ရွှေစံချိန်စံနစ်ဆိုရာဝယ်(၂)

thit minOctober 8, 20113min1077

[ရွှေစံချိန်စံနစ်ဆိုရာဝယ်မှာသူကြီးပေးတဲ့ကော်မန့်ကိုထပ်ရှင်းချင်လို့ (၂)လုပ်လိုက်ရပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ဆက်ပြီး(၃)တော့မလုပ်တော့ပါဘူးသူကြီးခင်ဗျား၊လေးစားပါသည်။]

သူကြီးကော်မန့်ထဲကဒီဝေါဟာရလေးတွေကိုရှင်းလင်းပေးပါမယ်။ပြီးတော့ကျနော်ပြောပြချင်တာလေး

ပြောပြပမယ်။

The supply of money goes up.
The supply of goods goes down.
Demand for money goes down.
Demand for goods goes up.

supply of money ဒါမှမဟုတ်  money supply ဆိုတာ စီးပွါးရေးဈေးကွက်ထဲမှာလည်ပတ်နေတဲ့

ငွေတွေပါ။ငွေသား(Cash)နှင့်အတူ Credit Card

တွေအပါအဝင်ဘယ်လိုငွေကြေးကိုကိုယ်စားပြုတဲ့အထောက်အထားမဆိုပါဝင်ပါတယ်

ဒါပေမဲ့အဲဒါတွေကဈေးကွက်မှာလည်ပတ်နေရမှာပါ။

မလည်ပတ်ဘူးဗျာ။သိမ်းထားမှာလို့ခင်ဗျားပြောမလား။အိုကေ!အဲဒီလိုသိမ်းထားပြီဆိုရင်Demand for

 money ဖြစ်သွားပါပြီ။လူတဦးဖြစ်တဲ့ခင်ဗျားတင်မကပါဘူး။ဘဏ်တွေကလဲရီဇာ့ဗ်ဆိုပြီး

သိမ်းထားတာပါပဲ။အလွယ်ပြောရရင်အပေါ်နဲ့ဆန့်ကျင်ဘက်ဈေးကွက်မှာမလည်ပတ်နေဘူးဆိုတဲ့

ငွေကြေးတွေပါ။

အောက်က၂ ခုကတော့သိကြမယ်ထင်ပါရဲ့။

The supply of goods goes down.

Demand for goods goes up.

အဲဒီ၂ခုက ရောင်းလိုအား (supply of goods) နဲ့ ဝယ်လိုအား (demand for goods) ပါပဲ။

ရောင်းလိုအား(ရောင်းချင်တာပေါ့ဗျာ)ကဈေးနှုန်းနဲ့ တိုက်ရိုက်ဆက်စပ်တယ်ဗျ။ဝယ်လိုအားရောနော်။

ဖြစ်စဉ်ကိုဒီလိုရေးကြည့်မယ်နော်

The supply of money goes up{ဈေးကွက်မှာလည်ပတ်ငွေ}(တက်)—>

 The supply of goods goes down{ရောင်းချင်တာ}(ကျ)—>ပစ္စည်းရှားကုန်—>

ဈေးတွေတက်—>တန်ရာတန်ဖိုးထက်ပိုပေးရ(အဲဒါငွေဖောင်းပွ){ဝယ်ချင်လွန်းအားကြီးပြီလေ

မသုံးမဖြစ်၊မစားမဖြစ်ကိုးနော့}–>Demand for money goes down(မသိမ်းတော့ဘူးသုံးပြီတဲ့)

—>Demand for goods goes up(ဝယ်ချင်တဲ့သူ(ဒါမှမဟုတ်)ဝယ်ချင်တဲ့အရေအတွက်ပိုများလာရော)

