အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး “တရားပွဲအစီအစဉ်”

maungaungOctober 8, 20111min1826

အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး
သီတဂူအာယုဒါနဆေးရုံအလှူတော်
“အထူးတရားပွဲဖိတ်ကြားလွှာ”

ရန်ကုန်မြို့၊ဆူးလေစေတီရင်ပြင်တော်ရှိအဘိဓမ္မာပြန့်ပွားရေးအသင်းကြီးအား ချီးမြှောက်သော အားဖြင့် အဘိဓမ္မာအခါတော်နေ့ အထူးတရားပွဲကို သီတဂူဆရာတော်ဘုရားကြီးမှဟောကြားချီးမြှင့်မည်ဖြစ်ပါ၍တရားချစ်ခင် သူတော်စင်အပေါင်းတို့အား ကြွရောက်နာယူ ကုသိုလ်ယူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

တရားပွဲမတည်အလှူရှင်- အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး

“တရားပွဲအစီအစဉ်”

၁။ဟောကြားမည့်နေ့- ၁၃၇၃ ခုနှစ်၊သီတင်းကျွတ်လပြည့်နေ့
(၁၂-၁၀-၂၀၁၁)၊ဗုဒ္ဓဟူးနေ့

၂။အချိန်- ညချမ်းကာလ (ရးဝ၀)နာရီ
၃။နေရာ-အဘိဓမ္မရတနာဃရအဘိဓမ္မာဗိမ္မာန်တော်ကြီး
အမှတ် (၄၉-၅၁)၊ကမ္ဘာအေးဘုရားလမ်း၊
ဗဟန်း(၃)လမ်းမှတ်တိုင်အနီး၊ဗဟန်းမြို့နယ်။
မှတ်ချက်။ ။ တရားနာပရိတ်သတ်များအား တရားပွဲအပြီးတွင် ဖော်ပြပါနေရာများ အထိမော်တော်ယာဉ်များဖြင့်ပို့ဆောင်ပါမည်။
၁။ဆူးလေဘုရား
၂။ပုဇွန်တောင်ကုန်တိုက်ဟောင်းရှေ့
၃။ကမ္ဘာအေးဘုရားရှေ့
၄။ကမာရွတ်လှည်းတမ်းမှတ်တိုင်
၅။စမ်းချောင်းမီးသတ်ရှေ့

အမှုဆောင်အဖွဲ့

6 comments

  • padonmar

    October 9, 2011 at 1:11 am

    တရားပွဲ ဖိတ်တာကျေးဇူးတင်ပါတယ်၊
    အခြားတရားနာလိုသူတွေလည်းသိအောင် လက်ဆင့်ကမ်းပေးလိုက်ပါမယ်၊
    သီတဂူဆရာတော်ကြီးနဲ့များနီးစပ်ရင်တော့ ကျွန်မတို့သဂျီးက အဘိဓမ္မာတရားသည် ဘုရားဟောမဟုတ်ပါလို့ wiki ထဲမှာ အတိအလင်းရေးထားပါတယ်တဲ့ ၊အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ပြင်ရေးနိုင်ရင် ဘယ်သူမဆိုပြင်လို့ရပါတယ်လို့ ဆိုထားပါတယ်၊
    အဲဒီအကြောင်းလေးဆရာတော်ကြီး ဖြေရှင်းပေးပါလို့လျှောက်ပေးပါလား၊

