ဒီနေ့ ပေးစာမှာတော့  ကျွန်တော် ပရဟိတ အလုပ်တွေ စိတ်ဝင်စါးပြီး လုပ်ဖြစ်သလဲဆိုတာကို ပြောရဦးမယ်၊

ဒါကို ကျွန်တော်ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တာပါ၊ မူလတန်းကျောင်းသားအရွယ် ဒုတိယတန်းမှာ ပညာသင်တုန်းက ကျွန်တော့်အတန်းပိုင်ဆရာက ဦးဘကြည်ပါ ခု ရွေဘုံသာ လမ်း သံတွဲမှာနေပါတယ်၊ ဆရာက ကောင်းမှုတခုနေ့စဉ်ပြုခေါင်းစဉ်နဲ့  နေ့စဉ် တပည့်တွေကိုစစ်တယ်၊ တပည့်တွေတယောက်ခြင်းက  ပြန်ဖြေရတယ် တချို့က လမ်းမှာတွေ့တဲ့  ပလင်းကွဲကို ဖယ်တယ်  နောက် ငှက်ပြောခွံ တွေလမ်းပေါ်တွေ့လို့ ဖက်လိုက်တယ်စသည်ဖြင့်ပေါ့လေ  ဖြေကြတယ် ၊ ဆရာက ဒီ အဖြေ တွေကိုနားထောင်ပြီး ဆုံးမစကားတွေဆိုတယ်၊အများပြည်သူ ကို ဒုက္ခဖြစ်စေတဲ့ အရာတွေကိုဖယ်ခြားပေးတဲ့အတွက် ကုသိုလ်ရတဲ့အကြောင်းပြောပါတယ်၊

နောက်စာရိတ္တ အချိန်ဆိုရင်  နီတိသုံးပါးကိုသင်ပါတယ် ၊ပစ္ခေဗုဒ္ဒတို့ ဆိုဆုံးမသော ဓမ္မနီတိ မင်းရာဇတို့ ဆိုဆုံးမသော ရာဇနီတိ လောကပညာရှိတို့ ဆိုဆုံးမအပ်သော လောကနီတိ တွေကို ပြောဆိုဆုံးမပါတယ်၊တတိယတန်းနဲ့ စတုထ္ထတန်းတော့ ခု သံတွဲမြို့သမိုင်းဝင်ရွှေနံတော်စေတီတော်မှာ ဂေါပက လူကြီးလုပ်နေတဲ့ ဆရာဦးတင်ဖေတို့ က ပြောဆိုဆုံးမခဲ့တော့ ဆရာတွေရဲ့ စကားတွေဟာ ကြီးပြင်းလာတဲ့တိုင် ကျွန်တော်တို့အပေါ် စိုးမိုးနေတာပေါ့ kai၊

ဒသမတန်းရောက်လာတော့ 1988ခုနှစ် 8888 ကို ကျွန်တော် ဖြတ်သမ်းရပါတယ်၊ဒီအခါမှာတော့ ကျွန်တော် ဟာ သံတွဲမြို့နယ် သပိတ်မှောက်ကျောင်းသားများ သမဂ္ဂရဲ့ တွေတွေအတွင်းရေးမှုး ဖြစ်လာပါတယ်၊နောက် ကျွန်တော်ဟာ ပြည်ပကိုရောက်ရှိသွားခဲ့ပြီး ပြန်ဝင်လာတဲ့အခါ ကြိုဆိုရေးစခန်းအ၀င်မခံလို့ ထောက်လှန်းရေးက ဖမ်းဆီးတာခံခဲ့ရပါတယ်၊စစ်တွေထောက်လှန်းရေးစခန်းဆို မှောင်မှောင်ဆီးဆီး နေခဲ့ရပါတယ်၊

ခံဝန်ချုပ်လုပ်ပြီးလွှတ်ပေးမယ်လို့ပြောပေမယ့် ကျွန်တော်မလုပ်ခဲ့တာကြောင့်  ထောင်ဒဏ် ငါးနှစ်အပြစ်ဒဏ်ပေးပါတယ်၊    တနှစ်နဲ့ ဆယ်လအရောက်မှာတော့ ထောင်နှစ်ထောင် အချုပ်ခန်း ခြောက်ခု စုစုပေါင်း အချုပ်ခန်း ရှစ်ခုနေခဲ့ရပြီး စစ်တွေထောင်ကလွတ်ခဲ့ပါတယ်၊ထောင်ထဲမှာတော့ လူတွေရဲ့ ဘ၀မျိုးစုံကို လေ့လာခွင့်ရခဲ့တာပေါ့၊

