အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၄၉)

ညရှစ်နာရီလောက်မှာ ဝေ့စ်ကုတ် အနက်ရောင်ဝတ်ထားတဲ့ လက်မှတ်စစ် ကျွန်တော်တို့တွဲထဲဝင်လာတယ်။ကျွန်တော်တို့

ခရီးသည်တွေအားလုံးကို လက်မှတ်လိုက်တောင်းတော့ ကျွန်တော့်အလှည့်ရောက်တဲ့အခါမှာ ဟန်ပါပါနဲ့ လက်မှတ်ကို ရွှိခနဲ

ဆွဲထုတ်ပေးလိုက်တယ်။ဟဲဟဲ..ခိုးစီးတာမဟုတ်ဘူးနော်။အမှန်အကန်။လက်မှတ်စစ်က သေချာတောင် မကြည့်ပါဘူး။လက်

မှတ်ဆွဲယူ၊ ဗြိဗြိ ဆို ခြစ်ပြီး ကျွန်တော့် ပြန်ပေးလိုက်တာပဲ။လက်မှတ်စစ်ထွက်သွားတာနဲ့ ကျွန်တော့်ရှေ့က မိသားစုက

ထမင်းစားဖို့ပြင်ကြတယ်။အမေလုပ်တဲ့ ဘွားတော်က ထမင်းဟင်းတွေထည့်ထားတဲ့ လေးထောင့်ဘူးလေးတွေဖွင့်တော့

ဟား..စားစရာတွေမနည်းဘူးပဲ။ပူရီတွေ၊ အာလူးဝါဝါတွေ၊ အနီရောင် သနပ်တွေ(သရက်သီးသနပ်လား ဘာလားတော့မသိ)၊

အချိုတည်းစရာတွေ စုံလို့ပါလား။ဟင်းနံကျွေးနံလေးရတော့ ပါးစပ်စိုလာတယ်။ ကိုယ့်အိမ်မှာကိုယ်လုပ်ပုံရတဲ့ ဂူလပ်ဂျမန်း

(မလိုင်လုံးကို ရွှေအိုရောင်ပေါက်အောင်ကြော်ပြီး သကာရည်စိမ်ထားတာ)၊နဲ့ ဘာဖီး (နို့ခဲ) နံ့လေးက တစ်တွဲလုံး သင်းလာတော့

သွားရည်ကျချင်နေပြီ။အဲဒါတွေမြင်ပြီး ကျွန်တော်လည်းဆာလာတယ်။စားသောက်ခန်းကလည်း ထမင်းစားဖို့လာမခေါ်သေးဘူး။

ဘူတာကနေ တစ်ခုခု ဝယ်စားသင့်သလား၊ဝယ်စားရမလား ကျွန်တော်တွေးနေမိတယ်။

သူတို့မိသားစုစားနေတာ မြိန်မြိန်ရှက်ရှက်နဲ့ အားရစရာကြီးဗျာ။အဖေလုပ်တဲ့ ဘိုးတော်က ပူရီ ပြီး ပူရီပဲ။ဘွားတော်ကတော့

အားလူးလေးကောက်ဝါးလိုက် သနပ်စပ်စပ်လေး ကိုက်ပြီး မြုံ့လိုက်နဲ့။ကောင်လေးကတော့ မလိုင်လုံးတွေကို တန်းတွယ်တာ။

သကာရည်တွေကို ရှလူးရှလွတ်နဲ့ခပ်သောက်။ကောင်မလေးကတော့ သိပ်ပြီးမစားဘူးဗျ။နည်းနည်းပါးပါးပဲ။ဟိုတို့ သည်တို့လောက်။

ကျွန်တော်လည်း သူတို့ အားရပါးရစားနေတာကိုကြည့်ရင်း လျှာနဲ့ နှုတ်ခမ်းကို မသိမသာ သပ်နေရတယ်။အဲ..ကောင်လေးက

ကျွန်တော့်ကို ပူရီနှစ်ချပ်လောက် လှမ်းပေးတယ်။စားပါဦး ဘာညာနဲ့။ကျွန်တော်လည်း ယဉ်ယဉ်ကျေးကျေးပဲ ငြင်းလိုက်ပါတယ်။

ရထားပေါ်မှာ အသိဖွဲ့၊အစားအစာတွေကျွေး၊ ဆေးခပ်ပြီး ရှိတာ အကုန် မ သွားတဲ့ ဇာတ်လမ်းတွေ ကြားဖူးပြီကောလားဗျ။အင်း..

