ကျွန်တော်ရောက်ခဲ့တဲ့ ဒီနှစ်တောင်ပြုံးပွဲ

Diamond KeyOctober 7, 20114min939

ကျွန်တော် အထက်မြန်မာပြည်ကို မရောက်ဖူးခင်ကတည်းက တောင်ပြုန်းပွဲ ဆိုတာကို ကြားဖူးနေခဲ့ပါတယ်။ ဒီလိုနဲ့ မန္တလေးရောက်လာတော့မှ တောင်ပြုန်းပွဲ ဆိုတာကို ရောက်ရှိ မြင်တွေ့ခွင့် ရပါတယ်။ တောင်ပြုန်းပွဲ ဆိုတာက မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာမှာ နှစ်စဉ်ကျင်းပနေကျ ဆုတောင်းပြည့် ဆုတောင်းရဘုရားရဲ့ ပွဲတော်ကြီးပါ။
ဆုတောင်းပြည့် ဆုတောင်းရ
ဘုရားတည်နေတုန်း အုတ်၂ချပ် ဆက်ရန်တာဝန်ပျက်တာကြောင့် တောင်ပြုန်း မင်းနှစ်ပါးရယ်လို့ ဖြစ်လာတဲ့ ညီနောင်၂ဦးကို တောင်ပြုန်းဒေသမှာ နေရာပေးထားခဲ့ရာကနေ ဒီဘုရားပွဲကို ဆုတောင်းပြည့် ဆုတောင်းရဘုရားပွဲနှင့် တောင်ပြုန်း မင်းနှစ်ပါးပွဲတော် အဖြစ် နှစ်စဉ် ဝါခေါင်လဆန်း ၁ ရက်နေ့မှ ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့ အထိ ရှေးအစဉ်အဆက် ကျင်းပလာခဲ့ ကြတာပါ။
အုပ်နှစ်ချပ် လို
ပုဂံခေတ် ခေတ်အဆက်ဆက်ကတည်းက ကျင်းပခဲ့တဲ့ တောင်ပြုန်းပွဲတော်ဟာ ရိုးရာ ယုံကြည်မှုအရ လာရောက်သူတွေ၊ ယုံကြည်မှုနှင့်ရိုးရာအပေါ် ပိုမို လွှမ်းမိုးလာသော လာဘ်လာဘများကြောင့် ရောက်လာကြသူတွေ၊ တောင်းဆုပြည့်လို့ လာဆက်သူတွေ၊ တောင်းဆုပြည့်ဖို့ လာဆက်သူတွေ၊ သီးနှံကောင်းလို့၊ အရောင်း အဝယ်ကောင်းလို့ လာကြတာတွေ၊ စီးပွားရေးမကောင်းလို့ နတ်ကို နားပူနားဆာလုပ်ဖို့ ရောက်လာကြသူတွေ၊ ပွဲတော်တစ်ခုအဖြစ်လာကြသူတွေ၊ အထွေထွေ အမျိုးမျိုးနဲ့ နန်းတွေ ရှေ့မှာတော့ လူတွေ အပြည့်ပါပဲ။

တောင်ပြုန်းပွဲက ဝါခေါင်လဆန်း ၁ ရက်မှာစတယ်ဆိုပေမယ့် စံနန်းတော် မင်္ဂလာရေစင်ဆေး အခမ်းအနားကျင်းပတဲ့ ဝါခေါင်လဆန်း ၅ ရက်နေ့မှစပြီး စည်တာပါ။ ကျွန်တော်ရောက်သွားတဲ့နေ့ကတော့ နန်းတွေမှာ နတ်ဆိုင်းတွေ မတီးကြရ သေးပါဘူး။ လဆန်း ၁ဝ ရက်နေ့ (လာမယ့် အင်္ဂါနေ့) ဟာ နန်းကြီးပေါ်မှာ ညီလာခံကျင်းပတော့မှ နတ်အခမ်းအနား အဆောင်အယောင်တွေ၊ အသုံးအနှုန်း အမူအယာတွေ၊ နတ် သီချင်း၊ နတ်ဆိုင်းသံတွေ စကြားရမှာ ဆိုတော့ မရောက်ဘူးသေးတဲ့ သူတွေဆိုရင် အဲဒီနေ့ဟာ ရောက်ဖူးသင့်တဲ့ ရက်ပေါ့။ ပြည်တွင်း ခရီးသွားတွေ သာမကဘဲ နိုင်ငံခြားသား ခရီးသည်တွေပါ တကူးတက လာရောက် ကြည့်ရှုကြလေ့ ရှိပါတယ်။