1991ခုနှစ် ဇန္န၀ါရီလ30 ရက်ကကျွန်တော့်မွေးနေ့ အပြင်ကသူငယ်ချင်းတွေ က ကိတ်မုန့်တွေလာပို့တယ် ဘ၀တူတွေနဲ့အတူ စားရင်းမွေးနေ့စုတောင်းတွေ တောင်းကြတာပေါ့၊ နောက်တနေ့မှာဘဲ ကျွန်တော် မရေးတတ်ရေးတတ် ရေးထားတဲ့ ခွပ်ဒေါင်းတို့ရဲ့သွေး  ကဗျာလေး ထောင်ပြာတာတွေ တွေ့သွားတော့ ဒေါက်ခပ်ပြီး တိုက်ဆယ်ရက်ပိတ်လိုက်တယ်၊ပြန်ထွက်တော့ စစ်တွေထောင်ကိုပြောင်းလိုက်တာပေါ့၊

တိုက်ထဲမှာတုန်းက ကျွန်တော် စဉ်းစားတယ် ငါ လူတွေအတွက်ကောင်းအောင် ဘာတွေလုပ်ပေးနိုင်ခွင့်ရှိလဲ အချုပ်တွေထောင်တွေ တရားရုံးတွေ ဒါတွေနဲ့မငြိစွန်းတဲ့အလုပ်မျိုးထဲကပေါ့၊ဒီမှာ ဆရာချစ်သိန်းဦးရေးတဲ့ စာအုပ်လေးက    my country of the world  my religious    is to do good   ဤ ကမ္ဘာကြီးသည် ငါ၏ တိုင်းပြည်ဖြစ်ပြီး   ကောင်းတာလုပ်ခြင်းသည် ငါ၏ဘာသာတရားဖြစ်သည် ဆိုတဲ့စာလေးကိုသွားသတိရတယ် ၊ နောက် တော်တော်ကြာကြာမှာ ကျွန်တော့်ခြေတောက်တွေ ဒဏ်တွေကြောင့်လှုပ်ခြားမရဖြစ်ခဲ့တယ် မြန်မာဆေးဆရာတစ်ဦးရဲ့ ကောင်းမှုကြောင့် ပြန်ကောင်းခဲ့တဲ့အခါ ကျွန်တော်လုပ်ရမယ့် ကောင်းမှုတစ်ခုနေ့စဉ်ပြုဘို့ အဖြေရသွားတယ် ၊

လူတွေရဲ့ရခဲလှတဲ့ဘ၀မှာ ကျမ္မာရေး နဲ့ ပညာရေးဟာ သိပ်အရေးကြီးတယ်လို့  ကျွန်တော်ထင်ပါတယ်၊ကျွန်တော့်ပတ်ဝန်းကျင်မှာ ချမ်းသာသူ ပရဟိတ သမားတွေကဆေးဝါးသိန်းချီ  လှုတန်းချိန် ကျွန်တော်မလှုနိုင်ပါဘူး ဒါကြောင့် လူအများရဲ့ကျမ္မာရေးနဲ့ စိတ်ပျော်ရွှင်မှုအတွက် အားကစားအားဖြင့် စောင့်ရှောက်တဲ့နည်းလမ်းကို ကျွန်တော်ရွှေးပြီးဒီလမ်းအတိုင်း လျှောက်တာပေါ့၊

ဒါနဲ့ ကျွန်တော်ငယ်စဉ်ကဘဲ နှစ်နှစ်ခြိုက်ခြိုက် ကစားခဲ့တဲ့ ကြက်တောင် ကစားနည်းကိုဘဲရွေးလိုက်တာ ကျွန်တော်က တိုက်ခိုက်ကစားရတာကို မကြိုက်ဘူး ကျွန်တော့်အဖေက ဦးကျားဘငြိမ်းနဲ့ ဦးဘားဝါးတို့ရဲ့ တပည့် လက်ဝှေ့ နည်းပြဆရာဖြစ်ပြီး ကျွန်တော်ကတော့ ကြက်တောင်ဆရာဖြစ်ပါတယ်၊ ၀ါသနာခြင်က ကွာပါတယ်၊

