မျှော်လင့်နေမည် ဝါကျွတ်အမှီ

manawphyulayOctober 6, 20111min8512

ရွာအတွင်းတွင် စုံညီစွာ
စုရုံးရောက်ရှိလာ
သူကြီးတို့ရွာ စည်းဝေးပွဲ
လာရောက် တွေ့ဆုံနွှဲ
သဲသဲအုတ်အုတ် ဘဝဂ်ညံ
အင်တာဗျူးနေသံ
ဆူဆူညံညံရွာအတွင်း
ရွာလည် စည်းဝေးကွင်း…..
မန်းဂေဇက်လို့ ခေါ်တွင်လာ
ရွာလေးတစ်ရွာပေါ်ပေါက်ကာ
စာပေများစွာ စိုက်ကာပျိုး
စောင့်ရှောက် ရွာသားတိုး
ကြိုးစားမှုရဲ့ ရလဒ်ပင်
ရွာသူ၊ ရွာသား ပြုံးပျော်ရွှင်
တွဲလက်ညီစွာ ဆောင်ရွက်ရေး
ရွာသူကြီးရေ
ပွိုင့်တိုးပေး
ဝါကျွတ်ကန်တော့ပွဲ

အမှောင်ကိုခွင်း၊ အလင်းကိုဆောင်နိုင်သည့် အသိပညာ စာပေ၊ ဗဟုသုတနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် စာကြည့်တိုက်အဖြစ် ရှင်သန်ခိုင်မာစေရန် ရွာလေးတစ်ရွာ တည်ဆောက်ပေးသော ရွာသူကြီး ဦးခိုင်အတွက် ရွာသူ၊ ရွာသားအပေါင်းရဲ့ကိုယ်စား ဝါကျွတ် ကန်တော့ပန်းဆင်ရင်း မုန့်ဖိုးတောင်းလိုက်ပါတယ်။

12 comments

  • blackchaw

    October 6, 2011 at 11:45 am

    မုန့်ဘိုးပေးမည့် သူကြီးမှာ
    ကျပ်ငွေမရှိပါ။
    ငါးထောင်တန်အတု ရိုက်ကာပေး
    သူကြီး နှလုံးအေး။

    • manawphyulay

      October 6, 2011 at 12:59 pm

      ငါးထောင်အတုဟာ
      မြန်မာပြည်တွင်
      သုံးမရပါ….
      စိတ်ချမ်းသာအောင်
      ပွိုင့်တိုးပေး
      သူကြီးရွာအရေး…….

  • etone

    October 6, 2011 at 1:34 pm

    မနောလေးမှာ သနားစရာ
    ဝါကျွတ်ကန်တော့ရင်း စီးပွားရှာ
    သဂျီးခိုင် ထွက်လို့ပြေး
    မနောလေးတော့ ဆွေး :mrgeen:

    • manawphyulay

      October 6, 2011 at 2:02 pm

      သဂျီးတစ်ယောက် ပုဆိုးပျောက်
      တစ်ဖြည်းဖြည်းနဲ့ အနုတ်မြှောက်
      ပွိုင့်တွေလျှော့လို့ပျောက်… 😛

      • meelay

        October 7, 2011 at 3:02 pm

        မနောရယ် သဂျီး ပုဆိုးပျောက်အောင်တော့ လုပ်လိုက်ပါနဲ့ … ချက်ချာကြီး ……. 😀 😀

  • chitsu

    October 6, 2011 at 2:25 pm

    သူကြီးသူကြီးရယ်
    ကန်တော့ရင်ကွယ်
    တကယ်ဟယ်
    ပေးပါမုန့်ဖိုးရယ်

  • လင်းဝေကျော်

    October 6, 2011 at 2:29 pm

    မျက်မမြင်တွေ လိုက်လို့ငေးရတဲ့
    မနောဖြူ သဘောမတူသူနဲ့
    ဝါကျွတ်မှာ လိုက်လို့ပြေး
    ရွာထဲက လူပျိုတွေဆွေး

  • kai

    October 6, 2011 at 2:40 pm

    ကြိုးစားပြီးရေးပါ မရွှေမနောဖြူရယ်..။ ၁သိန်း ပွိုင့်ပြည့်ဖို့မှမလိုတော့တာ..။
    အခုက..မန်းတာကို ၅ပွိုင့်ပေးထားပြီး.. Events/Fundraise မှာတင်ရင်လည်း ၈ဝပွိုင့်ကစတာမို့.. ဒီရက်ပိုင်း ပွိုင့်တိုးနေတာချည်းပါပဲ..။ ကြားထဲ..နေ့စဉ်ဝင်တာကိုလည်း ၅ပွိုင့်ပေးသေးတယ်..။
    ဘယ်နှယ်..လျှော့တယ်လာလုပ်နေရသလည်း…။

    ကိုယ်ရေးတဲ့စာမှာ.. လူတွေစိတ်ဝင်တစားလာဆွေးနွေးကြရင်.. အေးဆေးလေး.. ၁၀၀-၂၀ဝ ရနိုင်တယ်..။
    သတင်းစာမှာသုံးဖို့ဝယ်ရင်.. ၅၀၀ဝ ရတယ်..။

    ဆိုတော့…
    အဲဒါ.. Events/Fundraise တင်တာများတဲ့.. မရွှေမနောဖြူအတွက် ဝါကျွတ်မုန့်ဖိုးပဲ..။

    နေ့တွက်ပေးငွေကို ချိန်ဆနေတာမှာ အရင်လတွေထက်.. ၂ဆနီးပါးလောက်တက်နေတယ်..။
    ဝါကျွတ်ကျော်ရင်..ပြန်လျှော့မယ်..။ 🙂

    • manawphyulay

      October 6, 2011 at 5:44 pm

      ဒါဆိုရင်လည်း ပျော်စရာကွယ်
      များများရေးပါမယ်…
      လောလောဆယ်ကွယ်
      မအားသေး
      ဝါမကျွတ်စေချင်သေး… 😛

  • ပေါက်ဖော်

    October 6, 2011 at 5:58 pm

    မျှော်နေမယ်ဆိုလို ့..
    ဒို ့ကိုလားလို ့……
    ဘယ်ဟုတ်မတုန်း..
    တဂျီးဆီက ပွိုင့်ဖြစ်နေတယ်.
    ဟွင့်..
    :mrgreen:

    • manawphyulay

      October 18, 2011 at 2:46 pm

      ဘဘပေါက်ဖော်ကို မျှော်စရာလားလို့…
      မျှော်မယ့်မျှော်….. ဟဲဟဲ
      ပြောပြဘူး။

  • Moe Z

    October 7, 2011 at 8:49 am

    ဝါကျွတ်အမီဆိုတော့ မိုးစက်ကတစ်မျိုးထင်လိုက်တာ..
    ဟုတ်လဲဟုတ်ဘူး 🙂

Leave a Reply