မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့် ပြာ (၄)

လျှောက်ထားသူ၏ဘဝကို မသိလျှင် လျှောက်ထားလွှာ၏ အတိမ်အ နက်ကို ချိန်စက်ရန်ခက်မည်မှ ဖယ်ရှားနိုင်ရန် တပည့်တော်တို့၏ဘဝ တင်ပြ လျှောက်ထားမည်ကို သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ၏ နိဒါန်းအဖြစ် ခွင့်ပြုစေလိုပါသည်ဘုရား။

မြန်မာနိုင်ငံရှိ သံဃာတော်များအားလုံးကို ကိုယ်စားပြုသည်ဖြစ်၍ အလေးအမြတ်ပြုအပ်ပါသော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့နှင့် သံဃာ့မဟာနာယက ဥက္ကဋ္ဌဆရာတော် အရှင်မြတ်များဘုရား။ တပည့်တော် တို့သည် မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်မြတ်ကြီးတို့ ထုံးကို နှလုံးမူ၍ လျှောက်ထားပါရစေပါ။ မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်များသည် တရားကျင့်သုံး၍ ပြီးဆုံးသွား သော ကိလေသာများကို မြတ်စွာဘုရားထံပါး၌ ဝပ်တွားဦးတင်တတ်ကြ ကြောင်း သိရပါသည်။ ယနေ့အချိန်၌ အန္တရ ဓာယန ဖြစ်ခဲ့ပါပြီ။ ထိုသို့ဖြစ် သော်လည်း သံဃာတော်တို့၏ ထိပ်သီး နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့အစည်းကြီးကိုကား တပည့်တော်တို့ သာသနာတော်၌ တည်ဆောက်နိုင် ခဲ့ပါပြီ။

တပည့်တော်များ တရားကျင့်သုံး၍ ပြီးဆုံးသွားသော ကိလေသာများ ကို မြတ်စွဘုရားအား မလျှောက်ထားနိုင်တော့သော်လည်း၊ မြတ်စွာဘုရားအ လား မြတ်စွာဘုရား၏ တပည့်သံဃာတော်၊ ထိုသံဃာတော် အဖွဲ့အစည်းကြီး ၏ကိုယ်စား နိုင်ငံတော်သံဃာ့မဟာနာယကများ၏ ဥက္ကဋ္ဌကိုကား တပည့် တော်များ လျှောက်ထားခွင့်နှင့်ကြုံရသည်အထိ ရှိလာခဲ့ပြီဖြစ်၍ ဝမ်းသာရပါ သည်။ ဤသို့ ဝမ်းသာရခြင်းမှာလည်း တပည့်တော်များအနေနှင့် ကြွားလို၊ ဝါလို၊ ထင်ရှားလို၍ လုံးဝမဟုတ်ပဲ သာနာတော်၌ အစစ်အမှန်များ မရှိမဟုတ် ဟု ဖော်ထုတ်အသိပေးသည်ကို သိကြရပြီး သာသနာတော်တရားကို ဆထက်ထမ်းပိုး ကြိုးစားနိုင်ရေး အားတက်သရော ညွှန်းပြနိုင်ရန်မျှသာ ဖြစ်ပါသည်ဘုရား။

တပည့်တော်တို့ဘဝအတွက် ကြီးပွားနှင့် စီးပွားသည် အချည်းအနှီး များသာဖြစ်ပါသည်။ ဂုဏ်သိရ်နှင့် အကျော်အစာသည်လည်း အမှန်တရားကို ဖျောက်မြှောက်နေသောအရားများသာဖြစ်ပါသည်။ ဒီနေ့ သာသနာတော် ရဟန်းသမဏများ ပဋိဝေဒကျေးဇူးနှင့် အကင်းကွာခံရခြင်းမှာ သာသနာ တော်၌ ဂုဏ်သိရ်၊ အကျော်စော၊ လဘ်သပ္ပကာ၊ ဒကာ၊ ဒကာမ အစစများ မင်းမူနေ၍ဖြစ်ကြောင်း တပည့်တော်များခံယူပါသည်။ ထို့ကြောင့် တပည့်တော်များလျှောက်ထားမည့် ပဋိဝေဒကျေးဇူးများနှင့်စပ်၍လည်း အနည်းငယ်လေးမျှ အထင်မှားတော်မမူကြဘဲ နာကြားလက်ခံတော်မူကြစေ လိုပါသည်ဘုရား။

တပည့်တော်ရှင်ဉာဏသည် မြတ်စွဘုရားသခင်နှင့် မြတ်စွာဘုရားသ ခင်၏ တပည့်သားသံဃာတော်များ အဆက်ဆက်၏ အတိုင်းမသိသော ကျေးဇူးတော်များကို ခံယူခွင့်ရသဖြင့် ကိလေသာခပ်သိမ်း အေးငြိမ်းခြင်းဟူ သော ပဋိဝေဓကျေးဇူးကို ဆည်းပူးရရှိပြီးသူ ဖြစ်ပါသည်ဘုရား။ တပည့်တော် ဂုဏဝန္တသည်လည်း ရှေးနည်းအတူ ရတနာသုံးပါး၏ ကျေးဇူးတော်အနန္တကို ခံယူခွင့်ရသဖြင့် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစာ္ဆ၊ သီလဗ္ဗတပရာမာသ သုံးဝသော သံယောဇဉ်များကို ဖယ်ရှားပြီးခြင်းတည်းဟူသော ပဋိဝေဒကျေးဇူးကို ဆည်းပူူးရရှိပြီးဖြစ်ပါသည်ဘုရား။ တပည့်တော်တို့၏ဘဝကို လျှောက်ထားလို သည်မှာ ဤမျှဖြစ်ပါသည်ဘုရား။ ထိုသို့ဖြစ်သော်လည်း တပည့်တော်များ ဘဝလျှောက်ထားချက်သည် အဓိမာနလျှောက်ထားချက်နှင့် ခွဲခြားမရ ဖြစ်စရာရှိပါသည်။ ထို့ကြောင့် တပည့်တော်များလျှောက်လှမ်းခဲ့ရသော လမ်းကို အနည်းအကျဉ်း နာကြားစေလိုပါသည်ဘုရား

