ပြုလုပ်ပေးစေချင်ပါတယ်

naungOctober 7, 20111min773

ကျွန်တော်ပြောချင်တာက ရန်ကုန်မှာဆိုရင် ဦးကျော်သူတို့ဦးဆောင်ပြီးတော့ ရန်ကုန် နာမှုကူညီရေးအသင်းကနေ အစပြုပြီး လူမှုရေးအသင်းတွေ၊ မန္တလေးမှာဆိုရင် ဆရာတော် ဦးတိက္ခ ဦးဆောင်တဲ့ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းကနေ အစပြုပြီး လူမှုရေးအသင်းအဖွဲ့တွေ ပေါ်လာပါတယ်။ အဲဒီလို ပေါ်ပေါက်လာတဲ့အတွက် ပြည်သူလူထုမှာ အရင်လိုနာရေးကိစ္စပေါ်ပေါက်လာရင် စည်ပင်သာယာမှာ သွားပြီး ယာယီကားကို သွားငှားစရာမလိုတေ့ာပါဘူး။ နီးစပ်ရာ အသင်းမှာဘဲ အကူအညီတောင်းလိုက်ရင် အသင်းက အဆင်ပြေအောင် ဆောင်ရွက်ပေး၊ ကူညီပေးသွားကြတာပါ။ တော်တော်ကို အဆင်ပြေပါတယ်။ စိတ်လည်းချမ်းသာပါတယ်။ ဦးဆောင်ပြီး ဆောင်ရွက်နေသူတွေကိုကော၊ လှူဒါန်းကြတဲ့ ကုသိုလ်ရှင်တွေကိုပါ ကျေးဇူးလည်းတင်ပါတယ်။ သာဓုလည်း ခေါ်ဆိုပါတယ်။ နောက်ပိုင်း မန္တလေးမှာဆိုရင် အသင်းတွေမှာ နာရေးကိစ္စတစ်ခုတည်းအတွက်တင်မဟုတ်ဘဲ၊ အရေးပေါ်ကူညီမှုအနေနဲ့ လူနာတင်ကားတွေထားပေးလာကြပါတယ်။ အဲဒီလိုလူမှုကူညီရေးအသင်းတွေက ရန်ကုန်၊ မန္တလေးတင်မကဘဲ မြန်မာနိုင်ငံအနှံအပြားမှာ ရှိနေပါတယ်၊ ကူညီပေးနေကြပါတယ်။ နိုင်ငံတော်အနေနဲ့ နေရာဒေသတိုင်းမှာ ကြက်ခြေနီအသင်းတွေ ဖွဲ့စည်းထားပေမယ့် အရေးပေါ်လူနာတင်ယာဉ်မပြည့်စုံမှု၊ တပ်ဖွဲ့ဝင်အင်အားမပြည့်စုံမှုတွေကြောင့် ကြက်ခြေနီအသင်းဆိုတာ ပွဲတော်ရှိမှဘဲ ဆေးတာဝန်၊ လုံခြုံရေးတာဝန်ယူတာ တွေရပြီး၊ ရက်ကွက်အတွင်းက ကိစ္စတော်တော်များများမှာ ကြက်ခြေနီဆိုတာ ဘယ်မှာ ရှာရမလည်းတောင်မသိဘူးဖြစ်နေပါတယ်။ (မှတ်ချက်။ ။ အပြစ်တင်လိုခြင်းမဟုတ်၊ ဖြစ်နေတာကိုသာ ပြောခြင်းဖြစ်ပါသည်။) လူမှုကူညီရေးအသင်းတွေမှာကလည်း လူနာတင်ယာဉ်တွေသာ လှူဒါန်းထားကြတာများပါတယ်။ တစ်ချို့အသင်းများတွင်သာ ဗော်လန်တီယာအနေနဲ့ ဆရာဝန်တွေ ပါဝင်ကြတာတွေ့ရပါတယ်။ အသင်းတော်တော်များများမှာ ရပ်ကွက်အတွင်းက လူငယ်မောင်မယ်တွေကသာ ဆောင်ရွက်ပေးကြတာ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီး အနေနဲ့ လူမှုကူညီရေးအသင်းတွေမှာ ရှေးဦးသူနာပြုသင်တန်းတွေ၊ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းတွေကို ပြုလုပ်ပေးစေချင်ပါတယ်။ လူမှုကူညီရေးအသင်းဆိုတာတွေက အလူရှင်တွေရဲ့ လှူဒါန်းအားနဲ့ ကူညီဆောင်ရွက်ပေးတာဖြစ်ပေမယ့် နိုင်ငံတော်အနေနဲ့ အဲဒီလို သင်တန်းတွေ ပြုလုပ်ပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်တယ်ဆိုရင် ပိုမိုအကျိုးဖြစ်ထွန်းမယ်ထင်ပါတယ်။ အသင်းဝင်လူငယ်တွေကို ရှေးဦးသူနာပြုသင်တန်းတွေ ပေးထားခြင်းအားဖြင့် ဆေးရုံမရောက်ခင် လူနာတွေ အခြေအနေပိုမို ဆိုးဝါးမသွားအောင် ပြုစုပေးနိုင်မယ် လို့ထင်မြင်မိပါကြောင်း……။

