(CMP)အထည်ချုပ်အသင်းမှ One Stop Service ဖျက်သိမ်းစေလို..။။။

(CMP)အထည်ချုပ်အသင်းမှ One Stop Service ဖျက်သိမ်းစေလို..။။။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဟာ အထည်ချုပ် လုပ်ငန်းရှင်များရဲ့ အကျိုးကို ရှေ့ရှုပြီး
နေပြည်တော် မြို့တော်ကြီးစတင် ပေါ်ပေါက်လာတဲ့ အခါမှာတော့ နိုင်ငံရဲ့ ရုံးစိုက်ရာမြို့ အဖြစ်သတ်မှတ်ပြီး
ရန်ကုန်မှ ရုံးဌာနအတော်များများကို နေပြည်တော်သိုပြောင်းရွှေ့ခဲ့စဉ်က အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးမြင့်စိုးနှင့်အဖွဲဝင်များအသင်းသားများဟာ နေပြည်တော်ကို (CMP) လိုင်စင်များလျှောက်ထားရာမှာ ခရီးဝေးကွာခြင်း
ထိုစဉ်က ဟန်းဖုန်းနှင့် ဖက်စ်ဖုန်းများမရှိသေးခြင်း အင်တာနက်အသုံးမပြုနိုင်သေးခြင်း နေပြည်တော်ကုန်သွယ်ရေးဦးစီး
ဌာနသို့ သွားရောက်လျှောက်ထားသော ဝန်ထမ်းများ၏ အားနည်းချက်ကြောင့် ၎င်း ကုမ္ပဏီ၏အားနည်းချက်ကြောင့် ၎င်း စာရွက်စာတမ်းလိုအပ်ချက်များပေါ်ပေါက်လာပါ နေပြည်တော်ရန်ကုန် အသွားအပြန် စာရွက်စာတမ်းကိစ္စနှင့် အချိန်ကုန်သက်
သာစေရန်တို့အား အသင်းသားများအား အစည်းဝေးခေါ်ကာ ရန်ကုန်တွင်ပင် စာရွက်စာတမ်းစုံ/မစုံ စစ်ဆေးပေးမည့်
အဖွဲလေး တစ်ခုဖွဲ့ကာ  ထိုအဖွဲအစည်း၏ ထောက်ခံချက် လက်မှတ် ပါရှိပါက စာရွက်စာတမ်းပြည်စုံပြီးဖြစ်၍  နေပြည်တော် ကုန်သွယ်ရေးမှ ဆက်လက် လိုင်စင်များထုတ်ပေးးနိုင်ရန် စေတနာမှန်ဖြင့် One Stop Service ဆောင်ရွက်ခဲ့သော်လည်း ။။။။
နောက်ပိုင်း ကြုံတွေနေရသည် One Stop အဖွဲ့လေး၏ အာဏာရှင်ဆန်ဆန် ကြုးီနီစနစ်ဆန်ဆန် လုပ်ကိုင်လာမှု အဖွဲု့ဆိုသော် လည်း တစ်ကယ့် အဖွဲစည်းတစ်ခု့ကဲသို့မဟုတ်ပဲ ထိုအဖွဲလေးထဲမှ လက်စောင်းထက်ရာ သူများမှ ကြီးစိုးချုပ်ကိုင် လာကြပါ
တယ် ထိုအဖွဲအစည်းလေးတွင် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ  ဦးစီးအရာရှိတစ်ဦး / အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ
ဦးစီးအရာရှိတစ်ဦး/ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဌ ဒေါက်တာအောင်ဝင်း  တို့မှ ဒိုင်ခံစစ်ဆေးပေးနေပြီ
တနလာင်္ /ကြာသာပတေး/သောကြာ နေ့များမှာ အထည်ချုပ်လုပ်ငန်းရှင်များ၏ သွင်းကုန်ပို့ကုန် လျှောက်ထားမှု့ များအားစီစစ်
