သက်တန့်ဆိုတဲ့ရောင်စဉ်ခုနှစ်သွယ်-ရှမ်းပြည်တောင်ပိုင်းမှာ

အဆိုတော်မာမာအေး ငယ်စဉ်က နာမယ်ကြိးခဲ့တဲ့သီချင်းထဲမှာ သက်တန့်ပေါ်မှာကစားမယ်ဆိုတဲ့သီချင်းလေးလဲပါပါတယ်။
စာသားလှလှ သံစဉ်သွက်သွက် ဆိုထားတဲ့သူကလဲ အဆိုပိုင်ပိုင်ဆိုတော့ မြူးကြွလို့ လူတိုင်းရင်ထဲကို ထိရှ အားလုံးပါးစပ်ဖျားမှာရေးပန်းစားခဲ့ပါတယ်။
ကျနော်တို့လဲ ငယ်ကတည်းက သက်တန့်ကို မြင်တာနဲ့ အရူးအမူးအော်ဟစ် လို့ ပျော်မြူးခဲ့ကြပါတယ်။
သက်တန့်ဆိုတာကလဲ ကျနော်တို့လို မိုးနည်းရပ်ဝန်းဒေသမှာ မြင်ရခဲ့မျှမဟုတ်လား။
အခုအသက်အရွယ်ထိ သက်တန့် မြင်ရင် ကြည်နူးစိတ်က မပျယ်သေးပါဘူး။
2011 စက်တင်ဘာလထဲမှာတော့ တောင်ပိုင်းရှမ်းပြည်ဘက်ကို ခရီးထွက် အောင်ပန်းမြို့ရောက်ခဲ့ပါတယ်။
မူိုးတွေစွေနေတဲ့တစ်ညနေခင်းမှာ အရှေ့ဘက်ကောင်းကင်ကို လှမ်းကြည့်မိတော့ သိပ်မပီသတဲ့သက်တန့်ကိုတွေ့ခဲ့ရပါတယ်။

မပီဝိုးတဝါး မြင်ရုံလေးမြင်ရတဲ့ သက်တန့်

တိမ်ရောင်စုံပန်းဆီယှက် သက်တန့်လေးကလဲ မရဲတရနဲ့ထွက်လာပါတယ်။
မပီသပေမယ့်လှပတဲ့သက်တန့်

သိပ်တော့ မမြင်ရဘူး သေချာကြည့်ရင်တော့ အောက်ခြေမှာသက်တန့်ရှိတယ်။
အောက်ခြေနားလေးမှာ ခပ်ကွေးကွေးလေး အရောင်တွေရောနေတော့ သိပ်မမြင်ရဘုူး

ဒါကတော့ မပီမသပေမယ့် တောင်ကြီးမြို့နံနက်ခင်းက သက်တန့်
မိုးသားတွေထဲက ရေးရေးလေးပေါ်နေတဲ့သက်တန့်တောင်ကြီးမြိုမှာပါ

သွားနေတဲ့ ကားပေါ်ကနေ ရိုက်တော့ သိပ်တော့ မြင်ကွင်းမရှင်းပါဘူး။
တောင်ကြိး မနက်ခင်းက မပီမသ သက်တန့်

ရှမ်းပြည်တောင်ပိုင်းမှာ ခဏနေတုန်းတွေ့ခဲ့ရတဲ့သက်တန့်ပေါ့။
နောက်ရက် ကယားပြည်နယ်လွိုင်ကော်ဘက်ကိုရောက်တဲ့အခါ ဒီထက်လှတဲ့သက်တန့်ကိုတွေ့ခဲ့ရပါတယ်။
နောက်ပိုစ်တစ်ခုမှာတင်မယ်လေ။

9 comments

  • စုံ စုံ

    October 7, 2011 at 1:09 pm

    သက်တန့်တွေ့ရင်သေချာကြည့်ဖြစ်တယ်
    ပြီးရင်စိတ်ထဲကနေအရောင်ခုနှစ်ရောင်ကိုရေကြည့်တယ်
    ဒါပေမယ့်တခါမှ မျက်စိထဲမှာအရောင်ခုနှစ်ရောင်ကိုသဲသဲကွဲကွဲမမြင်ဖူးဘူး
    မျက်စိကဘဲအမြင်မကြည်တာဖြစ်မှာပါလေ

