သိကြားသာသနာမှ ဘုရားသာသနာသို့

realmanOctober 7, 20111min32527

မြန်မာဗုဒ္ဓဘာသာဝင်တွေမှာ “သိကြားသာသနာ ရောက်နေပြီ“ဟု ပြောရိုးစကားတစ်ခုရှိခဲ့၏။ မြင့်မိုရ်တောင်ထိပ်မှ တာဝတိ ံသာရှိ သိကြားမင်းကြီးမှ သာသနာကို စောင့်ရှောက်နေသည်ဟုလည်း ယုံကြည်ကြများလည်း ရှိကြ၏။ ဂျိန်းဘာသာဝင်တွေရဲ့ စာပေတစ်ခုဖြစ်တဲ့ ကာလီဒါသလျှောက်ထုံး စာအုပ်များတွင်လည်း ဒိသိကြားသာသနာအယူအဆကို တွေ့ရပေသည်။

ဂျိန်းရဟန်းတွေ ဝိနည်းနှင့်အညီ မနေကြလို့ (သက္က) သိကြားမင်းမှ ဂျိန်းသာသနာကို စောင့်ရှောက်နေရကြောင်းကိုု ဂျိန်းစာပေတို့တွင်  “လောက သုံးပါး အရှင် ဂျိန်းဘုရားသခင် အရှင်ဘုရား၊ အရှင်ဘုရားပညတ်၍ ထားခဲ့သော ကျင့်စဉ်တရားတော်သည် အလွန်လျှင် မွန်မြတ်လှပါပေ၏။ အရှင်၏သားတော်များဖြစ်သော ရဟန်းတို့သည် အရှင်ဘုရား၏ ကျင့်စဉ် တရားကို ဦးထိပ်ထက်တွင် ဆင်မြန်းကာ ကျင့်ကြံခြင်း မရှိကြသောကြောင့် နတ်ပြည်မှ သိကြားမင်းကိုယ်တိုင်ပင် ကောင်းသူကို ကယ်၍ မကောင်းသူကို ပယ်နေရပါပြီ ဘုရား၊ “ဟု ပြောဆိုကြောင်းတွေ့ရ၏။

ဒါကြောင့် သာသနာကို (သက္က)သိကြားမင်းစောင့်ရှောက်နေသည် ဟူသော အယူအဆသည် အာသောကမင်းခေတ်လောက်တွင်မှ ဂျိန်းဘာသာမှနေ၍ ဗုဒ္ဓဘာသာသို့ ဝင်ရောနှောလာသည်ဟု သုံးသပ်ကြသူများလည်း ရှိကြခြင်းဖြစ်၏။

ဒါဆိုရင် သိကြားသာသနာနှင့် ပတ်သက်လို့ ဗုဒ္ဓဘာသာထောင့် တစ်ခုမှ ဝေဖန်ကြည့်ရမည်ဆိုလျှင် – – – – –

ဒီနေရာမှာ  “သက္က” ဆိုသည်မှာ သိကြား (သို့မဟုတ်)  အုပ်စိုးသူ ရာဇာ (သို့မဟုတ်) ရှင်ဘုရင် အစိုးရမင်းဟုလည် အဓိပ္ပါယ်များရပေ၏။ ဂျိန်း ဘာသာဝင်တို့က “သက္က”ကို ကောင်းကင်ပေါ်ကသိကြားမင်ကြီးဟု ဖွင့်ဆိုပြီး ယခု အခါ ဂျိန်းသာသနာကို”သက္က”သိကြားမင်းကြီးစောင့်ရှောက်နေသည်ဟု ယုံကြည်ကြလေ၏။

အဆိုပါ “သက္က”ကို အုပ်စိုးသူ၊ အစိုးရမင်းဟု နာလည်းကြည့်မည်ဆိုလျှင် – – – – –

ဗုဒ္ဓပွင့်တဲ့အချိန်၌ မည်သည့် အုပ်စိုးသူ၊ ရှင်ဘုရင်ရဲ့ အာဏာ အကူအညီမှ ယူစရာမလိုပဲ ဓမ္မသက်သက်ဖြင့် တရားကို အားကိုး၍  တပည့် ရဟန်းများ သာသနာပြုခဲ့တာကို တွေ့ရပေသည်။ ကိုယ့်တရားကို ကိုယ်ယုံကြည် အားကိုးကြတဲ့အခါ အုပ်စိုးသူ ရှင်ဘုရင်တွေရဲ့ အာဏာကို အားကိုးစရာမလိုပဲ မိမိတို့ ကိုယ်တိုင် (စာသိမဟုတ်) သဘောပေါက်ထားသော  တရားအယူအဆများဖြင့်သာ ဆန့်ကျင်ဘက်ဝါဒများအပေါ် လွှမ်းမိုးနိုင်ခဲ့ကြသည်မှာ ဗုဒ္ဓသာသနာ၏ ဂုဏ်ရည်တစ်ခုဖြစ်ပေသည်။

ယနေ့ခေတ်အခါ ဗုဒ္ဓဓမ္မကို ဖော်ဆောင်တဲ့အခါမှာ ကို်ယ့်တရားကို ကိုယ်အားကိုးတာထက် အုပ်စိုးသူအစိုးရ (သက္က)တို့၏ အာဏာကို အားကိုးပြီး သာသနာပြုနေကြမည်ဆိုလျှင် ဘုရားသာသနာလော၊  (သက္က) သိကြားသာသနာလော စဉ်းစားဖို့ကောင်းပေသည်။

ဗုဒ္ဓသာသနာနှစ်ပါင်း နှစ်ထောင်ကျော်ကြာဖြတ်သန်းခဲ့သည့်ကာလ အတွင်း သဘောပေါက်နားလည်မှုများ အမျိုးမျိုးဖြစ်နေကြကာ ကိုယ့်သိ တာမှ ဘုရားဟောအစစ်၊ ဒါနဲ့ မတူရင် အဓမ္မဟုဆိုကာ လုပ်ပိုင်ခွင့်ရနေကြ သော (အာဏာရတယ် ထင်နေကြသော)  ပုဂ္ဂိုလ်တစ်စု၏ လုပ်ဆာင်ချက် များသည် ဗုဒ္ဓသာသာနာ လုပ်ဆောင်ချက်လော။ (သက္က) သိကြားသာသနာ လုပ်ဆောင်ချက်လောဟု စိစစ်ဖို့လိုပေသည်။

