D.V Lottery စတင်လျှောက်ထားနိုင်ပြီ

ဂ်စ္စူOctober 7, 20112min62921

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိမယ့်သူပေါင်း ၅ သောင်းကို ကမ္ဘာ့နိုင်ငံစုံကနေ ကံစမ်းမဲဖောက် ရွေးချယ်တဲ့ ၂၀၁၃ Diversity Visa အစီအစဉ် အချိန်ကျရောက်လာပြန်ပါပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ကိုယ်တိုင် နိုင်ငံခြားသတင်းထောက်တွေကို ဖိတ် ကြားပြီး ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်မယ့် အစီအစဉ်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီ အစီအစဉ်အကြောင်းနဲ့ အရေးကြီးတဲ့ အချက်အလက် တွေကို Ko Ronnie Nyein က ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။

၂၀၁၃ ခုနှစ် အမေရိကန် ဘဏ္ဍာရေးနှစ်ရဲ့ ပထမနှစ်ဝက် စက်တင်ဘာ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ရမယ့် ဒီ ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ (၄) ရက်နေ့က စတင်ခဲ့တာပါ။ ဒီ ကံစမ်းမဲဖောက်ပွဲ ပိတ်ချိန်က ရှေ့လ နိုဝင်ဘာလ (၅) ရက် စနေနေ့၊ အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် နေ့လည် (၁၂) နာရီ၊ မြန်မာနိုင်ငံမှာတော့ နိုဝင်ဘာ လ (၅) ရက် စနေနေ့ည (၁၀) နာရီခွဲအချိန် ဖြစ်ပါတယ်။

ဒီတခေါက် Diversity Visa အစီအစဉ်အတွက် အရေးကြီးတဲ့အချက်တွေကို မတင်ပြခင်မှာ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ရဲ့ သတင်းစာ ရှင်းလင်းပွဲက တချက်ကို တင်ပြချင်ပါတယ်။

ဒေးဗစ် ဒါနာဟယူး။     ။ ၂၀၁၃ Diversity Visa Program ခေါ်တဲ့၊ ရှေ့လာမယ့် (၂)နှစ်၊ ၂၀၁၃ ခုနှစ်ရဲ့ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ပြည်ထောင်မှာ အမြဲ တမ်း အခြေချ နေထိုင်ခွင့်ရရှိမယ့်သူပေါင်း ၅ သောင်းကို ကမ္ဘာ့နိုင်ငံစုံက ကံစမ်းမဲဖောက် ရွေးချယ်ပွဲ အချိန်ရောက်လာပြန်ပါပြီ။ ဒီနှစ်ရဲ့ အပြောင်းအလဲက တော့ ဒီနှစ်မှာ ပါဝင်ခွင့်မရှိတဲ့နိုင်ငံအဖြစ် အသစ်တိုးလာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံသားတွေပါ။ ကျနော်တို့ရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အခု အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဦးရေ ၅ သောင်း ကျော်သွားခဲ့လို့ပါ။

(မှတ်ချက်။      ။ အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ အမြဲတမ်းအခြေချနေထိုင်ခွင့်ရရှိသူ ၅ သောင်းကျော် ရှိနေသောကြောင့် ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက် ရွေးချယ်ပွဲအတွက် ပါဝင်ခွင့်မရှိသော နိုင်ငံများမှာ (အင်္ဂလိပ်အက္ခရာစဉ်အတိုင်း) ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ကနေဒါ၊ ကိုလံဘီယာ၊ တရုတ် (ပြည်မကြီး)၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေဒို၊ ဂွါတီမာလာ၊ ဟေတီ၊ အိနိ္ဒယ၊ ဂျမေကာ၊ မက္ကဆီကို၊ ပါကစ္စတန်၊ ပီရူး၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ ဗြိ တိန် (မြောက်အိုင်ယာလန် မပါ)၊ ကမ္ဘာတလွှား ဗြိတိသျှလက်အောက်ခံနယ်မြေများ၊ ဗီယက်နမ်တို့ ဖြစ်ကြသည်။)

