အိပ်မက် (၁)

maung hninkharrOctober 6, 20111min781

အိပ်မက်

အပိုင်း (၁)

မင်းလတ်သည် အိပ်ယာမှ နိုးလာသည်။ သူ့ခေါင်းထဲမှာ ထိုကောင်မလေး၏ ပုံရိပ်ပဲ စွဲထင်နေသည်။ သည်အိပ်မက်ကို မက်တာ ၆လကျော်နေပြီ။ ပထမတော့ ၃ပတ်မှ တစ်ခါ နှစ်ခါ ၊ အခုတစ်လော ပိုစိပ်လာသည်။ ၃ရက်ကို တစ်ခါလောက် အိပ်မက်မက်လာသည်။ သူ . . . အိပ်မက်ကနိုးတိုင်း စိတ်ထဲမှာ လွမ်းဆွတ်နေမိသည်။ ဘာကို လွမ်းလို့ လွမ်းမှန်းမသိ။ ထိုကောင်မလေးကိုလည်း ဖြစ်နိုင်သည်။

ဒီနေ့ မက်တာက သူနဲ့ကောင်မလေးနှင့် ဆိုင်တစ်ဆိုင်မှာ နေ့လည်စာ စားနေသည်။ ကောင်မလေးက သူ့ကို စကားပြောနေသည်။ သူ့စကားပြောဟန်လေးက ချစ်စရာလေးဟု မင်းလတ်တွေးမိသည်။ ကောင်မလေးက သူ့ကိုယ်သူ ‘မေ’ ဟုသုံးနှုန်းပြီး မင်းလတ်ကို ‘ကိုမင်း’ ဟု ခေါ်သည်။ စကားပြောဆိုရင်း ကောင်မလေးက ပြန်မယ်လို့ ပြောတဲ့အချိန် ၈းဝဝ သတင်းလိုပဲ အတိအကျနိုးသွားသည်။

မင်းလတ်က တွေးနေလို့မဖြစ်ဘူး။ ဆိုင်ဖွင့်တာနောက်ကျလီမ့်မယ်ဆိုပြီး ရေမိုးချိုးပြီး ဆိုင်လာထွက်သည်။ မင်းလတ်က ဒီစာရေးကိရိယာ ဆိုင်မှာ လူယုံဖြစ်သည်။ စာရေးကိရိယာဆိုသောလည်း ပန်းချီနှင့် ပတ်သက်တာတွေလည်းရသည်။ သူဌေးက ဆိုင်ကိုနောက်ကျမှလာတတ်သည်။ သူပဲအကုန်လုပ်ထားရသည်။ ဆိုင်ဖွင့်ပြီး အိပ်မက်ထဲက ကောင်မလေးကို အပြင်မှာတွေ့မလားဆိုပြီး ဆိုင်ပြင်ကို ခဏခဏထွက်ကြည့်တာ သူ့အလုပ်ဖြစ်သည်။ အဲ့ဒီအလုပ်သစ်ကိုရတာ ၃လလောက်ရှိသွားပြီ။ အပြင်ကိုကြည့်လိုက် ဝယ်သူလာလျှင် ပြေးပြီးလာရောင်းလိုက် ပြီးလျှင်အပြင်ကို ပြန်ထွက်ကြည့်လိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်နေတော့ သည်။ တစ်ခါတစ်လေ သူဌေးကတောင် မေးသည်။ “မင်းတစ်ယောက်တည်း အလုပ်ရှုပ်နေတာပဲ။ အပြင်ထွက်လိုက် ပြန်ဝင်လိုက်နဲ့။ ဘာဖြစ်နေတာလဲ” ဆိုပြီး

အပိုင်း (၂)

