လွန်ခဲ့တဲ့ (၁၄)နှစ်လောက်က မြန်မာပြည်မှာ ကွန်ပျူတာရယ်လို့ အလွန်ရှားရှားပါးပါးအချိန်၊ နယ်မြို့လေးတစ်မြို့က ကျောင်းတစ်ခုမှာ ကျွန်တော် ပထမဆုံးစတွေ့လိုက်ရတာက Personal PC လို့ခေါ်တဲ့ တစ်ကိုယ်ရည်သုံးကွန်ပျူတာလေး သူ့ပေါ်က တံဆိပ်လေးတစ်ခုကို စပြီး သတိထားခဲ့မိတယ် အရောင်စုံချယ်သ ထားတဲ့ အကိုက်ခံပန်းသီးပုံလေးပေါ့။ ကျွန်တော့်ကို ကွန်ပျူတာဆိုတာ မိတ်ဆက်ပေးလိုက်တဲ့ ပန်းသီးလေးပါ..

အဲဒါ ပန်းသီးပုံတွေမြင်တိုင်း Forrest Gump ထဲမှာ Tom Hanks ပြောခဲ့သလို သစ်သီးတွေရောင်းတဲ့ ဆီမှာတောင် ရှယ်ယာတွေထည့်ထားသေးတယ်ဆိုတဲ့ Apple တံဆိပ်လေးနဲ့ စကားလေးကို အမြဲအမှတ်ရနေခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကွန်ပျူရွာဆိုတဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ်လေးတွေထဲမှာ Apple ဆိုတဲ့ ကွန်ပျူတာအကြောင်းဖတ်ရတိုင်း Steve Jobs ဆိုတဲ့ နာမည်ဆန်းဆန်းနဲ့ CEO တစ်ယောက်ကိုလဲ စိတ်ဝင်စားခဲ့မိတယ်။ ကွန်ပျူတာကို အနုပညာလက်ရာမြောက်အောင် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး တည်ဆောက်ခဲ့တဲ့ Jobs ကို အမြဲအမှတ်ရနေပါတယ်။ ကွယ်လွန်ခါနီးအချိန်အထိ နာမည်နဲ့လိုက်အောင် အလုပ် လုပ်ခဲ့တဲ့ Jobs ကို ကျွန်တော်အမြဲအမှတ်တရရှိနေတုန်းပါ။

Toy Story ဆိုစကြည့်တုန်းက တအံ့တသြဖြစ်ခဲ့ရတဲ့ ဇာတ်ကောင်လေးတွေကိုလဲ အသက် (၃၀)ကျော် တဲ့အထိ လိုချင်နေတုန်းပါပဲ။ အရုပ်ဆိုင်တွေမှာ တွေ့တိုင်းသွားကြည့်နေမိတုန်းပါပဲ။ Jobs ရဲ့ ထုတ်ကုန်တွေက ကျွန်တော့်ကို စွဲလမ်းစေတုန်းပါပဲ။ $500 အောက် ကျွန်ပျူတာထုတ်လုပ်မရောင်းတတ်ဘူးလို့ပြောခဲ့တဲ့ Jobs ရဲ့ Mac Book တွေကလဲ အိပ်မက်တစ်ခုဖြစ်နေစေတုန်းပါပဲ။

ဈေးကြီးပေးမယ့် ပေးလိုက်ရတာကို တန်အောင်ပြန်ရတယ်လို့ မြင်မိတဲ့ Apple ထုတ်ကုန်တွေနဲ့ ယူသမျှ တန်အောင်ပြန်ပေးတဲ့ Jobs ကို အမြဲအမှတ်တရ ရှိနေတုန်းပါပဲ။ Smart Phone လောကကို တိုးတက် လာအောင် ဦးဆောင်ခဲ့တာ Apple လို့ပြောရင် ငြင်းမယ့်လူသိပ်မရှိဘူးလို့ဆိုရမှာပေါ့။ iPhone ကြောင့် Tuchscreen နဲ့ Smart Phone တွေ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ခဲ့တာပါ။

Isaac Newton ကို ဂုဏ်ပြုပြီး Apple လို့နာမည်ပေးခဲ့တဲ့ Jobs က ကျွန်ပျူတာသမိုင်းတစ်လျှောက်မှာ မေ့မရနိုင်တဲ့ပုဂ္ဂိုဟ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ Jobs ရဲ့ Apple က ပထမဆုံး Personal Computer ကို ထုတ်လုပ်ခဲ့သလိုတုနှိုင်းမမီတဲ့ iPhone နဲ့ iPod လို iDevice တွေကိုလဲ ထုတ်လုပ်ခဲ့ပါတယ်။ သူမသေခင်တစ်ရက်က iPhone 4s ကို Apple Website မှာ ထုတ်ပြန်ကြေငြာခဲ့ပြီး နောက်တစ်နေ့မှာ သူကွယ်လွန်ခဲ့လို့ iPhone 4s ရဲ့နေရာကို သူ့မျက်နှာအပြည့်နဲ့ ၀မ်းနည်းကြောင်းထုတ်ပြန်ခဲ့ရတာကလဲ အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။

ကမ္ဘာအတွက် ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တဲ့ Steve Jobs ကို ကျွန်တော်တို့ အမြဲတမ်းအမှတ်ရနေမှာပါ။ Steve Jobs က Apple ကိုစွဲလန်းတဲ့လူသားအားလုံးရဲ့ Hero တစ်ယောက်အမြဲဖြစ်နေမှာပါ။

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...