တပည့်တော်ရှင်ဉာဏသည် အသက်(၄၃)နှစ်၊ သိက္ခာ(၂၃)ဝါ။ တပည့်တော် ဂုဏဝန္တသည် အသက်(၃၇)နှစ်၊ သိက္ခာ(၁၇)ဝါဖြစ်ပါသည်။ တပည့်တော်ရှင်ဉာဏသည် (၁၅)နှစ်သားအရွယ်မှာ သာနာ့ဘောင်ရောက်၍ မန္တေလေးမြို့ စာသင်တိုက်ဖြစ်သော မစိုးရိမ်တိုက်နှင့် မိုးကောင်းတိုက်များ၌ ဆယ်နှစ်မျှ စာပေပရိယတ်တရား သင်ကြားလေ့လာခဲ့ပါသည်။ မစိုးရိမ်တိုက် နာယကဆရာတော်များနှင့် မစိုးရိမ်တိုက် မဟာနာယက အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးကောသလ္လ(ပြန်လွန်)ထံတွင် အခြေခံစာပေများနှင့် အဘိဓမ္မာ ကို သီးခြားလိုက်စားခဲ့ရပါသည်။ မစိုးရိမ်တိုက် လက်ရှိ မဟာနာယက အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဋ္ဌဂုရု ပဋ္ဌာန်းဆရာတော်ထံ၌ ပဋ္ဌာန်းကျမ်း ကို သင်ကြားခဲ့ရပါသည်။ သင်ရိုးပါဠိကျမ်းရင်းများကို မိုးကောင်းတိုက် ဒေးဝန်းဆရာတော်နှင့် တောင်သမန်ဆရာတော် အရှင်ကေသဝါဘိဝံသတို့ထံ တွင် လေ့လာခဲ့ပါသည်။

တပည့်တော် ဂုဏဝန္တသည်(၁၉)နှစ်သားအရွယ်မှာ သာသနာ့ဘောင် ရောက်၍ အမရပူရမြို့ မဟာဂန္ဓာရုံတိုက်၌ (၆)နှစ်မျှ ပရိယတ်စာပေကို သင်ကြားလေ့လာခဲ့ပါသည်။ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်စာချများ မဟာဂန္ဓာရုံကျောင်း သံဃာကြီးများနှင့် ဆရာတော်တို့ထံတွင် ပါဠိသွားနည်း၊ လာနည်းနှင့် အဘိဓမ္မအခြေခံများ၊ ဝိနည်းငါးကျမ်းနှင့် ပါဠိတော်များကို လေ့ လာခဲ့ပါသည်။ တပည့်တော်ဂုဏဝန္တသည် အသက်(၂၅)၌ စာသင်တို်က်မှ ဆင်းခဲ့၍ ၊ ရန်ကုန်မြို့ မဟာစည်ဆရာတော်များထံတွင် သုံးလမျှ ဉာဏ်စဉ်နာရသည်အထိ ပဋိပတ္တိသင်ကြားချက်ကို ဆရာဖြစ်သည်အထိ လေ့လာပြီး တောထွက်ခဲ့ပါသည်။ တပည့်တော်သည် ဉာဏ်စဉ်နာခဲ့ရသော် လည်း ဘုရားဆုပန်ထားခဲ့သူဖြစ်သောကြောင့် တောအတွင်း၌ မေတ္တာဘာဝ နာတရားတော်များကိုသာ ပွားများ၍(၇)နှစ်မျှ အချိန်ကုန်လွန်စေခဲ့ပါသည်။

တပည့်တော်ရှင်ဉာဏသည် အသက်(၂၅)နှစ်၌ စာသင်တိုက်မှဆင်းခဲ့ ၍ အသက်(၂၆)နှစ်ပြည့်၌ ကျိုးပျက်နေသော သီလသိက္ခာများကို ဆေး ကျောပြင်ဆင်ခြင်းကိစ္စများဆောင်ရွက်၍ တောထွက်ခဲ့ပါသည်။ တောအ တွင်း၌ မဟဂ္ဂုတ်တရားများ ပွားများ၍၊ အရူပဈာန်ဆိုသည်မှာ ရုပ်နာမ်ပညတ် များ ဖြစ်ပြီးနောက် ဘာမျှမရှိအဖြစ်၌ သိနေသာစိတ်ကို အမြတ်ဆုံးဟု ရှုပွား ချက်များဖြစ်ပါသည်။ တပည့်တော်သည် မဂ်ဖိုလ်နိဗ္ဗာန်ကို တောင့်တ၍ တောထွက်ပြီး တရားကျင့်ခဲ့သည်မဟုတ်ပါ။ မဂ်ဖိုလ်နိဗ္ဗာန်သည် တပည့် တော်များနှင့် မတန်သေးသောအရာဟု ထင်မြင်လျှက် ပါရမီဖြစ် တောထွက် ပြီး စိတ်လွင့်ပါး ပျင်းရိနေမည်ကို ကာကွယ်ရန် တတ်သမျှ၊ မှတ်သမျှ ကျင့်ကြံ ခဲ့ခြင်းသာဖြစ်ပါသည်။

