ကဲ ဘယ်လိုလဲ ဖတ်ကြည့်ပေးပါဦး

introMay 17, 20101min601

ဒုတိယ ကမ္ဘာစစ်ကြီးပြီးခါနီးတုန်းကပေါ့ …
ဂျာမန်တပ်တွေဟာ သူတို့ရဲ့ အမြောက်ကြီးတွေကို ပိုလန်နယ်ထဲကို ဖြတ်သယ်လာပါတယ်..
အမြောက်ကြီးတွေက အရမ်းကြီးတော့ ကားနဲ့သယ်ရပါတယ်..
ပိုလန်နယ်ထဲကို ဖြတ်တော့ ဂုန်းတံတားတခုအောက်ကနေ ဖြတ်တဲ့ အချိန်မှာ
အဲ့ဒီအမြောက်ကြီးရဲ့ ထိပ်ဖျား ၂ လက်မလောက်က တံတားဘောင်နဲ့ သွားညိနေပါတယ်။
အများကြီးတော့ မဟုတ်ပါဘူး။ နှစ်လက်မလောက်ပါဘဲ။ ခက်ပြီပေါ့ ။
ဂျာမန်စစ်ဗိုလ်ချုပ်ကြီးတွေ ဒီအခြေအနေကနေ လွတ်မြောက်ဖို့အတွက် နည်းလမ်း ရှာကြပါပြီ။
ကားပေါ်ကအမြောက်ကြီးကို အောက်ချဖို့က စစ်သားအင်အားနဲ့ မရပူး ..ကရိန်းနဲ့တင်..ကရိန်းနဲ့ ချမှ ရမှာ ..ဒါပေမဲ့ ဒီအဖွဲ့မှာ
ကရိန်း မပါဘူး…ဒီလိုနဲ့ ဂျာမန်စစ်ဗိုလ်ချုပ်နဲ့ အကြီးအကဲတွေ တိုင်ပင်ဆွေးနွေးပြီးတဲ့ အခါမှာ ဆုံးဖြတ်ချက်တခု ထွက်လာပါတယ်။

အမြောက်ကို တင်ချဖို့အတွက် လိုအပ်တဲ့ ကရိန်းအသေးစားတစ်စီး ပို့ ပေးဖို့ ကြေးနန်းရိုက်မယ်..ကရိန်းရောက်

လာရင် ..
အမြောက်ကို ကားပေါ်ကနေချမယ်…ပြီးရင် ကားကိုမောင်းသွားမယ်..အမြောက်ကိုက စစ်သားအင်အားနဲ့ တွန်းသွားမယ် ..(အမြောက်တွင် ဘီးတပ်ထားသည်) ..ဟိုဘက်ရောက်ရင် ကရိန်းနဲ့ အမြောက်ကို ကားပေါ်ပြန်တင်မယ်…အိုကေ..

အဲ့ဒါနဲ့ဘဲ လိုအပ်တဲ့ ကရိန်းကို ကြေးနန်းရိုက်ပြီးမှာ လိုက်ပါတယ်..စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေကလည်း ကရိန်းကိုစောင့်ရင်းနဲ့ နားနေကြပါတယ်..

အဲ့ဒီအချိန်မှာဘဲ စောစောက စစ်ဗိုလ်ချုပ်တွေနားနေတဲ့ ဂုန်းတံတားနားကို ပိုလန်သား နွားကျောင်းသားကလေးတစ်ယောက်က မယောင်မလည်နဲ့ ရောက်လာပါတယ်။

နဲနဲလဲ စပ်စုတတ်တဲ့ အဲ့ဒီနွားကျောင်းသားကလေး ဘာလို့ ကားတွေ ရပ်နေတာလဲလို့ မေးတော့ ဂျာမန်စစ်သားကြီးတွေက
အကျိုးအကြောင်းပြန်ရှင်းပြပေးတယ်..သူပြောတဲ့ ထဲမှာ ကရိန်းတွေလဲ ပါတယ်…ကြေးနန်းတွေလဲ ပါတယ်…ဒါတွေနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာ နွားကျောင်းသားကလေး နားမလည်ပါဘူး..

ဒါပေမဲ့ နွားကျောင်းသားလေးက တစ်ခုပြောလိုက်ပါတယ်..

