ကျွန်တော်သတိထားမိတဲ့ မန္တလေးက သတင်းစာတွေရဲ့ မျက်နှာဖုံးသတင်းပြောင်းလဲမှုများ

Diamond KeyOctober 6, 20111min1164

မန္တလေးမှာထုတ်ဝေတဲ့ သတင်းစာ နှစ်စောင်ရှိပါတယ်။ ရတနာပုံနေ့စဉ် သတင်းစာ (စစ်တပ်ကထုတ်ဝေတာ) နဲ့ မန္တလေး နေ့စဉ် သတင်းစာ (မန္တလေးစည်ပင်က ထုတ်ဝေတာ)ပါ။ အိမ်မှာက ဒေသသတင်းတွေ အတွက် ဒီသတင်းစာ နှစ်စောင်စလုံးကို ယူဖတ်ပါတယ်။
နှစ်စောင်စလုံးကို ယူနေရတာက အရှေ့ကာလတွေမှာ ရတနာပုံနေ့စဉ် သတင်းစာက သတင်းပိုစုံပြီး ကြော်ငြာတွေ စုံတာကြောင့်ရယ်၊ မန္တလေး နေ့စဉ် သတင်းစာ ကတော့ မန္တလေးစည်ပင်က ကြေညာချက်တွေနဲ့ မန္တလေးငါးမြို့နယ် သတင်းတွေဖတ်ချင်လို့ပါ။
ဒီနှစ်စောင်ကို နေ့စဉ်ဖတ်နေတော့ သတိထားမိလာတာက ရတနာပုံနေ့စဉ် သတင်းစာက မန္တလေးတိုင်းမှုးသတင်းတွေနဲ့ သူမိန်းမသတင်းတွေကို အထူးဦးစားပေးဖေါ်ပြပြီး မန္တလေး နေ့စဉ် သတင်းစာ ကတော့ မန္တလေးမြို့တော်ဝန် နဲ့ သူမိန်းမသတင်းတွေကို အထူးဦးစားပေးဖေါ်ပြတာတွေ့ရပါတယ်။ (နိုင်ငံတော် အဆင့်သတင်းတွေ မရှိတဲ့နေဆိုရင် မျက်နာဖုံး သတင်းတွေ အဖြစ်ဖေါ်ပြပါတယ်)။
ဒီမှာ ကျွန်တော်သတိထားမိလာတာက ဒီဖက်ခေတ် (မန္တလေးတိုင်းမှုး ကနေ တိုင်းဝန်ကြီးချုပ်ခေတ်) သတင်းတွေ မှာပါ။ မန္တလေး နေ့စဉ် သတင်းစာမှာ မန္တလေးမြို့တော်ဝန် နဲ့ သူမိန်းမသတင်းတွေကို သီးသန့် (မန္တလေးတိုင်းဝန်ကြီးချုပ်သတင်းမှာ တွဲပါလာတာမျိုးမဟုတ်ရင်)လုံးဝ မဖေါ်ပြတော့တာတွေ့နေရပါတယ်။ ရတနာပုံနေ့စဉ် သတင်းစာကတော့ စစ်တပ်သတင်းစာဆိုတော့ စစ်ယူနီဖေါင်းဝတ် သတင်းတွေကို ဦးစားပေး ဖေါ်ပြပြီးမှ ကျန်သတင်းတွေ ဖေါ်ပြလာတာတွေ့ရပါတယ်။
ပိုသတိထားမိလာတာက မန္တလေးမြို့တော်ဝန် နဲ့ သူမိန်းမသတင်းတွေကို သတင်းစာနှစ်စောင်စလုံးမှာ လုံးဝ သီးသန့်မဖေါ်ပြတာပါ။ ဒီဖက်ခေတ်မှာ မန္တလေးက သတင်းစာတွေမှာ သတိထားမိတာလေးပါ။

4 comments

  • yokesoe

    October 6, 2011 at 6:56 pm

    ကျနော်တော့ အမင်ကပ်လို့ ဝယ်ကိုမဖတ်ဖူး ၊
    တစ်ခါလာလဲ ဒါ နောက်တစ်ခါလာလဲ ဒါ ငြီးငွေ့လွန်းလို့ပါ ၊
    ပျင်းပျင်းရှိတိုင်း ဓါတ်ပုံရိုက် သတင်းစာ မှာ တင်ပြ ၊ လုပ်ကြံဖန်တီး စိတ်ကုန်တယ်ဗျို့ ။

  • unclegyi1974

    October 7, 2011 at 11:32 pm

    မန်းလေးမှာထုတ်တဲ့သတင်းစာနေ့ချင်းမရောက်လို့သတိတောင်မထားမိ
    ပေါင်မောင်ရာ

  • etone

    October 8, 2011 at 10:04 am

    တို့ ရွာက သဂျီးကလည်း …သတင်းစာ ထုတ်ထားတယ်တဲ့ …. သဂျီးနဲ့ သဂျီးကတော်အပြင် .. သဂျီးခယ်မလေးတွေ ၊ သဂျီး သမီးလေးတွေပုံပါ ဝေဝေဆာဆာ ဖော်ပြထားတာမို့ … ရွာသူရွာသားတွေတောင် ဝယ်မရအောင် … ရောင်းမလောက်အောင်ပဲ ဈေးကွက်ထဲ ခြေလှမ်းသွက်နေပါသတဲ့လေ 😉

  • windtalker

    October 8, 2011 at 1:11 pm

    သူကြီးမှာ သမီးရှိတယ်တဲ့လား
    တူနယ် တဲ့နယ်……
    အခုမှ သိသဗျို ့

Leave a Reply