ရာဇဝင်ညရဲ့သတို့သမီး ရှိုက်သံ

မြစ်တစ်စင်းကိုအဖေါ်ပြု
လူထုနဲ့ရည်တည်
သံယောဇဉ်တွေနယ်ကျွံတော့
ခံစားချက်တွေပေါက်ကွဲ
မီးပြင်းပြင်းမြစ်ထဲကူးရင်း
အမှောင်တွေဝေးလွင့်ချိန်
အလင်းကပျောက်ဆဲ
တမ်းတရင်းနဲ့
သာသနာကို
ရွှေဝါရောင်သင်္ကန်းလွှမ်းခဲ့တယ် … ။
နှလုံးသွေးတွေစီးဆင်းနေတဲ့မြစ်
ခံစားချက်တို့ကိန်းအောင်းတဲ့မြစ်
ကိုငှက်ကြီးတင်စားခဲ့တဲ့
ရာဇဝင်ညရဲ့သတို့သမီး
ငိုညာည်းသံသဲ့သဲ့
မကြားရက်တဲ့အဆုံးမှာ
ဒေါသမှောင်ဖုံးလို့
လူလုံးမပြနိုင်တော့တဲ့အခြေ
နှလုံးသားဒဏ်ရာတွေနဲ့
ဧရာဝတီရေ
နင့်နှလုံးသား
ပြန်ရှင်သန်နိုင်ပါတော့မလား ….. ။
ရင်ခုန်သံပြင်းပြင်း
မြစ်တစ်စင်းကိုအဖေါ်ပြုရင်း
အနာဂတ်နိုင်ငံတော်မှာ
ဧရာဝတီနိုင်ငံသားတွေ
မွေးဖွားရတော့မယ် ….. ။ ။