ထိုသို့ဖြစ်သော်လည်း ဘာမျှမဖြစ်သည်ကို သိနေသောစိတ်၏ အေးမြ သောအဖြစ်ကို လေ့လာဖန်များသောအခါ  ဖြစ်ပွားလေ့ရှိသော ကိလေသာ တရားများ မဖြစ်ပွားဘဲ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်နေကြပါသည်။ ဖြစ်လေ့ရှိလျှက် မဖြစ်ဘဲ နှစ်ဆက်ကြာလာသောအခါ မဂ်ဖိုလ်တရား ရနေပြီ လား၊ ရနေပြီထင်ပါရဲ့၊ ရနေပါပြီ၊ ဤသို့ အဆင့်ဆင့် အထင်ကပ်လျှက် ဆုံးဖြတ်ဝန့်သည်အထိဖြစ်လာပါသည်။ ဤသို့ဖြစ်သောအခါ တပည့်တော်စိတ်၌(ရှေးသရောအခါက တရားရသူဟူ၍ မရှိနိုင်ဟု ထင်သော် လည်း) ယခုအချိန်၌ အခြားသူများလည်း တရားရနေကြလိမ့်မည်ဟု ထင်လာပါသည်။ ထို့ကြောင့် သူများရသောတရားများလည်း နာကြားလိုစိတ် များ ဖြစ်ပွားပြီး ရိပ်သာရင်းများသို့ တောကျောင်းမှထွက်၍ လေ့လာခဲ့ပါ သည်။ စာသင်သားဘဝက တရားနာပျင်းသော်လည်း ယခုအခါ တရားအထူး နာလိုနေခဲ့ပါသည်။

စစ်ကိုင်းပရက္ကမ၊ ဉာဏစာဂီ၊ တောင်မြို့မိုးကုတ်၊ ဝေဘူ၊ ကျောက်သ ဘောင်္၊ သဲအင်းဂူ၊ သံလျှင်တောရ၊ မိုးညိုစွန်းလွန်း၊ မဟာစည်၊ ကြောင်ပန်း၊ သျှင်ဥက္ကဋ္ဌ အစစဖြစ်ပါသည်။ နာကြားရချက်တရားများ စုပေါင်းလိုက်သော အခါ ကာမ၊ ရူပ၊ အရူပ ဘုံသုံးဝမှ တရားများချည်းဖြစ်ကြောင်း အကွက်လည် လာပါသည်။ တပည့်တော်ကျင့်သုံးနေသော တရားလည်း ဘုံသုံးပါးတည်းမှ ပင်ဖြစ်ကြောင်း ဆင်ချင်နိုင်လာပါသည်။ ရှေးအခါက ရူပါရူပ ဓမ္မတစ်ခုခု ဖြစ် ပွားရန် ခဲယဉ်းသည်ဟု ထင်မှတ်ခဲ့သော်လည်း ရူပါရူပများ အလွယ်ကူဖြစ် ပွားသည်ကို မျက်စေ့၌ တပ်အပ်ထင်ထင် ကိုယ်တိုင်သိမြင်သောကြောင့် ရှေးက မတဘူးသော မဂ်ဖိုလ်ကို မဟဂ္ဂတမြင်မှ ဆာလောင်တမ်းတလာခဲ့ပါ သည်။

လောကုတ္တရာလမ်းညွှန်ကို ပေးနိုင်သောအရာကို လိုလားသော်လည်း ရှာဖွေမရဖြစ်၍ ဘုရားသည်သာလျှင် ကိုးကွယ်ရာရှိတော့သည်။ ဘုရားမှတစ် ပါး လောကုတ္တရာလမ်းပြမည့်သူဟူ၍ မရပြီ။ ယနေ့ သံဃာတော်များလက်၌ လည်း လောကုတ္တရာလမ်းသည် အစပြတ် ပျောက်ခဲ့ပြီ။ ထို့ကြောင့် ဘုရားဟောခဲ့သော ပရိယတိ္တစာပေများကို ဖတ်ရှုလေ့လာသုံးသပ်ပြီး ဘုရားမြင်အောင် လေ့လာရမည်။ ဘုရားတွေ့မှ တရားတွေ့မည်။ ဘုရားတွေ့ရန် ပရိယတ်စာပေများကို လေ့လာသုံးသပ်ရမည်။ ဤသို့ ဆုံးဖြတ်ခဲ့ရပါသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆက်လက်၍ ဖော်ပြပေးပါဦးမည်။ လက်ခံခြင်း လက်မခံခြင်းသည် မိမိ၏တာဝန်သာ ဖြစ်ကြပါစေ။

13 comments

  • kai

    October 7, 2011 at 1:09 am

    ဆက်ဖေါ်ပြပေးပါခင်ဗျား…။
    ဘာတွေဖြစ်ခဲ့သလည်း.. ရုပ်လုံးတော့ပေါ်လာပါပြီ..။

    နောင်တချိန်.. လူထုကြီးမှ..စိစစ်ဝေဖန်နိုင်ဖို့…. သမိုင်းကျန်ရစ်ဖြစ်မှာပါ..။

    • မောင်မိုးပြာ

      October 11, 2011 at 7:02 pm

      ကြိုးစားပြီး ဖော်ပြပေးနေမှာပါ Kai ၊ ဒီပို့စ်ဖတ်သူတွေဟာ ပုဂ္ဂိုလ်ကိုယ်ကိုဖျောက်ပြီး တရားရဲ့ အမှား အမှန်အပေါ်မှာ စိတ်ညွှတ်နိုင်ကြမယ်ဆိုလျှင် အနည်းဆုံး စဉ်းစားချင့်ချိန်တတ်တဲ့ အသိလေးလောက် နိုးထလာကြတယ်ဆိုလျှင် …