ယခင်နှစ်က Diversity Visa ကံစမ်းမဲဖောက် ရွေးချယ်ပွဲတွင် ပါဝင်ခွင့် မရခဲ့သော ပိုလန်နိုင်ငံသားများ၊ ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက် ရွေးချယ်ပွဲတွင် ပြန်လည်ပါဝင်ခွင့်ရပြီ။ အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချ နေထိုင်ခွင့်ရရှိခဲ့သော ပိုလန်နိုင်ငံသားများစွာ ယခုအခါ အမေရိကန်နိုင်ငံသားများ ဖြစ်လာကြသဖြင့် အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိထားသူ ပိုလန်နိုင်ငံသားဦးရေ ၅ သောင်းအောက်ကို ပြန်ရောက်သွားခြင်းကြောင့် ဖြစ်သည်။ ယခုနှစ်ထဲ ကမ္ဘာပေါ်တွင် အသစ်ပေါ်လာသော တောင်ဆူဒန်နိုင်ငံ၏ နိုင်ငံသားများလည်း ၂၀၁၃ Diversity Visa အစီအစဉ်တွင် ပါဝင် ကံစမ်းခွင့်ရှိသည်။)

အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချနေထိုင်ခွင့် (immigrant visa) တနည်းအားဖြင့် ဒီ ဗီဇာကို အစိမ်းရောင်ကဒ်ပြားလေးနဲ့ ထုတ်ပေးတာကြောင့် Green Card လို့ ခေါ်ကြတဲ့ ဒီ ဗီဇာကို မြန်မာနိုင်ငံသားတွေထဲက ရရှိထားသူအရေအတွက် ၅ သောင်းအောက်မှာပဲ ရှိသေးတာကြောင့် မြန်မာနိုင်ငံသားတွေ လည်း ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက်ပွဲမှာ ပါဝင်ဆင်နွှဲလို့ ရပါတယ်။

ဒီ ဗီဇာ မဲဖေါက်ပေးတဲ့ အဓိကရည်ရွယ်ချက်က အမေရိကန်ပြည်ထောင်စုထဲမှာ လာရောက် အလုပ်လုပ်ကိုင်နိုင်တဲ့ အခြေခံပညာအရည်အချင်းရှိသူ၊ လုပ်ငန်း တခုခုကို ကျွမ်းကျင်သူ၊ အဲဒီလိုသူတွေကို နှစ်စဉ် ခေါ်ယူခြင်းပါ။ ပထမဆုံးအရေးကြီးတဲ့အချက်က သတ်မှတ်ထားတဲ့ ပညာ အရည်အချင်းပါ။ အနည်းဆုံး နိုင်ငံတနိုင်ငံရဲ့ အထက်တန်းကျောင်း အောင်မြင်ထားတဲ့ လက်မှတ်ရှိရပါမယ်။ (သို့မဟုတ်) မူလတန်းနဲ့ အလယ်တန်းပညာ စုစုပေါင်း (၁၂) နှစ် သင်ကြားထားတဲ့ သက်ဆိုင်ရာအစိုးရ အသိအမှတ်ပြုလက်မှတ် (သို့ဟုတ်) ထောက်ခံစာ ရှိရပါမယ်။

အဲဒီ ပညာအရည်အချင်းမျိုး မရှိရင် လုပ်ငန်းကျွမ်းကျင်မှု သတ်မှတ်ချက် ရှိရပါမယ်။ အလုပ်အကိုင် ကျွမ်းကျင်မှုသတ်မှတ်ချက်ကတော့ အမေရိကန် ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားတွေထဲက တမျိုးမျိုးကို လွန်ခဲ့တဲ့ (၅) နှစ်အတွင်းမှာ (၂) နှစ် လုပ်ကိုင်ဖူးကြောင်း၊အဲဒီလုပ်ငန်းရဲ့ ထောက်ခံစာ ရှိရပါမယ်။ မဲပေါက်ပြီးခါမှ သတ်မှတ်ထားတဲ့ ပညာအရည်အချင်း (သို့မဟုတ်) လုပ်ငန်းကျွမ်းကျင်မှု တမျိုးမျိုးမရှိရင် ပေါက်ထားတဲ့ဗီဇာ အပယ်ခံရမှာပါ။ သတ်မှတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားတွေကို အမေရိကန်ပြည်ထောင်စု အလုပ်သမား ဝန်ကြီးဌာနရဲ့ internet website ထဲက၊ O*Net OnLine database မှာ သွားရောက် ကြည့်ရှုလို့ ရပါတယ်။

