ခင်မင်လေးစားရပါသော kai

Maung YuGhan SDYOctober 8, 20111min164

ဒီနေ့ ပေးစာမှာတော့  ကျွန်တော် ပရဟိတ အလုပ်တွေ စိတ်ဝင်စါးပြီး လုပ်ဖြစ်သလဲဆိုတာကို ပြောရဦးမယ်၊

ဒါကို ကျွန်တော်ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာပါ၊ မူလတန်းကျောင်းသားအရွယ် ဒုတိယတန်းမှာ ပညာသင်တုန်းက ကျွန်တော့်အတန်းပိုင်ဆရာက ဦးဘကြည်ပါ ခု ရွေဘုံသာ လမ်း သံတွဲမှာနေပါတယ်၊ ဆရာက ကောင်းမှုတခုနေ့စဉ်ပြုခေါင်းစဉ်နဲ့  နေ့စဉ် တပည့်တွေကိုစစ်တယ်၊ တပည့်တွေတယောက်ခြင်းက  ပြန်ဖြေရတယ် တချို့က လမ်းမှာတွေ့တဲ့  ပလင်းကွဲကို ဖယ်တယ်  နောက် ငှက်ပြောခွံ တွေလမ်းပေါ်တွေ့လို့ ဖက်လိုက်တယ်စသည်ဖြင့်ပေါ့လေ  ဖြေကြတယ် ၊ ဆရာက ဒီ အဖြေ တွေကိုနားထောင်ပြီး ဆုံးမစကားတွေဆိုတယ်၊အများပြည်သူ ကို ဒုက္ခဖြစ်စေတဲ့ အရာတွေကိုဖယ်ခြားပေးတဲ့အတွက် ကုသိုလ်ရတဲ့အကြောင်းပြောပါတယ်၊

နောက်စာရိတ္တ အချိန်ဆိုရင်  နီတိသုံးပါးကိုသင်ပါတယ် ၊ပစ္ခေဗုဒ္ဒတို့ ဆိုဆုံးမသော ဓမ္မနီတိ မင်းရာဇတို့ ဆိုဆုံးမသော ရာဇနီတိ လောကပညာရှိတို့ ဆိုဆုံးမအပ်သော လောကနီတိ တွေကို ပြောဆိုဆုံးမပါတယ်၊တတိယတန်းနဲ့ စတုထ္ထတန်းတော့ ခု သံတွဲမြို့သမိုင်းဝင်ရွှေနံတော်စေတီတော်မှာ ဂေါပက လူကြီးလုပ်နေတဲ့ ဆရာဦးတင်ဖေတို့ က ပြောဆိုဆုံးမခဲ့တော့ ဆရာတွေရဲ့ စကားတွေဟာ ကြီးပြင်းလာတဲ့တိုင် ကျွန်တော်တို့အပေါ် စိုးမိုးနေတာပေါ့ kai၊

ဒသမတန်းရောက်လာတော့ 1988ခုနှစ် 8888 ကို ကျွန်တော် ဖြတ်သမ်းရပါတယ်၊ဒီအခါမှာတော့ ကျွန်တော် ဟာ သံတွဲမြို့နယ် သပိတ်မှောက်ကျောင်းသားများ သမဂ္ဂရဲ့ တွေတွေအတွင်းရေးမှုုး ဖြစ်လာပါတယ်၊နောက် ကျွန်တော်ဟာ ပြည်ပကိုရောက်ရှိသွားခဲ့ပြီး ပြန်ဝင်လာတဲ့အခါ ကြိုဆိုရေးစခန်းအဝင်မခံလို့ ထောက်လှန်းရေးက ဖမ်းဆီးတာခံခဲ့ရပါတယ်၊စစ်တွေထောက်လှန်းရေးစခန်းဆို မှောင်မှောင်ဆီးဆီး နေခဲ့ရပါတယ်၊

ခံဝန်ချုပ်လုပ်ပြီးလွှတ်ပေးမယ်လို့ပြောပေမယ့် ကျွန်တော်မလုပ်ခဲ့တာကြောင့်  ထောင်ဒဏ် ငါးနှစ်အပြစ်ဒဏ်ပေးပါတယ်၊    တနှစ်နဲ့ ဆယ်လအရောက်မှာတော့ ထောင်နှစ်ထောင် အချုပ်ခန်း ခြောက်ခု စုစုပေါင်း အချုပ်ခန်း ရှစ်ခုနေခဲ့ရပြီး စစ်တွေထောင်ကလွတ်ခဲ့ပါတယ်၊ထောင်ထဲမှာတော့ လူတွေရဲ့ ဘဝမျိုးစုံကို လေ့လာခွင့်ရခဲ့တာပေါ့၊