. ” ဟိုဘက်ကို ကူးချင်တာမှတ်လား”
” ကျနော်ဆိုရင်တော့ အမြောက်တင်တဲ့ ကားဘီးကို လေလျော့ပြီး မောင်းသွားမှာဘဲ ” တဲ့ ဟိုဘက်ရောက်တော့ မှ ကားဘီးကို လေပြန်ထိုးပေါ့တဲ့ ….

ဟောဗျာ…..ဟုတ်တာပေါ့တဲ့ ဂျာမန်စစ်ဗိုလ်ချပ်ကြီးက ကြားသွားတယ်..ကျုပ်တို့မှာ လေဖြည့်စက်တွေ ပါနေတာဘဲ တဲ့..
အဲ့ဒါနဲ့ တံတားဘောင်နဲ့ ညိနေတဲ့ နှစ်လက်မ ကို ကားဘီးလေလျော့ပြီး မောင်းသွာတာ အဆင်ပြေသွားတယ်ဆိုဘဲ…….ဟင်းဟင်း…။

ကျနော် ပေါက်ကရတွေ လျောက်ရေးထားတာ မဟုတ်ပါဘူးဗျ …တကယ့် အဖြစ်အပျက်ပါ…
ပီးတော့ရှိသေးတယ်….

အမေရိကန်အာကာသစခန်းမှာပေါ့ ..ပြဿနာက မသေးပါဘူး…အရာရာကို စနစ်ကျတဲ့အမေရိကန်တွေဟာ..
အာကာသယဉ်အတွင်းမှာ ဒိုင်ယာရီရေးချင်တာ ရေးမရပူးဆိုဘဲ….ဆွဲငင်အားမရှိတဲ့ ဒီလိုနေရာမျိုးမှာ ကမ္ဘာမြေကနေယူသွားတဲ့
ဘောပင်က မင်မထွက်ပါဘူး….ကျနော်တို. ကမ္ဘာမြေမှာလဲ ဘောပင်ကို အပေါ်ကိုထောင်ပြီး ရေးရင် မင်မထွက်တော့သလို မျိုးပေါ့
အမြော်အမြင်ရှိတဲ့ အမေရိကန်တွေဟာ ဒီကိစ္စဟာ ပေ့ါသေးသေးပြဿနာတရပ်တော့ မဟုတ်ဘူးလို့ တွက်ပါတယ်..
အနာဂတ်မှာ အာကာသ ခရီးသွားတွေများလာမယ်…ဆွဲငင်အားမရှိတဲ့နေရာတွေကို လူသားတွေ သွားနေကြမယ် ..အဲ့ဒီအခါမှာ
မှတ်တမ်းရေးဖို့ အာကာသမှာ ရေးလို့ရမယ့် ဘောပင်ကို တီထွင်ဖို့ လိုအပ်လာပြီ ပေါ့…

အဲ့ဒါနဲ့ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ သုံးစွဲမယ့်
အာကာသမှာ ရေးလိုရမယ့် ဘောပင်ဖြစ်မြောက်ရေးစီမံကိန်းကို အကောင်အထည်ဖေါ်ဖို့ လုပ်ကြပါရောတဲ့

အဲ့ဒီအချိန်မှာ အမေရိကန်လိုဘဲ အာကာသထဲမှာ ဒိုင်ယာရီရေးချင်တဲ့ ရရှားက အာကသယဉ်မှူးကတော့
သူဟာ ရရှားအာကာသစခမ်းထဲမှာ ဒိုင်ရာရီရေးချင်တဲ့ အခါကျရင် ” ခဲတံ ” ကိုဘဲ သုံးတယ်ဆိုဘဲ….ဟားဟား။

နောက်ပြီးတော့ မြန်မာပြည်က နံမည်ကြီး အင်ဂျင်နီယာပါမောက်ခကြီးတစ်ဦးဟာ တပြည့်အင်ဂျင်နီယာလောင်းတွေကို
သူ့ရဲ့ကိုယ်ပိုင်ဖန်တီးမှုကို လက်တွေ့ပြချင်လို့ သူကိုယ်တိုင်တည်ဆောက်ထားတဲ့ ကြောင်အိမ်ကို ခေါ်ပြပါတယ်တဲ့။
ကြောင်အိမ်ဆိုတာကပါမောက်ခကြီးအိမ်က ကြောင်သားအမိနေ ဖို့ အိမ်ပါ။ ပါမောက်ခကြီးဟာ ကြောင်အိမ်ကို သူကိုယ်တိုင် ရိုက်ပြီးသွားပါပြီ…ကြောင်နှစ်ကောင် ဝင်ဖို့ထွက်ဖို့အတွက် အပေါက်ဖောက်ဖို့ဘဲ လိုတော့တာပါ။