ဓမ္မ၊ အဓမ္မများ စိစစ်တယ်ဆိုကာ စစ်ဆေးမေးမြန်းသော အခန်းကျဉ်းထဲရှိ  ပုဂ္ဂိုလ် ကိုးဦး၊ ဆယ်ဦးလောက်ခန့်ရဲ့ ဆုံးဖြက်ချက်ကိုသာ အတည်ယူ၍ တစ်ဖက်သက် ဖွင့်ဆိုချက်များဖြင့် စာအုပ်၊ စာတမ်းများ ထုတ်ဝေကာ နှိမ်နင်းနေကြခြင်းမှာလည်း ဗုဒ္ဓသာသာနာ လုပ်ဆောင်ချက် လော။ (သက္က) သိကြားသာသနာ လုပ်ဆောင်ချက်လော – – – -။

ဘုရားရှင်လက်ထက်က အယူဝါဒများ ပြောဆို၊ ဆွေးနွေးကြတဲ့အခါ မှာ ပရိသတ် ဗိုလ်ပုံအလယ်တွင် ပြောဆို၊ စစ်ဆေး၊ မေးမြန်ကြသည်ဟု တွေ့ရပေသည်။ အခန်းကျဉ်လေးထဲတွင် တစ်ဖက်သတ် စစ်ဆေး ဝေဖန်သည်ဟု မကြားရဖူးပေ။ ကိုယ့်တရား ကိုယ်ယုံကြည်တော့ ပရိသတ်အများ အလည်တွင် ရဲရဲဝံ့ဝံ့ စစ်ဆေးမေးမြန်းရဲကြပေသည်။

ဒါ့ကြောင့် နိုင်ငံကျော်ဓမ္မကထိကဆရာတော်တစ်ပါးအား ၎င်းဟောကြားသောတရားများသည် အဓမ္မများဖြစ်နေသည်ဟု (သက္က သာသနာ ဖော်ဆောင်နေသူများထံမှ) ဝေဖန်သံများ ထွက်လာသောအခါ အဆိုပါ ဓမ္မကထိကဆရာတော်မှ သူ့အား စစ်ဆေးလိုပါက အခန်းကျဉ်းလေးထဲတွင် တစ်ဖက်သတ် မစစ်ဆေးပါနှင့် media ခေတ်ဖြစ်သည့်အတွက် ပရိသတ် အများသိရအောင်၊ သံဃာအများသိရအောင်၊ ဝေဖန်လို့ရအောင် media သတင်းဌာနတစ်ခုမှ တိုက်ရိုက်အသံလွှင့်ထုတ်ပြီး စစ်ဆေးပါဟု ပြန်လည် ပြောဆိုကြောင်းလည်း ကြားသိရပေသည်။

တောင်တွင်းကြီးဆရာတော်ရှင်ဥက္ကဋ္ဌ ဖြေရှင်ခဲ့ရသည့် ကျောက်ကွင်းအရေးတော်ပုံသည်လည်း အခန်းကျဉ်းထဲတွင် တစ်ဖက်သတ် ပြုလုပ်ခဲ့ သည်မဟုတ်ပါ။ ပရိသတ် ဗိုလ်ပုံအလယ်တွင် ပုဂ္ဂိုလ်တစ်စုရဲ့ အဆုံးအဖြတ် မဟုတ်ပဲ ပရိသတ်အများရဲ့အဆုံးအဖြတ်ကို ခံယူကာ တရားဓမ္မကို ရဲရဲဝံ့ဝံ့ ဖြေရှင်းသွားကြောင်း တွေ့ရပေသည်။ ကိုယ့်တရားကို ကိုယ်ယုံကြည်ပုံရ ပေ၏။ ဒါမှသာ ဘုရားသာသနာလမ်းကြောင်း ဖြစ်ပေမည်။

ညီတော်အာနန္ဒာမှ ဗုဒ္ဓအား ပရိနိဗ္ဗာန် မစံမှီ အရှင်ဘုရား သာသနာကို ဘယ်သူအား လွှဲခဲ့မလဲဟု လျှောက်ထားခဲ့ရာ ဗုဒ္ဓမြတ်စွာက “ဘယ် ဘုန်းကြီး က ဥက္ကဋ္ဌလုပ်၊ ဘယ်ကိုယ်တော်က အကျိုးဆောင် (အတွင်းရေးမှူး) လုပ်၊ ဘယ်သူတွေက အဖွဲ့ဝင်တွေ လုပ်ပြီး အဖွဲ့ဖွဲ့ဆောင်ရွက်ကြ” ဟု မမိန့်ကြားခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓက ညီတော်အာနန္ဒာအား “ငါဘုရား သံဃာအဖွဲ့ကို ဖွဲ့ပေးခဲ့ပြီးပြီ၊ ဒီသံဃာတည်းဟူသော အဖွဲ့ကြီးမှ ဆက်လက်သာသနာပြုလိမ်မည်”ဟုသာ မိန့်ကြားခဲ့ပေသည်။ သူ့သာသနာ အား ပုဂ္ဂိုလ်တစ်ဦး၊ အစုအဖွဲ့တစ်ခုအား ဘောင်ကျဉ်းကျဉ်းလေးဖြင့် မပေးခဲ့ စေလိုသော သဘောမှာ ထင်ရှားပေသည်။ သံဃာအများအားဖြင့် အကောင် အထည်ဖော်ဆောင်မှသာ ဗုဒ္ဓသာသာနာ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားမှာ ဖြစ်ပေသည်။

၁၉၈ဝ – ခုနှစ်၊ ကာလများက တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်နေသူ ဦးနေဝင်းသည် လူတွေအား တစ်ပါတီပုံစံနဲ့ သူအုပ်ချုပ်သလို ဗုဒ္ဓရဟန်း တွေကိုလည်း သူ့လို တစ်ပါတီ (အာဏာရှင်) ဆန်ဆန်အုပ်ချုပ်စေလို၍ နဂိုကတည်းက ဗုဒ္ဓဖွဲ့စည်းပေးထားပြီးဖြစ်သော သံဃာတည်းဟူသော အဖွဲ့ကို အပေါ်မှ ထပ်မံအုပ်ချုပ်နိုင်စေရန် ဗုဒ္ဓမြတ်စွာတောင် မလုပ်ခဲ့သော သံဃာ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းသည် ဘုရားထက်တောင်ကြီး နေသလို ဖြစ်နေကြပါလားဟု ဆိုရမလို ဖြစ်နေပေ၏။ ထိုခေတ်အခါက တတ်သိနားလည်းသော အမျှော်အမြင်ရှိသော ပညာရှင်တို့က အဖွဲ့တစ်ခုပေါ်၊ နောက်ထပ် အဖွဲ့တစ်ခု ထပ်မဆင့်ဖို့ ပြောကြကြောင်းလည်း သိရပေသည်။

ဒါသည် အာဏာရှင်တစ်ပါတီ (သက္က)ရဲ့လုပ်ရပ်တွေပဲဖြစ်ပေသည်။ ဦးနေဝင်တစ်ပါတီအာဏာရှင်စနစ်သာကျဆုံးသွားတယ်၊ သံဃာအဖွဲ့အစည်းပေါ် ထပ်ဆင့်ထားသည့် ဦးနေဝင်း တည်ထောင်ပေးခဲ့တဲ့ အာဏာရှင် ဆန်ဆန် သံဃာအုပ်ချုပ်ရေးအဖွဲ့က ခြယ်လှယ်နေတုန်းပါတကား။