1991ခုနှစ် ဇန္နဝါရီလ30 ရက်ကကျွန်တော့်မွေးနေ့ အပြင်ကသူငယ်ချင်းတွေ က ကိတ်မုန့်တွေလာပို့တယ် ဘဝတူတွေနဲ့အတူ စားရင်းမွေးနေ့စုတောင်းတွေ တောင်းကြတာပေါ့၊ နောက်တနေ့မှာဘဲ ကျွန်တော် မရေးတတ်ရေးတတ် ရေးထားတဲ့ ခွပ်ဒေါင်းတို့ရဲ့သွေး  ကဗျာလေး ထောင်ပြာတာတွေ တွေ့သွားတော့ ဒေါက်ခပ်ပြီး တိုက်ဆယ်ရက်ပိတ်လိုက်တယ်၊ပြန်ထွက်တော့ စစ်တွေထောင်ကိုပြောင်းလိုက်တာပေါ့၊

တိုက်ထဲမှာတုန်းက ကျွန်တော် စဉ်းစားတယ် ငါ လူတွေအတွက်ကောင်းအောင် ဘာတွေလုပ်ပေးနိုင်ခွင့်ရှိလဲ အချုပ်တွေထောင်တွေ တရားရုံးတွေ ဒါတွေနဲ့မငြိစွန်းတဲ့အလုပ်မျိုးထဲကပေါ့၊ဒီမှာ ဆရာချစ်သိန်းဦးရေးတဲ့ စာအုပ်လေးက    my country of the world  my religious    is to do good   ဤ ကမ္ဘာကြီးသည် ငါ၏ တိုင်းပြည်ဖြစ်ပြီး   ကောင်းတာလုပ်ခြင်းသည် ငါ၏ဘာသာတရားဖြစ်သည် ဆိုတဲ့စာေလေးကိုသွားသတိရတယ် ၊ နောက် တော်တော်ကြာကြာမှာ ကျွန်တော့်ခြေတောက်တွေ ဒဏ်တွေကြောင့်လှုပ်ခြားမရဖြစ်ခဲ့တယ် မြန်မာဆေးဆရာတစ်ဦးရဲ့ ကောင်းမှုကြောင့် ပြန်ကောင်းခဲ့တဲ့အခါ ကျွန်တော်လုပ်ရမယ့် ကောင်းမှုတစ်ခုနေ့စဉ်ပြုဘို့ အဖြေရသွားတယ် ၊

လူတွေရဲ့ရခဲလှတဲ့ဘဝမှာ ကျမ္မာရေး နဲ့ ပညာရေးဟာ သိပ်အရေးကြီးတယ်လို့  ကျွန်တော်ထင်ပါတယ်၊ကျွန်တော့်ပတ်ဝန်းကျင်မှာ ချမ်းသာသူ ပရဟိတ သမားတွေကဆေးဝါးသိန်းချီ  လှုုတန်းချိန် ကျွန်တော်မလှုုနိုင်ပါဘူး ဒါကြောင့် လူအများရဲ့ကျမ္မာရေးနဲ့ စိတ်ပျော်ရွှင်မှုုအတွက် အားကစားအားဖြင့် စောင့်ရှောက်တဲ့နည်းလမ်းကို ကျွန်တော်ရွှေးပြီးဒီလမ်းအတိုင်း လျျှောက်တာပေါ့၊

ဒါနဲ့ ကျွန်တော်ငယ်စဉ်ကဘဲ နှစ်နှစ်ခြိုက်ခြိုက် ကစားခဲ့တဲ့ ကြက်တောင် ကစားနည်းကိုဘဲရွေးလိုက်တာ ကျွန်တော်က တိုက်ခိုက်ကစားရတာကို မကြိုက်ဘူး ကျွန်တော့်အဖေက ဦးကျားဘငြိမ်းနဲ့ ဦးဘားဝါးတို့ရဲ့ တပည့် လက်ဝှေ့ နည်းပြဆရာဖြစ်ပြီး ကျွန်တော်ကတော့ ကြက်တောင်ဆရာဖြစ်ပါတယ်၊ ဝါသနာခြင်က ကွာပါတယ်၊