သခန်းစာနဲ့ လက်တွေ့ကို ချိပ်ပြချင်တဲ့ ပါမောက်ခကြီးဟာ ကြောင်အိမ်ရဲ့ နံရံမှာ ကြောင်သားလေးအတွက် ဝင်ထွက်ဖို့ တစ်ပေါက် ၊ ကြောင်မကြီးအတွက် တစ်ပေါက် နှစ်ပေါက် ဖောက်မယ့်နေရာကို ခဲနဲ့ ဆွဲပြလိုက်ပါတယ်။ ပြီးတော့ သူရဲ့ သဏ္ထန်တူ နိယာမကို
ဟောပြောပါတယ်..ဆရာကြီးဖောက်ချင်တဲ့ အပေါက်နှစ်ပေါက်ဟာ ပုံစံချင်းတူပါတယ်။ဒါပေမဲ့ အကြီးအသေး ကွာပါတ.ယ်။
ဘာလို့လဲ ဆိုတော့ ကြောင်မကြီးက အတော်ကြီးပြီး ကြောင်သားလေးက သေးသေးလေးမို့ပါ။ ဒီအပေါက်အကြီးနဲ့ အသေးကို
သဏ္ထန်တူ၊ အချိုးညီ စွာ ဖောက်နိုင်ဖို့အတွက် ဘယ်လို တွက်ချက်ရတယ်ဆိုတာကို အသေးစိတ် စိတ်ရှည်လက်ရှည်ရှင်းပြပြီးတဲ့အခါမှာ …ပါမောက်ခကြီးကိုယ်တိုင်ဘဲ လွှနဲ့ ယာထားတဲ့အတိုင်း ကြောင်အိမ်မှာ ကြောင်မကြီးအတွက်တစ်ပေါက် ၊ ကြောင်သားလေးအတွက် တစ်ပေါက် စုစုပေါင်းနှစ်ပေါ့က်ကို အောင်မြင်စွာ ဖောက်ပြီး
သရုပ်ပြနိုင်ခဲ့ပါတယ်….

အင်ဂျင်နီယာကျောင်းသားတွေကတော့ သူတို့ရဲ့ဆရာ ပါမေက္ခကြီးဖေါက်သွားတဲ့ ကြောင်ပေါက်နှစ်ပေါက်ကိုကြည့်ပြီး
အံ့ဩမဆုံး ပြောမဆုံးဖြစ်ကျန်ရစ်ခဲ့ပါတော့တယ်….

သူဖောက်တဲ့အတိုင်းသာဆိုရင် အိမ်တအိမ်မှာ ငါးယောက်ရှိရင် ဝင်ဖို့ထွက်ဖို့ တခါးငါးပေါက်ဖောက်ထားရမလိုဖြစ်နေပြီပေါ့..
နှစ်ယောက်တခန်းနေတဲ့ ကျောင်းသားတွေကတော့ တီးတိုးတီးတိုးနဲ့ ပြန်ရောက်ရင့် သူ့အခန်းမှာသူဖို့ တစ်ပေါက် ပြန်ဖောက်ဦးမယ်ဆိုပြီး ပြောနေပါရော…ဟိဟိ

One comment

  • snique

    August 3, 2010 at 3:28 pm

    အဟီးဟီး ပညာရှိသတိဖြစ်ခဲ ကြီးတွေ ဒါပေမဲ တစ်ခု ရှိတာ ဟို ကားဘီးလေလျှော ့တာ ကတော့ မဖြစ်နိုင်ဘူးထင်တယ် ဘာလို ့လဲ ဆိုတော့ ကားဘီးမှာ ဂွေပါတယ် လေ
    အဲဒီတော ့ကားဘီးလေ မရှီရင် ဂွေ က လိမ်သွားရော ဂွေလိမ် သွားရင် အဲဒါ က ဆက်သုံးလို ့မရတော့ဘူးလို ့ ကားသမားတွေဆီကတော့ သိထားတယ်

Leave a Reply