အရေခွံသာခွာကြည့်လိုက်ပါ။

koyin sithuOctober 8, 20111min18916

ဒီနေ့မနက် မေးလ်ဖွင့်လိုက်တော့ ဝင်လာတဲ့ အကြောင်းအရာတစ်ခုပါ။ ကျွန်တော် ကိုယ်တိုင်ကလည်း
ရေးဖို့ တပြင်ပြင်ဖြစ်နေတာ ရေးစရာအကြောင်းကလဲအများကြီး ဟိုလူ့ထိခိုက်
ဒီလူထိခိုက်မှာလဲ စိုးရတယ်။ ဒီတော့ ယခုရေးထားတဲ့သူကလည်း တော်တော့်ကို ရေးထားတာကောင်းတယ်။
ကျွန်တော် ချပြချင်တဲ့ အကြောင်းအရာနဲ့ ကလည်း အားလုံးကွက်တိဖြစ်နေတော့
စာရေးပျင်းတဲ့ ကျွန်တော်ကပဲ တစ်ဆင့် ဖောက်သည်ချပြ လိုက်ပါတယ်။ 😀 နားလည်ပေးမယ်လည်း
မျှော်လင့်မိပါတယ်။ ဖတ်ကြည့်ပေါ့လေ.. ကျွန်တော်ခံစားနေရတာနဲ့ ထပ်တူထပ်မျှဆိုလဲ
မှားမယ်လို့ မထင်ပါဘူး။ ဆားချက်ခြင်း လုံးဝမဟုတ်ပါ။ ဖောက်သည်ချပြတဲ့သဘောပါ။
ရေးသားသူက ချောကလက် မြို့တော် က မြင့်မိုရ်တဲ့။
ဖတ်ကြည့်ကြည့် လိုက်ပါဦးနော်….
စင်ကာပူမှာ့မဟုတ်ပါဘူး။ ကိုယ်နိုင်ငံမဟုတ်တဲ့ဘယ်နိုင်ငံမဆို ကိုယ့်ဗမာနိုင်ငံလောက်တော့
ဘယ်အသက်ရှူချောင်မှာလဲ။ အစားအသောက် အနေအထိုင် ယဉ်ကျေးမူ့ အစစ
အရာရာ တူမှာ့မတူတာ။ လွတ်လွတ်လပ်လပ် ဟန်ဆောင်မူ့ကင်းတဲ့ ကိုယ့်မွေးရပ်မြေကို
အမြဲမဟုတ်ပေမဲ့ အားတဲ့အချိန် ဒါမှာ့မဟုတ်
အလုပ်မှာဖြစ်စေ အိမ်မှာဖြစ်စေ စိတ်ညစ်လာတဲ့အချိန်တိုင်း ပြန်ပြီးတမ်းတမ်းတတနဲ့လွမ်းနေတတ်တာပါ။

တစ်ခါတလေ ငါဘာလို့များဒီလိုနိုင်ငံခြားကိုလာခဲ့မိပါလိမ့်။ အခုအချိန်မြန်မာပြည်မှာဆို..ငါဒီလိုနေရမှာမဟုတ်ဘူး။

တစ်ချို့နိုင်ငံခြားသားတွေဆို နှိပ်ချင်ကြတယ် စရောက်ခါစ မြန်မာပြည်ကလူဆိုပိုဆိုးပါတယ်။
သိတဲ့အတိုင်းပဲလေ