ဒါ ဘုရားသာသာနာလော၊ (သက္က=အုပ်စိုးသူ) သိကြားသာသနာ လော – – – – ။

ယနေ့အချိန်အခါသည် မြန်မာနိုင်ငံတော်အစိုးရအဖွဲ့အသစ်မှ ကမ္ဘာ့အလည်တွင် ဒီမိုကရေစီနိုင်ငံတော်တစ်ခုအဖြစ် ရပ်တည်ဖို့ အကောင် အထည်ဖော်ဆောင်နေတာကို တွေ့မြင်နေရပါသည်။ ဒါ့ကြောင့် ပြည်သူ တွေရဲ့မြတ်နိုးလေးစားစရာ အဆုံးအမ (သာသာနာ)ကို ဖော်ဆောင်တဲ့ အခါမှာလည်း အာဏာရှင်ဆန်ဆန် ကျင့်သုံးနေကြဦးမည်ဆိုလျှင် နိုင်ငံတော်မှ လျှောက်လှမ်းနေသည့် မူဝါဒနှင့် မကိုက်ညီပဲဖြစ်နေသလို ဗုဒ္ဓရဲ့တရားကို ငါတို့ပဲ ပိုင်တယ်၊ ငါတို့ပဲ မှန်တယ်ဆိုတဲ့ သဘောထားမျိုးတွေနဲ့ အာဏာရှင်ဆန်ဆန် သိမ်းပိုက်နေမှုဟာလည်း ဗုဒ္ဓအလိုနဲ့ ကိုက်၊ မကိုက် ဆန်းစစ်ကြဖို့ လိုပေသည်။

ဗုဒ္ဓရဲ့တရားဓမ္မကိုဖော်ဆောင်တဲ့အခါမှာ ဗုဒ္ဓဆိုလိုရင်အတိုင်းသာဖော်ဆောင်နိုင်မည်ဆိုပါက မည်သည့် အုပ်စိုးသူတို့၏ အာဏာကို အသုံးပြုစရာမလိုပဲ လူသားတွေ ငြိမ်းချမ်းအောင် လုပ်နိုင်စွမ်းရှိရပေမည်။ ဒါမှ ဗုဒ္ဓသာသနာ၊ ဘုရားသာသနာ ထွန်းကားနေသည်ဟု ခေါ်ဆိုထိုက် ပေမည်။

ဒါ့ကြောင့် ယနေ့ခေတ် သာသာနာပြုလုပ်ဆောင်ချက်များသည် (ဗုဒ္ဓ) ဘုရားသာသနာလုပ်ဆောင်ချက်လော၊ (သက္က= အုပ်စိုးသူ) သိကြား သာသာနာလုပ်ဆောင်ချက်လောဟု စိစစ်နိုင်ကြဖို့ တင်ပြရင်း သိကြားသာသနာမှ ဘုရားသာသနာအဖြစ်သို့ ရောက်အောင် တတ်သိနားလည်သူ ဗုဒ္ဓဘာသာပညာရှင်တို့ ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါကြောင်း – –  – –  – ။

27 comments

  • ကိုသစ္စာ

    October 7, 2011 at 6:23 pm

    ဒီဇာတ်လမ်းတွေက အာသောကရဲ့ အာဏာရူးသွပ်မှုက စခဲ့တာပါပဲ။

  • Nan Shin

    October 7, 2011 at 6:52 pm

    ကိုသစ္စာရဲ့ဝေဖန်မှုက မိုးပြာအသံနည်းနည်းပါနေသလားလို့။ပြီးတော့ သံဃာအစုအဖွဲ့နဲ့ အုပ်ချုပ်မှုကို
    ဦးနေဝင်းမတိုင်ခင်ကတည်းက ကျင့်သုံးခဲ့ကြပါတယ်။အဲ့ဒိလိုအုပ်ချုပ်မှုမျိုး ရှိလည်းရှိသင့်ပါတယ်။ အာဏာ
    ရှင်ရဲ့ ကြိုးဆွဲရာကနေရတဲ့ ရုပ်သေးသံဃာကြီးများမဖြစ်ဖို့ပဲ လိုအပ်ပါတယ်။

  • mggwa

    October 8, 2011 at 6:31 pm

    မိုးပြာကို တော်တော်ကြောက်နေကြပုံရတယ်နော်။ MG ထဲမှာ မြန်မာထေရဝါဒကို ဝေဖန်တိုင်း မိုးပြားလို့ပဲ ထင်နေကြလို့။ ကိုသစ္စာက ပြာလား၊ နီလားတော ့မသိဘူး။ မောင်ဂွတို့ကတော့ အပြာလည်း မစွဲဘူး၊ အနီလည်း မစွဲဘူး၊ ပုံစံမကျတဲ့ဘက်ကို ဝင်ဂွကျရမှာပဲ။
    ဗုဒ္ဓဘုရားက သူ့သံဃအဖွဲ့ကို ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့ကိုမှ မလွှဲခဲ့ဘူးဆိုတဲ့သဘောကို ဒီဃနိကာယ်၊ သုတ်မဟာဝါ၊ မဟာပရိနိဗ္ဗာနသုတ်မှာ သေသေချာချာ ဟောခဲ့တယ်လေ။ နောက်ထပ်ပြီး ဒေဝဒတ်က သံဃာတွေအပေါ်ခြယ်လှယ်၊ အုပ်ချုပ်ချင်လို့ သူအုပ်ချုပ်ခွင့်တောင်းတာကို ဘုရားခွင့်ပြုခဲ့လို့လား။ ဒါဆိုရင် အခု realman ရေးသလို ဦးနေဝင်း တည်ထောင်ပေးခဲ့တဲ့ အာဏာရှင် ဆန်ဆန် သံဃာအုပ်ချုပ်ရေး (မဟန) အဖွဲ့ဟာ ဗုဒ္ဓအလိုကျလား၊ ဒေဝဒတ် အလိုလားဆိုတာ စဉ်းစားတတ်သူတိုင်း သိနိုင်ပါတယ်လေ။ သမိုင်းကို ပြန်လေ့လာကြည့် အာသောကတင်မက မင်းတုန်းအလည် ဦးနေဝင်းအဆုံး သံဃာကို အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံဆိုပြီး အုပ်စုကွဲအောင်လုပ်ခဲ့တာ။ ဒါပေမယ့် အခုကတော့ ဒါတွေဟာ ဒိတ်အောက်သွားပါပြီ။ နိုင်ငံတော်ကိုယ်တိုင်က ဘာသာရေးလွတ်လပ်ခွင့်တွေနဲ့ ဒီမိုကရေစီကို သွားမယ့်လမ်းကြောင်းကို ပြင်နေပြီလေ။ အချိန်တန်ရင် (မဟန) အုပ်ချုပ်ခြယ်လှယ်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ ပုဂံခေတ်အရည်းတွေလို ဇာတ်သိမ်းရတော့မလားဆိုတာ သမိုင်းက အဖြေပေးပါလိမ့်မယ်။