 

ပိုစ့်တစ်ခုမှာ တွေ့မိတာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေလည်း ဂေဇက်ကို အလေးဂရုထား ဝင်ဖတ်တယ်လို့ ကြားထားမိပါတယ်။ ဒါကြောင့် စိတ်ထဲရှိနေတာလေးကို ဝင်ရေးလိုက်ခြင်းဖြစ်ပါတယ်။ အမှားပါသွားရင် တောင်းပန်ပါတယ်။

3 comments

  • Ko Ko Aung

    October 7, 2011 at 5:01 pm

    ကြက်ခြေနီက လမ်းကြောင်းလိုက်ရတာနဲ့တင် မအားဘူး။

    ကြုံတုန်းဖေါ်လိုက်ဦးမယ်-
    ယခုသမ္မတအကြံပေးအဖွဲ့မှာပါတဲ့သူတဦးဟာ အရင်က ဒီရွာရဲ့ပရိတ်သတ်လို့ ဆိုပါတယ်။
    မန်ဘာဟောင်းဆိုတဲ့ နားစွန်နားဖျား ကောလဟာလကိုတော့ အတည်မယူပါနဲ့…………….။

  • zaymdy

    October 7, 2011 at 6:38 pm

    ဒီအစိုးရခေတ်မှာ ကြက်ခြေနီတွေ. အရေးပါပေမဲ. အရာမရောက်ဖြစ်နေပါတယ်.. ကြက်ခြေနီတွေ.ကို ဘာမဆိုင်ညာမဆိုင် နေရာတွေ.မှာတွေ.နေရပြီး တစ်ကယ်လိုအပ်တည်းနေရာမှ မတွေ.ရပါဘူး …အရင်လို.ကျောင်းတွေ.မှာ ကြက်ခြေနီသင်တန်းတွေ.လည်း မတွေ.ရသလောက်ပါပဲဗျာ…

  • faker

    October 7, 2011 at 10:32 pm

    ကျနော်တို့ မြို့လေးမှာ ရေကြီး တော့ ကြက်ခြေနီ တွေက အကူအညီပေးကြတာ
    လက်တွေ့ မြင်ခဲ့ရပါတယ် ၊
    ရေနစ်မြုပ်နေတဲ့ အိမ်တွေက မိသားစုတွေကို ရေလွတ်ရာ ကုန်းမြေ ကို ရွှေ့ပြောင်း
    ပေးနေ ကြတာ အရမ်းကြည့်နူးစရာ မြင်ကွင်းလေးပါ။

Leave a Reply