ဆောင်ရွက်ထောက်ခံပေးနေခြင်းဖြစ်ပါတယ် ရံဖန် ရံခါ ရွှေရီစပါယ် အထည်ချုပ်မှ ပိုင်ရှင်အမျိုးသမီးတစ်ဦး UMFCCI  မှ အဖွဲ့ဝင်  တစ်ဦးတို့မှ လဲ လာရောက်စစ်ဆေးပေးတတ်ပါတယ်။။။။
ထိုကဲသို့စစ်ဆေးပေးရာတွင် One Stop အဖွဲ့မှ ကုန်သွယ်ရေးဦးစီးဌာနမှ ဦးစီးမှုးနှင့် အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာ့
အထည်အလိပ် လုပ်ငန်းမှ ဦစီးအရာရှိတို့မှ မှန်ကန်ကြောင်းလက်မှတ်ရေးထိုးပြီးသော်လည်း အထည်ချုပ်လုပ်ငန်းရှင် များ
အသင်း ဒုဥက္ကဌ မှ လာရောက်လက်မှတ်ရေးထိုးလျှင် တော့ မည်သူကထောက်ခံထားသည်ဖြစ်စေ သူလက်မှတ်မထိုးပါက
လိုင်စင်လျှောက် ထားခွင့်မရှိတော့ ခြင်းဖြစ်ပါတယ် အမှန်အားဖြင့်ဒေါက်တာအောင်ဝင်းဟာ  ဆိုသူဟာ One Stop စစ်ဆေးရာ
မှာ  invoice ပါ ကုန်ပစ္စည်းတန်းဘိုးများအား အမှန်အတိုင်းဖေါ်ပြ၍ ကုမ္ပဏီတိုင်းနီးပါးလျှောက်ထားကြသော်လည်း။။။
ထိုသူမှ..။။။။။။။။။။။။။
(“““အပ်ချည်လုံးဈေးအား Lockal ဈေးကွက် အတွင်းတန်ဘိုးနှင့် ကိုက်ညှိပြီးပြင်ဆင်ခိုင်းခြင်း။။။
ဘဲမွှေးင်္အကျီများအတွက် ဘဲမွှေးမူရင်းတန်ဘိုးမှာတရုတ်ပြည်ထုတ်ဈေး 1kg=us38.00 ဖြစ်သော် လည်း  1Kg = us 6/7.00
ဖြင့်သာလက်ခံခြင်းဘဲမွှေး com% အား 0.3 KGS မပိုစေခြင်း။။။။
ပိတ်စဈေး မှာ 1Mtr= us0.75  မှ ပိတ်စအလိုက် us2.50 အထိရှိသော်လဲ 1Mtr လျှင် ယခုချိန်ထိ လိုင်စင်ပါ U/Price  us1.50
ဖြင့် သာလျှောက်ထားနိုင်ခြင်း စသည် ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန လုပ်ငန်းများကိုပါဝင်ရောက်စွက်ဖက်၍ ဈေးနှုန်း
များကိုပါထိမ်းချုပ် လုပ်ကိုင်လာပါသည်။။။။””)
(“““မည်သည့် အပ်ထည်အော်ဒါကိုမဆို တစ်ဖက်နိုင်ငံ Buyer များမှ  ပတမ အကြိမ် Sample အထည် အဖြစ်စမ်းသပ်ချုပ်
လုပ်စေ ခြင်း ယင်းအထည်အား buyer မှစစ်ဆေး comment ပေးခြင်း ပြင်ဆင်သင့်သည်များ ပြင်ဆင်ခိုင်းခြင်းနောက်ဆုံး
အကြိမ် Buyer မှ အတည်ပြု ခြင်းများဆောင်ရွက်ပြီးမှ သာ Orderအပ်နှံခြင်းအတွက်စာချုပ်များရေးထိုးဆောင်ရွက်ခြင်းများ
လုပ် ဆောင်ရပြီးတစ်ဖက်Buyer နှင့်  comsumption တွက်ချက်ခြင်း Over com% ထပ်ဆောင်းပေးခြင်း marker ရေးဆွဲခြင်း