နန်းပေါ်မှာ
နန်းပေါ်မှာ

တောင်ပြုန်းပွဲတော် ဆီကို မော်တော်ယာဉ်လိုင်းတွေ နဲ့ မြန်မာ့မီးရထားကလည်း သူရဲဈေးဘူတာကနေ မတ္တရာဘူတာကြားမှာ တောင်ပြုံးအထူးရထားကိုု ဩဂုတ်လ ရ ရက်နေ့မှစတင်ကာ အထူးရထား တစ်ရက်လျှင် အစုန်အဆန် ၁၄ ခေါက် ပြေးဆွဲပေးနေပါတယ်။
ပွဲတော်လာတဲ့ ယာဉ်တွေကတော့ များမှ များပါပဲ။
ပွဲလာတဲ့ ကားတွေ
ပွဲလာတဲ့ ကားတွေ

တောင်ပြုံးလမ်းခွဲ စဝင်တယ် ဆိုရင်ပဲ လမ်းဘေးမှာ ပွဲတော်လာ ကားတွေပေါ်က ကျဲတဲ့ ပိုက်ဆံကို ကောက်ဖို့ စောင့်နေကြတဲ့ကလေးတွေကို အများကြီးပဲတွေ့ရမှာပါ။
ပိုက်ဆံ ကျဲပါဗျို့
ပိုက်ဆံ ကျဲပါဗျို့

သူတို့တွေက “ပိုက်ဆံကျဲပါဗျို့”တဲ့။ ပွဲလာကားတွေပေါ်ကတော့ ကုသိုလ်သဘောရယ်၊ အပျော်အတွက်ရယ် ပိုက်ဆံတွေ ကျဲချာကြပေမဲ့ လုကောက်တဲ့ ကလေးတွေက အလုအယက် ကောက်နေတာဟာ မြင်ရတဲ့ ကျွန်တော်အတွက်တော့ မလုပ်သင့်တဲ့ အန္တရယ်အလုပ်ကြီးအဖြစ် တွေ့နေရတယ်။ သူတို့ ကလေးတွေ အတွက်တော့ တစ်နှစ်လုံး စောင့်ခဲ့ရတဲ့ ပျော်စရာ ပွဲတော်ကြီးပေါ့။
ပွဲတော်မှာ အညာဒေသစာတွေ ရောင်းတယ်။
အညာစာတွေ
အညာစာတွေ

ရောင်းကောင်းလွန်းလို့ မုန့်ပို့တဲ့သူတွေ လက်မလယ်ဘူး။ ဒေသထွက်ကုန်တွေလည်း ရောင်းကြဝယ်ကြတယ်။
အညာကုန်
အညာကုန်

တက်ပွဲဆက်မယ့် ပွဲအတွက် အုန်းဌက်ပျောဈေးတန်း နဲ့ ပန်းဈေးက တစ်မျော်တစ်ခေါ်။
ဈေးတန်း
ဈေးတန်း

ပန်းဈေးတန်း
ပန်းဈေးတန်း

လူတွေရဲ့ လက်ထဲမှာ တော့ ပန်းနဲ့ ပွဲပါပဲ။ သူတို့တွေ ရဲ့စိတ်ထဲမှာတော့ တောင်းစရာ ဆုတွေလည်းပါမှာပေါ့လေ။
နန်းကြီးပေါ်ရောက်တော့ ပွဲဆက်မယ့်သူတွေက ကြိတ်ကြိတ်တိုးစည်နေတယ်။ တောင်ပြုံးမင်းနှစ်ပါး ဘယ်လိုနားထောင်နိုင်ကြမလဲတော့ ကျွန်တော်မသိရပေမယ့် နန်းပေါ်က လူတွေကတော့ ပါးစပ်က တတွတ်တွတ်နဲ့ ဖေကြီးမပါ၊စပါ၊ စောင့်ရှောက်ပါ။ ပေးသနားပါ၊ ပါ…..ပါ…..ပါ။
ချိုးရေတော်သုံးမယ့် ဝေါပေါ်ကို ပန်းတွေ ပစ်တင်ပြီး ဆက်ကြသူတွေ၊ဆုတောင်းနေကြသူတွေ ကလည်းများမှများ။ ကိုယ်တော်ကြီး ဝေါကောင်းကြီး စီးနိုင်သလို သမီးတော်များ ကားကောင်းကြီးတွေ စီးရပါစေပေ့ါ။
ပန်းတစည်းရဲ့ တစ်နေတာ ခရီးကို တွေးကြည့်မိပေမယ့် ပွဲတော်ကျင်းပရေးကော်မတီ ကတော့ ဒီလိုဆိုတယ်။
ကြေညာချက်
ကြေညာချက်

