မြေငလျင် ၊ ဆူနာမီ စသည်နဲ့ပက်သက်ပြီး ကျွန်တော့ရဲ့ ထင်မြင်ချက်

BurmaOctober 6, 20111min1459

ကျွန်တော် က နဝမတန်း ကျောင်းသားဆိုတော့ ကျောင်းသားအတွေး ကလေး အတွေး နဲ့ တွေးထားတာဆိုတော့ မှားနေတာရှိရင် ခွင့်လွှတ်ပါနော်. .

 

ဒီလိုဗျ. ..

ပူဖောင်းတစ်လုံးကို ခြေထောက်နဲ့ဖိထားလိုက်တဲ့အခါမှာ ပူဖောင်းက တင်းခံထားပေမဲ့ ကြာတဲ့အခါမှာ ပေါက်သွားတော့ ခြေထောက်က လွတ်ကျသွားတယ်. . . အဲဒိ သဘောအတိုင်း ကျွန်တော်တို့ နေထိုင်ရာ ဂြိုလ်ကြီးမှာ လူတွေက ရေနံတွေ ၊သဘာဝဓာတ်ငွေ့ ၊ မြေအောက် အဝီစိတွင်းရေ ၊ တွေ ထုတ်ယူနေတဲ့အခါမှာ မကုန်ဘူးဆိုတဲ့ နေ့တော့ မရှိပါဖူး.. .  အဲ့လိုနဲ့ တဖြည်းဖြည်း လျော့ကျသွားတဲ့အခါမှာ ခုနက ပူဖောင်း သဘောတရားလို ကျွန်တော်တို့ ဂြိုလ်ကြီးကငလျင်တွေ ၊ မီးတောင်တွေ ၊ ဆူနာမီတွေ ပိုဖြစ်မလာနိုင်ဖူးလား လို့တွေးမိပါတယ်။

ကျွန်တော်ထင်တာ မှန်မမှန်တော့ မပြောတတ်ပါဘူး။ တကယ်လို့ မှားနေတယ်ဆိုလဲ ဆွေးနွေးပေးကြပါလို့. . . .

 

9 comments

  • kyeemite

    October 6, 2011 at 1:47 pm

    တော်လိုက်တဲ့ ၉တန်းကျောင်းသား..ကိုယ်လဲဘူမိပညာရှင်မဟုတ်တော့..အတည်မပြုပေးနိုင်ပါ။
    ဒါပေသိ..ဒီလိုတွေးပြီးဒီလိုရေးနေနိုင်တာကိုကချီးကျူးစရာပါ..တစ်ကယ်တော့ဒီအရွယ်အများစုက
    ဂိမ်းကစားရင်းအချိန်ဖြုန်း..ချက်တင်တွေနဲ့အချိန်ဖြုန်း…မျှောက်တာမဟုတ်ပါ..
    တကယ်အားပေးတာပါ…ဆက်ကြိုးစားပါလို့အားပေးတိုက်တွန်းပါတယ်..

  • moethidasoe

    October 6, 2011 at 2:34 pm

    မြေအောက် ရေ ရရှိရေး လုပ်ကြတဲ့ အဝီစိတွင်း တူးကြတဲ့ နေရာမှာ တစ်ခုနဲ့ တစ်ခု အနည်းဆုံး ပေ ၅ဝ က ၁၀ဝ ခြားရမယ်လို့ ကြားခဲ့ဘူးတယ် .. အခု အဝီစိတွင်းတွေ အိမ်ပေါက်စေ့ တူးနေကြတော့
    ဟိုဘက် တွင်းက မှုတ်အားရယ် ဒီဘက်တွင်းက မှုတ်အားရယ် ပေါင်းပြီး မြေအောက် ရေကြောတွေ ဆက် ကုန် ပြီးတော့ ချိုင့်တွင်း ဖြစ်ပြီး အပေါ်က လေးလံတဲ့ အဆောက်အဦးသာ ရှိရင် ပြိုကျမယ် လို့ သိထားခဲ့ဖူးတယ် .. about burma ရေးတာလဲ ဖြစ်နိုင်ပါတယ်
    သို့သော် ပညာရှင်တွေ ဆွေးနွေးကြပါစေလို့ ဆုတောင်းပေးပါတယ်

  • kai

    October 6, 2011 at 2:54 pm

    အင်မတန်အတွေးကောင်းပါတယ်..။
    မှန်လည်းမှန်ပါတယ်..။
    ပြီးခဲ့တဲ့လကတင်.. မြေအောက်က.. ဂက်စ်တွေတူးထုတ်ယူတာများရင်.. ငလျှင်လှုပ်နိုင်ခြေပိုများလာတယ်လို့.. ဘူမိဗေဒပညာရှင်တွေ.. လေ့လာချက်ဖတ်လိုက်ရသေးတယ်..။
    http://www.cbc.ca/news/canada/british-columbia/story/2011/09/28/bc-fracking-gas-earthquakes.html
    Gas Drilling Might Be Responsible For Series Of Earthquakes In Texas
    JEFF CARLTON | 06/12/09 06:22 PM | AP
    ==================
    http://www.huffingtonpost.com/2009/06/12/gas-drilling-might-be-res_n_215080.html
    Earthquakes could be linked to B.C. gas drilling
    Seismologist says ‘seismic swarm’ should be investigated