  • Nan Shin

    October 7, 2011 at 6:04 am

    ကို kai ပြောတာမှန်တယ်ဗျ……။ပြီးတော့ အဲ့ဒိပုဂ္ဂိုလ်တွေပြောခဲ့တဲ့အထဲမှာ သူတို့ဆရာတင်ခဲ့တဲ့ သူတို့ရဲ့
    ဆရာတွေတောင် သူတို့လို တရားထူးရကြောင်းကို ထုတ်ဖော်မပြောခဲ့ကြောင်းနဲ့ ဘုရားရှင်ကိုယ်တော်မြတ်
    ကြီးအနေနဲ့ ဒီလိုတရားထူးရကြောင်းကို ထုတ်ဖော်ပြောခြင်း သို့မဟုတ် ကြွားဝါခြင်းကို ကဲ့ရဲ့ရှုံ့ချကြောင်းကို
    လည်း တွဲဖတ်အဖြစ်ကောက်ချက်ချခဲ့ဖို့တော့လိုတယ်။

    • မောင်မိုးပြာ

      October 11, 2011 at 7:21 pm

      ပါဠိ်ကိုးပြန်ရင်လည်း ကိုယ်လိုရာဆွဲပြီး ကောက်ချက်ချတယ်လို့ ပြောကြဦးတော့မယ်။ ဒီတော့ ပါဠိတော်တွေ ထဲက ရဟန်းကိစ္စပြီးခြင်းနဲ့ ပတ်သက်တဲ့ ဘုရားပြောခဲ့ချက်တွေကို ကိုယ်တိုင်မလေ့လာနိုင်ရင်တောင် ဆရာတော်ကြီး တွေဆီမှာ လျှောက်ထားမေးမြန်းကြည့်စေချင်ပါတယ်။ သူတို့ ငေါက်တာ ငန်းတာတော့ နဲနဲတော့ခံရမှာပေါ့။ သိဖို့ လိုအပ်တယ် မလိုအပ်ဖူးဆိုတာ ကိုယ့်အခွင့်အရေးမို့ ဘာမှ ပြောရန်မရှိ်ပါ။

  • mggwa

    October 10, 2011 at 6:39 pm

    သူတို့ဆရာတင်ခဲ့တဲ့ သူတို့ရဲ့ဆရာတွေတောင် သူတို့လို တရားထူးရကြောင်းကို ထုတ်ဖော်မပြောခဲ့ကြောင်းဆိုတာ သူတို့ရဲ့ဆရာတွေ တကယ်တရား မရကြလို့ပေါ့ကွ။ ရိုးရိုးလေးစဉ်းစားစမ်းပါ Nan Shin ရာ။ ဒီခေတ်က စာမှာသောင်တင်နေတာကွ။
    ဘုရားရှင်က တကယ်တရားမရပဲ ဝါကြွားပြီး လူတွေကို ထုတ်ဖော်ပြောတဲ့ သူတွေကိုပဲ ကဲ့ရဲ့ရှုံ့ချတာပါကွာ။ ဗုဒ္ဓက ရဟန်းတွေကို ရဟန်းကိစ္စပြီးမပြီး သူကိုယ်တိုင်တောင် မေးနေသေးတာ၊ ရဟန်းအချင်းချင်းလည်း တစ်ပါးနဲ့တစ်ပါး တွေ့ရင် တရားအထူး ရ၊ မရ အပြန်အလှန်မေးနေကြတာကွ။ ဒီခေတ်မှာ အဲဒီလို မေးရဲတဲ့ ရဟန်း ဘယ်နှစ်ပါးရှိလဲ မင်း လိုက်ရှာကြည့်။ တွေ့တာနဲ့ ကိုယ်တော် အခု ဘာကားစီးနေသလဲက စမေးတာ။ ဘယ်မှာလဲ တရား – – – ။ ကိုယ်တော် ဒီအပတ် ဘာကီးလဲ -? ၊ ဘာအလုံးပိုင်လဲ -? ၊ ဘယ်ဘရိတ်လဲ -? ၊ ဒီနှစ်တရားပွဲ ဘယ်လောက်ရလဲ၊ ဒီတရားပွဲမှာကော ဘယ်လောက်ရလဲ -? ၊ အဲဒီ ဘာတွေ၊ ဘယ်တွေထဲမှာ တရားထူး ရတာများ ယောင်လို့တောင် ကြားရလိမ့်မယ် မထင်နဲ့။ လျှောက်တဲ့လမ်းက တခြားဆီ။
    ကောသလ အိပ်မက် (၁၆)ချက်က အခုစနေပြီကွ၊ ကြည်ညိုကြဦးပေါ့ကွာ။ မင်းဘုရားစောင်းတန်းတွေထဲမှာ ပုံတွေ၊ စာတွေ တွေ့ဘူး၊ ဖတ်ဘူးမှာပေါ့။

    အဲဒီစာက – – – – – – –

    စန္ဒကူးကျုတ် ရစ်တစ်ပုတ် ရောင်းထုတ်ဝယ်ကြသည်။
    တရားဟောကာ ပစ္စည်းရှာ မြို့ရွာ နာလိမ့်မည်။