ဟုတ်ပါတယ်..အာချီ ကာတွန်း စာအုပ်ကို ရထားပေါ်မှာ သဲကြီးမဲကြီး ဖတ်လာတဲ့ လူပျိုပေါက်ကောင်လေးတစ်ယောက်ကတော့

သူခိုးဓားပြဖြစ်နိုင်စရာအကြောင်း မရှိပါဘူး။အို..သတိဆိုတာ ပိုတယ်မရှိပါဘူး။ကောင်မလေး က ကျွန်တော့် ကျွေးရင်တောင်

မစား..အင်း..အဲ ..သူကျွေးရင်တော့ စားရမှာပေါ့။လက်ခံရမှာပေါ့။စေတနာနဲ့ကျွေး သေဆေးတောင် စားရ ဆိုလား။

ညစာစားလို့ပြီးတော့ ကောင်လေး နဲ့ ကောင်မလေးက မိုနိုပိုလီ ဆော့ကြတယ်။ အဖေနဲ့အမေကတော့ ဟိုအကြောင်း

ဒီအကြောင်းပြောနေကြတာ။တီဗွီမှာ ကြောငြာတဲ့ နောက်ဆုံးပေါ် ဆပ်ပြာအကြောင်းတို့၊ ဝယ်စရာခြမ်းစရာ ဘာညာအကြောင်းတို့၊

ဂိုအာ မှာ ပိတ်ရက်အတွင်း လည်ဖို့ ပတ်ဖို့ အကြောင်းတွေ ပြောနေကြတာ။

အတွင်းခံထဲ ထည့်ထားတဲ့ ရူးပီးငါးသောင်းကို လက်နဲ့ အသာပုတ်ပြီး ကျွန်တော်စမ်းမိတယ်။အဲ..အတွင်းခံဆိုလို့ ရှေ့က

ပြောခဲ့သလိုအတွင်းခံဘောင်းဘီအတွင်းထဲထည့်ထားမဟုတ်ဘူးခင်ဗျ။အတွင်းခံဘောင်းဘီအထက်က ခါးစည်း ထဲမှာ ထည့်ထား

တာရယ်။ကိုယ့်ပိုင်တဲ့ ပိုက်ဆံပါလားဆိုတဲ့ အတွေးနဲ့ ပီတိလေးဖြာလာတာ ဆာတာတောင် မေ့သွားတယ်။တကယ့် အံ့ဖွယ်ပဲဗျာ။

ပိုက်ဆံတန်ခိုးကြီးပုံများတော့။ သူ့စွမ်းအားကကျွန်တော့် အသွေးအသား ကလီစာတွေအထိ စိမ့်ပျံ့ထိုးဖောက်လာတာ။ဪ..

ဒါကြောင့် ပိုက်ဆံက လူ့စိတ်ကို ပြောင်းလဲစေတယ်လို့ ဆိုကြတာကိုးဗျ။ရူးပီးငါးသောင်းဆိုတဲ့ ငွေလေးနဲ့ ကျွန်တော်တောင်

မာန်တက်ချင်လာတယ်။

ခုကြည့်လေ..ရှေ့က သာမန်လူလတ်တန်းစားမိသားစုကို ကျွန်တော် အရင်ကလို မရှိန်တော့ဘူး။အေးဆေးပဲ။ အရင်ကလို

သူများတကာကိုအားကျတဲ့အကြည့်နဲ့ ကြည့်ခဲ့ရတဲ့ ရောကျော် ခွေးဗန္ဓာတ်လေး တစ်ကောင်ရဲ့ ခံစားမှုမျိုး မရှိတော့ဘူး။သူတို့နဲ့