စကားလဲ ကောင်းကောင်းမပြောတတ် သူတို့ဘာပြောလိုက်တာလဲဆိုတာကော ကောင်းကောင်းနားမလည်ဘူး
အဲ့ဒိတော့ ပိုဆိုးတာပေါ့..သိမ်ငယ်စိတ်က ဝင်လာတတ်တယ်။အားတင်းနေတဲ့ကြားက ဘယ်ကဘယ်လို
သိမ်ငယ်စိတ်ကဝင်လာမိမှန်းကို မသိပါဘူး။ မြန်မာပြည်တုံးက အရမ်းကိုအထင်ကြီးခဲ့တဲ့
ဟမ်ဘာဂါ ပီစာ ..အခုတော့ အဲ့ဒိအစားအစာတွေကို မြန်မာဘိန်းမုန့်လောက်တောင်
မမက်မောတော့ပါဘူး။ ဟမ်ဘာဂါ ပီစာ တို့ရှေ့မှာထိုင်နေရင် အခုနေ ဘိန်းမုန့်
မုန့်ဟင်းခါး ရခိုင်မုန့်တီလေးများ ကိုဖန်ဆင်းရှင်တစ်ယောက်၂

ကလာဖန်ဆင်းပေးရင် အရမ်းကောင်းမှာပဲလို့ ဆုတောင်းမိတယ်။
ဘယ်လောက်ပဲလွမ်းနေ၂ အားတော့တင်းထားရမယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ
မပေးနိုင်တဲ့လစာ မိသားစုပြေလည်ဖို့အတွက်လေ။

ကိုယ်ကဒီလိုအခွင့်အရေးကိုရတုံး ပိုက်ဆံဆိုတဲ့ ငနဲကိုစုဆောင်းရမှာပဲ ပိုက်ဆံမက်တယ်လို့တော့
မပြောလိုက်ပါနဲ့ ။

ရည်ရွယ်ချက်ရှိလို့ပါ။ဘာလဲဆိုတော့ နိုင်ငံရပ်ခြားမှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနေရပြီး
တစ်ချိန်ချိန်မှာ အဲ့ဒိနိုင်ငံတွေက ရလိုက်တဲ့ အသိပညာ အတတ်ပညာ ပိုက်ဆံတို့နဲ့
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်အရမ်းကိုချစ်တဲ့ မွေးရပ်မြေမှာ
အကျိုးပြန်ပြုရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ ကိုယ့်ဘာသာသာသနာ

ကိုယ်အမျိုး အတွက် အုပ်တစ်ချပ်သဲတစ်ပွင့်လောက်ပဲ အကျိုးပြန်ထမ်းဆောင်ခွင့်ရမယ်ဆိုရင်
အခုလက်ရှိအချိန်ခံစားနေရတဲ့ အဆင်မပြေမူ့တွေ သိမ်ငယ်မူ့တွေ စိတ်ဓာတ်ကျဆင်းမူ့တွေကို
မမူပါဘူး။

စိတ်ဓာတ်ကျတိုင်းလဲ ကိုယ်ကိုကိုယ်ပြန်အားပေးနေမိတယ်
ငါတစ်ယောက်ထဲအတွက် ငါလာနေတာမဟုတ်ဘူး ငါ့ဘာသာငါ့သာသနာ ငါလူမျိုးအတွက်
ဆိုပြီးတော့လေ။ လုံးဝကို အံ့ဩဖို့ကောင်းတာက အဲ့ဒိလို အားပေးမိတိုင်းဘယ်ကအားတွေ
ရလာမှန်းကိုမသိဘူး။ တစ်ချို့ လူတွေရှိတယ် နိုင်ငံခြားကိုအထင်ကြီးပြီး ကိုယ့်မွေးရပ်မြေလေးကို
မကောင်းပြောတတ်တာလေးတွေလေ။ဘယ်လောက်ပဲ အစိုးရမကောင်း မကောင်း ဘယ်လိုပဲ နှိမ့်ကျနေ၂
ကိုယ့်မွေးရပ်မြေက ကိုယ့်မွေးရပ်မြေပါပဲ။ ဒီဘဝအတွက်တော့

ဘယ်လိုမှာ့ ပြောင်းလဲလို့ရမှာမဟုတ်ပါဘူး။ ဘယ်လောက်ပဲ
ဘာပဲမကောင်းမကောင်း ကိုယ်ကိုတိုင်ကကော့
ကိုယ့်မွေးရပ်မြေကိုဘယ်လောက်ကျေးဇူးဆပ်ပြီးပြီလဲ။ ဘာမှာ့မယ်မယ်ရရ
မဆပ်ရသေးပဲနဲ့တော့ ဗမာပြည်မကောင်းကြောင်းကို မပြောသင့်ပါဘူး။
မြန်မာပြည်အုပ်ချုပ်တဲ့လူတွေမကောင်းဘူး အသုံးမကျဘူး ဒါဆို