    မင်း ဟုတ်၊ မဟုတ် တိုက်ကြည့်ပေါ့ကွာ။

  • kai

    October 11, 2011 at 4:04 am

    အင်တာနက်ထဲလိုက်နှိုက်တာ.. အောက်ကစာလေးတွေ့လို့.. တရားရ/မရနဲ့ဆိုင်နေဟန်ရှိတာမို့.. ကူးတင်လိုက်ပါတယ်..။
    ဆရာတော့်ဘွဲ့တွေကနည်းနည်းနောနောတော့မဟုတ်..။

    မှတ်တမ်းကျန်ရစ်ရန်အတွက်သာဖြစ်ပြီး.. အာဘော်မှာ..ကျုပ်နဲ့မဆိုင်ကြောင်း..ကြိုကန်ထားပါတယ်နော..။ 😆
    =======
    ‘ အရိယသစ္စကထာ” ဆိုတဲ့ စာအုပ်အဖွင့်တွင် ရေးသားသော ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရဘိဝံသ ၏ အမှာစာ

    အကျွန်ုပ်သည် နေ့စဉ်နှင့်အမျှ အချိန်တိုင်းလိုလို လူမှုရေး၊အစရှိသည့် စိန်ခေါ်မှု စီးပွားရေး၊ကြီးပွားရေး၊ပညာရေး၊ကျန်းမာရေး …တွေ ခြိမ်းခြောက်မှုတွေ ရာထောင်သိန်းသန်းမက အလွန်များပြားလှတဲ့ လူ့ဘောင်လူ့လောကကြီးထဲမှာ ‘အမှန်တရားဆိုတာ ဘာပါလိမ့်၊ ဘယ်လိုဟာ အမှန်တရားဖြစ်ပါလိမ့်၊ အမှန်တရားကိုရဖို့ ဘယ်လိုကျင့်ကြံရမှာပါလိမ့်’နဲ့ လိမ့်နေအောင်ခံပြီး ကြိုးစားရှာဖွေခဲ့ပါတယ်။
    တရားဟော တရားပြနေကြတယ်ဆိုတဲ့ ဆရာတော်တွေထံမှာလည်း ချဉ်းကပ် ပြီးတော့ ရှာဖွေခဲ့ပါတယ်။
    ထိုဆရာတော်တွေ သင်ကြားပြောပြသည့် နည်းအတိုင်းလည်း အားထုတ်ကျင့်ကြံခဲ့ပါတယ်။
    အကျွန်ုပ်ကိုယ်တိုင် လည်း စာပေပရိယတ၊ိတွေကို ထင်ရှားကျော်ကြား တဲ့ ဓမ္မာစရိယဘွဲ့တွေ ရရှိ၊ပြီးဆုံး၊တတ်မြောက်သည်အထိ လေ့လာ သင်ယူပြီး ၊ဉာဏ်မီသလောက် ၊ဉာဏ်အကုန်ဖွင့်လှစ်ပြီး ရှာဖွေလေ့လာခဲ့ပါတယ်။
    အဲသည်လောက်ထိ ရှာဖွေလေ့လာခဲ့သော်လည်း တဦး တယောက်ကများ ‘အရှင်ဘုရား လောကရဲ့အမှန်တရားကို သိပါပြီ ….လား၊’လို့ မေးခဲ့လျှင်၊ ‘သိပါပြီ’လို့ ဝန်မခံရဲဘူးဗျာ။
    ဘာပြုလို့ဝန်မခံရဲတာလဲဆိုယင် ကျွန်ုပ်သိထားတဲ့တရားဟာ လောကရဲ့ အမှန် တရား မဟုတ်လို့ပါပဲ။
    မှန်ပါတယ်။ ‘တရားကိုမြင်လျှင် ဘုရားကို မြင်တယ်၊ တရားကိုသိလျှင် ဘုရားကိုသိတယ် ‘လို့ ဗုဒ၊မိန့်ကြားထားခဲ့ချက် ရှိပါတယ်။
    အခု ကျွန်ုပ် ဘုရားကို မမြင်ဘူး၊ ဘုရားကို မသိဘူး ဆိုတော့ ကျွန်ုပ် ရထားတဲ့၊ သိထားတဲ့တရားဟာ လောကရဲ့ အမှန် တရား မဟုတ်လို့ဘဲ ဆိုတာ နားလည်သဘောပေါက်ပါတယ်။ ကျွန်ုပ် တရားကို သိထားပြီဆိုလျင် စိန်ခေါ်ခံရမှု၊ ခြိမ်း ခြောက်ခံရမှုတွေမှ လွတ်မြောက်နေရမယ်။

    အခု ကျွန်ုပ်မှာ နေ့စဉ်ပဲပ်သိထားတဲ့စိန်ခေါ်ခံနေရ၊ ခြိမ်းခြောက်ခံနေရသေးတယ်ဆိုတော့ ကျွန်ု တရားဟာ လောကရဲ့အမှန်တရား မဟုတ်သေးဘူးပဲ ဆိုတာလောက် တော့ သိတယ်။

    လောကရဲ့အမှန်တရားကို ဘယ်လိုရှာရမယ် ဆိုတာတောင် မသိသေးဘူး။

    လွန်ခဲ့တဲ့ ၂၀၀ဝပြည့်နှစ်လောက်က ကျွန်ုပ် ရ၊ထားလို့ သိထားတဲ့တရားကို ရန်ကုန်မှ ဓမ္မနာယကကြီးတဦးက ဟောပြပါဦး လို့ လျှောက်ထားတောင်းပန်လို့ ဟောပြခဲ့ဖူးတယ်။