  • မှော်ဆရာ

    October 8, 2011 at 9:19 pm

    နိုင်ငံတော် သံဃ နာယက တော့ မသိဘူးဗျာ
    မြို့နယ် သံဃနာယက ကတော့ လိုကို လိုတယ်
    မြို့နယ်သံဃနာယက ဆိုတာ မြို့နယ်မှာ ထေကြီးဝါကြီး စာတတ်ပေတတ်လို့ သံဃာတော်တွေ ယူဆထားတဲ့ ဘုန်းတော်ကြီးတွေကိုမှ သံဃနာယက တင်မြှောက်ထားတာ
    အများကြီး သာသနာတော်ကို ချီးမြှောက်နှိုင်ကြတယ် ။
    မြို့နယ်တွင်း ဘုန်းကြီးတစ်ပါးပါး အပြူအမူတွေ မလျှော်ကန်ဘူးယူဆရင် အစည်းအဝေးခေါ်ပြီးတော့ကို အရေးယူတယ်။ သိပ်ဆိုးလွန်းရင် လူဝတ်ကို လဲခိုင်းတာ။
    အစိုးရဘက်ကို ပင်းတယ်မပြောနဲ့ ။ တို့မြို့မှာ တရားပွဲလုပ်ဖို့ ဘုန်းတော်ကြီးပင့်လာတဲ့ ယဉ်တန်း ၊ တိုင်းမှုးခရီးစဉ်နဲ့ လမ်းမှာ သွားဆုံလို့ မော်တော်ပီကယ်က လမ်းဘေးချရပ်ခိုင်းတာ သံဃနာယက ဥက္ကဌကိုယ်တိုင်ရှေ့ထွက်လာပြီး မင်းတို့က ရပ်ရမှာလား ငါတို့က ရပ်ရမှာလားဆိုပြီး ချဲလင်းလုပ်လို့ တိုင်းမှုးတောင် လမ်းဘေးချ ရပ်ပေးနေရတယ်။
    ဒါကြောင့် သံဃနာယကဆိုတာ လိုကိုလိုတယ်။

    • kai

      October 9, 2011 at 1:39 am

      အဲဒီ တိုင်းမှုးနဲ့..ဘုန်းကြီး..ပါဝါပြိုင်တာမှာ.. တိုင်းမှုးက လမ်းဘေးချပေးရတဲ့အကြောင်း.. ပိုပြီး.. အသေးစိတ် သိချင်မိပါတယ်.။
      နာမယ်နဲ့ တပ်ရေးနိုင်ရင်.. သိပ်ကောင်းမှာပဲ..
      မြန်မာ့သမိုင်းမှာ.. ကျန်ရစ်ကြီးဖြစ်ချင်လို့ပါ…။

      • ကြောင်ကြီး

        October 9, 2011 at 1:46 pm

        အဲဒီတိုင်းမှူးက ဗိုလ်ချုပ်ကြောင်ကြီးပါ။ သူကာချုပ်မဖြစ်ခင်တုန်းက ဖြစ်ခဲ့တာပါ။ ဘာသာတရား ကိုင်းရှိုင်းပြီး တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာစောင့်သိရိုသေတဲ့ စစ်သားကောင်းကြီးတယောက် ဖြစ်ပါတယ်ခင်ဗျာ။။။ 😎

  • mgmglusoe

    October 9, 2011 at 1:57 am

    ကျနော် တို့ မြို့မှာတော့ အလောင်းအစား ထူပြောတဲ့ သံဃာတစ်ပါးရှိလေရဲ့ဗျာ..။
    ဘောပွဲလည်း လောင်းသလား မမေးပါနဲ့..။
    ဘုရားပွဲ တွေမှာ ရှိတတ်တဲ့ ခြောက်ကောင် လောင်းကစားနည်းမျိုး ကိုလည်း
    မိုးလင်းပေါက် ကျကျနန ထိုင်ပြီး လောင်းကစား လုပ်တော့တာပါပဲ…။
    မြို့နယ် သံဃနာယက ဆရာတော်ကြီးများကလဲ အရေးမယူလေတော့
    ဒီအတိုင်းပဲ တွေ့ရ မြင်ရ စိတ်ဆင်းရဲ နေရတာပေါ့ဗျာ…။
    သံဃာ ကို ပြစ်မှား မိတဲ့ အပြစ်အကျိုး ကျရောက်မှာလည်း စိုးကြောက်မိပါရဲ့…။

    • shwemyintin

      October 10, 2011 at 3:24 pm

      မောင်မောင်လူဆိုးရေ သံဃာဆိုတာ လူကို အဝါရောင်သင်္ကန်းဝတ်ဆင်၊ ကတုံးတုံးလိုက်တာနဲ့ သံဃာမဟုတ်ပါဘူး။ သိမ်ဝင်၊ ကမ္မဝါစာ ဖတ်လိုက်ရုံနဲ့လည်း မပြီးပါဘူး။
      သံဃာဆိုတာ မြန်မာလိုသိရသလောက်တော့ အဖွဲ့ပါပဲ။ ဘာအဖွဲ့လည်းဆိုရင် ဓမ္မဝန်ထမ်းအဖွဲ့ပါ။ ဒီလိုဆိုရင် အဖွဲ့ဝင်တို့၏ တာဝန်မှာ ဓမ္မဝန်ထမ်းရမည့် တာဝန်ပါ။ ဒီလိုမဟုတ်ပါဘဲ မောင်လူဆိုးတို့မြို့က သူလို ဓမ္မတာဝန်မထမ်းဆောင်ပဲ အခြားတာဝန်များနဲ့ နပမ်းလုံးနေသူကတော့ အဖွဲ့ဝင်အမည်ခံပြီး နေသူပဲ ဖြစ်ပါတယ်။ ဒီလိုပြောတာ မောင်မောင်လူဆိုးရဲ့ ဝေဖန်ပိုင်းခြားစိစစ်နိုင်မှုစွမ်းရည် မြင့်တက်စေခြင်လို့ပါ။

