အင်္ဂလိပ်-မြန်မာစကားပုံအချို့

ကြောင်လတ်October 8, 20111min716

အင်္ဂလိပ်စကားပုံ အချို့ဟာ တိုက်ရိုက် ဘာသာပြန်လို့ရပေမဲ့ ဆိုလိုရင်းအဓိပ္ပါယ်တူ မြန်မာစကားပုံရှိနေတာတချို့ကိုဖော်ပြလိုက်ပါတယ်။

(၁)  You can not get blood out of stone.

ကျောက်တုံးကိုဆီကြိတ်လို့မရနိုင်။

(၂) No one knows where the shoe pinches ,but he who wears it.

ကိုယ့်ဝမ်းနာ  ကိုယ်သာသိ။

(၃) Diamond cuts diamond.

ကိုယ့်ကို ကိုယ်ဖျက် သံချေးတက်။(သံကိုသံဖျက် သံချေးတက်လို့လဲဆိုကြပါတယ်)

(၄) As you make your bed ,so you must lie on it.

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတယ်။

(၅) The best of friends must part.

ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းက ကွေကွင်းနောက်ဆုံးရှိစမြဲ။

(၆) It takes two to make quarrel.

ချိတ် ချိတ်ခြင်းပဲချိတ်တယ် ။

(၇) He who hold his tongue save his head.

စကားနဲ ရန်စဲ။

(၈) Go to bed with lamp,and rise with the lark.

စောစောအိပ် စောစောထ။

(၉) Far from eye, far from heart.

တခြုံကွယ်တမယ်မေ့။

(၁၀)  We would rather die on  our feet than live on our knee.

လှေခွက်ချည်းကျန် အလံမလှဲ။

(၁၁) It’s  easy to make mistake but it was not take you a long time to correct them.

ပျက်အစဉ် ပြင်ခဏ။

(၁၂) While the grass grows the horse starves.

ဖောင်စီးရင်းရေငတ်။

(၁၃) At open doors,dogs come in.

ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်။

(၁၄) They that know nothing fear nothing.

မျက်ကမ်းတစ္ဆေကကြောက်။

(၁၅) Never try to prove what nobody doubts.

မယောင်ရာ ဆီ(ဆေး)မလူးနဲ့။

(၁၆) Out of sight, Out of mind.

မီးဝေးတော့ချိပ် မာတယ်။

(၁၇) Don’t teach your grandmother how to suck eggs.

မိကျောင်းမင်းရေကင်းမပြနဲ့။

(၁၈) A good name is better than gold.

လူသာသေစေ နာမည်မသေစေနဲ့။

 

6 comments

  • TTNU

    October 8, 2011 at 9:57 pm

    ကိုရမ်းကက်ရေ
    (နံပါတ်(၁၄)မှာ They that know nothing fear nothing.မျက်ကမ်းတစ္ဆေကကြောက်။)

    မျက်ကန်းတစေ ္ဆမကြောက် ထင်တယ်နော်။
    ဒါမှ မျက်ကန်းက တစေ ္ဆကို မကြောက်တာမဟုတ်လား။
    တစေ ္ဆက ကြောက်တာမဟုတ်ဘူး လေ။

    Just giving comment, don’t get upset,OK?

  • koyinmaung

    October 9, 2011 at 1:25 am

    မီးဝေးတော့ချိပ်မာတယ် ဆိုတာဘာကိုဆိုလိုတာလဲ
    သိပါရစေ……

    • moethidasoe

      October 9, 2011 at 10:20 am

      ချိတ် ဆိုတာ စာအိတ်တွေ ပိတ်တဲ့ ချိတ်ကို ခေါ်တာ
      စာအိတ်ကို ပိတ်ရင် အဲဒီချိတ်ကို ဖယောင်းတိုင်မီးမှာ ပြလိုက်ရင် အရည်ပျော်လာတယ်
      စာအိတ်ပေါ် ဖိချလိုက် ပြီးရင် အမှတ်တံဆိပ် ကြေးတုံး ဒါမှမဟုတ် ခဲတုံးနဲ့ ဖိလိုက်ရင် ချိတ်ပေါ်မှာ အမှတ်တံဆိပ် ပေါ်သွားတယ် .. ချိတ်က အပူနဲ့ ဝေးသွားတော့ မာ ခဲ သွားတယ်
      မီးနဲ့ ပြန်တွေရင်တော့ ပြန် ပျော့သွားမယ်
      ဒါကြောင့် မီးက ချိတ်ကို ပျော့စေတဲ့ သဘောမို့လို့ မီးနဲ့ မတွေ့ရင် မာသွားတာ
      ချော့တတ်တဲ့လူနဲ့ မတွေ့ခင်မှာတော့ ခပ် တင်းတင်းပေမယ့် ချော့တတ်တဲ့ လူနဲ့ တွေ့ရင် ပျော့တတ်တဲ့လူကို မီးနဲ့ တွေ့တဲ့ ချိတ်လို ပဲလို့ ဆိုတတ်ကြပြန်သေးတယ်

  • youngcat

    October 9, 2011 at 6:03 am

    ဆရာမကြီးခင်ဗျာ၊ပြင်ပေးတာကျေးဇူးတင်ပါတယ်။စာပြန်မစစ်လိုက်မိဘူး၊လက်ကွက်လည်းအဝေးကြီး။
    ဘယ်လိုမှားသွားသလဲမသိပါ။
    ကိုရင်မောင်….
    ချိပ်ကမီးနဲ့ထိတွေ့နေရင် ပျော့ပြောင်းနေပေမဲ့၊မီးနဲ့ဝေးရင် မာသွားတဲ့သဘော၊ပြောင်းလဲသွားတဲ့သဘောကို
    ဆိုလိုတာပါ။

  • windtalker

    October 9, 2011 at 12:12 pm

    “ Is From Is Air Ginger ” = “ ဖြစ်မှ ဖြစ်ရလေချင်း ”
    ထိုစကား သည် သောင်းပြောင်းထွေလာမဂ္ဂဇင်းတွင် ဖတ်မြင်ရသဖြင့် ၊ ကြိုက်လွန်းသဖြင့်
    ကျွန်ုပ် မောင်ပေ တစ်ယောက် အမြဲသုံးသော စကားဖြစ်ပါသည် ။
    မူရင်းစာရေးသူ နာမည် ကို မမှတ်မိတော့သဖြင့် ခွင့်လွှတ်တော်မူကြပါကုန်

    • small cat

      October 9, 2011 at 4:41 pm

      ” Hammer hammer water bamboo ” တို့
      ” Cat Mountain mountain ” တို့ထက် ပိုပြီး
      modernize ဖြစ်နေပါလားဟရို့။

      နေဦးသေချာပြန်ကြည့်တော့ တစ်ခုလိုနေသလားလို့
      “ Is From Is get Air Ginger ”
      အဲသလိုဖြစ်မယ်ထင်တယ်၊ကျွန်တော်လည်း ကိုပေပြောမှဒါကိုသိတာဗျ။

Leave a Reply