ဒါနဲ့ကျွန်တော်ကြက်တောင် သင်တန်းဖွင့်ပြီး ကလေးတွေရဲ့ စာရိတ္တနဲ့ ကျမ္မာရေးကို စောင့်ရှောက်တဲ့လုပ်ငန်း လုပ်တာ 88 အရိပ်ကအမြဲတမ်းဆိုတာမျိုးလို လက်ညှိုးထိုးခံရတယ်၊  ကျွန်တော်ရဲ့ကျိုးစားမှုတွေကို လူအများက အသိအမှတ်ပြု လာတဲ့အခါ ကျွန်တော့်ကိုအသုံးချဘို့ကျိုးစားလာတယ်၊မရတော့ ကျွန်တော်ဟာ ကလေးတွေကို nld ပါတိအတွက် စည်းရုံးထားတာလို့ တိုင်ခံရတယ်  ကြက်တောင်အဖွဲ့ချုပ်က တောင်အထင်လွဲလို့ ကျွန်တော့်ကို ရှောင်ကြတယ် ၊ သူတို့ကနိုင်ငံရေးကင်းတယ်လေ ဘယ်အငြိခံမလဲ နောက်တော့  တကယ်စိတ်ရင်းမှန်နဲ့လုပ်တာပါလို့သိလာတဲ့အခါကြတော့မှ လက်ခံလာကြတာ၊

နောက်တော့  1/2010 အပတ်စဉ်ဆင်း မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ်ရဲ့ ဒိုင်အဖွဲ့ဝင်ဖြစ်လာပါတယ်၊

ဒီကြားထဲ 2006ခုနှစ်နဲ့ 2007 ခုနှစ်တွေမှာတော့ ကြက်တောင်သင်တန်းကို အဖျက်အမှောင့် လုပ်ငန်းတွေများလာတာကြောင့် ရပ်ပြစ်တယ် ရခိုင်ပြည်နယ်တခုလုံးမှာ သံတွဲမှာဘဲကြက်တောင်ရှိတာဆိုတော့ ကြက်တောင်အားကစားပြောက်သွားမှာစိုးပါတယ်၊ခုဆင်းရဲနွမ်းပါးကျောင်းကိုရောက်တော့ ကျွန်တော့်ဘဝနဲ့ ကိုယ်ချင်းစာပြီး  2008 မှာ စလုပ်တာပါ၊  ကျွန်တော်ပျော်ပါတယ် ကျွန်တော့် တပည့်အားလုံးက ဦးထွန်းလို့ဘဲ ခေါ်ကြပါတယ်၊ ကျွန်တော်လာရင် ဦးထွန်းလို့ ခေါ်ရင်းပြေးကြိုတဲ့ တပည့်တွေကိုမြင်ရတဲ့အခါ မောပန်းသမျှပြေရပါတယ်၊

လက်ရှိကျွန်တော်ဟာ ရခိုင်ပြည်နယ်ရဲ့ ကြက်တောင်အားကစားနည်းပြပါ၊ ပရဟိတဆင်းရဲ သားကျောင်းလေးရဲ့နည်းပြပါ ဘယ်လိုပဋိပက္ခတွေထဲမှ မပါဝင်ခြင်ပါဘူး၊ကျွန်တော့်ကို တည်ကြက်အဖြစ်သုံးပြီး ဖမ်းမရတဲ့ တရားခံအတွက်အသုံးချလာတိုင်း  သံတွဲအုပ်ချုပ်ရေးပိုင်းနဲ့အမြဲဆွေးနွေးပါတယ်၊ အားလုံးက သည်းခံကြဘို့ပြောကြပါတယ်၊

ကျွန်တော်ထင်တာက  အခု နိုင်ငံရေးကို လမ်းဖွင့်တဲ့အချိန်မှာ  nld လိုရေပန်းစားတဲ့ ပါတီကို ချဉ်းကပ်လိုတဲ့   ပြိုင်ဘက်ပါတီများက   သန့်ရှင်းရေးကြောင့်  ပြုတ်ကုန်တဲ့ လူတွေ ကျွန်တော့်ကို ခလုပ်ကန်သင်းတခုလို့ တိုက်ခိုက်တာထင်ပါတယ်။  ကျွန်တော်ဘယ်တော့ မှ ပါတီ နိုင်ငံရေးမလုပ်ပါဘူး ကျွန်တော့် ပရဟိတ လုပ်ငန်းလေးမှာ ကျွန်တော်ပျော်ပါတယ် ၊လိုင်းပေါ် မှ ာ အထင်လွှဲမှားစွာ တိုက်ခိုက်နေတဲ့ မင်ဘာများ ကျွန်တော့်ကျောင်းကို လာလေ့လာ ပါ အပြစ်ကင်းစင်တဲ့ ကလေးငယ်များရဲ့ မျက်ဝန်းများကို  5မိနစ်လောက်လာကြည့်ပါ စိတ်ချျမ်းမြေ့မှုကို ရရှိပါလိမ်ံမယ်၊