နောက်ထပ်အရေးကြီးတဲ့ ကိစ္စက လျှောက်လွှာနဲ့တွဲတင်ရမယ့် ဓာတ်ပုံ အကြောင်းပါ။ အင်တာနက်ပေါ်က ပေးပို့ရမှာ ဖြစ်တာကြောင့် ဓါတ်ပုံရဲ့ အရွယ်အစား ကို digital စနစ်ရဲ့ pixel အတိုင်းအထွာနဲ့ ပေးပို့ရမှာပါ။ ဓာတ်ပုံရဲ့ အလျား pixle 600 x အနံ pixle 600 ဖြစ်ရပါမယ်။ ဓာတ်ပုံကို scanner နဲ့ ကူးရင်တော့ scanner ရဲ့ resolution က၊ အနည်းဆုံး 300 dpi (dots per inch) ဖြစ်ရပါမယ်။ ဓာတ်ပုံရဲ့ file format က၊ JPEG (Joint Photographic Experts Group)  ဖြစ်ပါတယ်။ ဓာတ်ပုံရဲ့ file size က240 kilobytes (240 KB) ရှိရပါမယ်။

နောက်ထပ်အရေးကြီးတာက နောက်ခံ အရောင်ဖျော့ရပါမယ်။ နောက်ခံ အဖြူ ဆိုရင် အကောင်းဆုံးပါ။ မျက်နှာကို ဘာနဲ့မှ ကွယ်မထားရပါဘူး။ မျက်နှာစောင်းမနေဘဲ ရှေ့တည့်တည့်ကြည့်နေရပါမယ်။

ဦးထုပ် (သို့မဟုတ်) ခေါင်းပေါ်မှာ တခုခု ဆောင်းထားတာ မရှိရပါဘူး။ ဓာတ်ပုံထဲမှာ ဦးခေါင်းပိုင်းနဲ့ ပခုံးပိုင်းဟာ ဓာတ်ပုံတခုလုံးရဲ့ ၅၀%ကနေ ၆၉% ကြားမှာ ရှိရပါမယ်။ ဓာတ်ပုံကို သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ပြီးပြီဆိုရင်တော့ https//www.dvlottery.state.gov/applications.aspx မှာသွားပြီး လျှောက်လွှာ ဖြည့်ရုံပါပဲ။ လျှောက်လွှာမှာ ဓာတ်ပုံကို ချိတ်ဆက် (attach လုပ်)လိုက်ပြီး လျှောက်လွှာဖိုင်ကို အချက်အလက်တွေ အထပ်ထပ် ပြန်စစ်ပြီးရင် အောက်ဆုံးက submit ဆိုတာကို click လိုက်ပြီး၊ ပို့ရုံပါပဲ။ ဒါက တဦးချင်း လျှောက်လွှာတင်တာပါ။ မိသားစုနဲ့ တင်မယ် ဆိုရင်တော့ မိမိရဲ့ အိမ်ထောင်ဘက်နဲ့အတူ လာမယ့် နိုဝင်ဘာ (၅) ရက် နေ့မှာ အသက် (၂၁) နှစ် မပြည့်သေးတဲ့ မိမိရဲ့ သားသမီးများနဲ့ သားသမီးများရဲ့ အိမ်ထောင်ဘက်များကိုပါ လျှောက်လွှာတွဲတင်လို့ ရပါတယ်။ သူတို့တွေရဲ့ ဓာတ်ပုံတွေ ကိုလည်း သတ်မှတ်ချက်အတိုင်း ချိတ်ဆက် (attach လုပ်)လိုက်ပြီး အောက်ဆုံးက submit ဆိုတာကို click လိုက်ပြီး လျှောက်လွှာပို့ရုံပါပဲ။ ပို့ပြီးရင် ပေါ်လာတဲ့ လျှောက်လွှာလက်ခံရရှိမှု အတည်ပြုချက်ပေးတဲ့ စာမျက်နှာ confirmation page ကို၊ print ထုတ်ပြီး သိမ်းထားထို့ပါပဲ။

ခုနောက်ဆုံး ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်ပွဲမှာ လျှောက်လွှာတင်တာကို အမေရိကန်အစိုးရကို တစ်ပြားမှ မပေးရပေမယ့်  မဲပေါက်သွားရင် ငွေရေး ကြေးရေးဆိုင်ရာ ဘယ်လိုရှိတယ် ဆိုတာကို ပြီးခဲ့တဲ့ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ရဲ့ သတင်းစာရှင်းလင်းပွဲက ပြောကြားချက်နဲ့ နိဂုံးချုပ်ပါရစေ။

