ကြောင်လတ်ဟုခေါ်ပါ

ကြောင်လတ်October 7, 20111min11315

ကိုကြောင်နဲ့ ညီကြောင်

ဒီမောင်ကိုတစ်ကောင်တည်းထားခဲ့ပြီး

နှစ်ကောင်တည်းသွား အကဲများမနေကြနဲ့ဦး

ကြောင်လတ်ဆိုတဲ့ဒီငနဲက

ရွာထဲရှိ မဒီကညာကြောင်တသိုက်ကို

ညောင်အော်သံပေးကာ ငန်းဖို့

လိုက်ခဲ့ပြီ ညီ အကိုတို့ရေ…..

ရွာထဲမှာကြောင်တွေပေါလာသမို့

ငါလဲလေ တစ်ကောင်တိုးလိုက်မယ်။

အားဖြည့်ဖို့လေး။       ။

15 comments

  • ကြောင်ကြီး

    October 7, 2011 at 8:49 am

    ကြောင်လတ်ရေ
    မှတ်ထား..
    အောင်မြတ်သည်
    နယ်ချဲ့တော်လှန်တဲ့
    ဝန်းသိုစော်ဘွားကြီး..
    မောင်ဖက်ဆိုတာရွာသား..
    ဟောင်ဖက်ကတော့ပုအုရှ်..
    ပြောင်စပ်စပ်နဲ့
    တောင်တက်တဲ့
    တကောင်ကြွက်
    မဖြစ်စေနဲ့
    နောက်ခက်နေမှာစိုးလို့…။ 🙂

  • MaMa

    October 7, 2011 at 9:48 am

    ကြောင် ကြောင် ချင်း စည်းလုံးညီညွတ်နေလိုက်တာ။ မန်းဂေဇက်လည်း ကြောင်ဂေဇက်လို့ ပြောင်းခေါ်ရတော့မယ်။
    ကဲ- လူအများ ဝေးရာ ရှား လော့။
    🙂

  • စုံ စုံ

    October 7, 2011 at 9:57 am

    ရွာထဲမှာကြောင်တွေတော်တော်များလာတာဘဲ
    ဈေးကွက်စီးပွါးရေးအရ ကြောင်စာဆိုင်ဖွင့်ရင်တောင်ကောင်းမလားဘဲနော် 😛

  • pan pan

    October 7, 2011 at 10:39 am

    ကြောင်ကြီး
    ကြောင်လေး
    ကြောင်ဝတုတ်
    ကြောင်လတ်
    စသည်စသည် ကြောင်ပေါင်းစုံ အရွယ်စုံဆိုဒ်စုံတော့ ရှိလာပါပြီ (နောက်ဆို ကြောင်ပိစိကွေးတွေ ပေါ်လာမလားမသိ)
    နို့ပေမယ့် သတိထားမိတာက ကြောင်ထီးတွေချည်းပဲ
    ကြောင်မဒန်းမလေးတွေတော့ မတွေ့မိသေးဘူးပဲ 😛

    • small cat

      October 7, 2011 at 1:56 pm

      ပန်ပန်ရေ
      ကြောင်ညီမလေးဆိုပြီးတစ်ကောင် ဝင်လာရင်
      J five ကိုယှဉ်လို့ရပြီလေ။
      ဒါတောင် ကြောင်ရက်ပါ က မှတ်ပုံပြန်မတင်သေးလို့။
      သူ ပါလာရင် တို့ကသာသွားပြီ။ ကြောင် Band တစ်ခုတည်ထောင်ပြီး
      C Six ဆိုပြီ ဆီးသီးထုတ်လိုက်မယ်၊
      စားကြဦးမလား အရပ်ကတို့။

  • kyeemite

    October 7, 2011 at 11:39 am

    ကြောင်တွေပေါလာတော့..ကြွက်ရန်မကြောက်ရဘူးပေါ့..
    ဒါပေသိ ဒီကြောင်တွေ..ကြွက်ကိုစိတ်ဝင်စားပုံမပေါ်ပါဘူး..
    သူတို့စိတ်ဝင်စားတာက…#$%^&*()_+

  • GreeNSheeP

    October 7, 2011 at 12:40 pm

    ဂေဇက်ရဲ ့ပြာသို ပွဲ မှာ ဒီကြောင်တွေ ဘယ်လို လှုပ်ရှားကြမှာလဲ လို ့တွေးနေမိပါသည် ။
    ဝမ်းသာပါသည် ။

  • FattyCat

    October 7, 2011 at 1:27 pm

    ကြောင်တော်အချင်းချင်း သတင်းလွေ့လွေ့ပေါင်းဖက်တွေ့သောအခါ…
    ထလော့ကြောင်တွေ…အိုကြောင်ညီအစ်ကိုတွေ….

  • inz@ghi

    October 7, 2011 at 1:28 pm

    ကြောင်တွေခေတ်ပါလားဟရို့ …
    ကျနော်လည်း ကြောင်ဇာဂီ လို့ နာမည်ပြောင်းဖို့ စဉ်းစားနေပါသည်…

  • ပေါက်ဖော်

    October 7, 2011 at 1:43 pm

    ဒို ့လဲ….ကြောင်နီတာရဲ..လို ့ခေါ်ပါ..ဆိုပြီး
    နာမည်ပြောင်းလိုက်တော့မယ်..နော့်..

    ကြောင်တပ်မတော်ကြီးလဲ ချာပါတီ..ချာပါတီ.. 😳

  • ဆူး

    October 7, 2011 at 10:33 pm

    ကြောင်ထီးတွေကြီးပဲ ဆိုတော့ နေရာတကာ သေးပန်းပြီး အနံဆိုးတွေကြောင့် ကျန်းမာရေး ထိခိုက်နို်င်ဖွယ် ရှိပါတယ်။

  • blackchaw

    October 7, 2011 at 10:59 pm

    ဟားဟား ကျွန်တော်လဲ ဘလက်ကက် လို့နာမည်ပြောင်းလိုက်တော့မယ်။
    ကြောင်မတော့ မဟုတ်ဘူးနော်။

  • foewa

    October 7, 2011 at 11:05 pm

    နာလဲ ကြောင် ငဖိုးဝ ပြောင်းလိုက်ရရင် ကောင်းမလား
    ကြောင်မဒန်းဝ လေး နဲ့တွေ့ရင် …….

  • mgmglusoe

    October 8, 2011 at 12:43 am

    နောက်ကျ ခဲ့ပြီ…
    မောင်မောင်ကြောင်လို့ အမည်ပေးမို့ စဉ်းစားမိသား…

  • kyeemite

    October 8, 2011 at 10:56 am

    ကျုပ်ကတော့ကြောင်မိုက်ပေါ့..ငါးကြော်လဲမကြိုက်ဘူးလေ..

Leave a Reply