ခင်မင်လေးစားစွာဖြင့်

ထွန်းထွန်းဦး(ကြက်တောင်)

9 comments

  • ညီလေး

    October 9, 2011 at 2:29 am

    ဦးထွန်းခင်ဗျာ……စေတနာမှန်ရင်ကိုယ်စေတနာတနေ ့မှာအကျိုးပေးမှာပါ။ လုပ်စရာရှိတာဆက်လုပ်ဖိုအကြံပေးပရစေ…ကိုယ်ကောင်းရင်ခေါင်းမရွေ့ပါဘူး။

  • ဘယ်လိုပြောရမလဲဆိုတော့ပေါ့နော်.. သူကြီးကို ရည်ရွယ်ပြီးပြောတယ်ဆိုပေမယ့်ပေါ့လည်းလေ.. မနေနိုင်မထိုင်နိုင် နည်းနည်းတော့ ပြောချင်တာပေါ့.. ပြောမယ်ဆိုတော့လည်း နည်းနည်းလေးဆိုပေမယ့် များချင်လဲ များသွားနိုင်တယ်ပေါ့နော်.. 😀 ဒီတော့ သေသေချာချာ ပြောပြချင်တယ်လို့ပဲ သဘောထားပေါ့နော်..

    ဆိုတော့ကာ… ဒီဆိုက်မှာ ရခိုင်ပြည်နယ်သားတွေ အတော်လေး သောင်းကြမ်းနေတာ တွေ့မိတယ်.. တစ်ခြားမြို့နယ်တွေထက်စာရင် ရခိုင်သားတွေ ကလောင်စွမ်းထက်တယ်ပဲ ပြောရမလား၊ အုပ်စုတောင့်တယ်ပဲ ပြောရမလား၊ ယောကျာ်းလေးတွေသာမက မိန်းမကလောင်တွေပါ အားရပါးရ၊ ပိုးစိုးပက်စက်၊ မညှာမတာ၊ မမောစတမ်း ရေးနေလိုက်ကြတာများကွယ်… ဖတ်တောင် မဖတ်ရဲလောက်အောင်ပါပဲ… အဲလိုမျိုးတွေ (သူတို့ရေးနေသလိုမျိုးတွေပေါ့) တစ်ကယ်လဲ ဖြစ်ချင် ဖြစ်နေပါမယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူးပေါ့နော်၊ သို့သော်လည်း တင်ပြပုံ ကောင်းမွန်ဖို့လိုတယ်လို့လဲ ထင်မိတယ်.. သူတို့တွေစရေးတုန်းကလဲ မနေနိုင်၊ မထိုင်နိုင် ဝင်ပြောပြီးပြီ၊ ဒီဆိုက်မှာ ကိုယ့်လူဝင်ရေးတော့လဲ သူတို့တွေက အုပ်နဲ့ သင်းနဲ့ ဝင်ပြီးပြောကြတာ မြင်မိပြန်တယ်.. ကိုယ့်လူအကြောင်းလဲ ပြောပြသလောက်တော့ သိရတာပေါ့လေ..

    ဒါပေမယ့်….

    ဒီဆိုက်ကို ဝင်ရောက်ဖတ်ရှုကြတယ်ဆိုတဲ့ စာဖတ်ပရိသတ်တွေ အကုန်လုံးဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို ဘယ်သူမှ မဖတ်ရှုချင်ကြပါဘူး.. ပြောရမယ်ဆိုရင်တော့ ကောင်းသောရည်ရွယ်ချက်နဲ့ ကောင်းသောစာများကို ရေးသားမယ်ဆိုရင်တော့ ဘယ်သူမဆို Welcome ပါပဲ.. ရခိုင်ပြည်နယ်ဘက်က စာတွေကိုတော့ ပထမက ဝင်ဖတ်ဖြစ်ပါသေးတယ်.. ခုတော့ လုံးဝကို မဖတ်တော့ပါဘူး.. ဝင်ဖတ်မိရင် ဝင်ပြောမိမယ်၊ ဝင်ပြောမိရင် ပြောတဲ့သူဆိုးတယ်ဖြစ်မယ်.. ပညာတတ်များဆိုရင်တော့ ပညာတတ်များလိုသာ ပြုမူကြစေလိုကြောင်းနဲ့ ရှေ့ဆက်ပြီး အတွေးကောင်းကောင်း၊ အရေးကောင်းကောင်းလေးတွေကို ဖန်တီးရေးသားနိုင်ပါစေကြောင်း….

