင်မရာမန်းရှေ့၌ပင်  “ရော့ခင်ဗျားရေပုလင်း” ပေါက်ဖေါ်လဲ
အတန်ငယ်မျက်နှာပျက်သွား၏ ကျောက်တုံးပိုက်ထားသူမောင်ပေ နှင့် နန်းရှင်တို့ အံဩကုန်၏  အရက်ပုလင်းမဟုတ်ဘူးလား
ဟုမေးကုန်၏  ပေါက်ဖေါ်လဲ“ မူးရှက်” ရှက်သောမျက်နှာလေးနှင့် ရှင်းပြရှာ၏ “ပိုက်ပိုက်”ပြတ်သွား၍ အရက်မဝယ်နိုင်ကြောင်း
အရက်ပုလင်းထဲ ရေထည့်၍ အရက်အမှတ်ဖြင် ့သောက်နေသည်မှာ တစ်ပတ်ခန်ရှိပြီးဖြစ်ကြောင်းရှင်းပြရှာ၏။။။
ကျွန်ုပ်လဲ ပုလင်းလုသည့်ကိစ္စ သူကြီးမသိရပဲ ဒီမျှနေရာတွင် ပြီးပြတ်စေရန် ကိုပေါက်ဖေါ်၏ ရေပုလင်းအား လက်နှစ်ဖက်ဖြင့်
ရိုသေစွာကမ်းပေ၏ ကိုပေါက်ဖေါ်လဲ လှမ်းယူလေသော် ခုဏ ကင်မရာနှင်လူမှ“ အားလုံးကျောက်ရုပ် လိုညိမ်ညိမ်နေပါ..ပုလင်း
ပေးအပ်ပွဲ မှတ်တမ်းတင်ရိုက်ထားရမည်””ဟုပြောလာရာ ကျွန်ုပ် နှင့် ကိုပေါက်ဖေါ်လဲ နည်းနည်းမှမလှုပ်ရဲ ကျောက်ရုပ်သရဲ
များ သဖွယ် ထိုသူအမျိုးမျိုးချိန်ညှိ ရာ ကင်မရာမှန်ဘီလူးပေါက်သို့ မျက်တောင်မခတ် ကြည့်ရှုနေစဉ် ကင်မရာမီးတစ်ချက်
ဝင်းလက်သွားကာ “““တွီတွီတွီ …ဂွီဂွီဂွီဂွိ….တော်တီတော်…တော်တီတော်”” ဘာတုန်းဟ ကင်မရာ လဲ“ချလပ်”လို့ အသံထွက်
ရမှာ  ဘာသံတွေလဲဟ…ဘာသံတွေလဲဟ…။။။။။။။။။
““ဟေ့ကောင်ထထ မင်းဖုန်းက နိုးစက်ကြီးရပ်လိုက်စမ်း ခွီးတဲ့မှပဲ”””
မွေးသဖခင် အသံကြားမှ အိမ်မက်ကလွန်မြောက်လို့ မိုးလင်းခြင်းသို့ ရောက်ပါလေ၏…..ဗျာတို့…..။။။။
အထက်ပါအကြောင်းအရာများ သည် အိမ်မက်များသာဖြစ်ပါကြောင်း….နှင့်  ကျွန်ုပ်၏ အိမ်မက်သို့ ပါဝင်လိုပါက ရွာသူရွာသား
များ အောက်၏တွင် ကော့မက်ဖြင့် စာရင်းပေးသွင်းနိုင်ပါကြောင်း…..  :)။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