မြန်မာပြည်သား သင်တို့ကကော ဘယ်လောက်ကိုယ်မြေအတွက်
အကျိုးပြုခဲ့ပြီးပြီလဲ။ အကျိုးပြုဖို့ကော ရည်ရွယ်ချက်ကလေးများကော ရှိပြီလား။ အတတ်ပညာသည်ဆိုရင်တော့
အတတ်ပညာနဲ့ပေါ့ အသိပညာရှင်ဆိုလဲ အသိပညာနဲ့ပေါ့ ပိုက်ဆံချမ်းသာတဲ့ သူဆိုရင်တော့
ပိုက်ဆံနဲ့ပေါ့။ နိုင်ငံခြားကို အထင်ကြီးချင်ကြီးကြပါ
ဒါပေမဲ့ကိုယ့်မွေးရပ်မြေကိုတော့ အထင်မသေးလိုက်ပါနဲ့။ ကျေးဇူးမဆပ်နိုင်ရင်နေပါ
ကျေးဇူးစွပ်တဲ့ စကားလုံးတွေကိုတော့ မပြောသင့်ပါဘူး။ ကိုယ်တိုင်ကြုံဘူးလို့ အခုလိုပြောချင်တဲ့စိတ်ကလေးဖြစ်လာတာပါ။
အဲ့လိုပြောတဲ့ ကျေးစွပ်တဲ့လူကိုတော့ ဘာမှာ့မပြောတော့ပါဘူး။ ခေတ်မီတဲ့နိုင်ငံမှာ ကောင်းကွက်တွေ
အများကြီးရှိသလို မကောင်းတဲ့အကွက်တွေလဲ အများကြီးပါပဲ။ အဲ့ဒိတော့
နိုင်ငံရပ်ခြားမှာနေပြီ

အဆင်ပြေနေတဲ့သူများကတော့
နိုင်ငံခြားမှာနေရတာကောင်းတယ်လို့ပြောမှာပဲအဆင်မပြေတဲ့သူများကတော့
မွေးရပ်မြေကိုပြန်ချင်ကြတယ်။ အဆင်ပြေလွန်းတာများလွန်းရင်လဲ
အောက်ခြေလွတ်တတ်ကြပါတယ်။ တွေ့ဖူးတယ်

သူငယ်ချင်းမွေးနေ့မှာကောင်မလေးတစ်ယောက် ဝတ်ထားတာတော့ အကောင်းစားဘရမ်
ပြင်ဆင်ထားတာကလဲ နိုင်ငံခြားသူတွေ အရှုံးပေးရနိုင်တယ် အော်ကိုယ်ကတော့ ဒီနိုင်ငံမှာမွေးတဲ့သူလို့ထင်နေတာ
ထင်လဲထင်ချင်စရာပါ ပြောနေတဲ့စကားကလဲ အမေရိကန်လေသံ ဝတ်ထားတာကလဲ လန်ထွက်နေတော့.။
ဒီတော့ သူငယ်ချင်းက

မိတ်ဆက်ပေးတယ်လေ အဲ့ဒိကျမှာ အံဩတာ မြန်မာပြည်ကလာတာတဲ့ အစကတော့ စိတ်ထဲမှာတော်လိုက်တာပေါ့
မြန်မာပြည်ကလာပြီး အင်္ဂလိပ်စကားကို ကျွမ်းကျင်အောင်ပြောနိုင်တာ တက်နေတဲ့
တက္တသိုလ်ကလဲ နာမည်ကြီးပါ။တွေးလိုက်မိတာကတော့ ဒါမှာမြန်မာပြည်သူကွဆိုပြီးတော့လေ။ ဟ
စကားကပြောရင်းပြောရင်းနဲ့