    • Foreign Resident

      October 9, 2011 at 9:44 am

      ” ပညာတတ်များဆိုရင်တော့ ပညာတတ်များလိုသာ ပြုမူကြစေလိုကြောင်း ”

      ရခိုင်သားများ ခင်ဗျား
      – ပညာတတ်များလို့ ယုံကြည်ပါတယ် ။
      – ရခိုင်ပြည်နယ် ကောင်းကျိုး ကိုသာ နေ့ညမအား လုပ်ဆောင်စေလိုပါတယ် ။
      – တစ်ဦးကို တစ်ဦး ချောက်တွန်း / တိုင်တန်း တာ လျှော့စေလိုပါတယ် ။
      – နိုင်ငံရပ်ခြား / လူအများက လူမျိုးကို အထင်အမြင်သေး သွားပါလိမ့်မယ် ။

  • Foreign Resident

    October 9, 2011 at 9:27 am

    ” နာမည်အပြောင်းအရွှေ ့လုပ်နေသူ တွေကို ဒီတိုင်းကြည့်နေမှာလား ”

    Yes, ဒီအတိုင်းကြည့်နေမှာပေါ့ / ဘာမှမှမမှားသေးတာ
    ” အာရက္ခ မြေသား ” ကဘာလုပ်စေချင်လို့လဲဟင်

  • windtalker

    October 9, 2011 at 12:33 pm

    ပို ့စ်ကိုတော့ အသေးစိတ်နားမလည်ဘူး
    ကွန်မင့်တွေ ကတော့ ဖတ်လို ့ကောင်းတယ် ဗျို ့
    ပွဲဆူလာတော့လဲ ဆူတာပေါ့
    ပွဲအေးတော့လဲ အေးတာပေါ့
    ကောင်းမှု ပရဟိတ လုပ်နေတယ်ဆိုတဲ့ ကိုထွန်းထွန်းဦး အတွက်
    သာဓုသာဓုသာဓု ပါလို ့
    ဝမ်းမြောက်ဝမ်းသာ ခေါ်ဆိုသွားပါတယ်

  • hello everybody

    October 9, 2011 at 6:57 pm

    အကိုအမသံတွဲသားများကိုခင်မင်လေးစားစွာဖြင့်လေးလေးနက်နက်ကြီးတခုပြောပါရစေ။
    ဒီမန်းဂေဇတ်ကိုလာဖတ်ရတိုင်းမှာ သံတွဲသားတွေရဲ့ စာတွေဟာစိတ်အနှောင့်အရှက်ဖြစ်ရပါတယ်။
    လာဖတ်တဲ့လူအများစုဟာ အကိုတို့သံတွဲကလူတွေလိုဘယ်သူကဘယ်သူ၊ဘယ်လိုဟန်ဆောင်နေတာပါဆိုတာတွေစိတ်မဝင်စားကြပါဘူး။ သံတွဲမှာဖြစ်နေသမျှအသေးစိတ်ကိုလဲမသိချင်ကြပါဘူး။တခါတလေတော့ပြဿနာမရှိပေမဲ့နေ့စဉ်အကိုတို့ကွိုင်တွေဖတ်ရတာ(အကိုတို့အချင်းချင်းစိတ်ဝင်စားပေမဲ့)ကျန်သူတွေစိတ်မဝင်စားကြပါဘူး။
    ပိုဆိုးတာကအကိုတို့ကရန်တွေဖြစ်နေကြတာဘဲ။ငယ်ကျိုးငယ်နာတွေဖော်ကြတယ်။ခုဆို မိန်းကလေးတယောက်ကိုမပြော
    သင့်တဲ့ မထိတထိညစ်ညမ်းစကားတွေအထိပါလာပြီဆိုတော့၊ရပ်သင့်ပြီလို့ထင်ပါတယ်။
    ရန်ဖြစ်လိုသူဂျီးလဲမကြာမကြာသတိပေးနေတာအကိုတို့ စာတွေပါဘဲ။
    တခြားတနေရာမှာများသွားပြီးပြောတာဆိုတာတွေလုပ်နိုင်ရင်လုပ်ပေးကြပါလို့တောင်းပန်ချင်ပါတယ်။
    အဲ တိုင်းပြည်တခုလုံးနဲ့ ပတ်သက်တဲ့သတင်းမျိုး၊ဒါမှမဟုတ် ဗဟုသုတ(ကျောက်ဖြူလိုဟာမျိုး)၊ဖြေဖျော်ရေး(ကဗျာ၊ဟာသ၊
    ဇာတ်လမ်းလေးတွေ) ရေးတာမျိုးဆိုကြိုဆိုပါတယ်ဗျာ။

