သဲတစ်ပွင့် အုတ်တစ်ချပ် ပါဝင်လှူဒါန်းကြမလား???

ETOctober 6, 20111min1112

ကျွန်တော် ဒီနေ့ လုပ်ငန်းကိစ္စတစ်ခုနဲ့အပြင်သွားရင်း အမှတ်တမဲ့နဲ့မထင်မှတ်ထားတာလေးတစ်ခု ကိုသွားမြင်လိုက်တယ်။ သွားမြင်တော့ အတွေးတစ်ခုစိတ်ထဲဝင်လာပြီးတော့ ဓါတ်ပုံလေးတစ်ပုံ ကောက်ရိုက်မိလိုက်တယ်၊ ဓါတ်ပုံကိုကြည့်ပါဦးဗျာ….
Bricks(1)

Bricks(2)

နေပြည်တော်မှာ မိုးကလေးနှစ်ရက်ရွာလိုက်တာနဲ့ အုတ်ခဲတွေက ဒီလိုဖြစ်ကုန်တယ်ဆိုတော့ ကျနော်စဉ်းစားမိတယ်….
ဘယ်လိုများ တိုက်တာအဆောက်အဦးတွေကို ဆောက်လုပ်ကြမလဲပေါ့….????
Foundation ကောကောင်းပါ့မလား။ အုတ်ထုတ်တဲ့သူတွေက ဒီလို အုတ်မျိုးကို ဘာလို့ထုတ်ကြ တာလဲဗျာ…မိမိစီးပွားရေးတိုးတက်ဖို့အတွက်ပဲကြည့်နေကြသလားမသိဘူး.
ဒီလိုအုတ်တွေကို အသုံးပြုမှဖြစ်လာမယ့် အဆောက်အဦးတွေမှာ လူတွေရဲ့အသက်အန္တရာယ်ကို လည်း သတိ ကောထားမိပါ့မလား။။။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ထုတ်လုပ်တဲ့အုတ်ကို မျက်နှာလွဲခဲပြစ်မလုပ်ပဲ အရည်အသွေးမှီအောင် ထုတ်လုပ်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲလို့ပါ။ Win & Win နှစ်ဦးနှစ်ဖက် အကျိုးကိုကြည့်သင့်တယ်လို့ မဆီမဆိုင်တွေးရင်း ရေးသားဖော်ပြလိုက်ပါတယ်။

အလင်္ကာည

2 comments

  • nayminn

    October 6, 2011 at 4:59 pm

    အုတ်တစ်ချပ် မဟုတ်တော့ပါ…အုတ်တစ်ဂေါ်။

  • ET

    October 6, 2011 at 8:08 pm

    မှန်၏ ရေတက်တုန်းကဆို မိန်းလမ်းတွေဖြစ်တဲ့ လမ်းမကြီးတွေကတော့ ဖြူးနေတာပဲ
    မိန်းလမ်းနဲ့ဆက်သွယ်ထားတဲ့ ရပ်ကွက်ကလေးထဲဝင်တဲ့လမ်းတွေကတော့
    ရေတွေကြိး ကားတွေမြုပ်နဲ့ တော်တော်လေးကိုရှုပ်သွားတယ်

Leave a Reply