မြန်မာစကားနဲ့သွားပြောမိပါတယ် အမိကဘာပြန်ပြောတယ်မှတ်လဲ
ဗမာစကားမပြောပါနဲ့တဲ့ဟ ဘာလို့လဲဟလို့ ပြန်ပြောတော့ မပြောချင်ဘူးတဲ့ ဗမာစကားပြောရင်အောက်သလိုခံစားရတယ်တဲ့
ဖြစ်နိုင်ရင် အမိနောက်ကခလှဲ တင်ပါးကိုဆောင့်ကန်ချင်တဲ့စိတ်ပေါက်လာတယ်။ ဗမာပြည်မှာမွေးဗမာရေသောက်ဗမာ့အရိပ်မှာ
လူဖြစ်လာတဲ့ လူက အဲ့ဒိလို စကားတွေထွက်နေလို့ပါ။ ဝတ်ထားတဲ့အဝတ်အစား တတ်နေတဲ့ကျောင်းကိုမှာ့
အားမနာ ပြောနေလိုက်တဲ့ စကားတွေက အောက်တန်းကျလိုက်တာ ဆက်ပြောဖြစ်ပါသေးတယ်။

သူမပြောတာတွေက လေ အရမ်းကိုမိုက်ရိုင်းလွန်းအားကြီးလို့
ခဏပဲပြောပြီးတာနဲ့ လှည့်ထွက်လာမိတယ်။
အဲ့ဒိကပြန်လာတဲ့လမ်းတစ်လျှောက်အဲ့ဒိအကြောင်းတွေးပြီး ဒေါသတွေဖြစ်နေလိုက်တာ။.. သူ့ကိုသူတော့
ဟုတ်လှပြီထင်နေမှာပေါ့။

 

 

 
ဗမာပြည်မှာ မွေးပြီးဗမာပြည်မှာကြီးပြင်းလာတဲ့ဗမာပြည်သားများခင်ဗျာ…. ကိုယ်မွေးမြေကို
မကောင်းကြောင်း ပြောနေတာတွေဟာ မိုးပေါ်မော့ပြီး တံတွေးကို ထွေးလိုက်တာနဲ့အတူတူပါပဲ။

တံတွေးက ပြန်ကျလာရင် ကိုယ့်မျက်နှာကိုပဲပြန်ကျလာမှာမို့လို့ပါ။ ကိုယ့်မွေးရပ်မြေမကောင်းကြောင်းပြောရလို့
ဂုဏ်တတ်သွားပြီလို့မထင်ပါနဲ့ ခုနကပြောသလိုပါပဲ နောက်ဆုံးတော့….. ကိုယ့်မွေးရပ်မြေကိုမချစ်ရင်နေပါ..
မမိုက်ရိုင်းစေချင်ပါဘူး။

 

16 comments

  • thit min

    October 8, 2011 at 12:18 pm

    ကောင်းတယ်ဗျာ။
    လုံးဝသဘောတူတယ်ဗျ။တခြားနိုင်ငံခြားသားတယောက်ကိုအားနာရမဲ့
    အခြေအနေမျိုးမဟုတ်ရင်မြန်မာအချင်းချင်းမြန်မာလိုပဲပြောသင့်တာပေါ့။
    မြန်မာလူမျိုးအချင်းချင်းမြန်မာစကားပြောတယ်ဆိုတာခံစားချက်ကိုပါဖလှယ်နိုင်တာလေ။
    အဲဒီလိုမျိုးတွေအများကြီးတွေ့ဘူးပါရဲ့ဗျာ။