မေသနာ္တတစ်ယောက် ကောင်တာပေါ်မှာ ထိုင်ပြီးစိတ်ညစ်နေသည်။ ဒီလူ့ကို အိပ်မက်ထဲမှာမြင်တာတော်တော် ကြာပြီ။ ဘာဖြစ်လို့ အဲ့ဒီလို မက်မှန်းမသိ။ ကျောင်းမှာတုန်းက သူ့ကိုလိုက်တဲ့ကောင်လေး တော်တော်များများ မြင်ဖူးတယ်။ အဲ့ဒီလို ပုံစံမျိုးမဟုတ်ဘူး။  လူကြားထဲမှာ ထင်သာ မြင်သာတဲ့ ပုံစံမျိုး။ အဲ့ဒီအကြောင်းကို လှိုင့် ကို ပြောပြလျှင် ကောင်းမလား စဉ်းစားမိသည်။ မဖြစ်ပါဘူး ဆိုပြီးညီမ်နေလိုက်သည်။ ဝယ်သူရောက်လာတော့ အတွေးစ ပြတ်သွားသည်။ အဲ့ဒီလူများ ဈေးလာဝယ်မလား ဆိုပြီးတော့ မျှော်ဖူးသည်။

အပိုင်း (၃)

မင်းလတ် ကောင်မလေးကို အိပ်မက် မမက်တာ တော်တော်ကြာပြီ။ ၄-၅ လလောက် ရှီပြီ။ အဲ့ဒါလည်း မပျော် တာ။  ကောင်မလေးကို အပြင်မှာ မမြင်ဖူး၊ မတွေ့ရပေမယ့် အိပ်မက်ထဲမှာတော့ မြင်ချင်မိတယ်။ အဲ့ဒီ အိပ်မက်ထဲမှာပဲ ကောင်မလေးရဲ့ စကားပြောဟန်လေးကို မြင်ချင်မိတယ်။ သူ့စကားပြောဟန်လေးကို စွဲလန်းမိ တယ်။ အိပ်မက်ထဲကနေ နိုးလာတဲ့အထိ သူ့စကားပြောဟန်လေး ၊မျက်နှာလေးကို သယ်ဆောင်မိဖူးတယ်။ ဒါ အချစ်လို့ ပြောလို့ရတာပဲ။ အမှန်တိုင်းပြောရလျှင် သူလည်း အသက်၃ဝနား ကပ်နေပြီ။ ကျောင်းမှာတုန်း ကတည်းက ရည်းစားမထားဖူးဘူး။ အလုပ်ထဲရောက်ပြန်တော့လည်း မိုးလင်းက မိုးချုပ် အလုပ်နဲ့ ပန်းချီဆွဲတာ နဲ့ နှစ်ပါးသွားနေတယ်။ သူက ပန်းချီကို အပျော်တမ်းဆွဲတဲ့ သဘောပါ။ ဘယ်ပြပွဲ မှလည်း မတင်ဖြစ်ပါဘူး။ သူ့ဆိုင်မှာ လာဝယ်ရင်း ခင်တဲ့ ပန်းချီဆရာတွေကိုတော့ ပြဖူးသည်။ သူတို့က ပြပွဲတင်ဖို့တောင် ပြောတယ်။ ဒါပေမယ့် မတင်ဖြစ်။ သူ့ပန်းချီကို သူတစ်ယောက်တည်း ခံစားချင်တယ်လို့ ပြောတတ်တယ်။ သူတစ်ခါမှတော့ ကောင်မလေးပုံကို ပန်းချီမဆွဲဖြစ်။ စိတ်ထဲမှာ အလွတ်ရနေတဲ့ မျက်နှာလေးကိုပေါ့။ အခု သူဌေးက သူ့တူမနှင့် လက်ဆက်ဖို့ ပြောသည်။ သူ သဘောတူလိုက်ရသည်။ သူဌေးကျေးဇူးက ရှိခဲ့တာကိုး။

အပိုင်း (၄)