    အဲသည်ဓမ္မနာယကကြီးက ဘာပြောတယ်မှတ်လဲ။
    ‘ဟင်း အရှင်ဘုရားရဲ့တရားက အရူပနိဗ္ဗာန်ဆီကို အရောက်ပို့နေတဲ့ တရားပဲ’လို့ ပြောတာခံခဲ့ရတယ်။
    ဘယ်နိဗ္ဗာန်ကို ပို့မယ်ဆိုတာတော့ ကျွန်ုပ်လည်း မသိဘူးဗျာ။ ကျွန်ုပ် သိထားတဲ့ တရားကတော့ အဲဒါပါပဲလို့ ပြောလိုက်တာ မှတ်မိပါတယ်။
    အဲသည်တုန်းက အရူပတရားလို့ပြောတာ ခံခဲ့ရပေမယ့်လည်း ကျွန်ုပ်ရထားတဲ့ တရားဟာ တရားအမှန်ပါပဲလို့တောင် မှတ်ထင်ပါသေးတယ်။
    ‘တရားအစစ် တရားအမှန်ကို ဘာပေတံနှင့်တိုင်းထွာ စစ်ဆေးမှာလဲ၊’လို့ လွန်ခဲ့တဲ့ ၂၀၀ဝပြည့်နှစ်ကပဲ ဓမ္မဝိဟာရီဆရာတော် ထောက်ပြတာလည်း ခံခဲ့ရတယ်။
    ၂၀၀၃ခုနှစ်မှာ ‘နိဗ္ဗာန်နှင့် ယနေ့ ဗုဒ္ဓဘာသာ’ မိတ္တူမူကြမ်းနှင့် ‘သဒ္ဓမ္မသုံးဖြာ ဒို့သာသနာ’စာမူကြမ်းကို ဖတ်ရူရပြန် ပါတယ်။
    အဲသည်အချိန်ထိအောင်ပဲ ကျွန်ုပ်ရထားလို့ သိထားတဲ့ တရားဟာ တရားအစစ်အမှန်ပဲလို့ လက်ခံယုံကြည်ထားပါသေးတယ်။

    ၂၀၀၅ ခုနှစ်မှာမှ တရားအစစ်တရားအမှန်ဆိုတာကို တရားဂုဏ်ရည်တွေဖြစ်တဲ့ ‘သွက္ခာတ၊ သန္ဒိဋ္ဌိက၊ အကာလိက၊ ဧဟိပဿိက၊ ဩပနေယျိက၊ ပစ္စတ္တ၊ံ ဝေဒိတဗ္ဗဝိညူဟိ’ဆိုတဲ့ ဂုဏ်ရည်တွေနဲ့ စစ်ဆေးကြည့်ရမယ် ဆိုတာလို့ နားလည်သဘောပေါက်လာလို့ စစ်ဆေးကြည့်တယ်။ ….

    ‘ရှေးဘဝတွေက ကောင်း၊မကောင်းကံတွေကြောင့် ယခုဘဝ သတ္တ၊ဝါလူသူတွေဖြစ်ပြီး ကောင်းကျိုးဆိုးပြစ်တွေကို ခံစားရတာ ဖြစ်တယ်။ ယခုဘဝ ထပ်ပြုတဲ့ ကောင်း၊မကောင်းကံတွေကြောင့်သေပြီး နောင်ဘဝတွေမှာ သတ၊ဝါလူသူတွေဖြစ်ပြီး ကောင်းကျိုး ဆိုးပြစ်တွေ ခံစားရဦးမှာ ဖြစ်တယ်’-ဆိုတဲ့ တရားကို တရားဂုဏ်ရည်ခြောက်ချက်နှင့် ညီ၊မညီ စစ်ဆေးကြည့်တဲ့အခါ လုံးဝ မညီနေတာတွေကို သိလိုက်ရတယ်။
    တရားဂုဏ်ရည်ခြောက်ချက်နှင့်တိုင်းတာ စစ်ဆေးကြည့်လို့ မညီနေမှတော့ သည်တရားဟာ ဗုဒ၊ရဲ့တရားမဟုတ်တာ သေချာပြီ။
    ဒါဆို သည်တရားကို ဘယ်သူဟောပြောတာပါလိမ့်လို့ ရှာဖွေကြည့်ရှုတဲ့အခါ မဇျ္စိနိကာယ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ ဒေဝဒဟသုတ်နှင့် မဇျ္စိမနိကာယ်၊ မဇျ္စိမပဏ္ဏာသ ပါဠိတော်၊ စူဠဒုက္ခက္ခန္ခသုတ်မှာ နိဂဏ္ဍနာဋပတ္တဒိဋ္ဌိဆရာကြီးက ဟောပြောတယ် (ဟောပြာတဲ့သဘောတရား)ဆိုတာ သိလိုက်ရတယ်။

    ဒါဆို ကျွန်ုပ် ကိုးကွယ်ဆည်းကပ်နေတဲ့ ဗုဒ္ခကတော့ ကံတရားတွေနဲ့ပတ်သက်လို့ ဘယ်လို ယူဆဟောပြောပါသလဲဆိုတာကို သပ္ပူရိသဓမ္မဝိဟာရီ ဆရာတော်ကို အမှီရလို့ ဗုဒ္ခဟောပြောတဲ့ ကံတရားတွေကိုနားလည်သဘော ပေါက်ရပါတယ်။ ကံတရားတွေရယ်၊ အဲသည် ကံတရားတွေရဲ့ အကျိုးတရားတွေရယ်၊ အဲသည်ကံတရားတွေရဲ့ အကြောင်းတရားတွေဟာ စင်စစ်မှာတော့…
    -ကမ္မဝဋ်ကြောင့် ဝိပါကဝဋ် ဖြစ်ရတယ်။