  • MOEPWINTPHYU

    October 8, 2011 at 12:52 pm

    အရမ်းကောင်းပါတယ်ဒီလိုစိတ်လေးတွေနဲ ကျိုးစားနေတဲသူတွေကိုလေ အားကျတယ်

  • Foreign Resident

    October 8, 2011 at 12:57 pm

    For your consideration,
    I am Myanmar, but, my religion is Buddhist.
    So, I would like to say the truth, the whole truth & nothing but the truth.
    So, “ ကိုယ့်မွေးရပ်မြေက မကောင်းရင်တော့ မကောင်းဘူးပဲ ပြောရမှာပါ “

    “ မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။
    ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။
    ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ပါဘူး ’’
    ( ဒေါ်အောင်ဆန်းစုကြည် )

    • Foreign Resident

      October 9, 2011 at 12:53 pm

      ရွာသားတို့ရေ
      လူငယ်တွေ ဂုဏ်ယူချင်စရာ နိုင်ငံဖြစ်အောင်
      မတည်ဆောက်ပေးနိုင်ခဲ့တဲ့ ကျွန်တော်တို့မှာလဲ အပြစ်ရှိပါတယ်

      • pooch

        October 9, 2011 at 1:09 pm

        တို့ ကိုရွှေနိုင်ငံခြားသားကြီးလည်း… မြန်မာလိုရေးလာတာတွေ့လို့ ဝမ်းသာပါတယ်..
        ကောင်းစေချင်လို့ ပြောတာတွေလည်း နားလည်ပါတယ်…

        “ရွာသားတို့ရေ
        လူငယ်တွေ ဂုဏ်ယူချင်စရာ နိုင်ငံဖြစ်အောင်
        မတည်ဆောက်ပေးနိုင်ခဲ့တဲ့ ကျွန်တော်တို့မှာလဲ အပြစ်ရှိပါတယ်” လို့ ပြောတဲ့ တို့ နိုင်ငံခြားသားကြီးရဲ့ စိတ်ဓာတ်လေးကိုလည်း လေးစားပါတယ်..

  • Diamond Key

    October 8, 2011 at 1:16 pm

    ဒီမိန်းကလေးတွေလို လွတ်ထွက်သွားတဲ့ သူတွေ မြင်ဖူးပါတယ်။ အခြေခံ စိတ်ဓါတ်မခိုင်မာတော့ ဒီလိုပဲ ဖြစ်သွားတတ်ပါတယ်။ ဒါကလည်း သူဖြတ်သန်းလာခဲ့ရတဲ့ ဘဝ ခရီးလမ်းနဲ့ ပတ်ဝန်းကျင်မှာက အားနည်းနေခဲ့လို့ပေါ့။ ချောကလက် မြို့တော် က မြင့်မိုရ်လို လူမျိုးတွေ ရဲ့ စိတ်ထားတွေကိုတော့ လေးစားပါတယ်။ အာင်မြင်ပြည့်စုံမှု တွေနဲ့ အမိမြေကို အမြန် ပြန်နင်းနိုင်ကာ ဘိန်းမုန့်
    မုန့်ဟင်းခါး ရခိုင်မုန့်တီလေးများ ကို ကြိုက်သလောက် တဝစားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

  • windtalker

    October 8, 2011 at 1:36 pm

    အင်း ကိုရင်စည်သူ ့စာကို ဖတ်အပြီး
    မောင်ပေ မနေ ့က ကြုံခဲ့ရတာလေး ရေးပြမယ်နော်
    အသက်၄ဝ လောက် တရုတ် တစ်ယောက် ရယ်
    အသက် ၅ဝကျော် ဗမာ ဘွားဒေါ်ရယ်
    မောင်ပေ ရယ် ၊ ၃ ဦးသား အလာပသလာပ စကားထိုင်ပြောဖြစ်ကြတာပေါ့
    တစ်ယောက်နဲ ့တစ်ယောက် အရင်ကမသိကြပါဘူး
    ရေဆေးဆီလိုက် တစ်ခု မှာ အတူလာဆုံကြရင်း
    စကားတွေ ပြောနေရင်းနဲ ့
    ဗမာဘွားဒေါ် က ရွှေဝယ်တဲ့ အကြောင်း စလာတော့
    စကားဝိုင်း ရွှေအရောင်းအဝယ် အကြောင်း ရောက်သွားတာပေါ့
    အဲဒီမှာ ဘွားဒေါ်က “ ဗမာတွေ မကောင်းလို ့” ဆိုပြီး ဆိုလာတယ်
    ဒါနဲ ့မောင်ပေလဲ တင်းသွားပြီး
    “ ဗမာတွေ မကောင်းဘူး မကောင်းဘူး လို ့လူမျိုးနဲ ့ချီတပ်ပြောနေရအောင်
    ခင်ဗျား က ဘာလူမျိုးလဲ ၊ ပြောစမ်းပါဦး ” လို ့ထ ဘုတော လိုက်တော့
    တရုတ်က ဝင်တားပါလေရော ။
    “ အချင်းချင်းတွေပဲ ကိုယ့်လူရာ စိတ်လျှော့ ” ပါတဲ့