Fabric wider များ ညှိနှိုင်းဆောင်ရွက်ခြင်း များပြီးစီးမှသာ ကုန်ကြမ်းပစ္စည်းများတင်ပို့ခြင်းအတွက် သွင်းကုန်လိုင်စင်လျှောက်
ထားနိုင်ရန် Proforma Invoice ပေးပို့လိုင်စင်လျှောက်ထားစေခြင်းများပြုလုပ်ကြရပါသည်။။။။
(CMP) လက်ခစားစံနစ်ကို မှန်ကန်စွာဆောင်ရွက်နေသောကုမ္ပဏီများအနေဖြင့် ဘိုင်အားပေးပိုသော Proforma Invoice ပါ
အတိုင်းလျှောက်ထားရာတွင် ပိတ်စအမျိုးအမည် များပြားခြင်း ဆက်စပ်ကုန်ကြမ်းပစ္စည်း နည်းပါးခြင်းများအား ပြစ်ချက်တစ်ခု
အနေဖြင့် လိုင်စင်လျှောက်ထားခွင့် ပယ်ချခံရပြီး ရှင်းလင်းတင်ပြသော်လဲ မမှန်ဟုသာပြန်လဲ ငြင်းဆန်ခံရခြင်းများ ကြုံတွေ့
နေကြရပါသည်”””)
(“““င်္အကျီတစ်ထည်၏ com% အားလက်ခစားချုပ်လုပ်သူဖက်မှ တိုးမြှင့်ရရှိအောင် ကုမ္ပဏီတိုင်းလိုလို တစ်ဖက် Buyer နှင့်
အတိုက်အခံပြောဆို တောင်းယူရခြင်းရှိပြီး ထိုသို့ တိုးမြှင့် ရရှိပါမှသာ ပျက်စီးအထည်များ အတွက် အပိုဆောင်းချုပ်လုပ်နိုင်
မှာဖြစ်ပြီး ထိုကဲ့သို့ တိုးမြှင့် တောင်းဆိုသဖြင့် ဂျာကင် တစ်ထည်၏ com% ကုမ္ပဏီတိုင်းလိုလို 2.5% ခန့်နှင့် ဘောင်းဘီ တစ်ထည်၏ com%မှာ 2.00%  ခန့်ရရှိသော်လဲ ဒေါက်တာအောင်ဝင်းမှ ဂျာကင် တစ်ထည် 2.00com% ဘောင်းဘီ တစ်ထည်
1.6 com%ဟု   သတ်မှတ်ကာ  com% များသည်ဟုဆိုကာ ပယ်ချခြင်းများခံနေရပါသည်။။။
ထို့ကြောင့် Order ယူထားပြီးချုပ်လုပ်ပါက စွန်းပေခြင်း /အထည်ပျက်စီးခြင်း /ပျောက်ရှခြင်းများအတွက် အပိုဆောင်ချုပ်လုပ်
ပေးနိုင်ခြင်းမရှိပဲ Order  Shopship ဖြစ်ခြင်း Q`ty လျှောနည်း တင်ပို့ရခြင်းကြောင့် ရသင့်သည့် (CMP) ချုပ်ခစားလက်ခများ
မရရှိပဲ များစွာနစ်နာလှပါသည်။။”””)
ယခုအခါ ရန်ကုန်မြို့သို့ (CMP) လိုင်စင်လျှောက်ထားခြင်းအား ကုန်သွယ်ရေးဦးစီးဌာနမှ ပြန်လည်ခွင့်ပြုဆောင်ရွက်နိုင်ပြီးဖြစ်
ပါသဖြင့် ယခင် နေပြည်တော် သွားရောက်လျှောက်ထားစဉ် ကအဆင်ပြေစွာဆောင်ရွက်နိုင်ရေး စာရွက်စာတမ်းများ ကူညီ
စီစစ် ပေးခဲ့သော  OneStop Service မှ တာဝန်ရှိသူများအားအထူးကျေးဇူးတင်ပါသော်လဲ ယခုအခါ ရန်ကုန်မြို့တွင်
လျှောက်ထား နိုင်ပြီဖြစ်ပါသဖြင့်ထိုအဖွဲအား ပြန်လည်ဖျက်သိမ်းပေးပါရန် တင်ပြတောင်းဆိုအပ်ပါသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

