ဒီပို့စ်လေးကို တင်မယ်လို့ ကြံရွယ်ထားတာကတော့ ကမ္ဘာ့ဆရာများနေ့ မတိုင်မီကပေါ့ … ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်ခဲ့ပါဘူး … (အကြောင်းအမျိုးမျိုးဆိုတာကလည်း internet connection speed နှေးကွေးနေတာကြောင့်တို့ …. ဘာတို့ ညာတို့ပေါ့ ….  ဒါကတော့ စကားချပ်ပေါ့) အခုခေတ်မှာတော့ အရင်ခေတ်တွေတုန်းကလို ဆရာ/မတွေကို ရိုသေလေးစား ဂါရ၀ထားမှုတွေကို သိပ်မတွေ့ရ မမြင်ရ မကြားရသလောက်ပါပဲ .. ကျွန်တော်ပဲ ပြင်ပနဲ့ အဆက်အသွယ်ပြတ်နေလို့လားမသိ … အမှန်အတိုင်းဝန်ခံရရင် လူမှုဘ၀တွေမှာ ရုန်းကန်လှုပ်ရှားရင်း နစ်မြုပ်နေတဲ့ အချိန်မှာပဲ ကမ္ဘာ့ဆရာများနေ့ ဆိုတဲ့ စကားလုံးလေးကို ကြားမိရင်း ဟိုးးးးးးးးးးအတိတ်ဆီက ဖြတ်သန်းခဲ့ရသော ကျောင်းသားဘ၀တွေကို တမ်းတသတိရ မိခဲ့ ပြန်ပါတော့တယ် …ဟိုအတိတ်ဆိုပေမယ့်လည်း သိပ်မကြာသေးတဲ့ ကာလလေးတွေပေါ့ .. ဒါပေမယ့်လည်း နယ်ကျောင်းသား တစ်ယောက်အနေနဲ့ဆိုတော့ မြို့ပေါ်ကျောင်းတွေက ပုံစံနဲ့တော့ ရှေးရိုးကျခဲ့တာတော့ အမှန်ပဲပေါ့ … အခုခေတ်မှာတော့ အရင်တုန်းကနဲ့ မတူ အတွေးအခေါ် အယူအစ အပြုအမူ အကုန်လုံးနီးပါး ပြောင်းလဲကုန်ပြီပေါ့ … ခေတ်နဲ့ စနစ်နဲ့ အညီပြောင်းလဲမှုတွေ ရှိလာပေမယ့်လည်း တစ်ချို့သော ပြောင်းလဲမှုတွေဟာ မလိုအပ်ဘဲ ဆိုးကျိုးအများစုသာ ဖြစ်ပေါ်စေတဲ့ ပြောင်းလဲမှုတွေ ဖြစ်ကြပါတယ် …. ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့ ဆိုတဲ့ စကားလိုပေါ့ ပြောင်းလဲသင့်တဲ့ ကိစ္စတွေလောက်ပဲ ပြောင်းလဲပေါ့ဗျာ … အရင်ခေတ်ဆီက ဆိုရင် ကျောင်းသားတစ်ယောက် ကျောင်းမှာ အရိုက်ခံရတယ်ဆိုရင် အိမ်ကို ပြန်မပြောရဲဘူး … ဘာလို့လဲဆိုတော့ အိမ်ကို ပြန်ပြောရင် .. အိမ်က နင်မလိမ္မာလို့ ရိုက်တာ ဖြစ်မှာပေါ့ ဆိုပြီး ထပ်ရိုက်ပြန်သဗျ .. ဒါကတော့ နယ်မြို့လေးတွေမှာပေါ့ မြို့ကြီးပြကြီးတွေမှာတော့ မပြောတတ်ဘူးပေါ့ဗျာ .. အခုကျတော့ ဒီလိုမဟုတ်ပါဘူး ဆရာ/မက အပြစ်ရှိလို့ အပြစ်ပေးမယ်ဆိုရင်တောင် တိုင်ဖို့ အပြစ်ရှာနေကြတဲ့ မိဘတွေရဲ့ မျက်ဝန်းတွေကြောင့် ……… ဆရာဆိုတာလည်း လူသားပါပဲ အမှားနဲ့တော့ မကင်းမိဘူးပေါ့ဗျာ .. (ဆရာအကုန်လုံးလည်း ကောင်းတဲ့ လို့လည်း မပြောပါဘူး ဆရာစိတ်မရှိတဲ့ ဆရာတွေ … ဆရာမပီသတဲ့ ဆရာတွေတော့ အနည်းနဲ့အများ ရှိကြမှာပေါ့) မိတ်ဆွေတို့ကိုယ်တိုင်လည်း လူမှုဘ၀တွေမှာ စားဝတ်နေရေးအတွက် ရုံးကန်လှုပ်ရှားနေပြီး အဆင်မပြေမှုတွေ ရှိကြမှပေါ့ … သား/သမီး အများဆုံးရှိ (၁၀)ယောက်ပေါ့ … ဒါတောင် အခု ရှားနေပါပြီ … ကိုယ့်သားသမီးတွေကို အုပ်ချုပ်တဲ့အခါမှာတောင် ဆူမယ် ရိုက်မယ် ဆိုတဲ့ ကိစ္စတွေကိုတော့ အနည်းနဲ့ အများ ရှိကြမှာပေါ့ … ဆရာ ဆိုတာ ကျောင်းသား ဆယ်ဂဏန်းကနေ ရာဂဏန်းထိ နေ့စဉ်နှင့်အမျှ ထိန်းကျောင်းသွန်သင် ဆုံးမ သင်ကြားမှုနည်းလမ်းတွေ အပြင် အုပ်ချုပ်ဖို့ဆိုတာ မလွယ်လောက်ဘူးလို့ စဉ်းစားပေးရင်ပဲ ဆရာတွေရဲ့ ကရုဏာစိတ် လွန်ကဲစွာ ဆုံးမတာကို နားလည် ကြမယ်ထင်တယ် … (ဓါတ်ပုံလေးတွေ တင်မလို့ပါပဲ သိတဲ့အတိုင်းပါပဲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ လောလောဆယ် …………………….. ၊ နောက်မှ တင်လို့အဆင်ပြေတဲ့ အချိန်ကျရင် ပြန်တင်လိုက်ပါဦးမယ်) ….

မြတ်ဆရာ

ရှေးရှုမေတ္တာ၊ ကရုဏာနှင့်

နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း

ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍

ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ

” ဆရာ ” ဟူလော့

(မာဃဒေ၀လင်္ကာသစ်)

မြတ်ပညာ

ပညာပြည့်ဝ၊ နှလုံးလှသော်

ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်

ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ

ပြီးနိုင်စွာ၏ …

(မာဃဒေ၀လင်္ကာသစ်)

အောက်တိုဘာ (၅)ရက်နေ့ နေ့တစ်နေ့တည်းမှမဟုတ်ဘဲ အချိန်တိုင်း မြတ်ဆရာ (သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ) များကို ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြင့် ပစ်မှားမိခဲ့သည်များကို ပြေပျောက်နိုင်ပါစေရန် တောင်းပန်ဝန်ချ ကန်တော့လိုက်ပါသည် ………….

KING

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................