  • Nan Shin

    October 9, 2011 at 1:41 pm

    အထောက်အထားဆိုတာ တခါတရံမှာ အာဂမယုတ္တိရှိချင်မှရှိနိုင်မယ်……….။သဘာဝယုတ္တိနဲ့ဆုံးဖြတ်တာ
    ကတော့ အကောင်းဆုံးပဲ ။အဘိဓမ္မာလို နက်နဲ ခတ်ခဲတဲ့ တရားဓမ္မမျိုးကို ဘုရားမှ မဟောရင်ဘယ်သူကဟောမှာလဲ…။အဲ့ဒါကို သဘာဝကျကျစဉ်းစားကြည့်ပါ။လက်တွေ့လုပ်ကြည့်ပါ။
    အဘိဓမ္မာ ရကျမ်းမှာ ကထာဝတ္တုကျမ်းကို အာသောက မင်းကြီးလက်ထက် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ
    မထေရ်မြတ်ရေးခဲ့တာပါ….အဲ့ဒါကိုဘုရားမဟောဘူးဆိုတာမှန်ပါတယ်………ဒါပေမဲ့ ဗုဒ္ဓအလိုတော် ကျ
    ခန္ဓာ အာယတန ဓါတ် သစ္စာတွေကို ဝေဘန်ပိုင်းခြားထားတာပါပဲ။ပြီးတော့ သစ္စာလေးပါဆိုတာ ဗုဒ္ဓက စတင်
    ဟောကြားလို့ သိရတာတွေချည်းပါပဲ။။။အဘိဓမ္မာဆိုတာက လည်း အဲ့ဒိသစ္စာလေးပါကို ရရာရောက်ကြောင်း
    နည်းလမ်းကောင်းတွေကို ညွှန်ပြထားတာပါပဲ။အခုလို အယူဝါဒတွေ များပြားပြီး အမုန်းခံပြီး ရှင်းပြမဲ့သူ
    ရှားပါတဲ့ခေတ်မှာ ယုတ္တိဘေဒနဲ့ ကိုယ်ပိုင်အသိဉာဏ်ကသာလျှင် ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့လမ်းစဉ်ကို တည့်
    မက်ပေးနိုင်ပါလိမ့်မယ်။

  • padonmar

    October 9, 2011 at 7:40 pm

    နန်းရှင်သာဂိအဖြေအတွက်ကျေးဇူးပါ။

  • ဆူး

    October 9, 2011 at 9:27 pm

    အဘိဓမ္မာ တရားရဲ့ နက်နဲမှုကို တကယ်လေ့လာရင် ပိုပြီး ကြည်ညိုပြီး နားလည်လာပါလိမ့်မယ်။
    ဘုရားဟော ဟုတ်မဟုတ် ငြင်းခုန်နေရင် အချိန်ကုန်တာပဲ အဖတ်တင်ပဲ ဒီကိစ္စကို အရင်ဘေးထားပြီး အရင်လေ့လာသုံသပ်ပြီး ကိုယ်တိုင် သိအောင် လုပ်သင့်တယ် ပြီးတော့မှ တကယ်တမ်းကတော့ ဘုရားဟော ဟုတ်ခြင်း မဟုတ်ခြင်းက အရေးမကြီးတော့ဘူး။ ကိုယ့်အတွက် အနှစ်အရသာပါတဲ့ တရားဟုတ်မဟုတ်သာ သုံးသပ်ပြီး ကောင်းခြင်း ဆိုးခြင်းကိုသာ သိမြင်နိုင်အောင် အားထုတ်နိုင်ဖို့သာ အရေးကြီးတယ်လို့ ထင်မြင်သုံးသပ်မိပါတယ်။

    ဝိကီ တင်တဲ့လူကကော ဘယ်အရာကို ဘယ်လောက် သိမလဲ ဆိုတာ ဘာပေတံနဲ့ တိုင်းမလဲ..
    ဒီမှာ စာရေးစာဖတ်နေတဲ့ လူတွေကကော ဘယ်လောက် သိသလဲ ဆိုတာ ဘာပေတံနဲ့ တိုင်းမလဲ..
    မတူညီတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေတဲ့ လူတွေ အတွက် မတူညီတဲ့ အတွေးနဲ့ မတူညီတဲ့ အသိဉာဏ်တွေရှိကြတယ်လို့ ယုံကြည်တယ်။