6 comments

  • ပေါက်ဖော်

    October 8, 2011 at 11:31 am

    ရန်ကုန်မှာ..အဆင်ပြေနေမှတော့…ပြန်လည်ဖျက်သိမ်းပေးသင့်ပါတယ်..
    အဲတာမှမဟုတ်လျင်..ကျုပ်တို ့..ဖျက်ရတော့မယ်… One Stop Service ရေ..
    😮
    ဟုတ်ရားဟင်.. 🙄

  • windtalker

    October 8, 2011 at 2:00 pm

    မလိုအပ်တော့တဲ့ အဖွဲ ့မို ့
    အလဟသ
    အချိန်ကုန်/ငွေကုန် မဖြစ်စေဖို ့အတွက် ဖျက်သိမ်းပေးစေလိုပါကြောင်း
    ကိုဘဲလူးနှင့် အတူ ဆန္ဒပြုလိုက်ပါသည် ဗျို ့

  • Thanlwinoo

    October 8, 2011 at 3:48 pm

    အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ ကုန်သည်ကြီးများအသင်းတွေဟာ လုပ်ငန်းရှင်တွေ အခက်အခဲတွေ၊ လိုလားချက်တွေကို အစိုးရနဲ့ညှိနှိုင်းဆောင်ရွက်ပေးဖို့ ဖွဲ့စည်းထားတာပါ..။
    အသင်းတာဝန်ရှိသူတွေဟာ လုပ်ငန်းတွေရှင်သန်တိုးတက်အောင် ဘယ်လိုဆောင်ရွက်သင့်တယ်လို့ တာဝန်ခံမပြောဘဲ အစိုးရရဲ့ Policy ကို လုပ်ငန်းရှင်တွေလိုက်နာအောင် ထပ်ဆင့်အကောင်အထည်ဖော် (ကြပ်ပေးတဲ့) Tool တွေလိုဖြစ်နေပါတယ်..။
    ဘဝတူတွေရဲ့အကျိုးထက် အစိုးရအကြိုက်လိုက်နာဆောင်ရွက်ပြီး သူကောင်းပြုခံချင်လို့နဲ့ တူပါတယ်..။

  • Diamond Key

    October 8, 2011 at 3:57 pm

    ဟန်းဖုန်းနှင့် ဖက်စ်ဖုန်းများမရှိသေးလို့၊အင်တာနက်အသုံးမပြုနိုင်သေးလို့၊ နေပြည်တော်ကုန်သွယ်ရေးဦးစီး
    ဌာနသို့ သွားလျှောက်တဲ့ ဝန်ထမ်းတွေရဲ့ အားနည်းချက်၊ ကုမ္ပဏီ၏အားနည်းချက်၊ ဒီလို အဖက်ဖက်က အားနည်းချက်တွေကြောင့် ပေါ်လာတဲ့ အဖွဲ့မှာ အဖက်ဖက်က အားနည်းချက်တွေရှိလာရင်တော့ သူတို့တွေ စားချင်တာစား၊ ကိုဘီလူးကြီး ကို ဦးနောက်လာမစားနိုင်အောင် ဖျက်စေလိုကြောင်းပါ။

  • annonymous

    October 13, 2011 at 10:31 am

    ကိုဘီလူးရေ ဖျက်သိမ်းပေးပါဆိုတဲ့ တင်ပြတောင်းဆိုချက်ကိုလက်ခံပါတယ်။ one stop ဆိုတဲ့ မြန်ဆန်၊မှန်ကန် ဖို့အတွက် ဖွဲစည်းထားတာက ခုတော့ အဲ့ဒီ အဖွဲ့အစည်း တစ်စုထဲ က လူတစ်စုကြောင့် လိုင်စင်တွေရပ် (stop) နေရပြီပေါ့နော်။ ONE STOP (ရစ်ချက်) အစား ONE MOVE အဖွဲ့ ပြန်ဖွဲ့ ပေးဖို့ (အထည်ချုပ် အသင်းမပါ = အလှူငွေမသဒ္ဓါကြေး (3000) ထည့် ခိုင်းသည် အဖွဲ့ ၊ မတက်မသိ ကိုယ်ကျိုးရှာ အသင်းမပါ ) ထပ်ဆင်တင်ပြတောင်းဆိုမိပါသည်။

  • etone

    October 13, 2011 at 11:44 am

    ကျေနပ်လျှင် လုပ်စား မကျေနပ်လျှင် မလုပ်စားနဲ့ … ဒါပဲ တဲ့ …
    ငါတို့က ရဲတွေက ွ .. ငှီး 😆

Leave a Reply