တန်းတူရည်တူ ပြောနိုင်တာပဲ။သူတို့ကြည့်တဲ့ စောစောက ဆပ်ပြာကြော်ငြာ ကျွန်တော်ကြည့်နိုင်တယ်။ဝယ်သုံးနိုင်တယ်ဗျာ။

နီတင်းဒိုး ဂိမ်းကစားနိုင်တယ်ဗျာ။ တစ်ပတ်တစ်ခါ ကလေးပစ္စည်းအရောင်းဆိုင်ကြီးတွေ သွားလည်နိုင်တယ်ဗျာ။ ကိုင်း..။

ရထားနဲ့ ခရီးသွားတာက ဖြစ်လာနိုင်စရာတွေ၊ကြုံလာနိုင်စရာတွေ အများကြီးရှိသဗျ။ခရီးစဉ်အရှည်ကြီးတလျှောက်

အပြောင်းအလဲလေးတွေ ရှိမှာပဲ။ခင်ဗျား သွားချင်တဲ့နေရာ ရောက်ပြီဆိုပါတော့…၊ခင်ဗျားထွက်လာကာစနဲ့တော့ တူမှာ

မဟုတ်တော့ဘူး။ဘာကြောင့်လဲဆိုတော့ ခရီးသွားနေတုန်း ရထားပေါ်မှာ အသိအကျွမ်း မိတ်ဆွေသစ်တွေ ဖွဲ့လို့ရနိုင်တာပဲ။

ရန်သူဟောင်းတွေနဲ့လည်းတွေ့နိုင် ကြုံနိုင်တာပဲ။သိုးနေတဲ့ စမူဆာတွေစားမိလို့ပဲဖြစ်ဖြစ် ၊မသန့်ရှင်းတဲ့ သောက်ရေတွေ

သောက်မိလို့ပဲဖြစ်ဖြစ် ခင်ဗျား ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တာပဲ။နောက်ပြီးတော့ ခင်ဗျား..အချစ်ကိုတောင် ရှာဖွေတွေ့

ချင်တွေ့လိမ့်မှာပဲ။ကျွန်တော်ပြောရဲတယ်ဗျာ။ဟောဒီ ရထားအမှတ် ၂၉၂၆အေ၊ တွဲနံပါတ် အက်စ် ရ ရဲ့ အိပ်စင် သုံးပေါ်မှာ ရူးပီး

ငါးသောင်းကို ဖင်ခုထိုင်နေတဲ့ ကျွန်တော့်စိတ်ထဲမှာ စောစောက ဖြစ်နိုင်ချေတွေကို တွေးရင်း ရင်တဖိုဖို ဖြစ်လာတော့တယ်။နှ

လုံးတွေတောင် တဒိတ်ဒိတ်ခုန်လာပါရော။အင်း..မဟုတ်မှတော့လွဲရော..ကျွန်တော်လေ..ကျွန်တော်..အပြာရောင် ဆယ်လ်ဝါခါမိဇ်

ဝမ်းဆက်ကလေးနဲ့ ခရီးသွား မိန်းမလှလေးကို ချစ်မိတော့မယ်ထင်ပါရဲ့။အဲ..အဲ..အချစ်ဆိုလို့ ကျွန်တော်ဆိုချင်တာက တစ်ဖက်သက်

တစ်ဘီးလှိမ့် အချစ်မျိုး ၊တုံ့ပြန်မှုမရှိတဲ့ အချစ်မျိုး မဟုတ်ဘူး။အပြန်အလှန်ချစ်တဲ့၊ ပွင့်လင်းတဲ့အချစ်မျိုး။ရုပ်ရှင်ထဲကလိုပေါ့။ရုပ်ရှင်

ထဲကလိုဆိုလို့ အခြေအနေမတူတဲ့ ဘဝမျိုးလည်းမဟုတ်ဘူး။တကယ်စစ်မှန်တဲ့အချစ်၊လက်တွေ့ကျတဲ့အချစ်၊ ဖြစ်နိုင်တဲ့အချစ်မျိုး။