    ရွာထဲက သဂျီးကတော့ အနည်ကျကျောက် ဖြစ်နေပြီ.. အမှိုက်တွေ နှုံတွေ လည်း စုထားတယ် ပတ္တမြားပါလည်း စုထားတယ်။ တကယ်အရောင်လက်တဲ့ ပတ္တမြားလည်း ကျောက်လွာ အထပ်ထပ် အုပ်နေရင်တော့ အရောင်မလက်နိုင်တော့ဘူး။ သဂျီး က စာဖတ်တာ များလို့ အသိစုံပြီး အနည်ကျကျောက်နဲ့ တူနေလို့ အသိဉာဏ်ထဲက ပတ္တမြားနဲ့ တူတဲ့ ဗဟုသုတကို တွေ့ရင် အသုံးမကျတဲ့ အရာတွေ (သံသရတွေ) ဖယ်ထုတ်ပြီး တန်ဖိုးရှိရှိ အသုံးချနိုင်ပါစေလို့ ဆန္ဒပြု ပါတယ်။

    လက်ရှောင်ချင်လို့ ငြိမ်နေပေမဲ့ မနေနိုင်လို့ ဝင်ပါလိုက်သည်။

  • maungaung

    October 10, 2011 at 12:28 am

    အပေါ်ကကွန့်မန်တွေလိုဘဲသူကြီးကိုပြောပါရစေ..ဗုဒ္ဓအဘိဓမ္မာသည် သိအောင်လုပ်ပြီးလျှင် ကိုယ်ကိုယ်တိုင်ကျင့်ကြံအားထုတ်ကြည့်ပါ (ဗုဒ္ဓပြောခဲ့တဲ့အတိုင်း……ငါဘုရားပြောတိုင်းလည်း အကြွင်းမဲ့မယုံနှင့်……………….).
    မသိမှုအဝိဇ္ဇာကြောင့် ခုချိန်အထိသံသရာထဲမှာတဝဲလည်လည်ဖြစ်နေရတယ်…
    သိအောင်လုပ်ပါ
    လွတ်အောင်လုပ်ပါ
    *သူကြီးတစ်ယောက်အချိန်မီအမြင်မှန်ရပါစေ..
    *သူကြီးတယောက်မြန်မာပြည်တွင်းမှာဆိုတရားပွဲဆက်ဆက်လာခဲ့ပါလို့ အထူးမေတ္တာထားဖိတ်ကြားလိုက်ပါတယ်……….

  • kai

    October 10, 2011 at 6:54 am

    မာလုကျပုတ္တ အဘယ်ကို ငါဘုရားဟောကြားသနည်း- မာလုကျပုတ္တ ဤကား ဆင်းရဲတည်းဟုငါဘုရား ဟောကြား၏၊ ဤကား ဆင်းရဲဖြစ်ကြောင်းတည်းဟု ငါဘုရားဟောကြား၏။ ဤကား ဆင်းရဲချုပ်ရာတည်းဟု ငါဘုရားဟောကြား၏။ ဤကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်တည်းဟုငါဘုရားဟောကြား၏။

    မာလုကျပုတ္တ ထိုတရားကို အဘယ်ကြောင့် ငါဟောကြားသနည်း- မာလုကျပုတ္တထိုတရားသည် အကျိုးစီးပွားနှင့် စပ်၏၊ ထိုတရားသည် မြတ်သောအကျင့်ဖြစ်သော သာသနာတော်၏အစအနဖြစ်၏၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ ရာဂကင်းခြင်းငှါ ရာဂချုပ်ခြင်းငှါ ကိလေသာမီးအေးငြိမ်းခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို သိခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ဖြစ်၏၊ ထို့ကြောင့် ထိုတရားကို ငါဟောကြား၏။

    မာလုကျပုတ္တ ထို့ကြောင့်သာလျှင် သင်တို့သည်ဤငါမဟောကြားသည်ကို မဟောကြား သည့်အတိုင်း မှတ်ကြကုန်လော့၊ ငါဟောကြားသည်ကိုလည်းဟောကြားသည့်အတိုင်း မှတ်သားကြကုန်လော့ ဟု မြတ်စွာဘုရားသည် ဤတရားတော်ကိုမိန့်ကြားတော်မူ၏။

    http://tipitakamyanmar.blogspot.com/2010/07/blog-post_2291.html

Leave a Reply