ဒါနဲ့ကျွန်တော်ကြက်တောင် သင်တန်းဖွင့်ပြီး ကလေးတွေရဲ့ စာရိတ္တနဲ့ ကျမ္မာရေးကို စောင့်ရှောက်တဲ့လုပ်ငန်း လုပ်တာ 88 အရိပ်ကအမြဲတမ်းဆိုတာမျိုးလို လက်ညှိုးထိုးခံရတယ်၊  ကျွန်တော်ရဲ့ကျိုးစားမှုတွေကို လူအများက အသိအမှတ်ပြု လာတဲ့အခါ ကျွန်တော့်ကိုအသုံးချဘို့ကျိုးစားလာတယ်၊မရတော့ ကျွန်တော်ဟာ ကလေးတွေကို nld ပါတိအတွက် စည်းရုံးထားတာလို့ တိုင်ခံရတယ်  ကြက်တောင်အဖွဲ့ချုပ်က တောင်အထင်လွဲလို့ ကျွန်တော့်ကို ရှောင်ကြတယ် ၊ သူတို့ကနိုင်ငံရေးကင်းတယ်လေ ဘယ်အငြိခံမလဲ နောက်တော့  တကယ်စိတ်ရင်းမှန်နဲ့လုပ်တာပါလို့သိလာတဲ့အခါကြတော့မှ လက်ခံလာကြတာ၊

နောက်တော့  1/2010 အပတ်စဉ်ဆင်း မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ်ရဲ့ ဒိုင်အဖွဲ့ဝင်ဖြစ်လာပါတယ်၊

ဒီကြားထဲ 2006ခုနှစ်နဲ့ 2007 ခုနှစ်တွေမှာတော့ ကြက်တောင်သင်တန်းကို အဖျက်အမှောင့် လုပ်ငန်းတွေများလာတာကြောင့် ရပ်ပြစ်တယ် ရခိုင်ပြည်နယ်တခုလုံးမှာ သံတွဲမှာဘဲကြက်တောင်ရှိတာဆိုတော့ ကြက်တောင်အားကစားပြောက်သွားမှာစိုးပါတယ်၊ခုဆင်းရဲနွမ်းပါးကျောင်းကိုရောက်တော့ ကျွန်တော့်ဘ၀နဲ့ ကိုယ်ချင်းစာပြီး  2008 မှာ စလုပ်တာပါ၊  ကျွန်တော်ပျော်ပါတယ် ကျွန်တော့် တပည့်အားလုံးက ဦးထွန်းလို့ဘဲ ခေါ်ကြပါတယ်၊ ကျွန်တော်လာရင် ဦးထွန်းလို့ ခေါ်ရင်းပြေးကြိုတဲ့ တပည့်တွေကိုမြင်ရတဲ့အခါ မောပန်းသမျှပြေရပါတယ်၊

လက်ရှိကျွန်တော်ဟာ ရခိုင်ပြည်နယ်ရဲ့ ကြက်တောင်အားကစားနည်းပြပါ၊ ပရဟိတဆင်းရဲ သားကျောင်းလေးရဲ့နည်းပြပါ ဘယ်လိုပဋိပက္ခတွေထဲမှ မပါဝင်ခြင်ပါဘူး၊ကျွန်တော့်ကို တည်ကြက်အဖြစ်သုံးပြီး ဖမ်းမရတဲ့ တရားခံအတွက်အသုံးချလာတိုင်း  သံတွဲအုပ်ချုပ်ရေးပိုင်းနဲ့အမြဲဆွေးနွေးပါတယ်၊ အားလုံးက သည်းခံကြဘို့ပြောကြပါတယ်၊

ကျွန်တော်ထင်တာက  အခု နိုင်ငံရေးကို လမ်းဖွင့်တဲ့အချိန်မှာ  nld လိုရေပန်းစားတဲ့ ပါတီကို ချဉ်းကပ်လိုတဲ့   ပြိုင်ဘက်ပါတီများက   သန့်ရှင်းရေးကြောင့်  ပြုတ်ကုန်တဲ့ လူတွေ ကျွန်တော့်ကို ခလုပ်ကန်သင်းတခုလို့ တိုက်ခိုက်တာထင်ပါတယ်။  ကျွန်တော်ဘယ်တော့ မှ ပါတီ နိုင်ငံရေးမလုပ်ပါဘူး ကျွန်တော့် ပရဟိတ လုပ်ငန်းလေးမှာ ကျွန်တော်ပျော်ပါတယ် ၊လိုင်းပေါ် မှာ အထင်လွှဲမှားစွာ တိုက်ခိုက်နေတဲ့ မင်ဘာများ ကျွန်တော့်ကျောင်းကို လာလေ့လာ ပါ အပြစ်ကင်းစင်တဲ့ ကလေးငယ်များရဲ့ မျက်ဝန်းများကို  5မိနစ်လောက်လာကြည့်ပါ စိတ်ချမ်းမြေ့မှုကို ရရှိပါလိမ်ံမယ်၊

ခင်မင်လေးစားစွာဖြင့်

ထွန်းထွန်းဦး(ကြက်တောင်)

About ဖိုးကြက်တောင်@badminton

ဇိုး ကြက်တောင် has written 13 post in this Website..