ရောင်းချင်စိတ်မရှိပါဘူး၊လိုသလောက်မရနိုင်ပါဘူးဆိုတဲ့အထဲမဖြစ်လို့ဝယ်ကြရတာပါပဲလေ ။

နောက်ထပ်ပြီးတော့လဲကောလာဟလတွေကြောက်ရင်လဲစွပ်ဝယ်၊ကြွားချင်လို့လဲဝယ်

တာပါတယ်နော်။ငွေကြေးခဝါချချင်လို့Money Laundry(ငွေဖြူဖွတ်တာပေါ့ဗျာ)လဲဝယ်တာကိုး။

ဘယ်လိုဘယ်ဝယ်ဝယ် အဲဒီလိုငွေဖောင်းပွတာကို (Demand pull inflation) လို့ခေါ်သတဲ့ဗျ။

ဟုတ်တယ်လေ ဒင်းDemand (ဝယ်ချင်တာ)ကဆွဲတင်သွားတာနဲ့မဖြစ်နိုင်တဲ့အိမ်တလုံးသိန်း

ပေါင်းဘယ်နှစ်သောင်းတန်ကုန်ရော။အဲဒါ “ဖလေး” တကောင်ပေါ့ဗျာ။

ဗျာ? ကားဈေး ဟုတ်လား?

အဲ သူကတမျိုးဗျ။နောက် “ဖလေး” တကောင်ဗျို့။

ဂျပန်မှာမြန်မာငွေနဲ့ပြန်တွက်ရင်သိန်း၂၅၀-၃၀ဝကြားပဲရှိတဲ့ ပါရာဒို

တစီးကိုမြန်မာပြည်ထဲ သိန်းထောင်ကျော်ပေးရတာလား။ဟုတ်ပ၊အဲဒါလဲငွေဖောင်းပွ(inflation)ပါပဲ။

သူ့ကျတော့ စရိတ်တွန်းငွေဖောင်းပွ (Cost push inflation)လို့ခေါ်သဗျ။

ဟုတ်တယ်လေ…ပေးလိုက်ကမ်းလိုက်ရတဲ့စရိတ်တွေ။၊ဘာစရိတ်တွေကုန်လဲသိပြီးသားပဲနော့။

ကိုနေဝန်းနီပြောသွားတဲ့သားသတ်လိုင်စင်တွေလဲပါသပေါ့ဗျာ။သူတို့တွေတွန်းတာ။ဂလိုဂလိုဖောင်းပွကုန်တာ၊

မတန်တဆပေးရတာပေါ့။

ခင်ဗျားတို့ကျနော်တို့အသဲနင့်အောင်ချစ်ရတဲ့မြန်မာပြည်ကြီးမှာတော့အဲဒီ “ဖလေး”နှစ်ကောင်နှိပ်စက်

လို့လျှာထွက်နေရတာကလား။ကဲ ဗျာ။ပြောရင်းနဲ့ ဘေးရောက်သွားသလားဘဲ။

ပြောလိုတာကဂိုးလ်စတန်းဒါတ်(အရပ်အခေါ်ရွှေပေါင်စံနစ်၊ဘာသာရပ်မှာတော့ရွှေစံချိန်စံနစ်လို့သုံးသဗျ)

ကအာမခံထားတဲ့ရွှေရဲ့အရေအတွက်အရပဲငွေစက္ကူကိုရိုက်နှိပ်သုံးစွဲခွင့်ရှိတာကိုးဗျ။လွယ်လွယ်နဲ့ဘယ်လို

လုပ်The supply of money goes up{ဈေးကွက်မှာလည်ပတ်ငွေ}တက် တော့မှာလဲနော်။

အဲဒီတော့ အပေါ်က အဲရိုးနဲ့ပြထားတဲ့ ဖြစ်စဉ်မရောက်တော့ဘူးပေါ့နော်။အင်ဖလေးရှင်းကိုထိန်းနိုင်တယ်

လို့ပြောနိုင်တာပေါ့။နောက်ပြီးရွှေဈေးကိုပါပြောင်းပြန်အားဖြင့်ထိမ်းညှိပေးတယ်။အပြည်ပြည်ဆိုင်ရာကုန်

သွယ်ရေးကိုတည်ငြိမ်စေတယ်ဆိုတာတွေလဲရှိသေးတယ်။အဲဒါကကောင်းတာတွေ။

မကောင်းတာတွေကတော့ သူကလစ်မစ်နဲ့သုံးရတာဆိုတော့၊စီးပွါးရေးပေါ်လစီချတဲ့နေရာမှာတော်တော်အ