ဒေးဗစ် ဒါနာဟယူး။     ။ ၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲဟာလည်း ခါတိုင်းနှစ်တွေလိုပဲ အခမဲ့ ဖြစ်ပြီးတော့ အမေရိကန်အစိုးရ ကို တရားဝင်ငွေကြေး တပြားမှ ပေးစရာမလိုပါဘူး။ ဒါပေမဲ့ ၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲမှာ မဲပေါက်သူ တဦးချင်းကတော့ သက်ဆိုင်ရာ နိုင်ငံတွေက အမေရိကန်သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေမှာ ခါတိုင်းနှစ်တွေလိုပဲ ဗီဇာကြေးတွေ ပေးသွင်းရပါမယ်။ immigrant visa အခြေချ နေထိုင်ခွင့်ဗီဇာကြေး အမေရိကန်(၃၀၅) ဒေါ်လာ၊ Diversity Visa လုပ်ငန်းစဉ်ဆောင်ရွက်ခကြေး ဒေါ်လာ (၄၄၀) နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုံခြုံမှု ဆောင်ရွက်ခကြေး (၇၄) ဒေါ်လာ၊ စုစုပေါင်း (၈၁၉) ဒေါ်လာစီ မဲပေါက်သူ တဦးချင်းက ပေးသွင်းကြရပါမယ်။

၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲအတွက် သိသင့်သိထိုက်တဲ့ အရေးကြီးတဲ့ အချက်တွေကတော့ ဒါလောက်ပါပဲ ခင်ဗျာ။

Source:voa news

http://www.voanews.com/burmese/news/–10_06_11_my-news-burma—-131305014.html

Form ဖြည့်ဖို ့..ပေးထားတဲ့လင့်ခ် http://http//dvlottery.state.gov/applications.aspx ကိုသွားတာ..မအိုကေဘူး

.ကျန်သူတွေတော့မသိ…ကျနော့်ဆီမှာ..Error တက်နေ၏..

ဒါကြောင့်.ရှာကြည့်..ရင်း..ဒီလင့်ခ်.တွေ ့မိသဗျ..

http://usdvlotteryportal.com/apply-now-2/

မဟုတ်ဘူးဆို လင့်ခ် မှန်လေး ပေးခဲ့ပါဦး..။တခြားလျှောက်ချင်သူတွေရှိက အဆင်ပြေအောင်လို ့ပါ..။

 

 

 

21 comments

  • windtalker

    October 7, 2011 at 6:01 pm

    ရိုးသားစွာ ဝန်ခံရရင်
    ဒီ ဒီဗွီဖောင် ပြည့်စုံစွာတင်ပေးသည် ဆိုပြီး
    နှစ်စဉ် ဒီလိုအချိန်မျိုးမှာ
    သတင်းစာတွေထဲမှာ ကြေငြာပါတာ အမြဲဖတ်ရပါတယ်
    ကိုယ်ကတော့ ဘာများပါလိမ့်ပေါ့
    သိမှ မသိတာကိုး
    အပေါင်းအသင်းတွေထဲမလဲ ဒီလို ကိစ္စ မပြောနဲ ့
    အင်တာနက် သုံးတတ်တဲ့သူတောင် ခပ်ရှားရှားရယ်ဆိုတော့
    ကိုပေါက်ဖော် ရေးပြမှ ပဲ
    အားလုံး သိနားလည်သွားပါတယ် ဗျို ့
    ကျူးဇေး ရှဲရှဲ
    “ ဝေါ့ ရှက် သွားထု ”

    • akswe

      October 7, 2011 at 10:35 pm

      နီ ရှက်သွားထု… ငေါ် တိုင်ကယ်ချိတ်..ကပ်တီးမူးလဲ..
      မောင်ပေရေ…ဘလဲလိုက်မယ် နော် ခေါ်ပါ..ဟိုနေ့က ဂေါက်သီးနိုင်ထား တဲ့ ပုလင်း လက်ကျန်လေး ယူလာပါ့မယ်…