      ဝေဖန်ပိုင်းခြားစိစစ်လက်ခံနိုင်မှုစွမ်းရည် မြင့်တက်ပါစေ။

  • avatar

    October 9, 2011 at 3:07 am

    သံဃာ တော်တွေနဲ့ပါတ်သက်လာခဲ့ရင် ကြောက်မိပါတယ်
    သံဃာ တော်တွေကို ဂိုဏ်းကွဲအောင် ပြုသူ သွားရာလမ်းက အဝီဇိ ပါတဲ့
    သံဃာ တော်တွေကိစ္စကို သံဃနာယက တွေနဲ့ဘဲ ညှိနှိုင်းဆောင်ရွက်သင့်ပါကြောင်း

  • shwemyintin

    October 10, 2011 at 3:16 pm

    သံဃာထုအတွင်းမှာလည်း သံဃာအစစ်နဲ့ သံဃာအယောင်ဆောင်တွေရှိမှာအမှန်ဘဲ။
    ဘုရားလက်ထက်တော်အချိန်မှာတောင် ရှိသေးတာပဲ။ နှစ်ပေါင်း ၂၅၀ဝကျော်ခဲ့ပြီဆိုတော့ ဒီနေ့အချိန် ကမ္ဘာနဲ့ချီပြီးပြောရင် အစစ်နဲ့အတု အတုကတောင်များနေမလားဘဲ။ ဒီလိုပြောတာ သံဃာအစစ်များအဖို့ အင်မတန်နစ်နာလို့ပြောတာပါ။ ဘုရားရှင် လွန်တော်မူသည်ကိုပင် ဝမ်းသာစွာဖြင့် ရှင်ကြီးဂေါတမ မရှိတော့ ပိုတောင်ကောင်းသေး၊ ငါတို့သံဃာ စည်းကမ်းတွေလျော့သွားတာပေါ့ဆိုပြီး ပြောတဲ့ ရဟန်းတစ်ပါးရှိခဲ့ဘူးပါတယ်။ ဒါ ဥပမာပါ။ ဘုရားနဲ့ဝေး၊ တရားနဲ့ပါဝေးဆိုတော့ သံဃာထု မစည်းလုံးခြင်းကြောင့် ဓမ္မစက်ဟာ အာဏာစက်အောက်ရောက်ခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။ ဒီနေ့ ကမ္ဘာသံဃာထုအတော်များများသည် အာဏာစက်ဖြင့် အုပ်ချုပ်ထားခြင်းကြောင့်သာ ဒီလောက်စည်းရုံးနေတယ်လို့ ပြောရမှာပါ။ သို့ပေမယ့် သံဃာထုကတော့ မိမိတို့ကို အုပ်ချုပ်ထားသော အာဏာစက်ဥပဒေကို ထောက်ခံ၊ ကန့်ကွက်ပိုင်ခွင့်မရှိတာတော့ အသေအချာပါဘဲ။

  • mggwa

    October 10, 2011 at 6:03 pm

    ကမ္ဘာသံဃာထုအတော်များများသည် အာဏာစက်ဖြင့် အုပ်ချုပ်ထားခြင်းကြောင့်သာ ဒီလောက်စည်းရုံးနေတယ်လို့ ပြောရမှာပဲဆိုတာ ဒေဝဒတ်အလို စည်းရုံးအုပ်ချုပ်မှုပါပဲ။ ဒေဝဒတ်က ရဟန်းတွေကို အုပ်ချုပ်ခွင့် တောင်းခဲ့တာ ဗုဒ္ဓက ဒေဝဒတ်ကို မပြောနဲ့ ရှင်သာရိပုတ္တရာတောင် ပေးခဲ့လို့လား စဉ်းစားကြည့် ။
    သူမရှိတော့ရင် သံဃာတွေ ထေရ်စဉ်ဝါစဉ်အလိုက် အပြန်အလှန်လေးစားကြပြီး စည်းစည်းလုံးလုံနေရစ်ဖို့ သဘောပဲပြောသွားတာ။
    ဒါကြောင့် ဗုဒ္ဓရဲ့သံဃာအဖွဲ့ဟာ သံဃာကို အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံဆိုပြီး သီးသန့် ရှိဖို့ မလိုအပ်ဘူး လို့ ဆိုပါရစေ။ သံဃာတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ရိုသေ၊ လေးစား၊ နာယူထိုက်အောင် သီတင်းသုံးနေတဲ့ မထေရ်တွေရဲ့ အဆုံးအမနဲ့ပဲ နေထိုင်ရမှာ။ အာဏာနဲ့ အုပ်ချုပ်ရမှာမဟုတ်ဘူး။ ဩဇာနဲ့ ထိန်းသိမ်းရမှာလို့ ဆရာလုပ်လိုက်လိုက်ပါရစေ။
    ကိုယ့်စကားလိုက်နာစေချင်ရင် ကိုယ်က ဩဇာရှိအောင်နေကြပေါ့။ ကိုယ်ကတော့ ဩဇာရှိအောင် မနေဘူး။ စကားနားမထောင်တော့ အတင်းအာဏာနဲ့ ဖမ်းဟယ်၊ ဆီးဟယ်၊ အတင်းလူဝတ်လဲခိုင်တွေလုပ်နေကြတာ ငါတို့ ဩဇာရှိအောင် အနေအထိုင် အကျင့်မကောင်းလို့ပဲလို့ သံဃာကို အုပ်ချုပ်လိုသူများ သဘောပေါက်ဖို့ ဂွကျလိုက်တယ်ဗျာ။

  • naywoonni

    October 10, 2011 at 6:46 pm

    အင်တာနက်ဆိုင်လာပြီး ဆက်ဆီဆိုဒ်ဝင်နေတဲ့ ………..တွေ။ ဆက်ဆီကားလာကြည့်နေတဲ့………တွေ ။ လူငယ်တွေနဲ့ အပြိုင် ဂျီတော့ဝင် ချက်တင်ထိုင်နေတဲ့……….. တွေ..။ နယ်မြို့တွေမှာတောင် တိုးတက်ကုန်ပြီ..။ သကြား ဗြဟ္မာ ကိုးကွယ်တာ ဗုဒ္ဓဘာသာ မဟုတ်ပါ..။ အဲဒိတော့ ဗုဒ္ဓဘာသာ ဆိုရင် အဲဒိလို ပြောစရာမလိုပါ..။ အတုယောင် အရောအနှော သမားတွေက ပြောနေတာ… အစစ် အမှန်သမားက မကြားချင်ရင် ဟိုဘက်ရှောင်သွားရုံပေါ့…။

  • mggwa

    January 29, 2012 at 10:55 am

    ဝါဝါမြင်တိုင်း ရွှေအစစ်လို့ မထင်လိုက်ပါနဲ့ ကိုယ့်လူရေ။
    ဘုရားမှတ်လို့ ရှင်ကြီးတွေကို ကိုးကွယ်နေတာ ၊
    ဖွတ်ထွက်ပါမှ တောင်ပို့မှန်းသိ။
    ယနေ့ခေတ်မှာ ဖွတ်တွေအရမ်းပေါနေပါသည်။
    တကယ့်ရွှေအစစ်ကို တွေ့ဖို့လိုပြီ။