အဖေကြီး ရဲ့ စီးတော်ကျားလည်း ဧည့်မနား ရဘူး။
စီးတော်ကျား
စီးတော်ကျား

တောင်ပြုံးကို ရောက်လာပြီ ဆိုရင်တော့ အိမ်၊တိုက်၊ကား လိုချင်လား ရစေရမယ်။ ရွှေလား …………မရှားတော့ဘူးတဲ့။ တစ်ကျပ်သားတစ်ကုံးမှ ၂၀ဝ ထဲပါ …ပွဲခင်းထဲမှာလေ။
တိုက်တွေ
တိုက်တွေ

ရွှေတွေ
ရွှေတွေ

တောင်ပြုန်းပွဲတော်လာ ပရိသတ်များအတွက် ဖျော်ဖြေရေးအပိုင်းမှာလည်း ဟန်ဇာမိုးဝင်း၊ စွမ်းဇာနည် စတဲ့ ဇာတ်သဘင်တွေက အပြိုင်အဆိုင်။ ရုပ်ရှင်ရုံလည်း ရှိတယ်လေ။
ပွဲတော်လာသူတွေက ကိုယ့်အသိ နတ်ကတော်တွေရဲ့ အမျိုးတော်၊ အဆွေတော်တွေရဲ့ နတ်နန်းတွေ ဆီလဲ သွားကြတယ်။
ဒီလိုနဲ့ပုဂံခေတ် ကနေ ခေတ်အဆက်ဆက် ကျင်းပခဲ့တဲ့ တောင်ပြုန်းပွဲတော်ကတော့ ဘယ်သူတွေက စည်တယ်မစည်ဘူး ပြောပြော ပွဲတော်လာတွေက တော့ နှစ်တိုင်းနှစ်တိုး တြိတ်တြိတ်တိုးနေကြဆဲပါလေ။
(PS – တောင်ပြုံးကို မရောက်ဘူးကြသေးသူများနဲ့ ဒီနှစ် မရောက်ရသေးတဲ့ သူတွေအတွက် ပွဲတော်မြင်ကွင်းလေးတွေပါ။)

9 comments

  • နွယ်ပင်

    October 7, 2011 at 2:49 pm

    တောင်ပြုန်းပွဲကို တစ်ခါမှမရောက်ဖူးဘူး ။တောင်ပြုန်းပွဲကို အရမ်းကြီး သွားချင်တဲ့စိတ်မရှိပင်မဲ့
    တစ်ခါလောက်တော့ သွားဖြစ်အောင် သွားကြည့်ဦးမယ်လို့တော့ စိတ်ကူးထားတာ ။ တစ်နှစ်နှစ်တော့ ရောက်အောင်သွားကြည့်ဦး မရောက်နိုင်ခင်စပ်ကြား Diamond Key တင်ပေးထားတဲ့
    တောင်ပြုန်းပွဲပုံကို အရင်ကြည့်ထားရမယ် ။စာရောပုံရောတင်ပေးထားတဲ့အတွက် ကျေးဇူးပါ ။

  • စုံ စုံ

    October 7, 2011 at 3:11 pm

    တောင်ပြုံးပွဲကတော့မရောက်ဖူးဘူး
    ဟိုးငယ်ငယ်ကတော့အဖိုးအဖွားတွေနဲ့တူတူ အမေကြီးပွဲတို့
    ပခန်းပွဲတို့တော့ရောက်ဖူးတယ် လူတွေနတ်ကတော်တွေအများကြီးကြားထဲမှာ
    ဖုန်တထောင်းထောင်းနဲ့ခရီးသွားခဲ့ရတာတော့မှတ်မိတယ် ကျန်တာတွေတော့အရမ်းငယ်တာနဲ့
    မမှတ်မိတော့ဘူး တောင်ပြုန်းပွဲကိုလဲ ဗဟုသုတအနေနဲ့တော့ရောက်ဖူးချင်တယ်