မေသနာ္တကို ကြိုက်နေသည့် ကိုထွန်းထွန်းက မေသနာ္တကို လက်ထပ်ခွင့်တောင်းနေသည်။ သူ့အရွယ်က နှလုံးသား ကို ဦးစားပေရမယ့် အရွယ်မဟုတ်တော့မှန်း သူသိသည်။ သူ့မှာလည်း ချစ်သူရှိတာမဟုတ်။ ကိုုထွန်းထွန်းက အချမ်းသာကြီး မဟုတ်ပေမယ့် သူ့ကို တင့်တောင်းတင့်တယ်ထားနိုင်သည်။ သူ့မှာက အီမ်တစ်ခန်းပဲရှိသည်။ ဒါတောင် အမှုဖြစ်နေသေးသည်။ ကိုုထွန်းထွန်းကတော့ သူနိုင်အောင်လိုက်ပေးမည် ဟုပြောသည်။ သူက ဒီအီမ်လေးမှာပဲနေချင်သည်။ သူ့မိဘ၏ တစ်ခုတည်းသော ပိုင်ဆိုင်မှု။ ဟိုလူ့ကိုတော့ စိတ်ထဲမှာတွေ့ချင်မိသည်။ အခုတစ်လော တွေ့ချင်စိတ် ပိုပြင်းထန်လာသည်။ ဘာဖြစ်မှန်းမသိ။ နောက်ဆုံး မဖြစ်နိုင်တာကို စိတ်ကူးမယဉ်ချင်တော့။ ကိုုထွန်းထွန်း ကို လက်ခံလိုက်သည်။ အဲ့ဒီညမှာပဲ ကာလရှည်ကြာ မ မက် တော့သည့် မျက်နှာလေးကို မြင်မက်ခွင့်ရခဲ့သည်။ အိပ်မက်ထဲမှာ ထိုလူ့ မျက်နှာမှာ မိုးတွေညှိုးလို့ ရွာချတော့မယ့်ဆဲဆဲပေါ့။ သူပြောခဲ့တဲ့နောက်ဆုံး စကားက “မေ့ အီမ်လေးကို ကိုယ် သိချင်တယ်။ ရောက်ဖူးချင်တယ်။” တဲ့။  ကိုထွန်းထွန်းက လက်ထပ်ဖို့ရက်နှင့် မင်္ဂလာပွဲစီစဉ်ဖို့ ရက်သတ်မှတ်လိုက်သည်။

အပိုင်း (၅)

မနက်ဖြန်ဆို မင်းလတ် မင်္ဂလာဆောင်ရတော့မည်။ မင်းလတ် စိတ်ကို ဒုန်းဒုန်းချပြီး ကောင်မလေးရဲ့ ပုံကိုဆွဲ မည်ဆိုပြီး ကင်းဗတ်စပေါ်သို့ စုတ်တံကိုတင်လိုက်တော့သည်။ နောက်ဆိုကောင်မလေးကို မျှော်မှန်းခွင့် ရတော့မည်မဟုတ်။ ဒီနေ့သည် သူ၏နောက်ဆုံးမျှော်လင့်ချက်နေ့ဖြစ်သည်။ ကင်းဗတ်စ ပေါ်သို့ စုတ်တံတင်လိုက်သည်နှင့် တစ်ပြိုင်နက် သူဘာမှကိုမသိတော့ပြီ။ ကင်းဗတ်အဖြူပေါ်သို့ အရောင်မျိုးစုံ ဖြတ်ပြေးနေသည်။ သူစုတ်တံကိုချလိုက်သည်။ နာရီကို ကြည့်လိုက်တော့ ၄ နာရီထိုးနေပြီ။ နောက် ၅ နာရီပဲ သူ့မျှော်လင့်ချက် ကျန်တော့သည်။ မဖြစ်နိုင်ဘူးဆိုတာ သိနေပါလျှက်နှင့် မျှော်မှန်းမိသည်။ သူနောက်ဆုံး အကြီမ်အဖြစ် ပန်းချီကို ဆွဲဆွဲငင်ငင်ကြည့်လိုက်သည်။ နောက် သူ့မင်္ဂလာဦးအခန်း၏ ဗီဒိုနောက်ကြားထဲသို့ သေချာထုပ်ပြီး ထည့်လိုက်သည်။ အောက်မှာ သူကိုလာခေါ်သည့်ကားရောက်လာပြီ။