  • နီလေး

    October 8, 2011 at 3:17 pm

    ကျမကြုံတွေ့နေရတာလေးကိုပြောပြချင်ပါတယ် တရုတ်လူမျိုးတွေဟာ(တရုတ်လူမျိုးလို့ဆိုခြင်းမှာ တရုတ်ပြည်ပေါက်လူမျိုးကိုသာ ဆိုလိုခြင်းဖြစ်သည်) သူတို့အချင်းချင်းဆိုဘယ်တော့မှ တခြားစကားကိုမပြောပါဘူး သူတို့ရဲ့မိခင်တရုတ်ဘာသာစကားကိုပဲပြောကြပါတယ် သူတို့ဘာသာစကားကိုအင်မတန်မှဂုဏ်ယူစွာပြောကြတာပါ အောက်တန်းကျတယ်လို့လဲ ပြောသံမကြားဖူးပါဘူး မိန်းကလေးအသိတစ်ယောက်ရှိပါတယ် သူက တရုတ်စကားကို လည်လည်ပတ်ပတ်ပြောတတ်ပါတယ် သူကအညာသူလေးပါ သူ့ကိုဗမာလို့အထင်ခံရမှာ အင်မတန်စိုးရိမ်သူပါ သူ့ကိုသူလည်း ကျမက ဗမာပေမယ့်ဗမာမစစ်ဘူးလို့ ခနခနပြောသံကြားနေရပါတယ် ကျမသူ့အစားအင်မတန်မှရှက်ပါတယ် သူတော့ဘယ်လိုနေပေသည်မသိ ကျမက တိုင်းရင်သူလေးဆိုတော့ ဘာသာစကား၅မျိုးလောက်တတ်ထားသူပါ ဒါပေမယ့် ကျမဘယ်နေရာကိုရောက်ရောက် ကျမမြန်မာထဲက တိုင်းရင်းသူလေးဖြစ်တယ်ဆိုတာကို ဘယ်တော့မှမမေ့ပါဘူး အမြဲလဲဂုဏ်ယူနေမိသူပါ

  • hokg

    October 8, 2011 at 4:09 pm

    မြန်မာပြည်က စောင်းကလေး

    ပတ်စာခွာ ဖျာသိမ်း ငြမ်းဖြုတ်ကြ
    ဟိုတစဒီတစ နဲ့ ဝေး..ဝေး…သွားကြ
    တစ်ခုခု ဆီကို လို..တစ်ခုခု ဆီကလို..
    နုတ်ထွက်ခြင်း သတင်းများသည်..မနက်ဖြန်အတွက်မီးစာဖြစ်ပြီး…
    တောက်လောင်ခြင်း တစုံတရာသည်.. သင်၏ `ဝမ်းနည်း´ စာဖြစ်သည်။
    အဝေးက တမ်းတ နေမည့်အစား
    အဝေးကို `ဝေး´ ခြင်းသည် အားလုံးအတွက်
    မိုးခါးဆေးကောင်း တစ်ခွက် ဖြစ်တန်ရာ၏။
    သမိုင်းကို လူက ရေးသည်
    လူကို သမိုင်းကရေး ပြန်သည်
    ယုံကြည်ခြင်း သည် သင့်အတွက်မနက်ဖြန်ဖြစ်လေသည်။
    ယုံကြည်ရာကား မရှိချေ။
    သင့်အတွက် ငါ့အတွက် သူ့အတွက်
    ငါသူတပါးယောက်ကျားမိန်းမ……..
    အိမ်အပြန်လမ်း အမှိုက်ရှင်းစေရမည်။
    နောင်တ ၏ နောက်တနေ့ သည်
    နောင်တကြောင့်မဟုတ်ကြောင်း သက်သေပြလိုခြင်းဖြစ်ကောင်းဖြစ်၏။
    သို့သော်
    နေထွက်ရာ အရပ်သည် အရှေ့အရပ်ဟုသာ
    ရွတ်ဆို နေရဆဲ ဖြစ်၏။