  • blackchaw

    October 7, 2011 at 10:24 pm

    ပေါက်ဖေါ်ကြီးရေ
    ကံစမ်းမဲပေါက်သွားခဲ့ရင်
    ပေါက်တဲ့လူမှာ ဘာတွေ အကျိုးကျေးဇူးရှိလဲဗျ။
    တချို့ ဟန်ဆောင်လက်ထပ်ပြီး ခေါ်သွားတယ်
    ဘာညာ ကြားဘူးလို့ပါ။ တကယ်မသိလို့ပါဗျာ။

    • manawphyulay

      October 8, 2011 at 5:18 pm

      ဒါက အရင်တုန်းကပါ ဘလက်ကြမ်းရေ…
      နောက်ပိုင်းသံရုံးက အရမ်းစီစစ်ပါတယ်။ တကယ်ဟုတ်မဟုတ်ရယ်… ပေါက်မှ လက်ထပ်တာလားဆိုတာတွေလည်း လုပ်လာပါတယ်။ တချို့က အင်တာဗျူးဝင်ပြီး ဂျက်သွားလို့ မသွားဖြစ်တဲ့သူတွေလည်း ဒုနဲ့ဒေးရှိပါတယ်။ မဲပေါက်ရင်လည်း ဟိုနိုင်ငံရဲ့ ထောက်ခံချက်တွေ သွားမယ့်လိပ်စာမြို့နေရာတွေ ဒုတိယဖောင်မှာ ပြန်ဖြည့်ပေးရပါတယ်။ ထောက်ခံချက်တောင်းရင်လည်း ဟိုနိုင်ငံရဲ့ တစ်နှစ်နိုင်ငံသားဖြစ်နေတဲ့သူမှသာ ထောက်ခံလို့ရပါတယ်ဆိုတာတွေလည်း ရှိပါတယ်။ ပေါက်ရင်တော့ မေးကနေ အကြောင်းကြားတာမဟုတ်ပဲ အိမ်ကို စာတိုက်ကနေ ရောက်ပါတယ်။ နောက်ဖောင်ဖြည့်ဖို့ကို တချို့က မလုပ်တတ်တော့ ဖောင်ဖြည့်တဲ့လုပ်ငန်းလုပ်ကိုင်တဲ့သူတွေ ရှိတဲ့ဆီမှာ ဖြည့်ကြတာတွေလည်း ရှိပါတယ်။ အဲဒီနောက် Second Letter ပြန်အကျကိုစောင့်ရပါတယ်။ နောက်မှ သံရုံးဝင်ဖို့ ဆက်လုပ်ရပါတယ်။ သွေးစစ်တာကလည်း နေရာ နှစ်နေရာပဲ သံရုံးက သွားစစ်ခိုင်းပါတယ်။ ပြောရတာမောလိုက်တာ… သိချင်တာတွေရှိရင် မနောကို ထပ်မေးလို့ရပါတယ်။

      • kai

        October 9, 2011 at 1:09 pm

        ပေါက်ရင်လက်ထပ်လို့ မရဘူးလား..။
        ဒါက လူ့အခွင့်အရေးပဲ..။ ပေါက်သူက..လူပျိုအပျိုဆို.. လူပဲ …လက်ထပ်ချင်ထပ်မှာပေါ့.။
        လက်ထပ်တာ.. အစစ်အမှန်ဟုတ်မဟုတ် စိစစ်ပြီး..ဟုတ်ရင်ခွင့်ပြုရမယ်ဖြစ်ကြောင်း.. အမေရိကသံရုံးအား.. ပြောချင်ပါကြောင်း…။

  • kai

    October 8, 2011 at 4:52 am

    https://www.dvlottery.state.gov/
    အဲဒီကနေ.. ဝင်တာပိုအဆင်ပြေပါလိမ့်မယ်..။

    လာကြပါခင်ဗျာ..လာကြပါ..။
    အမေရိကားမှာ. .မြန်မာစာရင်းပေါက်နေထိုင်နေကြတာ.. ၁သိန်းကျော်လေးပဲရှိပါသေးတယ်..။ 🙂

    • windtalker

      October 8, 2011 at 2:03 pm

      သူကြီးသာ
      အမှန်အကန်
      နေရေး/စားရေး/အလုပ်အကိုင်ရသည်အထိတာဝန်ယူ မယ်လို ့
      ရဲရဲကြီး ပြောလိုက်စမ်းဘာ
      ညှင်းညှင်းညှင်းညှင်း