13 comments

  • small cat

    October 6, 2011 at 11:08 am

    ကျွန်တော်ဟာ အရက်သမားတစ်ယောက်မဟုတ်ပါ၊
    အရက်သောက်သူတစ်ယောက်သာဖြစ်ပါတယ်။
    သမားဆိုတာ တစ်စုံတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ရှိသူကိုဆိုလိုပါတယ်။
    ကျွန်တော် အရင်က တစ်နှစ်မှာ သုံးလေးကြိမ်လောက်သောက်ပါတယ်။
    နောက်တလတစ်ကြိမ်သောက်ပါတယ်။
    နောက်တစ်လသုံးကြိမ်သောက်ပါတယ်။
    နောက်တစ်နေ့တစ်ကြိမ်သောက်ပါတယ်။
    သောက်ပြီးရင်မမူးပါ၊အိမ်ရောက်အောင်အမြဲပြန်နိုင်ပါတယ်။
    အိ်မ်ရောက်ရင်တော့ လဲပါတယ်။
    မူးပြီးရင်ဘယ်တော့မှမရမ်းပါ။
    စကားများများပြောပါတယ်။
    ကာရာအိုကေသွားပါတယ်။သီချင်းများများဆိုပါတယ်။
    အိမ်မှာတစ်ယောက်တည်းမသောက်တတ်ပါ။အဖော်ပါမှသောက်ပါတယ်။
    ဆိုင်မှာအမြဲမသောက်ပါ၊အပေါင်းအသင်းတစ်ယောက်ယောက်အိမ်မှာ လူစုပြီးသောက်ကြပါတယ်။
    အချိန်ကြာကြာသောက်ပါတယ်၊များများသောက်လို့ဝင်ပါတယ်။
    အရက်သောက်ရင် ရေများများရောပါတယ်၊ဆိုဒါရောပြီးမသောက်ပါ။
    သောက်ရင်အမြည်းကောင်းကောင်းလုပ်ပါတယ်၊များများစားပါတယ်။
    ကဏန်းပြုတ်တွေပါ ပါတယ်၊ပုစွန်အစိမ်းသုပ်ပါတယ်။
    ကြက်ကြွပ်၊ဝက်ကြွပ်ပါ ပါတယ်၊ငါးရှဉ့်ခြောက်စပ်ကြိုက်ပါတယ်။
    ကြောင်ဖြစ်သော်ညား အသားများများမစားပါ၊အသီးအရွက်ကြိုက်ပါတယ်။
    ကန်စွန်းပလိန်းနဲ့ ကြက်ဥမွှေကြော်(သို့) ဟပ်ဖရိုက်ကြိုက်ပါတယ်။
    ဥစားပြီးတော့ အားစုပါတယ်။
    ကျွန်တော်အရက်သမားတစ်ယောက်မဟုတ်ပါ။ ။

  • ကြောင်ကြီး

    October 6, 2011 at 11:17 am

    ဘီလူးအိမ်မက်
    ယောက်ယက်ခတ်
    အရက်လည်းပြတ်
    ရန်လည်းဖက်၊
    စကားလည်းများ
    အမြည်းစား
    တီဗွီလည်းကြည့်
    တရားညှိ၊
    ဂေဇက်လည်းပါ
    သတင်းထောက်လာ
    အဆုံးသတ်တော့
    မိုးလင်းပေါ့..။
    ဘီလူးရေ ပျင်းတယ်ကွာ၊ ရွာထဲမှာလည်း ရန်မဖြစ်ကြတော့ပြန်ဘူး။ နင်နဲ့ငါနဲ့ တပွဲလောက် ထပ်ချရအောင်..။ 😐
    ရုပ်ဆိုးတဲ့သူဆို
    ဘီလူးခေါ်သတဲ့
    မျက်လုံးစကော
    ပါးစပ်လင်ပန်း
    နားရွက်လဂွင်း
    နဖူးလေယာဉ်ကွင်း
    နှာခေါင်းသစ်ပင်
    အဲဒါနင်…။

  • “ဘီလူးကြီး”ogre

    October 6, 2011 at 11:25 am

    မောင်ကြောင်ရယ်
    ရန်ဖြစ်ဖို့ မအားသေးဘူးကွဲ့ အလုပ်များချက်တော့ မပြောချင်ဘူး
    အားအားယားယား ရှိတော့ မှ တစ်ပွဲတစ်လမ်း အကဲစမ်းသေးတာပကွယ်
    ဘီလူးကို အမောင်ကြောင်မျိုးနွယ် က
    ရုပ်ဆိုးတယ် အမြင်ရောက်ပေမယ့်
    အပျိုဆံတောက် ချစ်စရာအလှပဂေး
    ဘီလူးမ နုနုထွေးတို့က ..ချစ်တယ်တဲ့လေး..။။။။

    • Moe Z

      October 6, 2011 at 3:31 pm

      ဟား ဟား.. ဘီလူးမနာမည်က နုနုထွေးတဲ့
      ဒီရွာထဲကတော့ ဟုတ်မယ်မထင်ဘူး 🙂

  • blackchaw

    October 6, 2011 at 11:30 am

    ဘီလူးကြီးရေ။
    ဘလက်ချော က
    အရက်သဘောကို သိလို့
    ညက်ညောစွာသောက်ပါတယ်။
    အသေစောချင်စော
    ရေမရောတတ်ပါ။
    စမောကက်နဲ့တူတာက
    ဆိုဒါရောပြီး မသောက်တတ်တာပါ။
    အမြည်းကိုတော့ အမုန်းဆွဲပါတယ်။
    အများနဲ့မသောက်တတ်ပါ။
    အိမ်မှာ မိသားစုနဲ့ ထမင်းစားရင်း သောက်ပါတယ်။
    ဒါလောက်ဆို ထည့်ရေးဘို့ လုံလောက်ပါပြီနော။