    ဆုနမိကတော့.. ငလျှင်ကရေအောက်မှာ.. အထက်အောက်လုပ်ရင် ဖြစ်တာမို့.. ငလျှင်နဲ့တိုက်ရိုက်ဆက်စပ်တယ်ဆိုပါတော့..။

    • Burma

      October 6, 2011 at 5:00 pm

      ♦ Link Share ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • kyeemite

    October 6, 2011 at 4:03 pm

    ကိုင်း တွေ့လား..သဂျီးနဲ့ကျမှ သားပု မှန်တာအတည်ဖြစ်ပီပေါ့
    ကိုယ့်ခလေးတွေကိုသားပုအကြောင်းပြောပြရမယ်..
    အတုယူနိုင်အောင်လို့..

  • nature

    October 6, 2011 at 9:06 pm

    ကျနော့်အမြင်ကတော့ ဆုတ်ကပ်ကြီးမှာ လူတွေ လောဘ ဒေါသ မောဟ တွေ များလာတာနဲ့အမျှ သူ့ထက်သူ ဆိုးဝါးတဲ့ ကပ်ဘေးးတွေဟာလည်း တခုုုပြီးတခု ပေါ်လာပါလိမ့်မယ်။

  • koyinmaung

    October 6, 2011 at 9:39 pm

    ခုဒို့မြင်ဘူးတာ သဘာဝဘေးအန္တရယ်ကျရောက်လို့လူသိန်းနဲ့ချီသေဆုံးတာကိုကြုံခဲ့ကြပြီးပြီ
    နောက်ဆို နိုင်ငံနဲ့ချီပြီးပျောက်ဆုံးတာတွေကြုံလာနိုင်ပါတယ်…
    ဥပမာ တမိုင်ပါတ်လည်အထက်ရှိတဲ့ဥကာခဲတခုလောက်သာပင်လယ်ထဲကျကြည့်လိုက်ပါ
    ကြောက်စရာဆူနာမီရေလှိုင်းကြီးတွေကြောင့်ကျွန်းငယ်နိုင်ငံတွေပျောက်သွားနိုင်ပါတယ်….

  • ကြောင်ကြီး

    October 7, 2011 at 11:23 am

    နဲနဲလေး ပိုတွေးကြည့်ပါ အမောင်ကြောင်သားရေ…
    ဂိမ်းဆော့၊ ဒေးကလပ်တက်၊ စော်ဖန်ရလွန်းလို့ ပေးထားတဲ့ မုန့်ဖိုးမလောက်တော့ဘဲ အမေ့အိတ်ထဲကနေ ခိုးသုံးတယ် (over use)။ ကြာလာတော့ သိသွားပြီး ဆော်ပလော် အတီးခံရတယ် (မြေစောင့်၊ ရေစောင့်၊ လေစောင့်၊ ကမာ္ဘစောင့်နတ်တွေက ကိုင်လှုပ်တယ်လို့မြင်ကြည့်)။ ဆက်တွေးလိုက်ရင် မသုံးဘဲလည်း မနေနိုင်လို့ အိမ်ကနေထွက်ပြေး၊ လမ်းမှာ စစ်သားစုဆောင်းရေးနဲ့တွေ့ ဂန့် (စတြာဝဠာမှာ နယ်မြေသစ်ရှာ၊ ဂြိုလ်သစ်မတွေ့ခင် ကိုယ့်ထက်ဆိုးတဲ့ ဂြိုလ်သားတွေနဲ့တွေ့)။ 🙁
    မင်းလိုမောင်ညဏ်ထက်ကလေးကို ငါ့ညီမနဲ့ သဘောတူတယ်ကွာ။ ဝါကျွတ်ရင် လက်ထပ်မင်္ဂလာပွဲ စီစဉ်လိုက်ရအောင်။

  • windtalker

    October 8, 2011 at 7:53 pm

    ကျန်တာတော့ မသိဘူး
    ဘားမား က အခုမှ ၉ တန်း ဆိုတာ သိရလို ့
    တော်တော် အံ့ဩမိတယ် ဗျာ
    ဘားမားရဲ ့အတွေးအခေါ်တွေ ကို
    စောင့်မျှော်ဖတ်ရှူနေမှာ ဖြစ်ကြောင်း
    သတင်းပါးခဲ့ပါသည်

Leave a Reply