    • ကျွန်တော် သိတာပြောရ ရင်သူ ပေးထားတဲ့ URl မှားနေတယ်။တကယ်တော့
      https://www.dvlottery.state.ကနေသွားရမှာပါ။

      Electronic Diversity Visa Lottery
      http://www.dvlottery.state.gov
      You may register for the DV program through this website from noon, Eastern Daylight Time (EDT) (GMT-4), October 4, 2011, until noon, Eastern Daylight Time (EDT) (GMT-4), November 5, 2011. Review the Diversity Visa 2013 Instructions.မတွေ ့ရတာကြာပါပီ ကိုပေါက်ဖောတို ့ရေ။လွမ်းပါတယ်ဗျာ။

    • Foreign Resident

      October 9, 2011 at 2:19 am

      By the way,
      I heard,
      It is not that easy,
      even you win this lottery ( D V Lottery )
      There is one more step, interview in Embassy &
      Generally, only rich or well educated ( up to certain professional level ) or outstandingly intelligent people were chosen. 🙁
      ( Generally naw, there can be some exceptions )

  • MaMa

    October 8, 2011 at 9:26 am

    အင်းးးးးးးးးးးး အားမနာတမ်း ပြောတတ်တဲ့လူတစ်ယောက်ကပြောတယ်။ ဒီမှာမှ အိမ်ဖော်နဲ့ အိမ်ပိုင်နဲ့ နေနိုင်သေးတယ်။ ဟိုရောက်ရင် သူများအိမ်သွား ကလေးထိန်းလုပ်မလား၊ စားပွဲထိုးလုပ်မလား၊ ကြိုက်ရာရွေးတဲ့လေ။
    သဂျီးတို့လို အောင်မြင်နေတဲ့လူတွေအတွက် ကောင်းပေမယ့်…………..
    ကိုယ့်အတွက်ကတော့ ဒီတိုင်းလေးပဲ ကောင်းပါတယ် သဂျီးရေ။

    • akswe

      October 8, 2011 at 8:45 pm

      မမ က တားကို တတ်တတ် မဲ့ ဒဲ့ဆွဲတာ…စက်ရက် လေခြင်း ( factory finished air basket)
      တားက တဂျီးတို့ ကိုကြောင်တို့ လို ဖီလိုဖီဆို ဆိုလား အဲဒါတွေမှ မတတ်တာ…
      ကာဖီလေးဖျော်တတ် အရက်ကလေး ငှဲ့တတ် လို့ကံကောင်းပြီး နိုင်ဂျံဂါးမှာ အလုပ်ရတာ….
      အဲလိုမှ မလုပ်ရင်လည်း ဗမာပြည်မှာ ကုန်းကောက်စရာတောင် ရှိတာ မဟုတ်ဘူး ဟီးဟီး…
      ဒီတော့ စားပွဲထိုးမလုပ်ရင် ဆိုက်ကားနင်းရမှာကြောက်လို့ မတတ်သာတော့လုပ်ရတာ.ပေါ့….အဟင့် ရွှတ်ရွှတ်..တူညားလိုချမ်းတာရင် ဘယ်မှတွားဘူး….
      ကလေးလဲထိမ်းတယ် ၄၅ နှစ်မှ ၆ဝ အတွင်း(ကိုယ့်ထမင်းကိုယ်စား အိမ်လခပေး မိန်းကလေး ဖြစ်ရင် ထိမ်းတယ်)…..

      • Foreign Resident

        October 9, 2011 at 2:11 am

        အဘဆွေ နှင့် Idea ချင်း ဆင်တယ် / figures သာနဲနဲကွာတယ် ။
        ကလေးလဲ ထိမ်းတယ် /
        အသက် ၁၅ နှစ်မှ ၂ဝ အတွင်း / မိန်းကလေး ဖြစ်ရင် / လှရင် ထိမ်းတယ် ။ 🙂
        မိန်းမကသာခွင့်ပြုရင် မွေး ( ပြီး ) စားဖို့အထိ စဉ်းစားထားတယ် ။ 😛

  • aungnng87

    October 8, 2011 at 2:31 pm

    အဲဒီတသိန်းကျော်စာရင်းပေါက်တဲ့မြန်မာများဟာ အဆင်ပြေပြေနေနိုင်လားလို့သိချင်ပါတယ်။ windtalker ပြောသလို ဆိုရင်တော့…..ဒို့လည်းသွားချင်တယ်။