ခက်တွေ့တယ်ဗျ။အလုပ်လုပ်လို့ကောင်းတုန်းအရှိန်တက်နေတုန်းငွေပြတ်တာမျိုးပေါ့ဗျာ။ကြုံဘူးကြမှာပေါ့။

အမွေရတဲ့ငွေလေးနဲ့စီးပွါးရေးလုပ်ရတာ၊လုပ်ငန်းချဲ့ချင်ပေမဲ့ငွေမလိုက်နိုင်ဘူးဗျာ။

ညီးကြမဟုတ်လား။အဲသဟာ။

နောက်ပိုင်းပိုဆိုးတာကနည်းပညာတွေပိုတိုးတက်တော့ “ဈေးကွက်ဆိုဒ်”ကိုပုံစံခွက်ထဲထက်ကျော်လို့

မရတဲ့ရွှေစံချိန်စံနစ်(ရွှေပေါင်၊အာမခံထားသုံးစွဲစံနစ်)ကြီးကိုဖတ်ထားလို့ဘယ်ရတော့မှာလဲနော့။

ဒါနဲ့ သူလဲ မာလကီးယားရပါကြောင်းပေါ့ဗျာ။

တဆက်တည်းပြောရရင်တော့ မြန်မာနိုင်ငံရဲ့ နှုန်း ၃ ခုနဲ့ငွေကြေးစံနစ်(official rate,market rate,FEC)

ကတော့မရှိသင့်ပါဘူး။ခုတော့မားကက်ပေါက်ဈေးနှုန်းနဲ့ လဲပေးနေတယ်ဆိုတာမျိုးကိုကြိုဆိုပါတယ်။နိုင်ငံ

တကာကုန်သွယ်ရေးမှာမြန်မာငွေကြေးကိုညှိနှိုင်းမားကက်ပေါက်ဈေးနှုန်းတခုနဲကုန်သွယ်နိုင်ရင်မြန်မာရဲ့

ငွေကြေးအရာဝင်လာပြီး၊လာရောက်မြုပ်နှံလိုသူများပိုမိုလာရောက်နိုင်မှာမို့လို့စီးပွါးရေးပိုလို့

တိုးတက်လာကောင်းလာမည်ဖြစ်ပါကြောင်း။

Note….
(ပညာရပ်ဆိုင်ရာစာများကိုပွိုင့်မပေးပါဆိုရင်၊ ပိုကောင်းမလားပဲ ၊သူကြီးခမျာခုတလောမင်ဘာတွေတိုး၊ရေးအားတွေကောင်းကြ မို့လား ၊ကော်မန့်သမားများကလဲအားပေးကြတော့။ ပွိုင့်ကိုရွှေပေါင်စံနစ်နဲ့ထားပါလားသူကြီးရာ)

ဘာဘဲဖြစ်ဖြစ်ကျေးဇူးပါ၊ခင်ဗျာ

ရွာသားအားလုံးကိုလေးစားသော

မောင်သစ်မင်း

7 comments

  • hello everybody

    October 8, 2011 at 3:18 pm

    ငွေဖောင်းပွမှုတွေကိုရှင်းပြတာစိတ်ဝင်စားစရာပါ………..
    တခြားဆွေးနွေးမဲ့သူရှိရင်ကောင်းမယ်လို့ထင်ပါတယ်…..

  • ကြောင်ကြီး

    October 9, 2011 at 1:55 pm

    ဦးသစ်မင်း
    အီကောနောမစ်
    ရွာထဲကို
    ဝင်လာရစ်..
    ပို့ချသင်ကြား
    ရွှေပေါင်ထား
    ဝယ်လိုအားနဲ့
    ရောင်းလိုအား..။