  • မိုးတိမ်

    June 2, 2012 at 3:12 am

    ပါးပါးလေးနဲ့ ပုတ်တတ်ပါပေ့(realman)တစ်ကယ့်ကောင်ရေ။
    မောင်ဂွခင်ဗျားလဲ အဝီစိက ကြိုဆိုပါသတဲ့။
    နည်းမျိုးစုံနဲ့ ဗုဒ္ဓဘာသာ ကိုဘာကြောင့် ဒီလောက်တောင်ဖျက်ဆီးချင်ရတာလဲဗျာ။

    • realman

      June 3, 2012 at 1:37 pm

      နည်းမျိုးစုံနဲ့ ဗုဒ္ဓဘာသာဖျက်ဆီးခံခဲ့ရတာ အသောကလက်ထက်ကပါ ဆိုချင်ပါတယ်။
      အာသောကက သူလုပ်ခဲ့သော လူသတ်ရက်စက်မှုတွေအတွက် ပြည်သူတွေက သူ့ကို ပြန်လက်တုန့်ပြန်မှာစိုးလို့ ဗုဒ္ဓတရားတော်တွေထဲကို အရင်ဘဝက ကံတွေအကျိုးပေးနေတာဆိုတဲ့
      ဂျိန်းတွေရဲ့ ဒဿနနဲ့ ရောမွှေခဲ့တာ အသောကဘုရင်ပါ။
      ဘုရင်အလိုကျလုပ်ပေးခဲ့တာ မောဂ္ဂလိပုတ္တတိဿဆိုတဲ့ ဘုန်းကြီးပဲလို့လည်း တွေ့ရပါတယ်။

      ဒါမှ ပြည်သူတွေက သူတို့ အနှိက်စက်ခံနေရတာ အသောကဘုရင်ကြောင့် မဟုတ်ဘူး။ သူတို့အရင်ဘဝတွေက လုပ်ခဲ့တဲ့ကံတွေက အကျိုးပေးနေတာဆိုပြီး ယုံကြည်သွားကြတော့ အသောက ထွက်ပေါက်ရသွားတာပေါ့လို့ ပြောချင်ပါတယ်။

      အရင်ဘဝက ကံတွေအကျိုးပေးနေတာဆိုတဲ့
      ဂျိန်းတွေရဲ့ ဒဿနဟာ အသောကလို အာဏာရှင် ရှင်ဘုရင်တွေအကြိုက်ပါပဲ။
      ဒါမှ လူတွေကို သူတို့ လုပ်ချင်သလိုလုပ်လို့ရမှာကို။

      အဲဒီ အရင်ဘဝက ကံတွေအကျိုးပေးနေတာဆိုတဲ့
      ဂျိန်းတွေရဲ့ ဒဿနဟာ ယနေ့အထိ ဗုဒ္ဓတရားတော်တွေထဲမှာကို ရောမွှေပြီး ဖျက်ဆီးနေတာကို အဖြစ်မှန်ပြန်ဖော်ထုတ်နေခြင်းဖြစ်ပါသည်။

      • မိုးတိမ်

        June 3, 2012 at 4:56 pm

        အင်းအခုမှပြန်ဝင်ဖတ်ဖြစ်လို့၊မနေနှိုင်တော့လဲ ရှင်းရဦးမှာပေါ့ဗျာ။

        အာသောကဘုရင်ကြီးဟာ ထေရဝါဒကိုအားပေးပြီး သာသနာပြုဘုရင်ဆိုတာ
        ခလေးတောင်သိပါတယ်ဗျာ။နောက်ဆုံး ဗုဒ္ဓဂါယာကို ခဏခဏသွားလွန်းတော့ သူ့မိဖုရားကြီးက ဗောဓိပင်ကိုပါခုတ်ခိုင်းခဲ့တယ်။သူရှိတုန်းတောင် အဲလိုဖြစ်ရင်ဆိုတဲ့ အတွေးနဲ့ သာသနာကို ထွန်းကားအောင်ဆောင်ရွက်ခဲ့တာ၊ ဗုဒ္ဓဂါယာမှာကျောက်ဖျာကြီးထားခဲ့တာ ခင်ဗျားတစ်ယောက်ပဲမသိတာလားမသိချင်ယောင်ဆောင်တာလား။ဖျက်ဆီးချင်တာလား။
        တစ်ခုခုပဲ။ကိုယ့်ဘာသာသိပါဗျာ။

        ဂျိန်းဘာသာနဲ့ ဗုဒ္ဓဘာသာကလဲဘာမှမဆိုင်ပါဘူးဗျာ။
        မဟာဝီရဆိုတာဂျိန်းဘာသာစတင်ထူထောင်ခဲ့သူပါ။နောက်ဆုံးဘယ်လိုဇာတ်သိမ်းခဲ့ရတာလဲ
        ဆိုတာလူတိုင်း(စာဖတ်သူတိုင်း)သိပါတယ်။ဗုဒ္ဓဘာသာက ဂျိန်းဘာသာဆီကပဲ ခိုးထားသလိုတော့ မဟုတ်တာမရေးပါနဲ့။တစ်ခုမှ အခြေအမြစ်မရှိတဲ့ ခင်ဗျားရဲ ့
        အရှက်မရှိကော်မန့်ကို လုံးဝဆန့်ကျင်တယ်။ဗုဒ္ဓဘာသာယောင်ဆောင်ပြီး မဖျက်ဆီးပါနဲ့။
        ရေးချင်ရင် ခင်ဗျားကိုးကွယ်တဲ့ ဘာသာအကြောင်း အခြားခေါင်းစဉ်တပ်ပြီးရေးပါ။
        အားပေးဆိုအားပေးပါ့မယ်ဗျာ။သူများဘာသာတော့ မစော်ကားပါနဲ့။

  • nigimi77

    June 2, 2012 at 9:30 am

    အင်း…အင်း……

    ငရဲနဲ ့ ခြောက် …ဘုံ နဲ ့ မြှောက်နေတာ လူကြီးတွေလို ့ ထင်ထားတာ

    သေချာကြည့်တော့ ထေရဝါဒ ယုံကြည်ကိုးကွယ်သူ အမည်ခံ

    လူငယ် နာဇီ လက်သစ်တွေကိုး

  • မိုးတိမ်

    June 2, 2012 at 12:51 pm

    nigimi77 သို့…
    သယ်ရင်း ငါ့ကို ဇီယွန်ဝါဒီပြောလိုက်၊နာဇီလက်သစ်ပြောလိုက်နဲ့ ဘာကြီးလဲကွာ။
    ငါက မိုးပြာကိုမထောက်ခံတဲ့ ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ပါကွာ။။
    ဗုဒ္ဓဘာသာအမည်ခံတွေဆို မင်းတို့သိပ်ကြိုက်တာပေါ့။ဖျက်ဆီးရလွယ်သကိုး။
    ငါတို့လို မခံနှိုင်လို့ဝင်ပြောတော့ ပုဒ်မအမျိုးမျိုးတတ်တယ်။
    တော်ပါပြီကွာ ကိုယ့်အကြောင်းကိုယ်သိ၊တစ်ခုတော့ပြောလိုက်မယ်၊ မင်းထက်တော့ အဆင့်မနိမ့်ဘူး။

  • Ko out of...