  • we R one

    October 8, 2011 at 3:16 pm

    တို့ ကတော့ တင်ပြီးတွားပြီ.. ပေါက်ရင်တော့ windtalker ပြောတဲ့ အတိုင်းနော် သကြီး…. ငှဲငှဲငှဲ…:D

  • “ဘီလူးကြီး”ogre

    October 8, 2011 at 3:23 pm

    ကျုပ်ကတော့ အဲဒါကြီးတစ်ခါမှ
    မတင်ဘူးပဲနဲ့ မဲပေါက် မှာကိုကြောက်နေတာဗျ
    ကိုယ်တိုင်းပြည်ကိုမခွဲနိုင်ဘူး..ဒါအမှန်ပြောတာ။။။

  • windtalker

    October 8, 2011 at 7:25 pm

    ဟုတ်တယ် ကိုဘီလူး ပြောသလို ပဲ
    မခွဲနိုင်ဘူး
    အိုဗျာ..ဘယ်လောက်ပဲ ဘာတွေပဲ တိုးတက်တိုးတက်
    မြန်မာပြည်မှာ ပဲ နေမယ် ဗျို ့

  • MaMa

    October 8, 2011 at 8:23 pm

    အင်းးးးးးးးးး ပြည်ပမှာနေသူတွေကတော့ မသွားချင်ဘူး ပြောတဲ့လူတွေကို ချိစ် မစားဖူးပဲ မကြိုက်ဘူး ပြောတဲ့လူနဲ့ တူတယ်လို့တောင် ထင်နေမလား မသိဘူး။ 🙁

    • windtalker

      October 8, 2011 at 8:47 pm

      ပေါက်ဖော် ပြောသလိုပါပဲ
      ပိုက်ဆံများပေါခဲ့ရင်
      တစ်ခဏ အလည်အပတ် ရှော့ပင်းသဘောမျိုးတော့
      သေချာပေါက် ထွက်မှာ ဖြစ်ပါတယ် မမခင်ဗျား

  • ပေါက်ဖော်

    October 8, 2011 at 8:32 pm

    ဒို ့ကတော့…ခဏဆိုသွားမယ်..တစ်သက်လုံးဆိုမနေဘူး..
    ဘီယာ..ဝီစကီ..စီးကရက်..ကေတီဗွီမာဆက်..ဈေးသက်သာတဲ့ အမိပြည်ပဲ ကြိုက်တယ်..
    ကျန်တာတော့ မသိဘူး…..ဒါဘဲ..
    :mrgreen:

  • Foreign Resident

    October 9, 2011 at 2:45 am

    For your information & consideration,

    As for me, I still love Burma &
    I still want to go back & stay in Burma.
    ( ဈေးသက်သာတဲ့ အမိပြည်ပဲ ကြိုက်တယ် ) 🙂

    I saw a lots of Myanmar in Australia ( Who lived in Aussie more than 10 years )
    All of them said,
    ” You still want to go back / visit to Burma,
    because, you just arrived & live in Aussie only 2 years ( still missing ),
    After you have been in Aussie for another 2 more years,
    They are sure that I will not want to go back to Burma.
    They said they cannot tolerate hygiene, diseases, facilities & etc
    The worst is undeveloped tunnel ideologies & discrimination. ”
    All of them ( majority ) don’t want to stay, more than 2 weeks, in Burma.
    ( But, that doesn’t mean, they don’t love Burma,
    some of them sacrificed ( even risk their life / imprisonment ) a lots for Burma )

    ( သမီးလေးတွေ များတဲ့ ဈေးသက်သာတဲ့ အမိပြည်ပဲ ကြိုက်တယ် ) 😛
    ပြန်လာပါတော့မယ်ကွယ် 🙂

  • blackchaw

    October 9, 2011 at 11:15 am

    ရှင်းပြပေးတာ ကျေးဇူးပါ manawphyulay ခင်ဗျား။
    ကံလည်း တစ်ခါမှ မစမ်းဘူးပါ။
    ကံစမ်းမဲ ပေါက်တော့ မှပဲ တစ်ခါထပ်မေးပါတော့မယ်။

Leave a Reply