    -ဝိပါကဝဋ်ကြောင့် ကိလေသဝဋ်ဖြစ်ရတယ်။
    -ကိလေသဝဋ်ကြောင့် တဖန် ကမ္မဝဋ် ဖြစ်ရပြန်တယ်။

    အဲသည်လို တခုကိုတခုထောက်၊ စက်ဖြစ်ပြီး လည်ပတ် ဖြစ်ပွားလာတော့ သံသာရ ဖြစ်ရတယ်။
    သံသာရ လည်ပတ်ဖြစ်ပွားလာတော့ သတ္တဝါ၊လောက ဖြစ်ရတယ်။ အဲသည် သတ္တဝါ၊လောက ကိုပဲ တခုကိုတခု စွဲမှီဖြစ်လို့ ဥပါဒါနက္ခန္ခာလို့ ခေါ်ရတယ်။

    အဲသည်ဥပါဒါနက္ခန္ခာ သတ္တဝါလောကမှာပဲ ပျက်စီးကျဆုံးတဲ့ အမှတ်အသား၊မကောင်းဆိုးဝါးတဲ့ အမှတ်အသား၊ အကျိုးနည်းတဲ့ အမှတ်အသားတွေဖြစ်တဲ့ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာတွေ ဖြစ်ပေါ် လာတာ ထင်ရှားတယ်။ အဲသည်လက္ခဏာတွေကို သိတတ်တာက မဂ္ဂအရိယ သစ္စာ ဖြစ်တယ်။ အသိခံဥပါဒါနက္ခန္ဓာ သတ္တဝါလောကတွေက ဒုက္ခအရိယသစ္စာ ဖြစ်တယ်။

    အသိခံ ဥပါဒါနက၊န၊ာ သတ၊ဝါလောကတွေကို သိတော့ အဲသည် အသိခံဥပါဒါနက္ခန္ဓာသတ္တဝါ လောကတွေရဲ့ အကြောင်း ကိလေသာတွေကို ပယ်တာက သမုဒယအရိယသစ္စာ ဖြစ် တယ်။

    ပယ်လိုက်တော့ အသိခံ ဥပါဒါနက္ခန္ဓာသတ္တဝါ၊လောကတရား တွေ ငြိမ်းအေးရာဆီ ဆိုက်ရောက်တာ နိရောဓအရိယသစ္စာ ဖြစ်တယ် ဆိုတာကို နားလည်သဘောပေါက်ရပါတယ်။

    အဲသည်လို နားလည်သဘောပေါက်လိုက်တော့ ကျွန်ုပ်မှာ စိန်ခေါ်ခံရမှုတွေ၊ ခြိမ်းခြောက်ခံရမှုတွေက လွတ်မြောက်သွားပြီဆိုတာကို သိရပါတယ်။
    ထိုအချိန်ကား ၂၀၀၅ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့ပဲလို့ မှတ်သားမိလိုက်ပါတယ်။

    တဆက်တည်းမှာပဲ အကျွန်ုပ်နှင့် ဘဝတူ လွတ်မြောက်ငြိမ်းချမ်းရေးတရားကို ရှာဖွေနေကြသူတွေ ကိုလည်း သိနားလည်သဘောပေါက်စေချင်တဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဖြစ် ပေါ်ခဲ့လို့ ”အရိယသစ္စာ ဘာဝနာပွားနည်း” ကျမ်းစာတစ်စောင် ရေးသားချီးမြင့်ပေးဖို့ ဓမ္မဝိဟာရီ ဆရာတော်ထံပူဆာလိုက်တော့တာပါပဲ။

    ” အရိယသစ္စာဘာဝနာပွားနည်း ခေါ် အရိယသစ္စကထာ”ကျမ်းစာ ကို ဖတ်ကြား၊နာယူ၊ဆည်းပူး၊ပွားများ၊ အားထုတ်ကြမယ်ဆိုလျင် စိန်ခေါ်ခံရမှုမျိုးစုံ၊ ခြိမ်းခြောက်ခံရမှုမျိုးစုံမှ လွတ်မြောက်ပြီး ငြိမ်းချမ်း သာယာ ပျော်ရွှင်နေနိုင်ကြမယ်ဆိုတာ မမှိတ်မသုံ ယုံကြည်ပါကြောင်း မင်္ဂလာသတင်းကောင်း ပါးလိုက်ပါတယ်။

    အရိယသစ္စာသာသနာ ရောင်ဝါနေသို့ ထွန်းပါစေ

    ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ
    ငါးဘွဲ့ရဓမ္မာစရိယ၊ ဝိသိဋ္ဌပါကဋ၊မဟာဂန္ထဝါစကပဏ္ဍိတ
    ကျောင်းအုပ်ဆရာတော်၊
    ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း
    မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်
    ၁၃၆၈ခုနှစ်၊ တော်သလင်းလဆန်း (၁၃)ရက် (၄-၉-၂၀၀၆)

    ဆရာတော်၏ ဘွဲ ့တော်အပြည့်အစုံတို့မှာ..
    ပရိယတ္တိသာသနဟိတ (သကျသီဟ) ဓမ္မာစရိယ
    စေတီယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစက
    ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယ
    သုဓမ္မာ ပရိယတ္တိ ဓမ္မာစရိယ၊ ဝိသိဌပါကဋ
    အစိုးရ သာသနဓဇ ဓမ္မာစရိယ
    မဟာဂန္ထဝါစကပဏ္ဍိတ