  • windtalker

    October 6, 2011 at 12:27 pm

    နောက်ဆက်တွဲ သတင်း ။ ။
    အပြာကောင်တွေ ပြေးနေတာတန်းနေတာပဲ..
    သူတို ့ထိုင်ခဲ့တဲ့ နေရာမှာ
    သွားကြည့်လိုက်တော့
    ပြာပြာလက်လက်နဲ ့
    အပြာစာအုပ် ၊ အပြာ ဓါတ်ပုံ ၊ အပြာ ဒီဗီဒီ ကားများ ကို
    ပေါက်ဖော်နှင့်ဘီလူးတို ့တွေ ့ရှိ
    ဒီတစ်ခါ လည်း သူအရင်တွေ ့တာ ငါအရင်တွေ ့တာ
    စသဖြင့် လုပွဲကြီး ပြန်ဆင်နွှဲဖို ့လုပ်နေတာကို
    မောင်ပေ တစ်ယောက် တွေ ့ရှိသွားပြီး
    အဆိုပါ များ ကို ကောက်ယူကာ
    သုံးယောက်သား အတူတူ
    သွားရောင်းလိုက်ပြီး ၊ ရောင်းရငွေဖြင့်
    ဆက်လက်သောက်စားကြသည် ဟူသတတ် ။

  • hmee

    October 6, 2011 at 2:02 pm

    ကိုဘီလူးက အရက်အကြောင်း တော်တော် သိတာပဲ။ အရက်သမားတွေရဲ့ စကားနဲ့ အမူအကျင့်တွေကိုလည်း လေ့လာထားပုံ။ အိမ်မက်ကိုတော့ သဘောကျသွားတယ်။ ကိုပေါက်ဖော်ရဲ့ ဓါတ်ပုံလေးကို ကြည့်ရင်း တကယ် ကိုယ်ပါ မူးချင်သလိုလို ဖြစ်ဖြစ်သွားတယ်။ အခုတော့ သိပြီ ရေတွေကိုး။ 🙂

  • kyeemite

    October 6, 2011 at 2:40 pm

    ခင်ဗျားတို့ ရွာသားဒေသောက်တာနဲ့ ကျုပ်ဘို့မကျန်ဘဲနေအုံးမယ်..
    ကျုပ်လဲကြိုက်တယ်ဗျ..ကိုဘီလူး..စာရေးသွက်လာတယ်..ဖတ်ကောင်းပါတယ်

  • aungnng87

    October 6, 2011 at 4:27 pm

    ဘီလူးကြီးရယ်။ ရီလိုက်ရတာမောနေတာဘဲ။ ဇဝနဉာဏ်တော်တော်ရွှင်တာဘဲ။

  • nature

    October 6, 2011 at 8:46 pm

    နောက်တခါ ပုလင်းလုချင်ရင် ဘီလူးကြီးသင်ပေးထားတဲ့နည်းအတိုင်းလုရမယ်။ ဓါက်ပုံဆရာကတော့ ကိုပေါက်နဲ့တူတယ်။

  • ပေါက်ဖော်

    October 6, 2011 at 10:14 pm

    မအားတဲ့ကြားထဲက..အရက်သမားကြောင်းရှင်းလိုက်တာလဲစုံလို ့….ပါကလား..
    ကိုရင်ဘီလူးနဲ ့တွေ ့မှ….
    ရေသောက်ပြီးမူးတာ လူသိကုန်တာတော့ သိပ်မနိပ်ဘူး… 😮

    အရက်မျိုးကွဲလေးတွေလဲ လင်းပါဦးလား..

    ဘယ်အရက်သောက်ရင်..ဘယ်လိုမူး..ဘယ်လိုကောင်း..ဘယ်လိုလွတ်..
    ဘယ်လိုခေါင်းကိုက်…ဘယ်လိုတိုင်ပတ်..ဘယ်လိုကွဲ..ဘယ်လိုပြဲ….ဘယ်လိုအကြွေးတင်..ဆိုတာလေးတွေပေါ့.
    😀

  • Uncle Myo

    July 21, 2012 at 4:49 pm

    အရက်ဆိုသည်ကား မအိုဆေးဖြစ်ပါသတည်း

    အရပ်ထဲက၊ လမ်းထဲက ကောင်လေးများ ငယ်ငယ်ရွယ်ရွယ် မအိုဘဲ သေသွားပေါင်းများလှ ပေပြီ၊
    အိုရမှာ ကြောက်သူများ နည်းမျိုးစုံဖြင့်(ရေလဲဖြင့်)သုံးစွဲနိုင်ကြပါကြောင်း အာမခံဖြင့် ကြေငြာမောင်း
    ခတ်လိုက်ရပါသဗျိုးးးးးးး(ဒူ———–ဟူ—–ဟူ——ဟူ———–)

    နောင်—-ဝေ—–ဝေ—–ဝေ—–(နောက်ဆက်တွဲံလာမည့်အသံ)

  • ko win

    July 21, 2012 at 5:14 pm

    တားကတော့ အရက်ကိုအမြဲမသောက်ပါ။ တစ်လမှနှစ်ခါလောက်သာသောက်မိပါသည်။
    တစ်ခါသောက်လျှင် နှစ်ပတ်လောက်ကြာတတ်ပါသည်။

Leave a Reply