  • “ဘီလူးကြီး”ogre

    October 8, 2011 at 4:42 pm

    အဲဒီဟာမမျိုးကျတော့
    ပြောပစ်လိုက်ရမှာ
    နင်ဘယ်လူမျိုးရဲ အပေါက်ကထွက်ပြီးမွေးလာတာလဲလို့
    အဲလိုသာပြောလိုက်ချင်တယ်
    ““တယ်လေ.. ကိုရင်ကိုအားနာလို့နော်””

  • koyinmaung

    October 8, 2011 at 5:42 pm

    ဒို့တွေလဲတရုတ်ပြည်ထဲမှာအလုပ်နေတာပါ
    ဒါပေမဲ့ကိုယ့်နိုင်ငံကိုဘဲချစ်တယ်…
    ဒီမှာစီပွားရေးကြောင့်နေပေမဲ့
    မပျော်ပါဘူး…

  • ညီလေး

    October 9, 2011 at 10:35 am

    ကိုရင်စည်သူ… နောင်ကြုံလိုတင်ပါးကိုကန်ဖြစ်ခဲ့မယ်ဆိုရင်၊သားတွက်ပါ (၃)ချက်လောက်ပေါင်းကန်ပေးပါဗျာ….ဒါတောင်ကိုရင် ့ကိုအားနာလို ့…… ဖြစ်နိုင်ရင်တော့လိုက်ရှာပြီးကန်ဗျာ!!!!!!!!!!!! တင်းတယ်..တင်းတယ်..တင်းတယ်တင်းတယ်ဟေ့……….

  • min min san

    October 9, 2011 at 12:01 pm

    Coz different ppl different perception and acceptance ,,,,,,,,,,,,,very hard to say to those ppl who are pround to stay in oversea,,the way they thought is totally different from us,,,,,,,,so just leave them alone,,do not take unapproprite sin,,,To me i really love my native and my land,,,,,,i have no intention to hurt my lovely own land and ppl which is universal truth in my life.

  • Foreign Resident

    October 9, 2011 at 12:55 pm

    ရွာသားတို့ရေ
    လူငယ်တွေ ဂုဏ်ယူချင်စရာ နိုင်ငံဖြစ်အောင်
    မတည်ဆောက်ပေးနိုင်ခဲ့တဲ့ ကျွန်တော်တို့မှာလဲ အပြစ်ရှိပါတယ် 🙁

    • မှော်ဆရာ

      October 9, 2011 at 6:15 pm

      မှန်တယ် နောင်လာနောက်သားတွေကို ဂုဏ်ယူဖွယ်ရာ နိုင်ငံကြီး အမွေပေးခဲ့နှိုင်အောင် ကျွန်တော်တို့ ကြိုးစားသင့်ပါတယ် …

  • kocho

    October 9, 2011 at 1:52 pm

    အကြောင်းမညီညွပ်လို့ ဘောင်းဘီဝတ် ရပေမည့် အမိမြန်မာပြည် ကိုတော့အမြဲ တမ်းတလွမ်းစွတ် လျှက်ပါ

Leave a Reply