ဒူးနဲ့မျက်ရည်သုတ်ရတဲ့၊ ကြေကွဲခြင်းနဲ့ အဆုံးသတ်ရတဲ့ အချစ်မျိုးမဟုတ်ဘူး။တစ်ယောက်နဲ့တစ်ယောက်ချစ်ပြီး နောက်ဆုံး

အချစ်ရဲ့အသီးအပွင့်ဖြစ်တဲ့ လက်ထပ်မင်္ဂလာပြု။ကလေးတွေမွေး။ ပိတ်ရက်မှာ မိသားစုတပျော်တပါးကြီး ဂိုအာ ကို အလည်

အပတ်သွား…ဟားဟား..။

လောလောဆယ်တော့ ကျွန်တော့်မှာရှိတာ ရူးပီးငါးသောင်းပါပဲ။ ဒါပေမဲ့ အဲဒီ ရူးပီး တစ်ရူးပီးစီတိုင်းမှာ အဆင်အသွေးစုံတဲ့

အိပ်မက်တွေ ရေးထွင်းထားတာကလားဗျ။အဲဒီ အိပ်မက်ကလေးတွေ တကယ်ဖြစ်လာတဲ့ အခါကျလို့ရှိရင် ရူးပီးငါးသောင်းကလည်း

ရူးပီးသန်းငါးဆယ် ဖြစ်လာနိုင်သပေါ့။ကျွန်တော့် အတွေးထဲ၊စိတ်ကူးထဲ၊ အိပ်မက်ထဲ မှာ အဲဒီမြင်ကွင်းကို ရုပ်ရှင်ပိတ်ကားထက်မှာ

မြင်ရသလို အမြဲဆွဲဆန့်ကြည့်မိတယ်။ရူးပီးငါးသောင်းကနေသန်းကြွယ်သူဌေးကြီး ဖြစ်လာတယ် ဆိုတဲ့ စိတ်ကူး အိပ်မက်လေး

ကြာနိုင်သမျှ ကြာဖို့ ကျွန်တော် ဆုတောင်းမိတယ်။ အိပ်မက်ကောင်းလေးတွေဆိုတာအိပ်ပျော်နေတဲ့ လူတစ်ယောက်အတွက်

တစ်ဒင်္ဂ တစ်ခဏသာရယ် မဟုတ်လားဗျ။

အတန်ကြာတော့ မောင်နှမနှစ်ယောက် မိုနိုပိုလီဆော့ရတာ ပျင်းလာတယ်နဲ့ တူပါတယ်။ကောင်လေးက ကျွန်တော့်ဘက်

ကူးလာပြီး ဘေးမှာလာထိုင်တယ်။ဟိုပြောဒီပြောပေါ့။ ကောင်လေး နာမည်က အက်ခ်ရှေး တဲ့ဗျ။သူ့အမကတော့ မီးနက်ခ်ရှီ

တဲ့။သူတို့က ဒေလီမှာနေတာ။ခု မွမ်ဘိုင်း မှာရှိတဲ့ သူ့ဦးလေး မင်္ဂလာဆောင်ကို သွားဖို့ ထွက်လာကြတာ။ အက်ခ်ရှေးက သူ့

ပလေးစတေရှင် ၂ ဂိမ်းစက်အကြောင်းနဲ့ ကွန်ပျူတာဂိမ်းအကြောင်းတွေ ကို စိတ်ဝင်တစားနဲ့ အားပါးတရ ပြောပြနေတာ။သူက

ကျွန်တော့်ကို အမ်တီဗီ အကြောင်း၊အင်တာနက်အကြောင်း၊နောက် အပြာဆိုက်တွေ အကြောင်းမေးလိုက်၊ သူ့ဖာသာသူ ဖြေလိုက်

လုပ်နေတာ။ ကျွန်တော်လည်း သူပြောတာနားထောင်ပြီး ဖောရှောရိုက်တာ တော်တော်လေး များ သွားတယ်။

ကျွန်တော်က သူ့ကို ကျွန်တော်ဟာ အင်္ဂလိပ်စကားကို ကောင်းကောင်းကြီး ပြောတတ်၊ဖတ်တတ်ကြောင်း။ဩစတေးလျ