    June 2, 2012 at 2:28 pm

    အဏာရှင်ဘုန်းကြီးတွေ နေရာရနေသရွှေ့ မြန်မာပြည် မတိုးတက်နိုင်သေးဘူး..ဒါကြောင့် realman ရေ

    သူတို့လုပ်ပုံ မဟုတ်တာကို လူတွေသိမှာကြောက်လို့ အမျိုးမျိုး ခြိမ်းခြောက်နေတာ…

    သဘောတရား တခုကို သူများဖျက်လို့ပျက်နေသေးရင် မခိုင်သေးလို့ဘဲ…

    Realman ဒီလိုရေးတာ အပြစ်မဟုတ်ပါကြောင်းနှင့် မတရားမှုကို ဖေါ်ထုတ်တာဖြစ်တဲ့ အတွက် အပြည့်
    အဝထောက်ခံပါကြောင်း…

  • ထာဝရ

    June 2, 2012 at 10:50 pm

    ယခုမြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာမှာ လူအုပ်ချုပ်သူအစိုးရအာဏာ ဝင်ပါနေတာကိုက
    ဘာသာရေးက ဘာသာရေးပုံစံမဟုတ်ပဲ
    အာဏာရှင် ပုံစံလိုမျိုးဖြစ်နေပါတယ်။

    ဗုဒ္ဓဘာသာကို လူအုပ်ချုပ်သူ အစိုးရအာဏာမပါဝင်တဲ့
    ဘာသာရေးပုံစံသီးသန့်နဲ့ သန့်သန့်ရှင်ရှင်းပဲ ရပ်တည်သင့်ပါတယ်။

  • kai

    June 3, 2012 at 4:09 pm

    အခု.. ဘုရားသာသနာလည်းမဟုတ်.. သိကြားသာသနာလည်းမဟုတ်.. ဦးဂိုအင်ဂါသာသနာ.. အဲ..အဲ.. ဝိပဿနာသာသနာတဲ့..

    အသစ်ဟေ့..။ :mrgreen:

  • မိုးတိမ်

    June 3, 2012 at 4:59 pm

    မကျေနပ်လို့ ထပ်တင်တာ။

    အင်းအခုမှပြန်ဝင်ဖတ်ဖြစ်လို့၊မနေနှိုင်တော့လဲ ရှင်းရဦးမှာပေါ့ဗျာ။

    အာသောကဘုရင်ကြီးဟာ ထေရဝါဒကိုအားပေးပြီး သာသနာပြုဘုရင်ဆိုတာ
    ခလေးတောင်သိပါတယ်ဗျာ။နောက်ဆုံး ဗုဒ္ဓဂါယာကို ခဏခဏသွားလွန်းတော့ သူ့မိဖုရားကြီးက ဗောဓိပင်ကိုပါခုတ်ခိုင်းခဲ့တယ်။သူရှိတုန်းတောင် အဲလိုဖြစ်ရင်ဆိုတဲ့ အတွေးနဲ့ သာသနာကို ထွန်းကားအောင်ဆောင်ရွက်ခဲ့တာ၊ ဗုဒ္ဓဂါယာမှာကျောက်ဖျာကြီးထားခဲ့တာ ခင်ဗျားတစ်ယောက်ပဲမသိတာလားမသိချင်ယောင်ဆောင်တာလား။ဖျက်ဆီးချင်တာလား။
    တစ်ခုခုပဲ။ကိုယ့်ဘာသာသိပါဗျာ။

    ဂျိန်းဘာသာနဲ့ ဗုဒ္ဓဘာသာကလဲဘာမှမဆိုင်ပါဘူးဗျာ။
    မဟာဝီရဆိုတာဂျိန်းဘာသာစတင်ထူထောင်ခဲ့သူပါ။နောက်ဆုံးဘယ်လိုဇာတ်သိမ်းခဲ့ရတာလဲ
    ဆိုတာလူတိုင်း(စာဖတ်သူတိုင်း)သိပါတယ်။ဗုဒ္ဓဘာသာက ဂျိန်းဘာသာဆီကပဲ ခိုးထားသလိုတော့ မဟုတ်တာမရေးပါနဲ့။တစ်ခုမှ အခြေအမြစ်မရှိတဲ့ ခင်ဗျားရဲ ့
    အရှက်မရှိကော်မန့်ကို လုံးဝဆန့်ကျင်တယ်။ဗုဒ္ဓဘာသာယောင်ဆောင်ပြီး မဖျက်ဆီးပါနဲ့။
    ရေးချင်ရင် ခင်ဗျားကိုးကွယ်တဲ့ ဘာသာအကြောင်း အခြားခေါင်းစဉ်တပ်ပြီးရေးပါ။
    အားပေးဆိုအားပေးပါ့မယ်ဗျာ။သူများဘာသာတော့ မစော်ကားပါနဲ့။

  • realman

    June 3, 2012 at 11:37 pm

    မိုးတိမ်သိထားတဲ့ အသောကသမိုင်းက ဦးသန်းရွှေအကြောင်းကို ကြံ့ခိုင်ရေးပါတီက အကောင်းတွေရေးထားတဲ့ သမိုင်းပါ။
    ဗုဒ္ဓတရားတွေထဲကို ဂျိန်းတရားတွေ ရောနှောနေလို့ ပြန်သန့်စင်လိုတဲ့ ဥပဂုတ္တမထေရ်ဆိုတဲ့ ရဟန်းကို အသောကက ပြည်နှင်ပစ်လိုက်တဲ့သမိုင်းတွေ၊

    အရင်ဘဝက ကံတွေအကျိုးပေးနေတာဆိုတဲ့ ဂျိန်းတွေရဲ့ ဒဿနအရောကို မင်းအလိုလိုက် မင်းအကြိုက်လုပ်ကာ ဗုဒ္ဓဘုရားပဲ ဟောခဲ့သလို အတည်ပြုပေးခဲ့တဲ့ မောဂ္ဂလိပုတ္တတိဿဆိုတဲ့ ဘုန်းကြီးကို မြှောက်စားခဲ့တာတွေ၊