  • ပေါက်ဖော်

    October 7, 2011 at 4:07 pm

    ကျေးဇူးအထူး ဦးစိန်သော့..
    အနော်ရောက်တဲ့ချိန်က ပွဲတော်နဲ ့..မတိုက်တော့..ဆိုင်ခန်းလွတ်တွေပဲ တွေ ့ခဲရတယ်..
    ခုတော့ စည်စည်ကားကားလေးတွေ ့ရတယ်..

    ပွဲတော်မှာ..ဆိုင်ခန်ငှားခတွေ အင်မတန်ဈေးကြီးတယ်ကြားတယ်
    ပြီးတော့..အိပ်စရာတောင် မရှိဘူးဆိုလားပဲ..ဗျာ..
    နေထိုင်စရိတ်လေး.လဲ သိချင်သေးတယ်.

    ရန်ကုန်မှာတော့ တောင်ပြုန်းဆိုတာနဲ ့..ဂျော်တကီးတွေ..တက်ကြတော့တာပဲ..ဗျို ့..

  • nozomi

    October 7, 2011 at 5:15 pm

    တောင်ပြုံးတော့ တစ်ခါမှ မရောက်ဘူးဘူး
    နုနုရည်(အင်းဝ) ရဲ့ တောင်ပြုံးအကြောင်းရေးတဲ့ အခန်းဆက် ဝတ္ထုရှည် ဖတ်ပြီး ထူးခြားတဲ့ စရိုက်လက္ခဏာတွေ ရှိတဲ့ နေရာ တစ်ခုအနေနဲ့ စိတ်တော့ ဝင်စားတယ်

    .ဂျော်တကီးတွေ နဲ့ ရော …………?

  • ဝေးလွင့်တိမ်

    October 7, 2011 at 8:11 pm

    ကျွန်တော်လဲမရောက်ဖူးသေးဘူး ။ အရမ်းသွားချင်တယ် ။ နတ်ဒိုးသံကြားရင်ပျော်တယ် ။

  • pooch

    October 7, 2011 at 9:32 pm

    ကျမလည်း မန်းလေးမှာနေတာ နှစ်၂ဝ ကျော်ပြီ တခေါက်မှ မရောက်ဖြစ်ဖူး..
    လူထူရင် စိတ်အိုက်လို့ …ကိုယ့်အိမ်ကလည်း သွားကျင့်မရှိတာလည်းပါတယ်.. ဒါမျိုးလေးတွေမြင်ရတော့ မသွားဖူးသူတွေအတွက် ဗဟုသုတပါပဲ..

  • blackchaw

    October 7, 2011 at 10:31 pm

    တောင်ပြုန်းကို တစ်ခါမှ မရောက်ဘူးသေးပါ။
    ဒီလိုပုံတွေ မမြင်ဘူးသေးပါ။
    တောင်ပြုန်းအကြောင်း ပြောပြတာ ကျေးဇူးပါ။

  • windtalker

    October 23, 2011 at 7:18 pm

    ၃တန်းကျောင်းသားဘဝလောက်က မှတ်တာပဲ
    တောင်ပြုံးပွဲကို မိသားစုလိုက် ၊ ဝန်ထမ်းတွေကော ပါတယ်
    ရောက်ခဲ့ဖူးတယ် ၊ အဲဒီနောက် အခု အရွယ်ထိ တစ်ကြိမ်မှ ပြန်မရောက်ဖြစ်တော့ဘူး ။
    ကိုစိန်သော့ ကောင်းမှုနဲ ့ဓါတ်ပုံခရီးရောက်ခဲ့ရကြောင်းပါ

  • naywoonni

    October 23, 2011 at 9:01 pm

    မမပု တို့ မသွားဘူးလား တောင်ပြုန်းတဲ့…။ ပုမမ အချစ်တော် ဂျော်ဂျော်တွေ ရှိတယ်လေ….

Leave a Reply