    • ဆူး

      October 7, 2011 at 8:53 pm

      သက်တန့်ထဲက အရောင် ရ ရောင်ကို စာထဲမှာ သင်ရပေမဲ့ မမြင်ရတဲ့ အရောင်ဆိုတွေလည်းပါတယ်။ ရူပဗေဒ ဆရာပြောပြတာ.. မျက်စိနဲ့ သေချာ မမြင်တာ ၃ခုဆိုလား မေ့တော့ မေ့နေတယ်။

  • nyochaw

    October 7, 2011 at 1:46 pm

    သက်တန် ့ကို တွေ ့ရင် ဘာဖြစ်မှန်းမသိဘူး
    စိတ်ထဲက အလိုလိုပျော်မိတယ်

  • etone

    October 7, 2011 at 3:31 pm

    မိုးရွာပြီးလို့ နေလေးထွက်တဲ့ အခါ သက်တံ့တွေကို မြင်ရလျှင် အရမ်းကြည်နူးဖို့ကောင်းတာပဲ .. သက်တံ့ကလည်း အကြီး အသေးရှိတာတွေ့ဖူးတယ် … သက်တံ့တွေက အစနဲ့ဘက်နဲ့ အဆုံးဘက် တစ်ဘက်ဘက်က ရေရှိတဲ့ အပိုင်းထဲရောက်နေတယ်လို့ ကြားခဲ့ဖူးတယ် … ။ (ဟုတ်မဟုတ်တော့ မသိပါဘူး ) ။ လေးပေါက်ရဲ့ သက်တံ့ကြီးကို ကြည့်မိပြီး တောင်ကြီးတစ်ခေါက်လောက် သွားလည်ပတ်ချင်သေးတယ် … ။
    နေလို့ အကောင်းဆုံးကတော့ ကလောလို့ ထင်တာပါပဲ … မမြင့်လွန်းပဲ .. အိမ်လေးတွေ လှလို့ … ။ 😛

  • thit min

    October 7, 2011 at 4:12 pm

    လှတယ်ဆိုတာထက်အေးချမ်းတာကိုခံစားရတယ်ကိုပေါက်ရေ။
    စိတ်အေးလက်အေးလေးနေချင်စရာနေရာလေးကိုမြင်ရလို့ကျေးဇူးပါဗျာ။
    ကိုပေါက်ရဲ့ပုံလေးတွေရဲ့နောက်ကွယ်မှာဇာတ်လမ်းလေးတွေလဲရှိမယ်ထင်ပါရဲ့။

    သက်တန့်ပုံလေးတွေကိုဒီဆိုဒ်မှာလဲတွေ့ရတယ်ခင်ဗျ။
    http://www.funzug.com/index.php/nature/amazing-rainbows-in-the-sky.html

  • ပိုပြီးရှင်းလင်းလှပတဲ့ ကယားမြေက သက်တန့်လေးတွေကို လဲပါအောင်ယူခဲ့ပါတယ်။
    ကျနော်ကတော့ ရောက်လေရာရာမှာ လက်ဆော့ခဲ့တာပါဘဲ။

  • windtalker

    October 7, 2011 at 8:41 pm

    ဟင်…ကိုပေါက်
    ရောက်လေရာရာ မှ ကင်မရာထုတ်ပြီး လက်ဆော့ခဲ့တာပါဘဲ လို ့တော့ လုပ်ပါဂျာ
    နို ့…ရွာသူအသစ်လေးတွေ မြင်မှ
    ဒီလူကြီး ဘာတွေများ လက်ဆော့မှာပါလိမ့် ဆိုပြီး လန် ့ကုန်လိမ့်ဦးမယ်
    ဟီဟိ…စတာနော်

  • pooch

    October 7, 2011 at 8:46 pm

    ပန်းရောင်ပြေးနေတဲ့ သက်တန့်က ကြည့်လို့ပိုလှတယ် အပေါ်ပုံလေးတွေ ပိုကြိုက်တယ်..

  • ပန်းရောင်နဲ့သက်တန့်ကရောနေတော့ သိပ်မမြင်ရဘူး ပုံအများကြီးထဲကနေရွေးတင်ပေးတာလေ

Leave a Reply