အမျိုးသားပထဝီဝင် မဂ္ဂဇင်းကိုစွဲစွဲမြဲမြဲဖတ်ကြောင်း။စခရပ်ဘယ် ကစားကြောင်း။ရည်းစား ခုနစ်ယောက်တိတိရှိပြီးတော့

သုံးယောက်က နိုင်ငံခြားမှာ နေကြောင်း။ပလေးစတေရှင် ၂မကဘဲ ပလေးစတေရှင် ၃ ပါ ကျွန်တော့်မှာ ရှိကြောင်း။ပန်တီယံ ဖိုး

ကွန်ပျူတာက နိမ့်လို့ ပန်တီယံ ဖိုက် ကွန်ပျူတာနဲ့ အင်တာနက်ကို နေ့ရောညပါ သုံးတဲ့အကြောင်း။အခု မွမ်းဘိုင်းမှာရှိတဲ့

ကျွန်တော့်သူငယ်ချင်း ဆလင်းဆီသွားမှာဖြစ်ကြောင်း။ဘူတာကနေပြီး ဆလင်းဆီ တက်စီ ငှားသွားမှာ ဖြစ်ကြောင်း..

လျှောက်ပြောထည့်လိုက်တာ။

ဆယ့်ခြောက်နှစ်သားကို ဖြီးရတာ အသက်ခြောက်ဆယ်ရှိတဲ့ လူကြီးတစ်ယောက်ကို ဖြီးရတာထက် ပိုခက်တယ်

ဆိုတာ ကျွန်တော်သိခဲ့သင့်တာ။အက်ခ်ရှေး က ကျွန်တော့ ဖြီးလုံးတွေ ကောင်းကောင်းကြီး နပ် တာပေါ့။

  “အဟား..ပိုလှချည်လား..မင်း..ကွန်ပျူတာအကြောင်း ဘာမှမသိဘဲ လျှောက်ဖြီးနေတယ်..ပလေးစတေရှင် ၃

  က ထွက်မှ မထွက်သေးတာ၊ မင်းက တကယ့် ငဖြီးကြီး ပါလားဟ..ဟေ..အဟေးဟေး”

သူက ကျွန်တော့်ကို ငဖြီးကြီး ဘာညာပြောတော့ ကျွန်တော်မခံချင်ဘူး။

 “ဪ..ငါက ငဖြီးကြီးပေါ့ ဟုတ်လား..ဒီမယ် မောင် အက်ခ်ရှေး..မင်းကို တစ်ခုပြောပြချင်တယ်..အခု ငါ့မယ် ရူးပီးငါးသောင်း ရှိတယ်

ဆိုရင် မင်းယုံပါ့မလား..မင်းတစ်သက် အဲဒီလောက်များတဲ့ငွေ မြင်ဖူးလား ဟေ့ကောင်..”

အက်ခ်ရှေးက စပ်ဖြီးဖြီးနဲ့ ယုံဘူး လို့ပြောတယ်။ပြရင်တော့ ယုံမယ်လို့ စိန်ခေါ်တယ်။အဲဒီအချိန်မှာတော့ မခံချင်စိတ်နဲ့ ဒီကောင်ငါ့

ငဖြီးကြီးပြောထားတာပိုက်ဆံတွေပြလိုက်ရင်တော့ ငါ့အထင်ကြီးသွားမှာပဲလို့..အဲဒီတစ်ခုပဲ စဉ်းစားမိတာ။ကျန်တာ သိပ်တွေးမနေတော့

ဘဲ ဖွက်ထားတဲ့ မနီလာစာအိတ်ကိုအပြင်ထုတ်ပြီး ပိုက်ဆံတွေပြလိုက်တယ်။စာအိတ်က နည်းနည်းထိုင်းပြီး သေးစော်နံနေတယ်

ထင်မိတာပဲ။စာအိတ်ထဲက တစ်ထောင်တန်တွေထုတ်ပြီးသူ့မျက်နှာရှေ့မှာ စပ်ဖြီးဖြီးနဲ့ ဒီမှာတွေ့လားဆိုပြီး ဝှေ့ရမ်းပြလိုက်တယ်။