    ။။။သူဂျီးမင်းကလဲ ပြတ်ပြတ်သားသားဆုံးဖြတ်စေချင်ပါတယ်။။။
    စည်းကမ်းချက်မှာလဲပါပီးသားမို့အထူးတလည်မဟုတ်လို့အများအကျိုးအတွက်အရေးယူဆောင်ရွက်သင့်သည်ကိုဆောင်ရွက်
    စေလိုပါသည်။

  • koyinmaung

    October 9, 2011 at 7:06 pm

    သူတို့ရေးတာတွေဘဲဖတ်နေရတာ
    ဘာမှန်းကိုမသိတော့ပါဘူး…..
    မင်းတို့အချင်းချင်းဘဲတနေရာမှာ
    ချိန်းပြီးရှင်းကြယင်ကောင်းမယ်ထင်တယ်
    မောင်တုတ်ကြီးက တမောက်
    (အကိုတို ့ဘဲထိုင် ကြည့်နေကြပါတော့။အရူးလိုလို အနှမ်းလို လိုလှည့်တိုင်း၊ညာတိုင်းငြိမ်ကြည့်နေရအောင် အကိုတို ့မန်းဂေဇက် ကအကိုတွေက အရူးအပေါတွေမို ့လား။သူများလိမ်တိုင်းညာတိုင်း ပြန်မပြော၊နားမထောင်လုပ်နေရအောင်ဗျာ) တဲ့
    ရွာသားတွေကမင်းတို့သံတွဲမှာရှိတာမှမဟုတ်တာ ဘယ်သူမှားလဲ ဘယ်သူမှန်လဲဆိုတာ ဘယ်သိမှာတုန်း..
    မဆီမဆိုင်ကွာ ရွာသားတွေကအရူးအပေါဖြစ်ရတယ်လို့…..
    သံတွဲသားတွေတော့တော်တော်လွန်လာပြီ….

  • ရင်နင့်

    October 10, 2011 at 12:58 am

    မနေနိုင်မထိုင်နိုင် ကြည့်မရတော့လို့ ဝင်ရေးမိပြီ ခင်ဗျားတို့သံတွဲသားတွေ ဆိုဒ်တစ်ခုသတ်သတ်ထောင်ပြီး
    ပို့စ်တွေတင် ကွန်မန့်တွေဝင်မန်း ဘယ်သူကဘာဖြစ်ပါတယ် ဘာညာပေါ့ဗျာ ပြီးတော့မြို့ထဲမှာလော်ကြီး
    ငှားပြီး ကြေငြာပေါ့ဗျာ ကျွန်တော်တို့သံတွဲဆိုဒ်အသစ်ထောင်ထားပါတယ်ပေါ့ မြို့သူမြို့သားတွေ ဝင်ဆဲ
    ချင်ရင် ဆဲလို့ရပါတယ်ပေါ့ ခင်ဗျားတို့အဲ့လိုဆိုဒ်ထောင်တော့ ကိုယ်ရေးချင်တာရေးလို့ရတယ် ခုတော့
    ခင်ဗျားတို့က လူကြည့်တဲ့ဆိုဒ်မှာ ဘာဖြစ်ပါတယ် ညာဖြစ်ပါတယ် လုပ်နေမှတော့ စောက်မြင်ကပ်တာပေါ့
    ကျွန်တော်လည်းခင်ဗျားတို့ကို ကြည့်လို့ကိုမရတော့ဘူး စောက်ငြင်ကိုကပ်တယ်

Comments are closed.