    ပြည်သူတွေအပေါ် သူ (အသောက)ရက်စက်ခဲ့တဲ့ အပြစ်တွေကို ဖုံးဖိနိုင်ဖို့ နိုင်ငံရေးဆိုက်ဝါးအနေနဲ့ ဗုဒ္ဓဘာသာကို အသုံးချခဲ့တာတွေ၊

    အသောကရဲ့ ဘာသာရေးတလွဲအသုံးချခဲ့မှုတွေကြောင့် ဗုဒ္ဓဘာသာပါ အမြင်ကပ်ခြင်း ခံခဲ့ရပြီး နောက်တတ်လာတဲ့ မင်းက ဗုဒ္ဓဘာသာကို ဖျက်ဆီးလို့ အိန္ဒိယမှာဗုဒ္ဓဘာသာကွယ်ရတာဟာ
    အသောကရဲ့ ဘာသာရေးအလွဲအသုံးချခဲ့မှုတွေကြောင့်ပါပဲဆိုတဲ့ သမိုင်းတွေနဲ့ နှိုင်းယှဉ်နားလည်ကြည့်ဦးပေါ့ မိုးတိမ်၊

    “ကိုယ့်သမီး ကိုယ်ချောလုပ်တာဟာ အလွန်ကို အမြင်ကျဉ်းပါတယ်”

  • မိုးတိမ်

    June 4, 2012 at 12:24 am

    ရှင်းရပြန်မပေါ့ဗျာ
    ခင်ဗျားတို့လို ပူးသတ်နေတဲ့ သူတွေအတွက်။

    အာသောက အရင် ဗုဒ္ဓဘာဘာသာမဖြစ်ခင်တုန်းကရက်စက်ခဲ့တာမှန်ပါတယ်။
    သူ့တူ နိဂြောဓသာမဏေနဲ့ တွေ့ပြီးနောက်မှာ လူသတ်တဲ့စစ်ပွဲတွေ အကုန်ရပ်ခိုင်းခဲ့ပါတယ်။
    ဘုရားသာသနာကို အဲမှာစပြုတယ်။နိူင်ငံမှာ မင်းပြောသလို (ဆိုဒ်ဝါး) psychology warfare
    သုံးရအောင် အမတ်တွေ၊မိဘုရားတွေက ဗုဒ္ဓဘာသာလို့ထင်သလား။

    မဟာဝီရခွေးသေ၊ဝက်သေ သေရတာသိလားကွ။
    တစ်ခြားစီပဲ မင်းပြောတဲ့ ဂျိန်းဆိုတာ ဂျိနကလာတာ။
    ဘာလဲဆိုတာသေသေချာချာဖတ်။

    ထပ်ပြောမယ် ရွာဆူမှာစိုးရိမ်လို့ လင့် မပေးတော့ဘူး။
    ဗုဒ္ဓဘာသာကို ဘယ်ကောင်တွေဖျက်ဆီးခဲ့တာလဲ။
    အာဖဂန်၊အီရန်၊အီရတ်၊ဆော်ဒီ၊ထိုင်း၊မလေး၊အင်ဒို ……………..
    အရင်က အဲနိုင်ငံတွေက ဘယ်ဘာသာဝင်တွေထင်လဲကွ
    မြန်မာတော့ အပါမခံနှိုင်ဘူး။ဒါကြောင့်ငါခံ တိုက်တာကွ။
    ခွေးမသားတွေ မင်းတို့ နယ်ချဲ ့ခဲ့တာများနေပြီ။
    ဘာလဲ တစ်ကမ္ဘာလုံးလုပ်ချင်တာလားဟ။
    ငါတို့ကောင်လို စိတ်ဓါတ်ရှိတဲ့ကောင်တွေအရင်သတ်နှိုင်အောင်လုပ်ကြည့်လေ။

  • မိုးတိမ်

    June 4, 2012 at 12:31 am

    မင်းကအမြင်ကျဉ်းတယ်ပြောရအောင် ငါကဗုဒ္ဓဂါယာတောင် ရောက်ခဲ့တယ်ဆိုရင် သဘောပေါက်။
    မင်းထက်တော့ အမြင်ကျယ်တယ်နော်။အူကြောင်ကြောင်လာမပြောပါနဲ့။

  • မိုးတိမ်

    July 15, 2012 at 8:49 pm

    တစ်ခုသာမေးချင်ပါသည်။
    mggwa၊realman၊nigimi77၊Ko out of… နဲ့ သူကြီးသည်မည်သည့်ဘာသာကိုးကွယ်ပါသလဲ။
    ကြိုက်ရာကိုးကွယ်ခွင့်ရှိပါသည်။ စော်ကားဖျက်ဆီးခြင်းတော့ မလုပ်သင့်ပါ။
    ကျွန်တော်သည် မကြိုက်ပါက မကြိုက်ကြောင်းပြောသော်လည်း မစော်ကားပါ။
    ယ္ခုအခါတွင် လွန်လာသောကြောင့် ဝင်ပြီးအမုန်းခံရဲပါသည်။

    • kai

      July 16, 2012 at 3:11 am

      ကိုရင်မိုးတိမ်ရဲ့..အတွေးအခေါ်… ရေးတာတွေလေးစားကြိုက်နှစ်သက်ပါတယ်..
      တခုပဲ..
      ထစ်ဆို.. အရောင်ဆိုး..တဆိပ်ကပ်တာလေး.. ဖျောက်စေချင်သဗျာ..
      သတိထားမိနေတာ.. တော်တော်ကြာပြီ..။ လူတော်တော်များများနဲ့..
      … ကျုပ်ကို.. မူဆလင်လုပ်ပေးလိုက်..။ မိုးပြာလုပ်ချလိုက်နဲ့လုပ်နေပြီး.. အခုက.. တည့်တည့်မေးလာသမို့.. ပြောရတာပါ..

      စာပါအတွေးအခေါ်.. အယူအဆတွေနဲ့ပဲ.. ပြောကြညှိကြ..ဆွေးနွေးကြတာပေါ့..
      အင်တာနက်က.. တကယ်ရှိတဲ့လောကမှ မဟုတ်တာပဲ..
      ဒီထဲ..တချို့ရွာသူားတွေဆို.. အေလီယန်က.. ဝင်ပြီးရေးနေတာဖြစ်ချင်ဖြစ်မှာလေ.. :mrgreen:

      တခါတလေ.. ကျုပ်လည်းပဲ.. တရားထိုင်ရင်း. ဟိမဝန္တာတောင်.. သိန္တာတောင်စွယ်ပေါ်က.. မဟာဂန္ဓာရီဘိုးတော်သောံတိတ္တာရဲ့.. စိတ်ကိုထုံကူးပူးဝင်ပြီး.. ရေးချင်ရေးရတာပဲ..
      ..
      ပျော်ပျော်ပေါ့ပေါ့.. ရေးပါ..ဆွေးနွေးပါလို့.. နော…။ 🙂

Leave a Reply