ပိုက်ဆံတွေ ထုတ်ပြပြီး ချက်ချင်းပြန်သိမ်းလိုက်တာပဲ။

ခင်ဗျား အက်ခ်ရှေး မျက်လုံးတွေပြူးထွက်လာတာကို မြင်စေချင်တယ်။တကယ့် အရသာပဲဗျို့။ကျွန်တော့်ဘဝမှာ ပထမဆုံး

အနေနဲ့ အိပ်မက်ထက် လက်တွေ့ကျတာ ကို ရရှိလိုက်တာပဲ။နောက်တစ်ခုက သူကျွန်တော့်ကိုကြည့်တဲ့ အကြည့်ထဲမှာ လေးစားအားကျတဲ့

အရိပ်အယောင်တွေ ထင်ဟပ်နေတာကိုလည်း ကောင်းကောင်းကြီး မြင်လိုက်လို့ပဲ။ အဲဒီမှာ တကယ့်အဖိုးတန်သင်ခန်းစာကို ကျွန်တော်ရ

လိုက်တယ်။ အဲဒါက ဘာလဲဆိုတော့အိပ်မက်ဆိုတာ ခင်ဗျားစိတ်ကိုပဲ လွှမ်းမိုးနိုင်တဲ့ သတိ္တရှိတာ..ပိုက်ဆံကတော့ သူများတကာရဲ့ စိတ်ကိုပါ

လွှမ်းမိုးနိုင်တဲ့ အစွမ်းရှိပါလားဆိုတဲ့ သင်ခန်းစာပဲ။အဲ..နောက်တစ်ကြိမ်အနေနဲ့…ကျွန်တော့်အတွင်းခံထဲက ရူးပီးငါးသောင်းဟာ ရူးပီး

သန်းငါးဆယ်လောက်ဖြစ်သွားသလို ခံစားမိပြန်တယ်။

 

   ******************************

7 comments

  • ပေါက်ဖော်

    October 7, 2011 at 3:22 pm

    စာကြောင်းလေးတွေ မညီပဲ တင်မိသွားရင် သည်းခံပြီးဖတ်ပေးပါ..
    သန်းကြွယ်သူဋ္ဌေးဖြစ်ရင်…..မုန် ့ဝယ်ကျွေးပါ့မယ်..

    (ဒေါင်….ဟောင်..ဟောင်………………)

  • MaMa

    October 7, 2011 at 5:42 pm

    အကြွားလွန်ပြီး ရူပီး ငါးသောင်းသွားပြလိုက်တာ ဘာတွေများ ဆက်ဖြစ်လာမလဲ??????????????
    ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်နေပါတယ်။

  • windtalker

    October 7, 2011 at 6:16 pm

    ဟေ့လူ ၄၈ မှာတုန်းက
    ခေါင်းစဉ်တပ်ခဲ့တဲ့
    လူသတ်မှု က အခုထိ မစသေးပါလား ဟရို

    • မောင်ဘလိူင်

      October 8, 2011 at 11:14 am

      ကိုပေကလည်း ဖြည်းဖြည်းပေါ့ဗျာ..မကြာခင်သတ်တော့မှာပါ 🙂
      ခေါင်းစဉ်က မူရင်းအတိုင်းပေးထားလို့ပါ MURDER ON THE WESTERN EXPRESS
      တဲ့။ အက်ဂါသာ ခရစ်စတီး ရဲ့ဝတ္ထုနာမည်နဲ့တောင် နည်းနည်းဆင်နေတယ်။

      • windtalker

        October 8, 2011 at 2:27 pm

        ကောင်းပြီဗျာ
        ဒီတစ်ခါ တော်တော်ကြာတယ်ဗျို ့
        မြန်မြန်လေး တင်ပေးပါ ကိုဘလှိုင်ရေ

  • Shwe Ei

    October 14, 2011 at 1:01 pm

    ”ရူးပီး တစ်ရူးပီးစီတိုင်းမှာ အဆင်အသွေးစုံတဲ့
    အိပ်မက်တွေ ရေးထွင်းထားတာကလားဗျ” တကယ့်စိတ်ကူးဘဲ။

Leave a Reply