အိပ်မက် (၂)

maung hninkharrOctober 6, 20111min540

အပိုင်း (၆)

အခုဆို မေသနာ္တသည် အသက် ၆ဝနားကပ်နေပြီ။ သို့သော်ကျန်းမာနေသေးသည်။ သူခြံထဲမှာနေရတာ မပျော်။ သားတွေကို ပြောပြီး သူ့တိုက်ခန်းလေးမှာပြန်နေချင်သည်။ ဘာဖြစ်မှန်းမသိ။ အခုလပိုင်း အတွင်းမှာ သူ့တိုက်ခန်းလေးကို လွမ်းဆွတ်သတိရနေသည်။ နောက် . . . နှစ်များစွာက မမက်ဖြစ်တော့သည့် အိပ်မက်ကို ပြန်မက်သည်။ သုံးလေးခါရှီပြီ။ တစ်ချီန်တုန်းက မမက်ဖြစ်မှာကြောက်နေသည့် အိပ်မက်လေးတစ်ခု ။ အခုတော့ ဒီပြင်စိတ်တွေ မရှီပေမယ့် အပြင်လောကမှာ တစ်ကယ်ရှီတယ်ဆိုလျှင်တော့ မသေခင်မြင်ဖူးချင် သေးသည်။ တစ်ခါက စိတ်အာရုံများစွာကို စိုးမိုးခဲ့ဖူးတဲ့ လူတစ်ယောက်ကိုပေါ့။ တိုက်ခန်းလေးကိုရောက်တော့ စိတ်ထဲမှာ ငြီမ်းအေးသလိုခံစားလိုက်ရသည်။ အီမ်ဖော်တွေကို ထားစရာရှီတာထားခိုင်းပြီး ဝရန်တာလေးသို့ ထွက်လာ သည်။ အရင်ကထက်တော့ လမ်းလေးက ပြောင်းလဲသွားသည်။

အပိုင်း (၇)

မင်းလတ်သည် ကျန်းမာရေးသိပ် မကောင်းချင်တော့။ သားတွေက သူ့ကို လာလာခေါ်သည်။ သူတို့ခြံထဲမှာ လိုက်နေဖို့။ မင်းလတ်ကတော့ ဒီမှာပဲပျော်သည်။ သူ အခြေစခဲ့တဲ့ ဒီနေရာလေးကို။ သူ့ဇနီးဆုံးပါးပြီးကတည်း က လာနေခဲ့တာ။ ၄နှစ်လောက်ရှိပြီပေါ့။ အဖေပျင်းမှာစိုးလို့ ဆိုပြီး သားတွေနဲ့မြေးတွေက တစ်ပါတ်တစ်ခေါက် အမြဲလာသည်။ ကျန်တဲ့ရက်တွေမှာတော့ သူ့သူငယ်ချင်းအမြဲလာသည်။ သူ့နောက်လမ်းက လက်ဖက်ရည် ဆိုင်မှာ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ မင်းလတ်ထွက်လာသည်။ ဒါသူတို့နေ့စဉ်လုပ်နေကျ အလုပ်တစ်ခု။ ပြီးလျှင် သူတို့က မင်းလတ်အီမ်မှာလာနေသည်။ ဒီနေ့ သူနည်းနည်းတောင် နောက်ကျနေပြီ။ အိပ်မက်လေးက လာ မက်နေလို့။ ဒီ အရွယ်မှာမှ လာမက်တာ မင်းလတ် သူ့ကိုယ်သူ အံ့ဩမိတယ်။ စိတ်က စွဲလန်းနေလို့ဖြစ်မှာ ပါဆိုပြီး ဖြေသိမ့်လိုက်သည်။

အပိုင်း (၈)

သူငယ်ချင်းတွေပြန်သွားတော့ သူသီမ်းထားခဲ့တာကြာပြီ ဖြစ်သော ပန်းချီကားလေးကို ဗီဒိုနောက်မှနေယူလိုက် သည်။ နှစ်ကာလကြာပြီဖြစ်သော ပန်းချီကားလေးမှာ ဆေးရောင်တွေ ပျံ့လွင့်နေပြီ။ ဒါပေမယ့် မင်းလတ် စိတ် ထဲမှာတော့ မနေ့ကဆွဲခဲ့သော ပန်းချီကားတစ်ချပ်လိုမြင်နေသည်။ ကုတင်ပေါ်မှာ လဲပြီးကြည့်နေလိုက် သည်။ မင်းလတ် ပန်းချီကားကို ဖက်လျက်သားအိပ်ပျော်သွားသည်။ သူ အိပ်မက် မက်နေသည်။ ‘မေ’ ဆိုတဲ့ ကောင်မ လေးက သူ့ကို အီမ်လိုက်ပို့ပေးဖို့ပြောသည်။ သူက ဘယ်မှာနေတာလဲဆိုတော့ ကောင်မလေးက အီမ်လိပ်စာ ပြောပြလိုက်သည်။ ကောင်မလေးပြောတဲ့ လမ်းနံပါတ်ကို ကြားတော့ သူ့ကိုယ်သူ အံ့အားသင့် သွားသည်။ ဒါ မင်းလတ်ရဲ့ဘဝမှာ ကောင်မလေးရဲ့ ပန်းချီကားကို ဖက်ပြီးမက်ခဲ့တဲ့ နောက်ဆုံးအကြီမ်  အိပ်မက်ဖြစ်ခဲ့သည်။

အပိုင်း (၉)

ဒေါ်မေသနာ္တ တစ်ယောက် ခေါင်းအရမ်းမှုးနေသဖြင့် အိပ်ယာထဲ လှဲနေသည်။ အီမ်ဖော်မလေးတွေက နောက် မှာထမင်းချက်နေရင်း စကားပြောသံကြားလိုက်ရသည်။ “ငါတို့နောက်ဖေးခန်းက အဖိုးကြီး တစ်ယောက်ဆုံး သွားတယ်။နာမည်က ဦးမင်းလတ်တဲ့။ ဘယ်အချိန်ကဆုံးမှန်းတော့ မသိဘူး။ သူ့က ကုတင်မှာ ပန်းချီကားကြီး ဖက်လျက်သားနဲ့တဲ့။”

ဒေါ်မေသနာ္တတစ်ယောက် နောက်ဖေးသွားဖို့ ထလိုက်ရင်း မတ်တပ်မရပ်မိခင်ပဲ ပြန်လဲကျသွားသည်။ သူသိလိုက်တာက အီမ်ဖော်မလေးနှစ်ယောက် “အဖွား . . . အဖွား”  နဲ့ ခေါ်သံက သူ့ဘဝရဲ့ နောက်ဆုံးကြား လိုက်တဲ့ အသံပဲဖြစ်သည်။