    ဆရာတော်သည် မန္တလေးမြို့ မစိုးရိမ်စာသင်တိုက်ကြီးရဲ့ နာယကအဖွဲ့ဝင်၊ ရန်ကုန်မြို့ ဗဟန်းပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ကြီး၏ စာချဘုန်းကြီး၊ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ ကျောင်းအုပ် ဆရာတော် ဖြစ်ပါသည်။

    • ကြောင်ကြီး

      October 11, 2011 at 10:20 am

      ကျနော်မှတ်ထားဖူးတာ အဲဒီဆရာတော်က ၂၀၀ရ ရွှေဝါရောင်သံဃာတော်လှန်ရေးမှာ ထောက်လှန်းရေးအဖမ်းခံရပြီး စစ်ကြောရေးမှာ အရိုက်ခံရလို့ သေသွားတယ်။ အင်္ဂလိပ်စာတတ် သာသနာပြု ဆရာတော်တပါးအနေနဲ့ သိထားခဲ့တာပါ။ ဘွဲ့နာမည်တော့တူတယ်၊ ဟုတ်မဟုတ် သိသူများ ပြောကြပါအုံး။ ထောက်လှမ်းရေးကပဲ မိုးပြာမှန်းသိလို့ ဆော်ထည့်လိုက်သလား မသိဘူး။

  • True Answer

    October 11, 2011 at 11:11 am

    ယနေ့ ဝိမုတ္တိခေတ်တွင် အမှန်တရားကို သစ္စာတရားကို မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် သိရှိကြောင်း အများသိအောင် ကြေညာ ကြွားဝါခြင်းမဟုတ်ဘဲ သိသင့်သိထိုက်သောသူများကို ( မေးလာကြသူများကို ဖွင့်ဟပြောကြောင်း ) အထင်အရှား ရှိပါသည်။

    ထို ဆရာတော်ကြီးများမှာ-ကျွန်ုပ်သိသလောက်

    စွန်းလွန်းဂူကျောင်းဆရာတော်၊ သဲအင်းဂူဆရာတော်၊ ဝေဘူဆရာတော်၊ မိုးကုတ်ဆရာတော်ကြီး ဆရာဦးဆန်းလွင်(အာဒိစ္စရံသီ)၊ ဆူနာမီဆရာတော် စသည့်သူများ ထင်ရှားပါ၏။ တရားသိနားလည်သွားသော ရက်-လ တို့ကိုလည်း ဖော်ပြပါ၏။

    မူဆလင်ဘာသာမှ ရဟန်းပြုလာသူ –
    ဆရာတော်ဦးဇောတိက နှင့် ဆရာဦးဆန်းလွင်(အာဒိစ္စရံသီ) တို့ နှစ်ဦး၏ အရိယသစ္စာကို အမှန်တကယ် သိရှိသွားကြောင်းကို သူတပါးမေးလာသည်ရှိသော် (သို့) သိသင့်သူများ ကို ပြောခြင်း မပြောခြင်းနဲ့ ပတ်သက်ပြီး အင်တာနက်တွင် ဆွေးနွေးတင်ပြချက်ရှိလေသည်။

    ထူးခြားသည်မှာ ခေတ်အဆက်ဆက် အရိယာအဖြစ် သမုတ်ခံရသော ဆရာတော် ရဟန်းများသည် တရားရကြောင်းကို နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ကို သွားပြောသည် ဟု တခါမှ မကြားဘူးပါချေ။

    ——————————————————————————————

    ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်နဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် နားလည်မှု ဖြစ်ပါသည်။

    http://myanmargazette.net/wp-admin/post.php?post=64365&action=edit

    • မောင်မိုးပြာ

      October 11, 2011 at 7:32 pm

      နိုင်ငံတော်သံဃာ့မဟာနာယက ဆိုသည်မှာ သံဃာကိစ္စအဝဝတို့တွင် တာဝန်အရှိဆုံးဖြစ်ပါသည်။ သူတို့မှားလျှင် တစ်နိုင်ငံလုံးက သံဃာတွေ မှားကြမှာဖြစ်ပြီး သူတို့မှန်လျှင်လည်း တစ်နိုင်ငံလုံးက သံဃာတွေ မှန်ကြမှာဖြစ်ပါတယ်။ အပိုင်း(၅)ကိုဖတ်လျှင် အမြင်ရှင်းသွားနိုင်တန်ရာပါတယ်။

  • lionking

    October 11, 2011 at 3:51 pm

    မြတ်ဗုဒ္ဓကို
    လွန်ကြည်ညို
    ငါလိုလူလည်း
    မိုက်မိုက်မဲ။
    ရဟန္တာဟ
    မပြောကြကြေး
    သည်အရေး
    မိုက်သေး ပြောကြသူ။
    ကိုယ်ကြည်ညိုမူ
    ထိုထိုသူ
    ပြောမူ ဗုဒ္ဓပြစ်မပြ။ ဒုက္ခ…ဒုက္ခ…ဒုက္ခ ဘုရားပြောတဲ့ ဒုက္ခ မဟုတ်။
    တော်ကြာနေ ပရိယာယ်နဲ့ ရဟန္တာပြောတယ်ဆိုပြီး။
    အဆဲကြီး အဆဲခံနေရပါလိမ့်ဦးမယ်။

    • မောင်မိုးပြာ

      October 15, 2011 at 4:55 pm

      အပြစ်ရှာဖို့အတွက် စာဖတ်သူတွေကိုတော့ ဘာမှ ပြောစရာမရှိပါဘူး။ မြတ်စွာဘုရားရဲ့ တရားဆိုတာ အခြေခံစိတ်ထားကိုက ဖြူစင်နေသူမှ ရနိုင်စရာရှိတာမို့ပါ။

Leave a Reply