  • kai

    October 9, 2011 at 2:19 pm

    ပညာရပ်ဆိုင်ရာတွေကိုပဲ.. ပွိုင့်ကအဓိကထားပေးချင်တာပါဗျာ…။
    အခုက.. အချင်းချင်း..ဆဲကြ..ဆိုကြ..နောင်ဂျိန်ချကြလည်း ကြားထဲကကျုပ်ကပွိုင့်ကပေးနေရတော့ကာ… ရန်ဖြစ်ကြလေ.. ပွိုင့်ကုန်လေ ဖြစ်နေတာပေါ့…
    ဟိုက..တလုံးဆဲလိုက်.. ကျုပ်က.. ဆဲတဲ့သူ ၅ပွိုင့်… ရန်ဖြစ်စေတဲ့ပို့စ်တင်သူ..၅ပွိုင့်..
    ဒီက.. ၂လုံးပြန်ဆဲလိုက်.. ကျုပ်က.. ဆဲတဲ့သူ ၅ပွိုင့်… ရန်ဖြစ်စေတဲ့ပို့စ်တင်သူ..၅ပွိုင့်..
    အဲဒါတွေကမှ… ဒုက္ခ..။ ဆူးမမလှူထားတဲ့.. တောင်ရှည်ပုဆိုးလည်း.. ချွေးတွေချည်းဖြစ်ကုန်ပြီ…။

    ဆိုတော့… ဒီလိုပညာရပ်ပိုင်းဆိုင်ရာတွေကတော့.. ကြိုက်မှကြိုက်.. 🙂

    • thit min

      October 10, 2011 at 12:07 am

      ဒီဂေဇာတ်မှာက Entertainment(ဖျော်ဖြေရေး) ကလူတွေပိုပြီးစိတ်ဝင်စားသလိုခံစားမိလို့…သိပ်မရေးလို တာပါ။သူဂျီးတင်တဲ့ ဒေါ်ခင်မမမျိုးရဲ့ စာတမ်းတွေလဲစိတ်ဝင်စားဆွေးနွေးသူ နဲ တာတွေ့ရလို့ပါ။
      ဘာသာရပ်အပေါ်စိတ်ဝင်စားမှု၊နားလည်နိုင်မှုဆိုတာတွေလဲရှိမှာပါ။အများအားဖြင့်တော့ပေါ့ပေါ့ပါးပါးလေးတွေမှာ
      လူစိတ်ဝင်တစား စုနေတတ်တာတွေ့ရပါတယ်။
      အများအလွယ်တကူပါဝင်ပြောဆိုလို့ရအောင်ရေးကြည့်ပါမယ်။

  • windtalker

    October 23, 2011 at 7:11 pm

    ကစ်သို ရဲ ့ပို ့စ်ကို အခုမှ ဖတ်မိတယ်
    အားပါး..တစ်ကယ်ကို ဂုရုတစ်ပါးပါပဲလား ဗျာ
    ဗဟုသုတအကြားအမြင် ပညာ တယ်စုံတာပဲဗျာ
    ကစ်သိုရဲ ့ပို ့စ်ကို ဖတ်တဲ့ ရန်ကုန်က မိတ်ဆွေတစ်ဦးက လဲ ကြိုက်တယ် တဲ့ ဗျ
    ကစ်သို အမြဲမပြတ် ပို ့စ်တွေ ဆက်လက်တင်ပေးပါဗျို ့

  • thit min

    October 23, 2011 at 8:18 pm

    ကျေးဇူးပါကိုဝင်းတော်လခါရေ့
    သိတာလေးတွေရှယ်တယ်ပေါ့။
    ခံစားချက်၊ရသ၊သုတ၊သတင်း၊ပုလင်း အစုံပါသော ဂေဇက်ဖြစ်အောင်ကြိုးစားချင်လို့ပါဗျာ။
    အွန်လိုင်းမှာတော့အခုထိ ဒီလိုရေးဒီလိုဆွေးနွေး၊နွေးထွေးလှတဲ့ ဂေဇက်လိုနေရာ မရှိသေးဘူးနော့။

    • windtalker

      October 23, 2011 at 8:42 pm

      ဟုတ်တယ် ကစ်သိုရေ
      အွန်လိုင်းမှာ
      ဒီလိုမျိုး ခင်ခင်မင်မင် ပျော်ပျော်ပါးပါး
      ဆူပူတဲ့အခါလဲပူ ပေါ့
      မန်းဂေဇက်ဟာ တစ်ကယ်ကို ဖီလင် စုံတဲ့
      ဆိုက်ကြီးပဲဗျို ့
      ကျွန်တော် က တော့ မဝင်ရမနေနိုင်အောင်ဘဲဗျို ့
      ဟားဟား

Leave a Reply